HomeEntertainmentFilmShang-Chi ရုပ်ရှင်ထဲမှာ Abomination နဲ့ Wong တို့ ပါဝင်လာမယ်လို့ Marvel အတည်ပြု

Shang-Chi ရုပ်ရှင်ထဲမှာ Abomination နဲ့ Wong တို့ ပါဝင်လာမယ်လို့ Marvel အတည်ပြု

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Shang-Chi ရဲ့ ဒုတိယထွေလာထဲမှာ ပါဝင်တဲ့ ဇာတ်ကောင်နှစ်ယောက် တိုက်ခိုက်နေတဲ့ ဇာတ်ဝင်ခန်းကိုတော့ ပရိသတ်အများစုဟာ Abomination နဲ့ Wong တို့ ဖြစ်မယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ အခုချိန်မှာတော့ Marvel ရဲ့ ဥက္ကဌဖြစ်သူ Kevin Feige ကိုယ်တိုင်က အဲ့ဒီဇာတ်ကောင် နှစ်ယောက်ဟာ Abomination နဲ့ Wong ဖြစ်တယ်လို့ အတည်ပြုပေးလိုက်ပါတယ်။

Wong ကတော့ Doctor Strange ၊ Infinity War နဲ့ Endgame တို့မှာ ပါဝင်ခဲ့ပေမယ့်လည်း Abomination ကတော့ ၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Incredible Hulk ထဲမှာ နောက်ဆုံးပါဝင်ခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ အသစ်ထွက်ရှိလာမယ့် Shang-Chi ရုပ်ရှင်ထဲမှာ ထိပ်တိုက်တွေ့ကြတော့မှာ ဖြစ်ပါတယ်။

photo via screenrant

ပရိသတ်တွေဟာ MCU ရုပ်ရှင်တွေ အားလုံးထဲမှာမှ The Incredible Hulk ရုပ်ရှင်ဟာ MCU နဲ့ မသက်ဆိုင်ဘူးလို့ ခံစားခဲ့ကြရပါတယ်။ အကြောင်းကတော့ The Incredible Hulk ထဲမှာ Bruce Banner အဖြစ် သရုပ်ဆောင်ခဲ့သူဟာ Edward Norton ဖြစ်ပြီး The Avengers ရုပ်ရှင်ထဲမှာတော့ Mark Ruffalo က ပြောင်းလဲ သရုပ်ဆောင်သွားတာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း The Incredible Hulk ဟာ အခုထိ MCU နဲ့ ချိတ်ဆက်နေတုန်းပဲ ဖြစ်ပါတယ်။

မကြာသေးခင်က Rotten Tomatoes နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးထဲမှာတော့ Kevin Feige ကိုယ်တိုင်က Shang-Chi ထဲမှာ ပါလာမယ့် ဇာတ်ကောင်နှစ်ယောက်နဲ့ ပတ်သက်ပြီး အတည်ပြုပေးခဲ့ပါတယ်။

“တချို့ပရိသတ်တွေကတော့ ဒီဇာတ်ကောင်က သူတို့မမြင်ရတာ ကြာနေပြီဖြစ်တဲ့ Abomination နဲ့ တူတယ်လို့ ပြောကြပါတယ်။ အဲ့ဒီဇာတ်ကောင်က Wong နဲ့တူတဲ့ ဇာတ်ကောင်နဲ့ တိုက်ခိုက်နေတယ်လို့လည်း ပြောကြသေးတယ်ဗျ။ အဲ့ဒီဇာတ်ကောင်တွေနဲ့ ဆင်တူနေရတယ်တဲ့ အကြောင်းကတော့ သူတို့တွေပဲ ဖြစ်နေလို့ပေါ့ဗျာ … “

photo via screenrant

လောလောဆယ်မှာ ခန့်မှန်းထားကြတဲ့ သီအိုရီအရ အဲ့ဒီတိုက်ခိုက်ပွဲတွေဟာ ပြိုင်ပွဲတစ်ခု ဖြစ်နိုင်ပြီး အနိုင်ရရှိသူဟာ စွမ်းအားကြီးမားတဲ့ အရာတစ်ခုခုကို ရရှိလိမ့်မယ်လို့ ဆိုနေကြပါတယ်။ ဒါကြောင့်သာ Wong ဟာ အဲ့ဒီစွမ်းအားကြီးပစ္စည်းကို မကောင်းသူတွေလက်ထဲ မရောက်သွားအောင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာလို့ ယူဆနေကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Shang-Chi ရုပ်ရှင် ထွက်လာတဲ့အချိန်ကျရင်တော့ ရှင်းရှင်းလင်းလင်း သိရမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Shang-Chi ရဲ႕ ဒုတိယေထြလာထဲမွာ ပါဝင္တဲ့ ဇာတ္ေကာင္ႏွစ္ေယာက္ တိုက္ခိုက္ေနတဲ့ ဇာတ္ဝင္ခန္းကိုေတာ့ ပရိသတ္အမ်ားစုဟာ Abomination နဲ႔ Wong တို႔ ျဖစ္မယ္လို႔ ခန႔္မွန္းခဲ့ၾကပါတယ္။ အခုခ်ိန္မွာေတာ့ Marvel ရဲ႕ ဥကၠဌျဖစ္သူ Kevin Feige ကိုယ္တိုင္က အဲ့ဒီဇာတ္ေကာင္ ႏွစ္ေယာက္ဟာ Abomination နဲ႔ Wong ျဖစ္တယ္လို႔ အတည္ျပဳေပးလိုက္ပါတယ္။

Wong ကေတာ့ Doctor Strange ၊ Infinity War နဲ႔ Endgame တို႔မွာ ပါဝင္ခဲ့ေပမယ့္လည္း Abomination ကေတာ့ ၂၀၀၈ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ The Incredible Hulk ထဲမွာ ေနာက္ဆုံးပါဝင္ခဲ့တာ ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ကေတာ့ အသစ္ထြက္ရွိလာမယ့္ Shang-Chi ႐ုပ္ရွင္ထဲမွာ ထိပ္တိုက္ေတြ႕ၾကေတာ့မွာ ျဖစ္ပါတယ္။

photo via screenrant

ပရိသတ္ေတြဟာ MCU ႐ုပ္ရွင္ေတြ အားလုံးထဲမွာမွ The Incredible Hulk ႐ုပ္ရွင္ဟာ MCU နဲ႔ မသက္ဆိုင္ဘူးလို႔ ခံစားခဲ့ၾကရပါတယ္။ အေၾကာင္းကေတာ့ The Incredible Hulk ထဲမွာ Bruce Banner အျဖစ္ သ႐ုပ္ေဆာင္ခဲ့သူဟာ Edward Norton ျဖစ္ၿပီး The Avengers ႐ုပ္ရွင္ထဲမွာေတာ့ Mark Ruffalo က ေျပာင္းလဲ သ႐ုပ္ေဆာင္သြားတာေၾကာင့္ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း The Incredible Hulk ဟာ အခုထိ MCU နဲ႔ ခ်ိတ္ဆက္ေနတုန္းပဲ ျဖစ္ပါတယ္။

မၾကာေသးခင္က Rotten Tomatoes နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးထဲမွာေတာ့ Kevin Feige ကိုယ္တိုင္က Shang-Chi ထဲမွာ ပါလာမယ့္ ဇာတ္ေကာင္ႏွစ္ေယာက္နဲ႔ ပတ္သက္ၿပီး အတည္ျပဳေပးခဲ့ပါတယ္။

“တခ်ိဳ႕ပရိသတ္ေတြကေတာ့ ဒီဇာတ္ေကာင္က သူတို႔မျမင္ရတာ ၾကာေနၿပီျဖစ္တဲ့ Abomination နဲ႔ တူတယ္လို႔ ေျပာၾကပါတယ္။ အဲ့ဒီဇာတ္ေကာင္က Wong နဲ႔တူတဲ့ ဇာတ္ေကာင္နဲ႔ တိုက္ခိုက္ေနတယ္လို႔လည္း ေျပာၾကေသးတယ္ဗ်။ အဲ့ဒီဇာတ္ေကာင္ေတြနဲ႔ ဆင္တူေနရတယ္တဲ့ အေၾကာင္းကေတာ့ သူတို႔ေတြပဲ ျဖစ္ေနလို႔ေပါ့ဗ်ာ … “

photo via screenrant

ေလာေလာဆယ္မွာ ခန႔္မွန္းထားၾကတဲ့ သီအိုရီအရ အဲ့ဒီတိုက္ခိုက္ပြဲေတြဟာ ၿပိဳင္ပြဲတစ္ခု ျဖစ္ႏိုင္ၿပီး အႏိုင္ရရွိသူဟာ စြမ္းအားႀကီးမားတဲ့ အရာတစ္ခုခုကို ရရွိလိမ့္မယ္လို႔ ဆိုေနၾကပါတယ္။ ဒါေၾကာင့္သာ Wong ဟာ အဲ့ဒီစြမ္းအားႀကီးပစၥည္းကို မေကာင္းသူေတြလက္ထဲ မေရာက္သြားေအာင္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တာလို႔ ယူဆေနၾကပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ Shang-Chi ႐ုပ္ရွင္ ထြက္လာတဲ့အခ်ိန္က်ရင္ေတာ့ ရွင္းရွင္းလင္းလင္း သိရမွာ ျဖစ္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular