HomeEntertainmentFilmJohn Wick 4 နဲ့ 5 ကို ဆက်တိုက်ရိုက်ကူးသွားမယ်လို့ Lionsgate ကြေညာ

John Wick 4 နဲ့ 5 ကို ဆက်တိုက်ရိုက်ကူးသွားမယ်လို့ Lionsgate ကြေညာ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသားကြီး Keanu Reeves ရဲ့ John Wick ဇာတ်ကားတွေဟာ တစထက်တစ များပြားကျယ်ပြန့်လာပါပြီ။ Lionsgate ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ကြေညာချက်အရ John Wick 4 ကို ရိုက်ကူးပြီးတာနဲ့ John Wick 5 ကိုပါ တဆက်တည်း ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

ဒီသတင်းကိုတော့ Lionsgate ရဲ့စီအီးအို Jon Feltheimer က ပြောကြားခဲ့တာဖြစ်တယ်လို့ Hollywood Reporter သတင်းဌာနရဲ့ တင်ပြချက်အရ သိရပါတယ်။

Photo via IMDb

“ကျွန်တော်တို့ John Wick franchise အတွက် ဇာတ်ညွှန်းတွေ ပြင်ဆင်နေရတာနဲ့ အလုပ်တွေရှုပ်နေကြပါတယ်။ John Wick 4 ကိုလည်း ၂၀၂၂ခုနှစ်ရဲ့ Memorial Day ကာလ အားလပ်ရက်အတွင်းမှာ ရုံတင်နိုင်ဖို့ ကြိုးစားနေရပါတယ်။ Keanu ကလည်း ရှေ့နှစ်အစောပိုင်းမှာ အားနေမှာဆိုတော့ အဲ့ဒီ့အချိန်မှာ John Wick 4 ပြီးတာနဲ့ John Wick 5 ကို တဆက်တည်း တန်းပြီးရိုက်ကူးဖို့အတွက် မျှော်လင့်ထားပါတယ်… ” လို့ Lionsgate ရဲ့စီအီးအိုက ပြောကြားထားပါတယ်။

neo-noir အက်ရှင်စီးရီးဖြစ်တဲ့ John Wick ရဲ့ ပထမဆုံးဇာတ်ကားကို ၂၀၁၄ခုနှစ်က ဦးဆုံးထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံးရုပ်ရှင်ရဲ့ ဇာတ်လမ်းကတော့ လုပ်ကြံရေးသမားအဖြစ်ကနေ အနားယူထားတဲ့ John Wick ဟာ ပူပူနွေးနွေး ကွယ်လွန်သွားတဲ့ ဇနီးသည်က ထားရစ်ခဲ့တဲ့ ခွေးလေးနဲ့အတူ နှစ်ယောက်တည်း နေထိုင်နေရာက စပါတယ်။ တစ်နေ့မှာတော့ လူငယ်တစ်စုဟာ John Wick ရဲ့အိမ်ထဲကို ဖောက်ထွင်းဝင်ရောက်ပြီး သူ့ရဲ့ချစ်လှစွာသော ခွေးလေးကို သတ်ရုံတင်မကဘဲ သူ့ရဲ့အဖိုးတန် ကားကိုပါ ခိုးယူသွားကြပါတယ်။ ဒီမှာတင် ထိန်းချုပ်မှုမဲ့သွားတဲ့ လုပ်ကြံရေးသမားဟောင်းကြီးဟာ အဲ့ဒီ့လူတစ်စုကို မြေလှန် လိုက်ရှာပြီး ကလဲ့စားချေဖို့ ကြိုးစားပါတော့တယ်။

Photo via IMDb

ဒါရိုက်တာ Chad Stahelski ရိုက်ကူးခဲ့တဲ့ ပထမဆုံး John Wick ရုပ်ရှင်ဟာ ဝက်ဝက်ကွဲအောင်မြင်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ခဲ့ပြီး ဘတ်ဂျက် ဒေါ်လာသန်း(၂၀)ကျော်တည်းနဲ့ ရိုက်ကူးခဲ့ပေမယ့် ဒေါ်လာ(၈၆)သန်းကျော် ဝင်ငွေရရှိခဲ့ပါတယ်။ ရုပ်ရှင်ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုကို ရရှိခဲ့ပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ အက်ရှင်အခန်းတွေနဲ့ မင်းသား Keanu Reeves ရဲ့ သရုပ်ဆောင်မှုကိုပါ တပေါင်းတစည်းတည်း ချီးကျူးခံခဲ့ရတာ ဖြစ်ပါတယ်။

အဲ့ဒီ့နောက်မှာတော့ John Wick: Chapter 2 နဲ့ John Wick: Chapter 3 Parabellum ဆိုတဲ့ နောက်ဆက်တွဲ ရုပ်ရှင်နှစ်ကားကို ထပ်မံရိုက်ကူးပြသခဲ့ပြီး ပရိသတ်ရဲ့အားပေးမှုကို တခဲနက် ရရှိခဲ့ပါတယ်။ လေးကားမြောက်အဖြစ် ထွက်ရှိလာမယ့် John Wick: Chapter 4 ကိုတော့ ကနဦးတုန်းက ၂၀၂၁ခုနှစ် မေလ(၂၁)ရက်နေ့မှာ ရုံတင်ပြသဖို့ စီစဉ်ထားခဲ့ပေမယ့် ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားလာတဲ့အတွက် ၂၀၂၂ခုနှစ် မေလ(၂၇)ရက်နေ့ကို ရွှေ့ဆိုင်းလိုက်ရတာ ဖြစ်ပါတယ်။

Photo via IMDb

လက်ရှိမှာတော့ မင်းသားကြီး Keanu Reeves ဟာ ကိုဗစ်ကြောင့် ရပ်နားထားခဲ့ရတဲ့ Matrix 4 ကို ဘာလင်မြို့မှာ ပြန်လည်ရိုက်ကူးနေပြီ ဖြစ်ပါတယ်။

LaNina

Source: indianexpress

(Zawgyi Version)

မင္းသားႀကီး Keanu Reeves ရဲ႕ John Wick ဇာတ္ကားေတြဟာ တစထက္တစ မ်ားျပားက်ယ္ျပန႔္လာပါၿပီ။ Lionsgate ႐ုပ္ရွင္ထုတ္လုပ္ေရးရဲ႕ ေၾကညာခ်က္အရ John Wick 4 ကို ႐ိုက္ကူးၿပီးတာနဲ႔ John Wick 5 ကိုပါ တဆက္တည္း ႐ိုက္ကူးသြားမယ္လို႔ သိရပါတယ္။

ဒီသတင္းကိုေတာ့ Lionsgate ရဲ႕စီအီးအို Jon Feltheimer က ေျပာၾကားခဲ့တာျဖစ္တယ္လို႔ Hollywood Reporter သတင္းဌာနရဲ႕ တင္ျပခ်က္အရ သိရပါတယ္။

Photo via IMDb

“ကြၽန္ေတာ္တို႔ John Wick franchise အတြက္ ဇာတ္ၫႊန္းေတြ ျပင္ဆင္ေနရတာနဲ႔ အလုပ္ေတြရႈပ္ေနၾကပါတယ္။ John Wick 4 ကိုလည္း ၂၀၂၂ခုႏွစ္ရဲ႕ Memorial Day ကာလ အားလပ္ရက္အတြင္းမွာ ႐ုံတင္ႏိုင္ဖို႔ ႀကိဳးစားေနရပါတယ္။ Keanu ကလည္း ေရွ႕ႏွစ္အေစာပိုင္းမွာ အားေနမွာဆိုေတာ့ အဲ့ဒီ့အခ်ိန္မွာ John Wick 4 ၿပီးတာနဲ႔ John Wick 5 ကို တဆက္တည္း တန္းၿပီး႐ိုက္ကူးဖို႔အတြက္ ေမွ်ာ္လင့္ထားပါတယ္… ” လို႔ Lionsgate ရဲ႕စီအီးအိုက ေျပာၾကားထားပါတယ္။

neo-noir အက္ရွင္စီးရီးျဖစ္တဲ့ John Wick ရဲ႕ ပထမဆုံးဇာတ္ကားကို ၂၀၁၄ခုႏွစ္က ဦးဆုံးထြက္ရွိခဲ့တာ ျဖစ္ပါတယ္။ ပထမဆုံး႐ုပ္ရွင္ရဲ႕ ဇာတ္လမ္းကေတာ့ လုပ္ႀကံေရးသမားအျဖစ္ကေန အနားယူထားတဲ့ John Wick ဟာ ပူပူေႏြးေႏြး ကြယ္လြန္သြားတဲ့ ဇနီးသည္က ထားရစ္ခဲ့တဲ့ ေခြးေလးနဲ႔အတူ ႏွစ္ေယာက္တည္း ေနထိုင္ေနရာက စပါတယ္။ တစ္ေန႔မွာေတာ့ လူငယ္တစ္စုဟာ John Wick ရဲ႕အိမ္ထဲကို ေဖာက္ထြင္းဝင္ေရာက္ၿပီး သူ႔ရဲ႕ခ်စ္လွစြာေသာ ေခြးေလးကို သတ္႐ုံတင္မကဘဲ သူ႔ရဲ႕အဖိုးတန္ ကားကိုပါ ခိုးယူသြားၾကပါတယ္။ ဒီမွာတင္ ထိန္းခ်ဳပ္မႈမဲ့သြားတဲ့ လုပ္ႀကံေရးသမားေဟာင္းႀကီးဟာ အဲ့ဒီ့လူတစ္စုကို ေျမလွန္ လိုက္ရွာၿပီး ကလဲ့စားေခ်ဖို႔ ႀကိဳးစားပါေတာ့တယ္။

Photo via IMDb

ဒါ႐ိုက္တာ Chad Stahelski ႐ိုက္ကူးခဲ့တဲ့ ပထမဆုံး John Wick ႐ုပ္ရွင္ဟာ ဝက္ဝက္ကြဲေအာင္ျမင္တဲ့ ႐ုပ္ရွင္တစ္ကားျဖစ္ခဲ့ၿပီး ဘတ္ဂ်က္ ေဒၚလာသန္း(၂၀)ေက်ာ္တည္းနဲ႔ ႐ိုက္ကူးခဲ့ေပမယ့္ ေဒၚလာ(၈၆)သန္းေက်ာ္ ဝင္ေငြရရွိခဲ့ပါတယ္။ ႐ုပ္ရွင္ေဝဖန္ေရးသမားေတြရဲ႕ ခ်ီးက်ဴးမႈကို ရရွိခဲ့ၿပီး ဇာတ္လမ္း၊ ဇာတ္ၫႊန္း၊ အက္ရွင္အခန္းေတြနဲ႔ မင္းသား Keanu Reeves ရဲ႕ သ႐ုပ္ေဆာင္မႈကိုပါ တေပါင္းတစည္းတည္း ခ်ီးက်ဴးခံခဲ့ရတာ ျဖစ္ပါတယ္။

အဲ့ဒီ့ေနာက္မွာေတာ့ John Wick: Chapter 2 နဲ႔ John Wick: Chapter 3 Parabellum ဆိုတဲ့ ေနာက္ဆက္တြဲ ႐ုပ္ရွင္ႏွစ္ကားကို ထပ္မံ႐ိုက္ကူးျပသခဲ့ၿပီး ပရိသတ္ရဲ႕အားေပးမႈကို တခဲနက္ ရရွိခဲ့ပါတယ္။ ေလးကားေျမာက္အျဖစ္ ထြက္ရွိလာမယ့္ John Wick: Chapter 4 ကိုေတာ့ ကနဦးတုန္းက ၂၀၂၁ခုႏွစ္ ေမလ(၂၁)ရက္ေန႔မွာ ႐ုံတင္ျပသဖို႔ စီစဥ္ထားခဲ့ေပမယ့္ ကိုဗစ္ကပ္ေရာဂါ ျဖစ္ပြားလာတဲ့အတြက္ ၂၀၂၂ခုႏွစ္ ေမလ(၂၇)ရက္ေန႔ကို ေ႐ႊ႕ဆိုင္းလိုက္ရတာ ျဖစ္ပါတယ္။

Photo via IMDb

လက္ရွိမွာေတာ့ မင္းသားႀကီး Keanu Reeves ဟာ ကိုဗစ္ေၾကာင့္ ရပ္နားထားခဲ့ရတဲ့ Matrix 4 ကို ဘာလင္ၿမိဳ႕မွာ ျပန္လည္႐ိုက္ကူးေနၿပီ ျဖစ္ပါတယ္။

LaNina

Source: indianexpress

 

 

RELATED ARTICLES

Most Popular