HomeCelebs Update NewsInternationalကမ္ဘာကျော်အဆိုတော် Jennifer Lopez ရဲ့ မယုံနိုင်စရာကောင်းတဲ့ သုံးစွဲမှုများ

ကမ္ဘာကျော်အဆိုတော် Jennifer Lopez ရဲ့ မယုံနိုင်စရာကောင်းတဲ့ သုံးစွဲမှုများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Jennifer Lopez ဟာ ကမ္ဘာကျော် အဆိုတော်တစ်ယောက်လည်းဖြစ်၊ မင်းသမီးလည်းဖြစ်ပြီးတော့ ဟောလိဝုဒ်ရဲ့ အရှိန်အဝါရှိတဲ့ အောင်မြင်ကျော်ကြားသူတစ်ယောက် ဖြစ်ပါတယ်။ သူမဟာ အခုဆိုရင် ခန့်မှန်းချေ ဒေါ်လာ သန်း(၄၀၀) လောက် ကြွယ်ဝတဲ့ မီလျံနာတစ်ယောက် ဖြစ်တာကြောင့် တော်ရုံတန်ရုံအရာလောက်က ဈေးကို ကြည့်စရာမလိုဘဲ ဝယ်ယူနိုင်တဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ အဲ့ဒါကြောင့် မယုံနိုင်စရာကောင်းလောက်တဲ့ သူမရဲ့ သုံးစွဲမှုတွေကို ဖော်ပြပေးလိုက်ပါတယ်။

(1) အိမ်ခြံမြေများ
photo via therichest

သူမဟာ ငယ်ငယ်တုန်းက ဆင်းရဲခဲ့တာကြောင့် တစ်နေ့မှာ အိမ်အကောင်းစားကြီးနဲ့ နေထိုင်နိုင်ဖို့ စိတ်ကူးယဉ်ခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အောင်မြင်ကျော်ကြားပြီး ချမ်းသာလာတဲ့အခါမှာ Miami ၊ Bel Air နဲ့ New York မြို့တွေမှာ ဒေါ်လာသန်းနဲ့ချီပြီး တန်ဖိုးရှိတဲ့ အိမ်တွေကို ဝယ်ယူခဲ့ပါတယ်။ ၂၀၁၆ခုနှစ်တုန်းက သူမ ဝယ်ယူခဲ့တဲ့ Bel Air က ဇိမ်ခံအိမ်ကြီးကတော့ ဒေါ်လာ(၂၈)သန်း တန်ကြေး ရှိပါတယ်။

အဲ့ဒီအိမ်ကြီးမှာ အိပ်ခန်း(၈)ခန်း ပါဝင်ပြီးတော့ သန့်စင်ခန်း(၁၃)ခန်းနဲ့ တောအုပ်လေးလို ဖန်တီးထားတဲ့ ဥယျာဉ်ထဲမှာ ရေကူးကန်နဲ့ တံတားတစ်ခုတောင်မှ ပါဝင်ပါသေးတယ်။ သူမဟာ အဲ့လိုမျိုးအိမ်တွေကို ဝယ်ရတာ သဘောကျပေမယ့် တစ်ခါတစ်ရံမှာတော့ ပိုင်ဆိုင်မှုတွေ များနေတဲ့ဒုက္ခကြောင့် အခက်အခဲကြုံရတတ်ပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကဆိုရင် သူမရဲ့အိမ်တစ်အိမ်မှာ လူတစ်ယောက်က တစ်ပတ်လောက်နေသွားခဲ့ဖူးပါတယ်။ အဲ့ဒါကိုလည်း ဘယ်သူကမှ တော်တော်နဲ့ သတိမထားမိခဲ့ပါဘူး။

(2) အသားအရေ ထိန်းသိမ်းခြင်း
photo via therichest

JLo ဟာ သူမရဲ့အရွယ်တင်လှပမှုနဲ့ ကျော်ကြားသူ ဖြစ်ပါတယ်။ သူမဟာ သဘာဝအတိုင်း လှပနေတာဆိုပေမယ့် သူမရဲ့အသားအရေကိုတော့ အမြဲမပြတ် ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လည်း အသားအရေ ထိန်းသိမ်းဖို့အတွက် တစ်ပတ်ကို ဒေါ်လာ(၁၂၀၀)လောက် သုံးလေ့ရှိပြီး တစ်လဆိုရင်တော့ ဒေါ်လာ(၄၂၀၀)လောက် ကုန်ကျပါလိမ့်မယ်။

(3) ရိုမန့်တစ်ဆန်ဆန် ခရီးထွက်ခြင်း
photo via therichest

JLo ဟာ ၂၀၁၇ခုနှစ်တုန်းကဆိုရင် သူမရဲ့ခင်ပွန်းလောင်း Alex Rodriguez နဲ့အတူ ပဲရစ်မြို့နဲ့ တစ်ခြားပြင်သစ်မှာရှိတဲ့ မြို့တွေကို အပန်းဖြေခရီးထွက်ခဲ့ပါတယ်။ အဲ့ဒီ့တုန်းက သူတို့နှစ်ယောက်ဟာ သိပ်ကိုပျော်ရွှင်နေကြပြီးတော့ ဆိုရှယ်မီဒီယာတွေပေါ်မှာလည်း ခရီးက ပုံတွေ အများအပြားကို မျှဝေခဲ့ပါသေးတယ်။ သူတို့ဟာ ပဲရစ်မြို့ကို ခရီးထွက်ပြီးနောက်မှာတော့ ပြင်သစ်နိုင်ငံရဲ့ တောင်ဘက်ကို သွားပြီး အပျော်စီးရွက်လှေ ငှားခဲ့ပါတယ်။ အဲ့ဒီခရီးဟာ သူတို့နှစ်ယောက် ပထမဦးဆုံး သွားတဲ့ခရီး ဖြစ်ပြီးတော့ ဒေါ်လာ(၃)သိန်းခွဲလောက် ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။

(4) မွေးနေ့ပွဲမှာ ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံ
photo via therichest

သူမဟာ လှပရုံသာမကဘဲ အဝတ်အစားတွေ ဝတ်ဆင်တဲ့အခါမှာလည်း သူမရဲ့ခန္ဓာကိုယ်နဲ့ လိုက်ဖက်တဲ့ ဝတ်စုံတွေကို ရွေးချယ်ပြီး ဝတ်ဆင်တတ်တာကြောင့် နာမည်ကြီးပါသေးတယ်။ ဒါ့အပြင် သူမဟာ နာမည်ကြီး brand တွေဖြစ်တဲ့ Versace နဲ့ Dior တို့လို ဝတ်စုံတွေကို ဝတ်ဆင်ရတာ ကြိုက်နှစ်သက်သူ ဖြစ်ပါတယ်။

သူမရဲ့ အသက်(၅၀)ပြည့်တဲ့ မွေးနေ့မှာတော့ Versace brand ကနေ စိတ်ကြိုက်ဒီဇိုင်းနဲ့ ဝတ်စုံကို မှာယူပြီး ဝတ်ဆင်ခဲ့ပါတယ်။ အဲ့ဒီ့ဝတ်စုံရဲ့ ဈေးနှုန်းကို ဖော်ပြထားခြင်းမရှိပေမယ့်လည်း Versace ကထုတ်တဲ့ အဲ့ဒီဝတ်စုံနဲ့ ဆင်တူတဲ့တစ်ခုကတော့ ဒေါ်လာ(၁)သောင်းခွဲခန့် တန်ဖိုးရှိပါတယ်။ ဒါ့အပြင် သူမရဲ့ရည်းစားနဲ့ ချိန်းတွေ့တုန်းက ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံတစ်ခုဆိုရင် ဒေါ်လာ(၈၂၀၀)ခန့် တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။

(5) ခန္ဓာကိုယ်ကို အာမခံထားခြင်း
photo via therichest

ဆယ်လီတွေနဲ့ အားကစားသမားတွေ တော်တော်များများဟာ သူတို့ရဲ့ ခန္ဓာကိုယ်အတွက် အာမခံတွေ ထားလေ့ရှိကြပါတယ်။ JLo ဟာလည်း သူမရဲ့ခြေထောက်နဲ့ တင်ပါးကို အာမခံထားထားပါတယ်။ People သတင်းဌာနရဲ့ ဖော်ပြချက်အရ အဲ့ဒီအစိတ်အပိုင်းတွေ တစ်ခုခုဖြစ်သွားရင် သူမဟာ ဒေါ်လာ(၂၇)သန်း အာမခံကြေး ရရှိမယ်လို့ သိရပါတယ်။ တစ်ခြားဖော်ပြချက်တွေမှာတော့ သူမဟာ ဒေါ်လာ သန်းသုံးရာဖိုးတောင် အာမခံထားထားတယ်လို့လည်း ဆိုကြတာ ရှိပါတယ်။ ဒါပေမဲ့လည်း သူမကိုယ်တိုင်ကတော့ အာမခံထားရှိတဲ့ ငွေတန်ဖိုးဘယ်လောက်ရှိလည်းဆိုတာကို ဖော်ပြခြင်းမရှိခဲ့ပါဘူး။

(6) ကားများ
photo via therichest

သူမရဲ့ အသက်(၅၀)ပြည့် မွေးနေ့မှာ သူမရဲ့ချစ်သူ Alex Rodriguez ဟာ Porsche 911 GTS ကားကို မွေးနေ့လက်ဆောင်ပေးခဲ့ပါတယ်။ အဲ့ဒီကားဟာ ခန့်မှန်းချေ ဒေါ်လာတစ်သိန်းလေးသောင်းခန့် တန်ကြေးရှိပါတယ်။ ဒါ့အပြင် သူမမှာ တစ်ခြားဇိမ်ခံကားတွေလည်း ရှိပါသေးတယ်။ အဲ့ဒါတွေကတော့ BMW 3 Series [ဒေါ်လာ(၆)သောင်းခန့်] ၊ Rolls-Royce Ghost [ဒေါ်လာ(၅)သိန်းခန့်] ၊ Maybach 57 S [ဒေါ်လာ(၅)သိန်းခန့်] နဲ့  Aston Martin [ဒေါ်လာ (၂)သိန်း (၁)သောင်းခန့်] တွေပဲ ဖြစ်ပါတယ်။

(7) ကိုယ်ပိုင်စားဖိုမှူး
photo via therichest

ကိုယ်ပိုင်စားဖိုမှူးတစ်ယောက် ရှိပြီးတော့ ကိုယ်ခရီးသွားနေတဲ့ အချိန်မှာတောင် ချက်ပြုတ်ပေးတဲ့ လူတစ်ယောက်ကို ငှားထားဖို့ဆိုတာဟာ ကမ္ဘာပေါ်ကလူနည်းစုပဲ တတ်နိုင်တဲ့အရာပါ။ အဲ့ဒီလူနည်းစုထဲမှာ သူမလည်း အပါအဝင်ဖြစ်ပြီးတော့ ကမ္ဘာကျော်စားဖိုမှူးတစ်ယောက် ဖြစ်တဲ့ Ron Gelish ကို သူမရဲ့ ကိုယ်ပိုင်စားဖိုမှူးအဖြစ် ငှားထားခဲ့ပါတယ်။ သူဟာ အပြောအဆို ဆင်ခြင်တတ်တဲ့သူတစ်ယောက် ဖြစ်ပြီးတော့ အင်တာဗျူးနေတဲ့အချိန်မှာတောင် J Lo နဲ့အလုပ်လုပ်ရတာဟာ ဘယ်လိုမျိုးဆိုတာ မပြောပြခဲ့ပါဘူး။

(8) Personal Trainer နှစ်ယောက် ထားရှိခြင်း
Photo: jlo/ Instagram

သူမမှာ အံ့ဩဖို့ကောင်းတဲ့ ခန္ဓာကိုယ်ရှိနေပြီးတော့ အဲ့ဒီ့အလှကို ဆက်ပြီးထိန်းထားဖို့အတွက် လေ့ကျင့်ခန်းတွေ လုပ်ဖို့လိုအပ်ပါတယ်။ အဲ့ဒါကြောင့်လည်း သူမဟာ Personal Trainer နှစ်ယောက်တောင် ငှားထားတာ ဖြစ်ပါတယ်။ အဲ့ထဲက တစ်ယောက်ကတော့ Tracy Anderson ဖြစ်ပြီးတော့ Kim Kardashian နဲ့ Madonna တို့လို ဆယ်လီတွေကြားမှာ နာမည်ကြီးတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူမဟာ J Lo ရဲ့လေ့ကျင့်ခန်းတွေအကြောင်း တော်တော်များများကို သူမရဲ့ ဝက်ဘ်ဆိုဒ်မှာ တင်ပေးထားပါတယ်။ အခုလို Personal Trainer နှစ်ယောက်တောင် ငှားထားရတဲ့ ကုန်ကျစရိတ်ကိုတော့ ဖော်ပြခြင်း မရှိခဲ့ပါဘူး။

(9) လက်ဝတ်ရတနာများ
photo via therichest

Alex Rodriguez ဟာ ၂၀၁၉ခုနှစ်မှာ သူမကို ဒေါ်လာ(၁)သန်းတန်တဲ့ လက်စွပ်နဲ့ လက်ထပ်ခွင့်တောင်းခံခဲ့ပါတယ်။ သူမဟာ လက်ဝတ်ရတနာတွေကို ကြိုက်နှစ်သက်သူတစ်ယောက် ဖြစ်ပါတယ်။ သူမ ဆင်မြန်းခဲ့ဖူးတဲ့ တန်ဖိုးကြီး လက်ဝတ်ရတနာ မြောက်များစွာ ရှိခဲ့ပြီး မှတ်မှတ်ရရ ၂၀၁၃ခုနှစ် ဂရမ်မီဆုပေးပွဲတုန်းက ဝတ်ဆင်လာခဲ့တဲ့ လက်ဝတ်ရတနာတွေကတော့ ဒေါ်လာငါးသန်း တန်ကြေးရှိပါတယ်။

Lego Les
(Zawgyi version)

Jennifer Lopez ဟာ ကမာၻေက်ာ္ အဆိုေတာ္တစ္ေယာက္လည္းျဖစ္၊ မင္းသမီးလည္းျဖစ္ၿပီးေတာ့ ေဟာလိဝုဒ္ရဲ႕ အရွိန္အဝါရွိတဲ့ ေအာင္ျမင္ေက်ာ္ၾကားသူတစ္ေယာက္ ျဖစ္ပါတယ္။ သူမဟာ အခုဆိုရင္ ခန႔္မွန္းေခ် ေဒၚလာ သန္း(၄၀၀) ေလာက္ ႂကြယ္ဝတဲ့ မီလ်ံနာတစ္ေယာက္ ျဖစ္တာေၾကာင့္ ေတာ္႐ုံတန္႐ုံအရာေလာက္က ေဈးကို ၾကည့္စရာမလိုဘဲ ဝယ္ယူႏိုင္တဲ့သူတစ္ေယာက္လည္း ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ မယုံႏိုင္စရာေကာင္းေလာက္တဲ့ သူမရဲ႕ သုံးစြဲမႈေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(1) အိမ္ၿခံေျမမ်ား
photo via therichest

သူမဟာ ငယ္ငယ္တုန္းက ဆင္းရဲခဲ့တာေၾကာင့္ တစ္ေန႔မွာ အိမ္အေကာင္းစားႀကီးနဲ႔ ေနထိုင္ႏိုင္ဖို႔ စိတ္ကူးယဥ္ခဲ့သူ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ေအာင္ျမင္ေက်ာ္ၾကားၿပီး ခ်မ္းသာလာတဲ့အခါမွာ Miami ၊ Bel Air နဲ႔ New York ၿမိဳ႕ေတြမွာ ေဒၚလာသန္းနဲ႔ခ်ီၿပီး တန္ဖိုးရွိတဲ့ အိမ္ေတြကို ဝယ္ယူခဲ့ပါတယ္။ ၂၀၁၆ခုႏွစ္တုန္းက သူမ ဝယ္ယူခဲ့တဲ့ Bel Air က ဇိမ္ခံအိမ္ႀကီးကေတာ့ ေဒၚလာ(၂၈)သန္း တန္ေၾကး ရွိပါတယ္။

အဲ့ဒီအိမ္ႀကီးမွာ အိပ္ခန္း(၈)ခန္း ပါဝင္ၿပီးေတာ့ သန႔္စင္ခန္း(၁၃)ခန္းနဲ႔ ေတာအုပ္ေလးလို ဖန္တီးထားတဲ့ ဥယ်ာဥ္ထဲမွာ ေရကူးကန္နဲ႔ တံတားတစ္ခုေတာင္မွ ပါဝင္ပါေသးတယ္။ သူမဟာ အဲ့လိုမ်ိဳးအိမ္ေတြကို ဝယ္ရတာ သေဘာက်ေပမယ့္ တစ္ခါတစ္ရံမွာေတာ့ ပိုင္ဆိုင္မႈေတြ မ်ားေနတဲ့ဒုကၡေၾကာင့္ အခက္အခဲႀကဳံရတတ္ပါတယ္။ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္တုန္းကဆိုရင္ သူမရဲ႕အိမ္တစ္အိမ္မွာ လူတစ္ေယာက္က တစ္ပတ္ေလာက္ေနသြားခဲ့ဖူးပါတယ္။ အဲ့ဒါကိုလည္း ဘယ္သူကမွ ေတာ္ေတာ္နဲ႔ သတိမထားမိခဲ့ပါဘူး။

(2) အသားအေရ ထိန္းသိမ္းျခင္း
photo via therichest

JLo ဟာ သူမရဲ႕အ႐ြယ္တင္လွပမႈနဲ႔ ေက်ာ္ၾကားသူ ျဖစ္ပါတယ္။ သူမဟာ သဘာဝအတိုင္း လွပေနတာဆိုေပမယ့္ သူမရဲ႕အသားအေရကိုေတာ့ အၿမဲမျပတ္ ထိန္းသိမ္းဖို႔ လိုအပ္ပါတယ္။ ဒါေၾကာင့္လည္း အသားအေရ ထိန္းသိမ္းဖို႔အတြက္ တစ္ပတ္ကို ေဒၚလာ(၁၂၀၀)ေလာက္ သုံးေလ့ရွိၿပီး တစ္လဆိုရင္ေတာ့ ေဒၚလာ(၄၂၀၀)ေလာက္ ကုန္က်ပါလိမ့္မယ္။

(3) ႐ိုမန႔္တစ္ဆန္ဆန္ ခရီးထြက္ျခင္း
photo via therichest

JLo ဟာ ၂၀၁၇ခုႏွစ္တုန္းကဆိုရင္ သူမရဲ႕ခင္ပြန္းေလာင္း Alex Rodriguez နဲ႔အတူ ပဲရစ္ၿမိဳ႕နဲ႔ တစ္ျခားျပင္သစ္မွာရွိတဲ့ ၿမိဳ႕ေတြကို အပန္းေျဖခရီးထြက္ခဲ့ပါတယ္။ အဲ့ဒီ့တုန္းက သူတို႔ႏွစ္ေယာက္ဟာ သိပ္ကိုေပ်ာ္႐ႊင္ေနၾကၿပီးေတာ့ ဆိုရွယ္မီဒီယာေတြေပၚမွာလည္း ခရီးက ပုံေတြ အမ်ားအျပားကို မွ်ေဝခဲ့ပါေသးတယ္။ သူတို႔ဟာ ပဲရစ္ၿမိဳ႕ကို ခရီးထြက္ၿပီးေနာက္မွာေတာ့ ျပင္သစ္ႏိုင္ငံရဲ႕ ေတာင္ဘက္ကို သြားၿပီး အေပ်ာ္စီး႐ြက္ေလွ ငွားခဲ့ပါတယ္။ အဲ့ဒီခရီးဟာ သူတို႔ႏွစ္ေယာက္ ပထမဦးဆုံး သြားတဲ့ခရီး ျဖစ္ၿပီးေတာ့ ေဒၚလာ(၃)သိန္းခြဲေလာက္ ကုန္က်ခဲ့တယ္လို႔ ဆိုပါတယ္။

(4) ေမြးေန႔ပြဲမွာ ဝတ္ဆင္ခဲ့တဲ့ ဝတ္စုံ
photo via therichest

သူမဟာ လွပ႐ုံသာမကဘဲ အဝတ္အစားေတြ ဝတ္ဆင္တဲ့အခါမွာလည္း သူမရဲ႕ခႏၶာကိုယ္နဲ႔ လိုက္ဖက္တဲ့ ဝတ္စုံေတြကို ေ႐ြးခ်ယ္ၿပီး ဝတ္ဆင္တတ္တာေၾကာင့္ နာမည္ႀကီးပါေသးတယ္။ ဒါ့အျပင္ သူမဟာ နာမည္ႀကီး brand ေတြျဖစ္တဲ့ Versace နဲ႔ Dior တို႔လို ဝတ္စုံေတြကို ဝတ္ဆင္ရတာ ႀကိဳက္ႏွစ္သက္သူ ျဖစ္ပါတယ္။

သူမရဲ႕ အသက္(၅၀)ျပည့္တဲ့ ေမြးေန႔မွာေတာ့ Versace brand ကေန စိတ္ႀကိဳက္ဒီဇိုင္းနဲ႔ ဝတ္စုံကို မွာယူၿပီး ဝတ္ဆင္ခဲ့ပါတယ္။ အဲ့ဒီ့ဝတ္စုံရဲ႕ ေဈးႏႈန္းကို ေဖာ္ျပထားျခင္းမရွိေပမယ့္လည္း Versace ကထုတ္တဲ့ အဲ့ဒီဝတ္စုံနဲ႔ ဆင္တူတဲ့တစ္ခုကေတာ့ ေဒၚလာ(၁)ေသာင္းခြဲခန႔္ တန္ဖိုးရွိပါတယ္။ ဒါ့အျပင္ သူမရဲ႕ရည္းစားနဲ႔ ခ်ိန္းေတြ႕တုန္းက ဝတ္ဆင္ခဲ့တဲ့ ဝတ္စုံတစ္ခုဆိုရင္ ေဒၚလာ(၈၂၀၀)ခန႔္ တန္ဖိုးရွိတယ္လို႔ ဆိုပါတယ္။

(5) ခႏၶာကိုယ္ကို အာမခံထားျခင္း
photo via therichest

ဆယ္လီေတြနဲ႔ အားကစားသမားေတြ ေတာ္ေတာ္မ်ားမ်ားဟာ သူတို႔ရဲ႕ ခႏၶာကိုယ္အတြက္ အာမခံေတြ ထားေလ့ရွိၾကပါတယ္။ JLo ဟာလည္း သူမရဲ႕ေျခေထာက္နဲ႔ တင္ပါးကို အာမခံထားထားပါတယ္။ People သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ အဲ့ဒီအစိတ္အပိုင္းေတြ တစ္ခုခုျဖစ္သြားရင္ သူမဟာ ေဒၚလာ(၂၇)သန္း အာမခံေၾကး ရရွိမယ္လို႔ သိရပါတယ္။ တစ္ျခားေဖာ္ျပခ်က္ေတြမွာေတာ့ သူမဟာ ေဒၚလာ သန္းသုံးရာဖိုးေတာင္ အာမခံထားထားတယ္လို႔လည္း ဆိုၾကတာ ရွိပါတယ္။ ဒါေပမဲ့လည္း သူမကိုယ္တိုင္ကေတာ့ အာမခံထားရွိတဲ့ ေငြတန္ဖိုးဘယ္ေလာက္ရွိလည္းဆိုတာကို ေဖာ္ျပျခင္းမရွိခဲ့ပါဘူး။

(6) ကားမ်ား
photo via therichest

သူမရဲ႕ အသက္(၅၀)ျပည့္ ေမြးေန႔မွာ သူမရဲ႕ခ်စ္သူ Alex Rodriguez ဟာ Porsche 911 GTS ကားကို ေမြးေန႔လက္ေဆာင္ေပးခဲ့ပါတယ္။ အဲ့ဒီကားဟာ ခန႔္မွန္းေခ် ေဒၚလာတစ္သိန္းေလးေသာင္းခန႔္ တန္ေၾကးရွိပါတယ္။ ဒါ့အျပင္ သူမမွာ တစ္ျခားဇိမ္ခံကားေတြလည္း ရွိပါေသးတယ္။ အဲ့ဒါေတြကေတာ့ BMW 3 Series [ေဒၚလာ(၆)ေသာင္းခန႔္] ၊ Rolls-Royce Ghost [ေဒၚလာ(၅)သိန္းခန႔္] ၊ Maybach 57 S [ေဒၚလာ(၅)သိန္းခန႔္] နဲ႔  Aston Martin [ေဒၚလာ (၂)သိန္း (၁)ေသာင္းခန႔္] ေတြပဲ ျဖစ္ပါတယ္။

(7) ကိုယ္ပိုင္စားဖိုမႉး
photo via therichest

ကိုယ္ပိုင္စားဖိုမႉးတစ္ေယာက္ ရွိၿပီးေတာ့ ကိုယ္ခရီးသြားေနတဲ့ အခ်ိန္မွာေတာင္ ခ်က္ျပဳတ္ေပးတဲ့ လူတစ္ေယာက္ကို ငွားထားဖို႔ဆိုတာဟာ ကမာၻေပၚကလူနည္းစုပဲ တတ္ႏိုင္တဲ့အရာပါ။ အဲ့ဒီလူနည္းစုထဲမွာ သူမလည္း အပါအဝင္ျဖစ္ၿပီးေတာ့ ကမာၻေက်ာ္စားဖိုမႉးတစ္ေယာက္ ျဖစ္တဲ့ Ron Gelish ကို သူမရဲ႕ ကိုယ္ပိုင္စားဖိုမႉးအျဖစ္ ငွားထားခဲ့ပါတယ္။ သူဟာ အေျပာအဆို ဆင္ျခင္တတ္တဲ့သူတစ္ေယာက္ ျဖစ္ၿပီးေတာ့ အင္တာဗ်ဴးေနတဲ့အခ်ိန္မွာေတာင္ J Lo နဲ႔အလုပ္လုပ္ရတာဟာ ဘယ္လိုမ်ိဳးဆိုတာ မေျပာျပခဲ့ပါဘူး။

(8) Personal Trainer ႏွစ္ေယာက္ ထားရွိျခင္း
Photo: jlo/ Instagram

သူမမွာ အံ့ဩဖို႔ေကာင္းတဲ့ ခႏၶာကိုယ္ရွိေနၿပီးေတာ့ အဲ့ဒီ့အလွကို ဆက္ၿပီးထိန္းထားဖို႔အတြက္ ေလ့က်င့္ခန္းေတြ လုပ္ဖို႔လိုအပ္ပါတယ္။ အဲ့ဒါေၾကာင့္လည္း သူမဟာ Personal Trainer ႏွစ္ေယာက္ေတာင္ ငွားထားတာ ျဖစ္ပါတယ္။ အဲ့ထဲက တစ္ေယာက္ကေတာ့ Tracy Anderson ျဖစ္ၿပီးေတာ့ Kim Kardashian နဲ႔ Madonna တို႔လို ဆယ္လီေတြၾကားမွာ နာမည္ႀကီးတဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ သူမဟာ J Lo ရဲ႕ေလ့က်င့္ခန္းေတြအေၾကာင္း ေတာ္ေတာ္မ်ားမ်ားကို သူမရဲ႕ ဝက္ဘ္ဆိုဒ္မွာ တင္ေပးထားပါတယ္။ အခုလို Personal Trainer ႏွစ္ေယာက္ေတာင္ ငွားထားရတဲ့ ကုန္က်စရိတ္ကိုေတာ့ ေဖာ္ျပျခင္း မရွိခဲ့ပါဘူး။

(9) လက္ဝတ္ရတနာမ်ား
photo via therichest

Alex Rodriguez ဟာ ၂၀၁၉ခုႏွစ္မွာ သူမကို ေဒၚလာ(၁)သန္းတန္တဲ့ လက္စြပ္နဲ႔ လက္ထပ္ခြင့္ေတာင္းခံခဲ့ပါတယ္။ သူမဟာ လက္ဝတ္ရတနာေတြကို ႀကိဳက္ႏွစ္သက္သူတစ္ေယာက္ ျဖစ္ပါတယ္။ သူမ ဆင္ျမန္းခဲ့ဖူးတဲ့ တန္ဖိုးႀကီး လက္ဝတ္ရတနာ ေျမာက္မ်ားစြာ ရွိခဲ့ၿပီး မွတ္မွတ္ရရ ၂၀၁၃ခုႏွစ္ ဂရမ္မီဆုေပးပြဲတုန္းက ဝတ္ဆင္လာခဲ့တဲ့ လက္ဝတ္ရတနာေတြကေတာ့ ေဒၚလာငါးသန္း တန္ေၾကးရွိပါတယ္။

Lego Les
RELATED ARTICLES

Most Popular