HomeEntertainmentFilmAnt-Man 3 ထဲမှာ ဟီးရိုးတစ်ယောက်အဖြစ် မြင်ရနိုင်ချေရှိတဲ့ Kathryn Newton

Ant-Man 3 ထဲမှာ ဟီးရိုးတစ်ယောက်အဖြစ် မြင်ရနိုင်ချေရှိတဲ့ Kathryn Newton

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Ant-Man and the Wasp: Quantumania ထဲမှာ သရုပ်ဆောင်သွားမယ့် Kathryn Newton ဟာ Cassie Lang ကို Stature ဆိုတဲ့ ဟီးရိုးအနေနဲ့ မြင်ရနိုင်တဲ့အကြောင်းကို အရိပ်အမြွက် ဖော်ပြသွားခဲ့ပါတယ်။ အဲ့ဒီရုပ်ရှင်ထဲမှာတော့ Paul Rudd ၊ Evangeline Lilly နဲ့ Michelle Pfeiffer တို့က ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ Ant-Man 3 ဟာ ဘယ်အချိန်မှာ ထွက်ရှိလာမလည်း ဆိုတာကို အတိအကျ မသိရသေးပေမယ့်လည်း ၂၀၂၂ နှစ်ကုန်ပိုင်း သို့မဟုတ် ၂၀၂၃ နှစ်စပိုင်းလောက်မှာ မြင်ရမယ်လို့ ထင်ပါတယ်။ ဒါ့အပြင် Jonathan Majors ကလည်း Kang the Conqueror ဆိုတဲ့ ဗီလိန်နေရာမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။

photo via screenrant

Cassie Lang ဇာတ်ကောင်နေရာကို Endgame မှာတော့ Emma Fuhrmann က သရုပ်ဆောင်ခဲ့ပြီး အခုချိန်မှာတော့ Kathryn Newton က ပြောင်းလဲသရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ Ant-Man ရုပ်ရှင် စထွက်လာကတည်းက ပရိသတ်တွေဟာ Cassie Lang ကို တစ်ချိန်မှာ စူပါဟီးရိုးအနေနဲ့ မြင်တွေ့ရဖို့အတွက် မျှော်လင့်နေပါတယ်။ အကြောင်းကတော့ ကောမစ်ထဲမှာ Cassie Lang ဟာ Young Avengers တစ်ယောက် ဖြစ်သလို Stature နဲ့ Stinger ဆိုတဲ့ ဟီးရိုးတွေအဖြစ် နေထိုင်ခဲ့ဖူးလို့ပဲ ဖြစ်ပါတယ်။

အခုချိန်မှာတော့ Ant-Man 3 ထဲမှာ Cassie ကို Stature အနေနဲ့ မြင်တွေ့ရနိုင်တဲ့အကြောင်းကို Kathryn က သိပ်မကြာခင်တုန်းက အရိပ်အမြွက် ဖော်ပြခဲ့ပါတယ်။ အဲ့ဒါကတော့ သူမရဲ့အင်စတာဂရမ်ပေါ်ကနေ Ant-Man 3 မှာ ပါဝင်လာမယ့် သရုပ်ဆောင်တွေကို Kevin Feige က ပြောပြထားတဲ့ ဗီဒီယိုကို ပြန် share ခဲ့တာပဲ ဖြစ်ပါတယ်။ ဗီဒီယိုကတော့ ဘာမှအံ့ဩစရာမပါဝင်ပေမယ့်လည်း သူမရဲ့ caption က ပရိသတ်တွေကို ဖမ်းစားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကတော့ ” မနေ့ညတုန်းက ကျွန်မ စူပါဟီးရိုး ဖြစ်နေတယ် ဆိုပြီးတော့ အိပ်မက်မက်ခဲ့ပါတယ် ” လို့ ရေးသားခဲ့ပြီး အဲ့ဒီစာကြောင်းရဲ့ အနောက်မှာလည်း ” Hashtag Stature ” ဆိုပြီးတော့ ရေးသားခဲ့ပါသေးတယ်။

photo via kathrynnewton/instagram

အဲ့ဒါကြောင့်ပဲ ပရိသတ်တွေအများစုကတော့ Ant-Man 3 ထဲမှာ Cassie ကို Stature အနေနဲ့ မြင်ရတော့မယ်လို့ ထင်နေကြပါတယ်။ အခုချိန်မှာတော့ MCU ဟာ Avengers အဖွဲ့အတွက် မျိူးဆက်သစ်တွေကို တဖြည်းဖြည်း မိတ်ဆက်ပေးနေပြီး နောက်ပိုင်းမှာတော့ Young Avengers ဆိုပြီးတော့ မြင်ရတော့မယ်လို့ ယူဆလို့ ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုချိန်မှာတော့ MCU ရဲ့ နောက်ထပ်ထွက်လာမယ့် ဇာတ်လမ်းတွေကတော့ လောလောဆယ်မှာ လူအများစု အာရုံစိုက်နေတာကို ခံနေရပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Ant-Man and the Wasp: Quantumania ထဲမွာ သ႐ုပ္ေဆာင္သြားမယ့္ Kathryn Newton ဟာ Cassie Lang ကို Stature ဆိုတဲ့ ဟီး႐ိုးအေနနဲ႔ ျမင္ရႏိုင္တဲ့အေၾကာင္းကို အရိပ္အႁမြက္ ေဖာ္ျပသြားခဲ့ပါတယ္။ အဲ့ဒီ႐ုပ္ရွင္ထဲမွာေတာ့ Paul Rudd ၊ Evangeline Lilly နဲ႔ Michelle Pfeiffer တို႔က ျပန္လည္ပါဝင္လာမွာ ျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ Ant-Man 3 ဟာ ဘယ္အခ်ိန္မွာ ထြက္ရွိလာမလည္း ဆိုတာကို အတိအက် မသိရေသးေပမယ့္လည္း ၂၀၂၂ ႏွစ္ကုန္ပိုင္း သို႔မဟုတ္ ၂၀၂၃ ႏွစ္စပိုင္းေလာက္မွာ ျမင္ရမယ္လို႔ ထင္ပါတယ္။ ဒါ့အျပင္ Jonathan Majors ကလည္း Kang the Conqueror ဆိုတဲ့ ဗီလိန္ေနရာမွာ ပါဝင္လာမွာ ျဖစ္ပါတယ္။

photo via screenrant

Cassie Lang ဇာတ္ေကာင္ေနရာကို Endgame မွာေတာ့ Emma Fuhrmann က သ႐ုပ္ေဆာင္ခဲ့ၿပီး အခုခ်ိန္မွာေတာ့ Kathryn Newton က ေျပာင္းလဲသ႐ုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။ Ant-Man ႐ုပ္ရွင္ စထြက္လာကတည္းက ပရိသတ္ေတြဟာ Cassie Lang ကို တစ္ခ်ိန္မွာ စူပါဟီး႐ိုးအေနနဲ႔ ျမင္ေတြ႕ရဖို႔အတြက္ ေမွ်ာ္လင့္ေနပါတယ္။ အေၾကာင္းကေတာ့ ေကာမစ္ထဲမွာ Cassie Lang ဟာ Young Avengers တစ္ေယာက္ ျဖစ္သလို Stature နဲ႔ Stinger ဆိုတဲ့ ဟီး႐ိုးေတြအျဖစ္ ေနထိုင္ခဲ့ဖူးလို႔ပဲ ျဖစ္ပါတယ္။

အခုခ်ိန္မွာေတာ့ Ant-Man 3 ထဲမွာ Cassie ကို Stature အေနနဲ႔ ျမင္ေတြ႕ရႏိုင္တဲ့အေၾကာင္းကို Kathryn က သိပ္မၾကာခင္တုန္းက အရိပ္အႁမြက္ ေဖာ္ျပခဲ့ပါတယ္။ အဲ့ဒါကေတာ့ သူမရဲ႕အင္စတာဂရမ္ေပၚကေန Ant-Man 3 မွာ ပါဝင္လာမယ့္ သ႐ုပ္ေဆာင္ေတြကို Kevin Feige က ေျပာျပထားတဲ့ ဗီဒီယိုကို ျပန္ share ခဲ့တာပဲ ျဖစ္ပါတယ္။ ဗီဒီယိုကေတာ့ ဘာမွအံ့ဩစရာမပါဝင္ေပမယ့္လည္း သူမရဲ႕ caption က ပရိသတ္ေတြကို ဖမ္းစားခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒါကေတာ့ ” မေန႔ညတုန္းက ကြၽန္မ စူပါဟီး႐ိုး ျဖစ္ေနတယ္ ဆိုၿပီးေတာ့ အိပ္မက္မက္ခဲ့ပါတယ္ ” လို႔ ေရးသားခဲ့ၿပီး အဲ့ဒီစာေၾကာင္းရဲ႕ အေနာက္မွာလည္း ” Hashtag Stature ” ဆိုၿပီးေတာ့ ေရးသားခဲ့ပါေသးတယ္။

photo via kathrynnewton/instagram

အဲ့ဒါေၾကာင့္ပဲ ပရိသတ္ေတြအမ်ားစုကေတာ့ Ant-Man 3 ထဲမွာ Cassie ကို Stature အေနနဲ႔ ျမင္ရေတာ့မယ္လို႔ ထင္ေနၾကပါတယ္။ အခုခ်ိန္မွာေတာ့ MCU ဟာ Avengers အဖြဲ႕အတြက္ မ်ိဴးဆက္သစ္ေတြကို တျဖည္းျဖည္း မိတ္ဆက္ေပးေနၿပီး ေနာက္ပိုင္းမွာေတာ့ Young Avengers ဆိုၿပီးေတာ့ ျမင္ရေတာ့မယ္လို႔ ယူဆလို႔ ရပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ အခုခ်ိန္မွာေတာ့ MCU ရဲ႕ ေနာက္ထပ္ထြက္လာမယ့္ ဇာတ္လမ္းေတြကေတာ့ ေလာေလာဆယ္မွာ လူအမ်ားစု အာ႐ုံစိုက္ေနတာကို ခံေနရပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular