HomeCharacterကောမစ်ထဲက Kate Bishop ရဲ့ လူသိနည်းသေးတဲ့အချက်များ

ကောမစ်ထဲက Kate Bishop ရဲ့ လူသိနည်းသေးတဲ့အချက်များ

Hawkeye ဇာတ်လမ်းတွဲကတော့ ပြီးခဲ့တဲ့နှစ် ခရစ်စမတ်ကာလမှာ ထွက်ရှိခဲ့ပြီး rating အနေနဲ့ IMDb (7.5) ရရှိထားပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Clint Barton နေရာကို ဆက်ခံသွားမယ့်သူလည်းဖြစ်တဲ့ Kate Bishop ဇာတ်ကောင်ကို စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီစီးရီးထဲမှာတော့ သူမကို စတင်မိတ်ဆက်ရုံပဲ ရှိသေးတာကြောင့် သူမရဲ့အကြောင်းကို ပိုမိုသိရှိလိုတဲ့ စာဖတ်သူများအတွက် Kate Bishop ရဲ့ ကောမစ်ထဲက စိတ်ဝင်စားစရာအချက်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(1) Young Avengers ရဲ့ မူလအဖွဲ့ဝင် ဖြစ်ပါတယ်။

photo via screenrant

Kate Bishop ဟာ ၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Young Avengers #1 ကောမစ်မှာ စတင်ပါဝင်ခဲ့ပါတယ်။ အဲဒီကောမစ်ထဲမှာတော့ Young Avengers အဖွဲ့ဟာ နယူးယော့ခ်မြို့ထဲမှာ Kang the Conqueror ကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ Kate Bishop ကတော့ ဘာစူပါပါဝါမှ မရှိတဲ့ သာမန်ပြည်သူတစ်ယောက် ဖြစ်ပေမယ့်လည်း အဲဒီတိုက်ပွဲထဲကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ Young Avengers အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ Iron Lad ဟာ Kang ရဲ့ Variant ဖြစ်နေတာကြောင့် သူဟာ သူ့ရဲ့ကံကြမ္မာအတိုင်း ဖြစ်လာဖို့အတွက် ဒီအဖွဲ့က ထွက်ခွာသွားပါတယ်။ ဒါကြောင့်ပဲ ဒီကောမစ်ဟာ Kang ရဲ့ အရေးကြီးဆုံးကောမစ် Arc တစ်ခု ဖြစ်လာပြီး Kate Bishop ကတော့ Hawkeye အနေနဲ့ Young Avengers အဖွဲ့ထဲမှာ နှစ်အတော်ကြာ ဆက်ရှိနေခဲ့ပါတယ်။

(2) Hawking Bird

photo via screenrant

Kate Bishop ဟာ အစပိုင်းမှာတော့ သူမကိုယ်သူမ Hawkeye လို့ ခေါ်ဆိုခဲ့ပေမယ့်လည်း အချိန်တွေကြာလာတဲ့ နောက်မှာတော့ တခြား Nickname တွေလည်း ရရှိလာပါတယ်။ အဲဒီထဲက တစ်ခုကတော့ Hawking Bird ပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ သူမရဲ့ဝတ်စုံဟာ Clint ရဲ့ Classic ဝတ်စုံဖြစ်တဲ့ ခရမ်းရောင်ကို ယူသုံးထားသလို ကောမစ်ထဲက Clint ရဲ့ ဇနီးဖြစ်တဲ့ Mocking Bird ရဲ့ မျက်နှာဖုံးဒီဇိုင်းကိုလည်း ယူသုံးထားတာကြောင့် ဖြစ်ပါတယ်။

(3) သူမဟာ တတိယမြောက် Hawkeye ဖြစ်ပါတယ်။

photo via screenrant

တကယ်တော့ Kate Bishop ဟာ Marvel ကောမစ်ထဲက Hawkeye နာမည်ကို အသုံးပြုခဲ့တဲ့ တတိယမြောက် ဇာတ်ကောင်ပဲ ဖြစ်ပါတယ်။ ပထမဆုံး Hawkeye ကတော့ Clint Barton ဖြစ်ပြီး ဒုတိယကတော့ Wyatt McDonald ပဲ ဖြစ်ပါတယ်။ Wyatt ကတော့ Squadron Supreme အဖွဲ့ထဲက စွမ်းအားအကြီးဆုံး ဇာတ်ကောင်တွေထဲမှာ ပါဝင်ပါတယ်။

Kate ကတော့ Clint ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနာမည်ကို အသုံးပြုခဲ့တာ ဖြစ်ပြီး Kate ဟာ သူမကိုယ်သူမ Hawkeye လို့ ခံယူလိုက်တဲ့ အချိန်မှာတော့ Clint က သေဆုံးသွားပြီ ဖြစ်ပါတယ်။ အကြောင်းကတော့ Scarlet Witch ဟာ သူမရဲ့ကလေးတွေကို ဆုံးရှုံးလိုက်ရတာကြောင့် ဝမ်းနည်းမှုတွေနဲ့ ပြည့်နှက်နေပြီး Kree တွေရဲ့ ကျူးကျော်မှုကို ဆင့်ခေါ်လိုက်တဲ့ အချိန်မှာ Clint က သူ့ကိုယ်သူ အနစ်နာခံသွားလို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း House of M ဇာတ်လမ်းထဲမှာတော့ Scarlet Witch ဟာ Clint ကို ပြန်လည်ရှင်သန်စေခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ Kate ဟာ Hawkeye ဆိုတဲ့ နာမည်ကို ဆက်လက်ခံယူထားဆဲ ဖြစ်ပါတယ်။

(4) The Secret Invasion

photo via screenrant

ကောမစ်ထဲမှာတော့ Young Avengers အဖွဲ့ဟာ Skrull တွေက နယူးယော့ခ်ကို လာရောက်ကျူးကျော်တဲ့ အချိန်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒီကောမစ်ရဲ့ အရန်နေရာမှာ ပါဝင်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း Skrull တွေဟာ အလွန်များပြားတာကြောင့် Young Avengers တွေဟာ အသာစီးမရခဲ့ပါဘူး။ လောလောဆယ်မှာ‌တော့ MCU ရဲ့ ပရောဂျက်တွေမှာ Young Avengers အဖွဲ့ဝင် ဖြစ်လာနိုင်သူတွေကို မိတ်ဆက်ပေးနေပြီး Secret Invasion ဇာတ်လမ်းတွဲကလည်း ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Kate Bishop အပါအဝင် MCU ရဲ့ Young Avengers အဖွဲ့ဟာ Secret Invasion ဇာတ်လမ်းတွဲထဲမှာ ပါဝင်လာနိုင်ပါတယ်။

(5) West Coast Avengers တွေရဲ့ ခေါင်းဆောင်လည်း ဖြစ်ခဲ့ဖူးပါသေးတယ်။

photo via screenrant

Clint Barton ဟာ West Coast Avengers တွေရဲ့ ခေါင်းဆောင် ဖြစ်ခဲ့သလို Kate Bishop ဟာလည်း ဒီအဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်ခဲ့ပါသေးတယ်။ ၂၀၁၈ ခုနှစ်မှာတော့ Clint Barton ဟာ ဒီအဖွဲ့ကို ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ပြီး အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ Tigra နဲ့လည်း ပြန်လည်တိုက်ခိုက်ခဲ့ရပါသေးတယ်။

အဲဒီနောက်မှာတော့ Kate Bishop ဟာ ဒီအဖွဲ့ရဲ့ခေါင်းဆောင် ဖြစ်လာပြီး သူတို့အဖွဲ့ရဲ့ နေ့စဉ်လှုပ်ရှားမှုတွေကို Reality Show အနေနဲ့ ရိုက်ပြပြီး အဖွဲ့အတွက် ရန်ပုံငွေ ရှာပေးခဲ့ပါတယ်။ ဒီအဖွဲ့ထဲမှာတော့ လူငယ်ဟီးရိုးတွေ ဖြစ်တဲ့ Gwenpool ၊ Kid Omega နဲ့ Fuse တို့ ပါဝင်ပြီး နောက်ပိုင်းမှာတော့ Jeff the Land Shark တို့လည်း ပါဝင်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း Kate Bishop ဟာ တကိုယ်တော် စွန့်စားခန်း ပြုလုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့ အချိန်မှာတော့ ဒီအဖွဲ့ဟာ လျင်လျင်မြန်မြန်ပဲ ပြိုကွဲသွားခဲ့ပါတယ်။

(6) Miles Morales ရဲ့ ချစ်သူလည်း ဖြစ်ခဲ့ပါသေးတယ်။

photo via screenrant

Marvel ကောမစ်ထဲက တခြားဇာတ်ကောင်တွေလိုပဲ Kate Bishop မှာလည်း တခြား Universe က Variant တွေ ရှိပါတယ်။ Earth-1610 ထဲမှာတော့ Kate Bishop ဟာ Miles Morales ရဲ့ ရည်းစားပဲ ဖြစ်ပါတယ်။ အဲဒီ Universe ထဲမှာတော့ Miles Morales ဟာ Spider-Man ဖြစ်ပြီး Kate ကို သူ့ရဲ့ Secret Identity ကို ပြောပြခဲ့ပါတယ်။

Miles Morales အတွက် ကံဆိုးတဲ့အချက်ကတော့ အဲဒီ Universe က Kate တို့ မိသားစုတစ်ခုလုံးဟာ Hydra အဖွဲ့ဝင်တွေ ဖြစ်နေတာပါပဲ။ ဒါကြောင့်ပဲ Miles Morales ဟာ Hydra ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပြီး အဲဒီနောက်မှာတော့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးဟာ ဘယ်လိုမှ ရှေ့ဆက်လို့ မဖြစ်နိုင်တော့ပါဘူး။ ဒါပေမယ့်လည်း Kate ကတော့ Miles ကို တကယ်ချစ်နှစ်သက်ခဲ့တာ ဖြစ်ပါတယ်။

(7) Taskmistress

photo via screenrant

Kate Bishop ရဲ့ နောက်ထပ် Nickname တစ်ခုကတော့ Taskmistress ပဲ ဖြစ်ပြီး Black Widow ရဲ့ ဗီလိန်ဖြစ်တဲ့ Taskmaster ကို ရည်ညွှန်းပြီး ပေးထားတာ ဖြစ်ပါတယ်။ အကြောင်းကတော့ Kate ရဲ့ Photographic Memory နဲ့ အရာရာကို ခဏလေးအတွင်း သင်လွယ်တတ်လွယ်တဲ့ အရည်အချင်းတို့က Taskmaster နဲ့ ဆင်တူနေလို့ပဲ ဖြစ်ပါတယ်။

သူမဟာ မတူညီတဲ့ လက်နက်တွေများစွာကို အသုံးပြုခဲ့ပြီး လေးနဲ့မြားအပြင် Mocking Bird ရဲ့ Battle Staves နဲ့ Swordsman ရဲ့ ဓားကို အခြေခံပြီး ဖန်တီးထားတဲ့ ဓားကိုလည်း အသုံးပြုခဲ့ပါသေးတယ်။ Taskmaster ဟာလည်း Avengers တွေရဲ့ လက်နက်တွေကို ပြန်လည်အသုံးပြုပြီး တိုက်ခိုက်လေ့ရှိပါတယ်။ ဒီအချက်တွေကြောင့်ပဲ Kate ဟာ Taskmistress ဆိုတဲ့ နာမည်ကို ထိုက်ထိုက်တန်တန် ရရှိထားတာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular