HomeCelebs Update NewsInternationalSteve ရဲ့ hairstyle နဲ့ပတ်သက်ပြီး သူ့ရဲ့အတွေးကိုပြောလာတဲ့ Joe Keery

Steve ရဲ့ hairstyle နဲ့ပတ်သက်ပြီး သူ့ရဲ့အတွေးကိုပြောလာတဲ့ Joe Keery

Stranger Things သရုပ်ဆောင် Joe Keery ကတော့ Steve Harrington ရဲ့ နာမည်ကြီး hairstyle နဲ့ ပတ်သက်ပြီး သူ့ရဲ့အတွေးအမြင်ကို ပွင့်ပွင့်လင်းလင်း ပြောလာပါတယ်။ Joe Keery ကတော့ Emmys ဆုပေးပွဲမှာ (၅၁)ကြိမ် စံကာတင်ဝင်ထားတဲ့ Stranger Things ဇာတ်လမ်းတွဲထဲမှာ Steve Harrington ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ထားပါတယ်။

Season 1 တည်းက စတင်ပါဝင်ခဲ့တဲ့ Steve Harrington ဟာ အစတုန်းကတော့ အထက်တန်းကျောင်းမှာ သူများကို အနိုင်ကျင့်တတ်သူအဖြစ် ပုံဖော်ခံခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ ရဲရင့်ပြီးသတ္တိရှိတဲ့ ပရိသတ်တွေရဲ့အချစ်တော် ကလေးထိန်းအဖြစ် ဇာတ်ကောင်စရိုက် ပြောင်းလဲသွားပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာ လူပြောအများဆုံး ဖြစ်ခဲ့တာကတော့ Steve ရဲ့ကာရိုက်တာအပြင် သူ့ရဲ့ hairstyle လည်း ပါဝင်ပါတယ်။

Photo Credit: Netflix

Steve ရဲ့ hairstyle ကတော့ ၈၀ ခုနှစ်ဝန်းကျင်က ခေတ်စားတဲ့ ဆံပင်ပုံစံမျိုးကို သေသေချာချာ ပုံဖော်ထားတာ ဖြစ်ပြီး ပရိသတ်တွေကြားထဲမှာလည်း ဒီဆံပင်ပုံကို လူပြောများခဲ့ပါတယ်။ သို့သော်လည်း သရုပ်ဆောင် Joe Keery ကတော့ ဒီဆံပင်ပုံနဲ့ ပတ်သက်ပြီး လူတွေက တောက်လျှောက်ပြောနေကြတာကို စိတ်မောနေပြီလို့ ဆိုထားပါတယ်။ The Daily Beast နဲ့ အင်တာဗျူးမှာတော့ Joe ဟာ ဆံပင်အကြောင်းကို ပြောမှာစိုးတာကြောင့် သူရုပ်ဖျက်ချင်ရင် ဆောင်းနေကျ ဦးထုပ်ကိုတောင် ဆောင်းထားခဲ့တယ်လို့ ဆိုပါတယ်။

Photo Credit: Netflix

“ဒါတကယ် အဓိပ္ပာယ်မဲ့ပါတယ်။ ဒီကိစ္စက ကျွန်တော် ထိန်းချုပ်လို့လည်း မရပါဘူး။ အင်တာနက်ပေါ်မှာ ဒီကိစ္စကို ဖွကြရင်းနဲ့ အခုဆိုရင် ကျွန်တော်က ဒီကိစ္စနဲ့ပဲ တွဲမြင်ခံနေရတယ်။ ပြီးတော့ ဒါကိုသွားပြောလို့လည်း မရပြန်ဘူး။ ကျွန်တော့်မှာလည်း career တစ်ခု ရှိနေတော့ ဘယ်သူဂရုစိုက်မှာလဲ။ ဒီတိုင်းပဲ ခံလိုက်မယ်ဆိုပြီး နေတာပေါ့။ ဒါပေမယ့် ဒါက ကျွန်တော် ဂရုစိုက်တဲ့ ကိစ္စတစ်ခုတော့လည်း မဟုတ်ပါဘူး။ ဒါပေမယ့် လူတွေကတော့ ဒီကိစ္စကို ဂရုစိုက်နေတုန်းပဲ။ စွဲလန်းနေကြတုန်းပဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ တော်တော်လေး တုံးအတာပဲ …” လို့ Joe က ပြောထားပါတယ်။

Vancouver

Source: screenrant/ thedailybeast

RELATED ARTICLES

Most Popular