HomeCelebs Update NewsInternationalနာရီပိုင်းအတွင်း ဒေါ်လာ(၃.၆)သန်းကျော် ရောင်းချခဲ့ရတဲ့ Johnny Depp ရဲ့ပန်းချီကားများ

နာရီပိုင်းအတွင်း ဒေါ်လာ(၃.၆)သန်းကျော် ရောင်းချခဲ့ရတဲ့ Johnny Depp ရဲ့ပန်းချီကားများ

မင်းသားကြီး Johnny Depp ကတော့ သူကိုယ်တိုင် ရေးဆွဲထားတဲ့ ပန်းချီကားတွေနဲ့ ပန်းချီလောကကိုပါ စတင်ဝင်ရောက်လာပြီ ဖြစ်ပြီး နာရီပိုင်းအတွင်းမှာတင် ဒေါ်လာ(၃.၆)သန်းကျော်ဖိုး ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။ Depp ဟာ လန်ဒန်မြို့မှာရှိတဲ့ Castle Fine Art gallery မှတဆင့် သူ့ပန်းချီကားတွေရဲ့ prints တွေကို ရောင်းချခဲ့တာ ဖြစ်ပြီး နာရီပိုင်းအတွင်းမှာတင် အားလုံးရောင်းကုန်ခဲ့တယ်လို့ The Sunday Times သတင်းစာရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Friends & Heroes လို့ အမည်ပေးထားတဲ့ ဒီပန်းချီကား collection ကတော့ Depp ရဲ့ ပထမဆုံး collection လက်ရာဖြစ်ပြီး နာမည်ကျော် အနုပညာရှင်ကြီးတွေ ဖြစ်ကြတဲ့ Bob Dylan ၊ Elizabeth Taylor ၊ Al Pacino နဲ့ Keith Richards တို့ လေးဦးရဲ့ ပုံတူပန်းချီကားတွေ ပါဝင်ပါတယ်။ ဒီပန်းချီကား လေးချပ်ကို prints တွေထုတ်ပြီး ပြန်လည်ရောင်းချတာ ဖြစ်ကာ တစ်ချပ်ချင်းစီ ရောင်းချသလို set လိုက်လည်း ရောင်းချခဲ့တယ်လို့ သိရပါတယ်။

Photo: castlegalleries/ Instagram

ယခုရောင်းချခဲ့ရာမှာတော့ prints စုစုပေါင်း (၇၈၀)ချပ် ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။ အသက်(၅၉)နှစ်အရွယ် ရှိပြီဖြစ်တဲ့ မင်းသားကြီးဟာ သူနဲ့ သေသေချာချာ ရင်းနှီးခင်မင် သိကျွမ်းသူတွေနဲ့ သူ့အတွက် လေးစားအားကျဖွယ်ရာ ပုဂ္ဂိုလ်တွေကို ပန်းချီကားတွေအဖြစ် ပြောင်းလဲ ဖန်တီးခဲ့တာလို့ သိရပါတယ်။

“ရုပ်ပုံတစ်ခုစီတိုင်းဟာ Johnny ရဲ့အမြင်အရ သူတို့တစ်ယောက်ချင်းစီရဲ့ ကာရိုက်တာတွေကို ရောင်ပြန်ဟပ်ပြနေကြတာပါ။ Johnny အနေနဲ့ ဒီပုဂ္ဂိုလ်တွေကို ဘယ်လိုရှုမြင်တယ်ဆိုတာ ဖော်ပြထားတာလည်း ဖြစ်ပါတယ်။ နာမည်ကြီး Captain Jack Sparrow ဇာတ်ကောင်ရဲ့ အပြုအမူတွေအတွက် မှီငြမ်းခဲ့ရတဲ့ သူ့ရဲ့မိတ်ဆွေရင်းချာကြီး Keith Richards ကနေ နာမည်ကျော် ဂီတပညာရှင် Bob Dylan အထိပါပဲ …” လို့ Castle Fine Art gallery က ဆိုထားပါတယ်။

 

View this post on Instagram

 

A post shared by Castle Fine Art (@castlegalleries)

Depp ရဲ့လက်ရာ ပန်းချီကားတွေရဲ့ prints တွေကိုတော့ limited edition အဖြစ် ကန့်သတ်ရောင်းချခဲ့တာ ဖြစ်ပြီး portrait တစ်ပုံကို (၃၉၇၃)ဒေါ်လာဖြင့် တန်ဖိုးသတ်မှတ်ထားကာ လေးပုံလုံးပါရှိတဲ့ set တစ်ခုလုံးကိုတော့ (၁၅၀၄၀)ဒေါ်လာနဲ့ အွန်လိုင်းမှာ ရောင်းချခဲ့တယ်လို့ သိရပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular