HomeAnimeMy Hero Academia ထဲက Katsuki Bakugo အကြောင်း စိတ်ဝင်စားစရာအချက်များ
My Hero Academia ထဲက Katsuki Bakugo အကြောင်း စိတ်ဝင်စားစရာအချက်များ
အောက်တွင် ဇော်ဂျီဖြင့် ဖတ်ပါ။
My Hero Academia ဟာ ၂၀၁၆ ခုနှစ်မှာ စတင်ထွက်ရှိခဲ့တဲ့ anime တစ်ခုဖြစ်ပြီးတော့ တော်တော်လေးလည်း အောင်မြင်ကာ လူကြိုက်များလာခဲ့ပါတယ်။ အခုချိန်မှာတော့ season ပေါင်း(၄)ခုနဲ့ ရုပ်ရှင်နှစ်ကား ထွက်ထားပြီး ongoing အဖြစ် ဆက်လက်ထွက်ရှိနေဆဲ ဖြစ်ပါတယ်။ ဒီ anime ဟာ ပရိသတ်တွေအများအပြားရဲ့ အာရုံစိုက်မှုနဲ့ အားပေးမှုတွေကို ရရှိထားတဲ့ စီးရီးတစ်ခု ဖြစ်ပြီး ဒီဇာတ်လမ်းတွဲထဲက နာမည်ကြီးဇာတ်ကောင်တစ်ယောက် ဖြစ်တဲ့ Katsuki Bakugo အကြောင်းတွေကို ဖော်ပြပေးချင်ပါတယ်။
Bakugo ကိုစတင်ဖန်တီးခဲ့တုန်းက ယဉ်ယဉ်ကျေးကျေးနဲ့ ကြင်နာတတ်သူအဖြစ် ပုံဖော်ခဲ့ပါတယ်။
photo via cbr
Bakugo ကို စတင်ဖန်တီးခဲ့တဲ့အချိန်တုန်းက အခုလိုမျိုး ရန်လိုပြီး ဒေါသကြီးတဲ့ပုံစံမဟုတ်ဘဲနဲ့ Deku လိုမျိုး ကြင်ကြင်နာနာနဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ ပုံစံမျိုးကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဖန်တီးသူ Horikoshi Kohei ဟာ သူ့ကို အဲ့လိုမျိုးဖန်တီးလိုက်ရင် ဒီဇာတ်ကောင်ဟာ ပျင်းဖို့ကောင်းပြီး လူစိတ်ဝင်စားမှု သိပ်ပြီးတော့ ရှိမှာမဟုတ်ဘူးလို့ ထင်တာကြောင့် အခုလိုမျိုး ပြောင်းလဲဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဒီလိုပြောင်းလဲသွားတဲ့အချက်ကတော့ တော်တော်လေးကောင်းတယ်လို့ ယူဆလို့ရပြီး Bakugo ကို အဲ့လိုပုံစံမျိုးထက် အခုတိုင်းဟာ ပိုပြီးတော့ လူကြိုက်များစေတာ ဖြစ်ပါတယ်။
သူ့မှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ဝါသနာတွေ ရှိပါတယ်။
photo via cbr
My Hero Academia manga ထဲက Volume 1 မှာပါတဲ့ သူ့ရဲ့ကိုယ်ရေးအကျဉ်းအရဆိုရင် လူတွေသိပ်ပြီးတော့ မထင်ထားတဲ့ ဝါသနာတစ်ခုနဲ့ သူ့ရဲ့အကြိုက်ဆုံး အစားအစာတွေကို ဖော်ပြခဲ့ပါတယ်။ သူ့ရဲ့ဝါသနာကတော့ တောင်တက်ရတာ ဖြစ်ပြီးတော့ ပရိသတ်တွေအတွက် အနည်းငယ် ထူးဆန်းရင် ထူးဆန်းနေပါလိမ့်မယ်။ အကြောင်းကတော့ သူဟာ စိန်ခေါ်မှုတွေကို သဘောကျတာကြောင့် ဖြစ်ပြီး တောင်တက်ရတဲ့ ခံစားချက်ဟာ စိန်ခေါ်မှုတွေကို အနိုင်ယူနိုင်သလို ခံစားရတာကြောင့်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့စွမ်းအားက  ခန္ဓာကိုယ်က ထွက်လာတဲ့ချွေးတွေကို အသုံးပြုပြီး ပေါက်ကွဲမှုတွေကို ဖန်တီးနိုင်တာ ဖြစ်တာကြောင့် သူ့ရဲ့အကြိုက်ဆုံး အစားအစာက အစပ်ပါတဲ့အစားအစာတွေ ဖြစ်တယ်ဆိုတာကတော့ သိပ်ပြီး အံ့ဩဖို့ မကောင်းပါဘူး။
သူဟာ Class 1-A ရဲ့ကျောင်းသားတွေထဲမှာ အသက်အကြီးဆုံး ဖြစ်ပါတယ်။
photo via cbr
Class 1-A မှာရှိတဲ့ ကျောင်းသားကျောင်းသူတွေ အကုန်လုံးဟာ အသက်တေွ သိပ်မကွာကြပေမယ့်လည်း Bakugo ရဲ့မွေးနေ့ကတော့ ဧပြီလ (၂၀) ရက် ဖြစ်တာကြောင့် တစ်ခြားသူတွေအားလုံးထက် လပိုင်းလေး ပိုပြီး အသက်ကြီးပါတယ်။ Mashirao Ojiro ရဲ့မွေးနေ့ကတော့ မေလ (၂၈) ရက် ဖြစ်ပြီးတော့ သူကတော့ ဒုတိယမြောက် အသက်အကြီးဆုံး သူတစ်ယောက် ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ တစ်ခြားသူတွေ အားလုံးက U.A အထက်တန်းကျောင်းကို အသက် (၁၅) နှစ်မှာ ဝင်ရောက်ခဲ့ပေမယ့် သူကတော့ အသက် (၁၆) နှစ်နဲ့ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် Mezo Shoji ကတော့ အတန်းထဲမှာ အရပ်အရှည်ဆုံး ဖြစ်ပေမယ့်လည်း သူ့ရဲ့မွေးနေ့က ဖေဖော်ဝါရီလ (၁၅) ရက်ဖြစ်ပြီးတော့ အတန်းထဲမှာ အသက်ငယ်ဆုံးလည်း ဖြစ်ပါတယ်။
သူဟာ အချက်အပြုတ်လည်း လုပ်တတ်ပါတယ်။
photo via cbr
My Hero Academia manga ထဲမှာရော anime ထဲမှာရော ကျောင်းသားတွေဟာ သူတို့ကိုယ်တိုင် ဟင်းချက်ကြတဲ့အခန်း ပါဝင်ပါတယ်။ အဲ့ဒီအခန်းမှာတော့ သူဟာ Uraraka ကို ဓားမကိုင်တတ်လို့ ဒေါသထွက်နေတဲ့ အခန်းပါခဲ့ပါတယ်။ အဲ့ဒီအခန်းမှာတော့ သူရဲ့ ဓားကိုင်တဲ့ အရည်အချင်းဟာ စားဖိုမှူးတစ်ယောက်လို ကျွမ်းကျင်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ  သူ့ရဲ့ဓားကိုင်တဲ့ အရည်အချင်းဟာ အဲ့လောက်ကျွမ်းကျင်နေရင် သေချာပေါက်ကို အချက်အပြုတ်လုပ်တဲ့နေရာမှာ ကျွမ်းကျင်မှာ ဖြစ်ပါတယ်။
သူ့ရဲ့ဟီးရိုးဝတ်စုံမှာ ပါတဲ့ ဒူးကာဟာ ရည်ရွယ်ချက်ရှိရှိ တပ်ဆင်ထားတာပါ။
photo via cbr
Bakugo ရဲ့ဟီးရိုးဝတ်စုံဟာ သူနဲ့ အတော်လိုက်ဖက်တာကြောင့် ဒီဝတ်စုံရဲ့ တစ်ချို့အသေးစိတ်နေရာတွေကို ပရိသတ်တွေဟာ သိပ်ပြီးသတိမထားမိကြပါဘူး။ ဒါ့အပြင် သူ့ရဲ့လက်မှာတပ်ထားတဲ့ လက်ပစ်ဗုံးပုံစံကလည်း ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားထားတာကြောင့် သူ့ရဲ့ဝတ်စုံမှာ ဒူးကာ ပါတယ်ဆိုတာတောင် မသိကြတဲ့လူတွေ ရှိပါတယ်။ ပုံမှန်ဆိုရင်တော့ ဒူးကာဟာ တိုက်ခိုက်နေတဲ့အချိန်မှာ ဒဏ်ရာအပြင်းအထန် မရသွားအောင် ကာကွယ်ပေးထားတဲ့ အရာတစ်ခု ဖြစ်ပါတယ်။
ဒါပေမယ့်လည်း သူ့ရဲ့ဝတ်စုံမှာ တပ်ထားတဲ့ ဒူးကာကတော့ ကာကွယ်ဖို့အတွက်မဟုတ်ဘဲ တိုက်ခိုက်ဖို့အတွက် ထည့်သွင်းထားတာ ဖြစ်ပါတယ်။ အခုချိန်ထိတော့ တိုက်ခိုက်နေတဲ့အချိန်မှာ သူ့ရဲ့ဒူးကို အသုံးပြုတာ သိပ်မတွေ့ရသေးပါဘူး။ အကြောင်းကတော့ သူ့ရဲ့လက်နှစ်ဘက်နဲ့တင် ထိခိုက်မှုတွေအများကြီး ဖြစ်အောင် ပြုလုပ်နိုင်တာကြောင့် သူ့ရဲ့ဒူးကို အသုံးပြုဖို့ မလိုအပ်ခဲ့ပါဘူး။ ဒါပေမယ့်လည်း အကယ်၍ လိုအပ်လာတဲ့အချိန်ဆိုရင် သူ့ရဲ့ဒူးကာကို အသုံးပြုပြီးတော့ ဘယ်လိုတိုက်ခိုက်မှုမျိူး ပြုလုပ်မလည်း ဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဖန်တီးသူ Horikoshi Kohei ဟာ Bakugo ကို အခုလောက်ထိ နာမည်ကြီးမယ်လို့ မထင်ခဲ့ပါဘူး။
photo via cbr
အပေါ်မှာ ဖော်ပြခဲ့သလိုမျိူး Horikoshi Kohei ဟာ သူ့ကို စတင်ဖန်တီးခဲ့တဲ့အချိန်တုန်းက Daku လိုမျိူး ယဉ်ယဉ်ကျေးကျေးနဲ့ ကြင်နာတတ်တဲ့ ပုံစံမျိူးကို ဖန်တီးခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့ကို အဲ့လိုမျိူး ဖန်တီးလိုက်ရင် ဇာတ်ကောင်ဟာ အရမ်းပျင်းဖို့ကောင်းသွားမယ်လို့ ယူဆပြီး အခုလိုမျိူး ပြောင်းလဲဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အဲ့လိုပြောင်းလဲလိုက်တဲ့ အတွက်ကြောင့်လည်း ပရိသတ်တွေဟာ သူ့ကို မုန်းတီးသွားမယ်လို့ မျှော်လင့်ထားခဲ့ပါတယ်။ ဒါပေမယ့်လည်း သူမျှော်လင့်ထားသလို ဖြစ်မလာဘဲ Bakugo ဟာ အရမ်းနာမည်ကြီးလာတဲ့အချိန်မှာတော့ သူဟာ အရမ်းကို အံ့ဩခဲ့ရပါတယ်။
Legos
(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)
(Zawgyi Version)
photo via cbr
photo via cbr
photo via cbr
photo via cbr
photo via cbr
photo via cbr
Legos
RELATED ARTICLES
Most Popular