HomeCelebs Update NewsInternationalTaylor Swift ရဲ့ မူပိုင်ခွင့်ကိစ္စကို ပြန်ရအောင် ကူညီပေးမယ်လို့ ပြောလာပြန်တဲ့ Kanye West

Taylor Swift ရဲ့ မူပိုင်ခွင့်ကိစ္စကို ပြန်ရအောင် ကူညီပေးမယ်လို့ ပြောလာပြန်တဲ့ Kanye West

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Kanye West ဟာ သူ့ရဲ့နောက်ဆုံးတင်ထားတဲ့ twitter ပို့စ်မုန်တိုင်းတွေထဲမှာ Taylor Swift ဆုံးရှုံးထားတဲ့ မာစတာမူရင်းခွေတွေရဲ့ မူပိုင်ခွင့်ကို ပြန်လည်ရယူနိုင်ဖို့ ကူညီပေးမယ်ဆိုပြီး ရေးသားလာပြန်ပါတယ်။

အသက်(၄၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့ Kanye West ဟာ အသက်(၃၀)နှစ်အရွယ် Taylor Swift ရဲ့ အယ်လ်ဘမ်မူပိုင်ခွင့်တွေကို ကူညီပြီး ပြန်ရအောင် ယူပေးမယ်လို့ စက်တင်ဘာလ(၁၈)ရက်နေ့က Twitter မှာ ပို့စ်တင်လိုက်တာ ဖြစ်ပါတယ်။ “Taylor Swift … သူ့ရဲ့မာစတာ မူပိုင်ခွင့်တွေ ပြန်ရအောင် ကျွန်တော် လူချင်းတွေ့ကြည့်ပါဦးမယ်။ Scooter Braun က ကျွန်တော့်ရဲ့ မိသားစုလိုရင်းနှီးရတဲ့ မိတ်ဆွေတစ်ယောက်ပါ… ” လို့ Kanye က ရေးသားထားတာပါ။

Photo: kanyewest/ twitter

ဒါဟာ ၂၀၁၉ခုနှစ် ဇူလိုင်လက ဖြစ်ပျက်ခဲ့တဲ့ Taylor Swift နဲ့ music manager Scooter Braun တို့ကြားက မူပိုင်ခွင့်ပြဿနာကို ညွှန်းဆိုပြီး Kanye က သူ ဝင်ကူညီပေးမယ်လို့ ပြောထားတာပါ။ Taylor Swift ဟာ အဆိုတော်အဖြစ် ဘဝစတည်းက သူမ လက်တွဲခဲ့တဲ့ Big Machine Records နဲ့ ပွဲဦးထွက်အယ်လ်ဘမ်ကနေ Reputation အယ်လ်ဘမ်အထိ စတူဒီယိုအယ်လ်ဘမ် ခြောက်ချပ် ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။

အဆိုတော်နဲ့ ထုတ်လုပ်သူ ဓာတ်ပြားတိုက်တို့ရဲ့ ထုံးစံအတိုင်း သီချင်းတွေရဲ့ မူရင်းမာစတာခွေကို ဓာတ်ပြားတိုက်က ပိုင်ဆိုင်ပါတယ်။ ဒါဟာ အဆိုတော်က သီချင်းရဲ့မူပိုင်ခွင့်ကို ဆုံးရှုံးတာမျိုးတော့ မဟုတ်ပေမယ့် ဓာတ်ပြားတိုက်မှာ အသံသွင်းလိုက်တည်းက အဲ့ဒီ့မူရင်းမာစတာ အသံသွင်းထားတဲ့အခွေကို ဓာတ်ပြားတိုက်က ပိုင်ဆိုင်သွားတဲ့ သဘောပါ။ ဒီတော့ အဲ့ဒီ့အယ်လ်ဘမ်ခြောက်ချပ်စလုံးရဲ့ ရရှိနေမယ့် အမြတ်ငွေ အများစုဟာ ဓာတ်ပြားတိုက်ဆီကိုပဲ သွားနေမှာ ဖြစ်ပါတယ်။

Photo: taylorswift/ Instagram

Taylor ဟာ Big Machine ဓာတ်ပြားတိုက်က ထွက်လာတုန်းက သူမရဲ့ အယ်လ်ဘမ်ခြောက်ချပ်စလုံးရဲ့ မာစတာခွေတွေကို ဝယ်ယူဖို့ ကြိုးစားခဲ့ပေမယ့် အပေးအယူ မတည့်ခဲ့တာကြောင့် သူမအနေနဲ့ မဝယ်ယူနိုင်ခဲ့ပါဘူး။ အဲ့ဒီ့နောက် မကြာခင်မှာပဲ မာစတာခွေ ခြောက်ချပ်စလုံးကို Scooter Braun က အမေရိကန်ဒေါ်လာ သန်း(၃၀၀)နဲ့ ဝယ်ယူသွားခဲ့တာ ဖြစ်ပါတယ်။

ဒီအချိန်မှာတော့ Taylor Swift ဟာ ပေါက်ကွဲခဲ့ပါတယ်။ အကြောင်းကတော့ Scooter Braun ဟာလည်း Taylor ရဲ့ ရန်သူတစ်ယောက်မို့လို့ပါပဲ။ ဖြစ်ပုံကတော့ Scooter Braun ဟာ Kanye West နဲ့ Justin Bieber တို့ရဲ့ music manager ဖြစ်သူမို့ Taylor အနေနဲ့ သူမကို အနိုင်ကျင့်၊ လှောင်ပြောင်သူတွေကို နောက်ကွယ်က အားပေးနေသူဟာ Scooter Braun ဖြစ်တယ်လို့ အခိုင်အမာ ယုံကြည်ထားလို့ ဖြစ်ပါတယ်။

Photo: privatekanye/ Instagram

ယခု Kanye West က ထပြောလိုက်တဲ့ ကိစ္စမှာလည်း သူတကယ်စိတ်ပါရင်တောင် သူပြောသလိုမျိုး အလွယ်လေး ဝင်ကူညီလို့ရတဲ့ အရာမျိုး မဟုတ်ပါဘူး။ Scooter Braun ဟာ Big Machine Records ဆီက စာချုပ်စာတမ်းတွေနဲ့ တရားဝင် ဝယ်ယူထားတဲ့အရာဖြစ်ပြီး အနာဂတ်မှာ ရရှိလာမယ့် ဝင်ငွေတွေကို တွက်ချက်လိုက်ရင် ဒေါ်လာဘီလျံနဲ့ချီတန်တဲ့အရာ ဖြစ်နေလို့ ဘယ်သူကမှ လွယ်လွယ်နဲ့ လက်လွှတ်ပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

Kanye တစ်ယောက်ဟာ စိတ်အပြောင်းအလဲ၊ အတက်အကျမြန်တဲ့ bipolar disorder ဆိုတဲ့ စိတ်ရောဂါကို ခံစားနေရတာဖြစ်ပြီး Twitter တစ်ခါ ထသုံးပြီဆိုရင် ဒီလိုပဲ ပွဲတွေ အများကြီးဖြစ်အောင် ဖန်တီးမိသလို ဖြစ်နေတာပါ။ သူ့ရဲ့ဇနီးသည် Kim Kardashian ကတော့ သူပြောသမျှတိုင်းဟာ သူ့စိတ်က ပါလို့မဟုတ်ဘဲ သူ့ကိုယ်သူ မထိန်းချုပ်နိုင်လို့ ဖြစ်နေရတာပါဆိုပြီး ကြားဝင်ရှင်းပြထားတာတော့ ရှိပါတယ်။ ယခုပြောထားတဲ့အရာကရော သူ တကယ် ကူညီမှာလား၊ ထုံးစံအတိုင်း စိတ်ထဲပေါ်လာလို့ ပြောတာလားဆိုတာကတော့ သူကိုယ်တိုင်ပဲ သိနိုင်မယ့်အရာပါလို့ တင်ပြရင်း … ။

Glasgow

Source: hollywood life

(Zawgyi Version)

Kanye West ဟာ သူ႔ရဲ႕ေနာက္ဆုံးတင္ထားတဲ့ twitter ပို႔စ္မုန္တိုင္းေတြထဲမွာ Taylor Swift ဆုံးရႈံးထားတဲ့ မာစတာမူရင္းေခြေတြရဲ႕ မူပိုင္ခြင့္ကို ျပန္လည္ရယူႏိုင္ဖို႔ ကူညီေပးမယ္ဆိုၿပီး ေရးသားလာျပန္ပါတယ္။

အသက္(၄၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ Kanye West ဟာ အသက္(၃၀)ႏွစ္အ႐ြယ္ Taylor Swift ရဲ႕ အယ္လ္ဘမ္မူပိုင္ခြင့္ေတြကို ကူညီၿပီး ျပန္ရေအာင္ ယူေပးမယ္လို႔ စက္တင္ဘာလ(၁၈)ရက္ေန႔က Twitter မွာ ပို႔စ္တင္လိုက္တာ ျဖစ္ပါတယ္။ “Taylor Swift … သူ႔ရဲ႕မာစတာ မူပိုင္ခြင့္ေတြ ျပန္ရေအာင္ ကြၽန္ေတာ္ လူခ်င္းေတြ႕ၾကည့္ပါဦးမယ္။ Scooter Braun က ကြၽန္ေတာ့္ရဲ႕ မိသားစုလိုရင္းႏွီးရတဲ့ မိတ္ေဆြတစ္ေယာက္ပါ… ” လို႔ Kanye က ေရးသားထားတာပါ။

Photo: kanyewest/ twitter

ဒါဟာ ၂၀၁၉ခုႏွစ္ ဇူလိုင္လက ျဖစ္ပ်က္ခဲ့တဲ့ Taylor Swift နဲ႔ music manager Scooter Braun တို႔ၾကားက မူပိုင္ခြင့္ျပႆနာကို ၫႊန္းဆိုၿပီး Kanye က သူ ဝင္ကူညီေပးမယ္လို႔ ေျပာထားတာပါ။ Taylor Swift ဟာ အဆိုေတာ္အျဖစ္ ဘဝစတည္းက သူမ လက္တြဲခဲ့တဲ့ Big Machine Records နဲ႔ ပြဲဦးထြက္အယ္လ္ဘမ္ကေန Reputation အယ္လ္ဘမ္အထိ စတူဒီယိုအယ္လ္ဘမ္ ေျခာက္ခ်ပ္ ထုတ္ေဝခဲ့တာ ျဖစ္ပါတယ္။

အဆိုေတာ္နဲ႔ ထုတ္လုပ္သူ ဓာတ္ျပားတိုက္တို႔ရဲ႕ ထုံးစံအတိုင္း သီခ်င္းေတြရဲ႕ မူရင္းမာစတာေခြကို ဓာတ္ျပားတိုက္က ပိုင္ဆိုင္ပါတယ္။ ဒါဟာ အဆိုေတာ္က သီခ်င္းရဲ႕မူပိုင္ခြင့္ကို ဆုံးရႈံးတာမ်ိဳးေတာ့ မဟုတ္ေပမယ့္ ဓာတ္ျပားတိုက္မွာ အသံသြင္းလိုက္တည္းက အဲ့ဒီ့မူရင္းမာစတာ အသံသြင္းထားတဲ့အေခြကို ဓာတ္ျပားတိုက္က ပိုင္ဆိုင္သြားတဲ့ သေဘာပါ။ ဒီေတာ့ အဲ့ဒီ့အယ္လ္ဘမ္ေျခာက္ခ်ပ္စလုံးရဲ႕ ရရွိေနမယ့္ အျမတ္ေငြ အမ်ားစုဟာ ဓာတ္ျပားတိုက္ဆီကိုပဲ သြားေနမွာ ျဖစ္ပါတယ္။

Photo: taylorswift/ Instagram

Taylor ဟာ Big Machine ဓာတ္ျပားတိုက္က ထြက္လာတုန္းက သူမရဲ႕ အယ္လ္ဘမ္ေျခာက္ခ်ပ္စလုံးရဲ႕ မာစတာေခြေတြကို ဝယ္ယူဖို႔ ႀကိဳးစားခဲ့ေပမယ့္ အေပးအယူ မတည့္ခဲ့တာေၾကာင့္ သူမအေနနဲ႔ မဝယ္ယူႏိုင္ခဲ့ပါဘူး။ အဲ့ဒီ့ေနာက္ မၾကာခင္မွာပဲ မာစတာေခြ ေျခာက္ခ်ပ္စလုံးကို Scooter Braun က အေမရိကန္ေဒၚလာ သန္း(၃၀၀)နဲ႔ ဝယ္ယူသြားခဲ့တာ ျဖစ္ပါတယ္။

ဒီအခ်ိန္မွာေတာ့ Taylor Swift ဟာ ေပါက္ကြဲခဲ့ပါတယ္။ အေၾကာင္းကေတာ့ Scooter Braun ဟာလည္း Taylor ရဲ႕ ရန္သူတစ္ေယာက္မို႔လို႔ပါပဲ။ ျဖစ္ပုံကေတာ့ Scooter Braun ဟာ Kanye West နဲ႔ Justin Bieber တို႔ရဲ႕ music manager ျဖစ္သူမို႔ Taylor အေနနဲ႔ သူမကို အႏိုင္က်င့္၊ ေလွာင္ေျပာင္သူေတြကို ေနာက္ကြယ္က အားေပးေနသူဟာ Scooter Braun ျဖစ္တယ္လို႔ အခိုင္အမာ ယုံၾကည္ထားလို႔ ျဖစ္ပါတယ္။

Photo: privatekanye/ Instagram

ယခု Kanye West က ထေျပာလိုက္တဲ့ ကိစၥမွာလည္း သူတကယ္စိတ္ပါရင္ေတာင္ သူေျပာသလိုမ်ိဳး အလြယ္ေလး ဝင္ကူညီလို႔ရတဲ့ အရာမ်ိဳး မဟုတ္ပါဘူး။ Scooter Braun ဟာ Big Machine Records ဆီက စာခ်ဳပ္စာတမ္းေတြနဲ႔ တရားဝင္ ဝယ္ယူထားတဲ့အရာျဖစ္ၿပီး အနာဂတ္မွာ ရရွိလာမယ့္ ဝင္ေငြေတြကို တြက္ခ်က္လိုက္ရင္ ေဒၚလာဘီလ်ံနဲ႔ခ်ီတန္တဲ့အရာ ျဖစ္ေနလို႔ ဘယ္သူကမွ လြယ္လြယ္နဲ႔ လက္လႊတ္ေပးဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။

Kanye တစ္ေယာက္ဟာ စိတ္အေျပာင္းအလဲ၊ အတက္အက်ျမန္တဲ့ bipolar disorder ဆိုတဲ့ စိတ္ေရာဂါကို ခံစားေနရတာျဖစ္ၿပီး Twitter တစ္ခါ ထသုံးၿပီဆိုရင္ ဒီလိုပဲ ပြဲေတြ အမ်ားႀကီးျဖစ္ေအာင္ ဖန္တီးမိသလို ျဖစ္ေနတာပါ။ သူ႔ရဲ႕ဇနီးသည္ Kim Kardashian ကေတာ့ သူေျပာသမွ်တိုင္းဟာ သူ႔စိတ္က ပါလို႔မဟုတ္ဘဲ သူ႔ကိုယ္သူ မထိန္းခ်ဳပ္ႏိုင္လို႔ ျဖစ္ေနရတာပါဆိုၿပီး ၾကားဝင္ရွင္းျပထားတာေတာ့ ရွိပါတယ္။ ယခုေျပာထားတဲ့အရာကေရာ သူ တကယ္ ကူညီမွာလား၊ ထုံးစံအတိုင္း စိတ္ထဲေပၚလာလို႔ ေျပာတာလားဆိုတာကေတာ့ သူကိုယ္တိုင္ပဲ သိႏိုင္မယ့္အရာပါလို႔ တင္ျပရင္း … ။

Glasgow

Source: hollywood life

RELATED ARTICLES

Most Popular