HomeCelebs Update NewsInternationalHarvard တက္ကသိုလ်မှာ စီးပွားရေးအကြောင်း သွားရောက်ဟောပြောခဲ့တဲ့ Kim Kardashian

Harvard တက္ကသိုလ်မှာ စီးပွားရေးအကြောင်း သွားရောက်ဟောပြောခဲ့တဲ့ Kim Kardashian

TV Personality တစ်ဦးလည်းဖြစ်၊ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်တဲ့ Kim Kardashian ဟာ နာမည်ကျော် ဟားဗတ်တက္ကသိုလ်ရဲ့ Business School မှာ စီးပွားရေးအကြောင်း ဟောပြောဖို့ ဖိတ်ကြားခံခဲ့ရပါတယ်။ Kim ဟာ သူမရဲ့ လုပ်ငန်းတွေထဲကတစ်ခုဖြစ်တဲ့ SKIMS ကို ဘယ်လိုအောင်မြင်လာအောင် လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ အကြောင်းတွေကို ဟားဗတ်စီးပွားရေးကျောင်းက ကျောင်းသားတွေဆီ လက်ချာ ပို့ချခဲ့တာလို့ သိရပါတယ်။

Kim ဟာ ဟားဗတ်စီးပွားရေးကျောင်းကိုတော့ ဇန်နဝါရီလ (၂၀)ရက်နေ့က surprise အနေနဲ့ ရောက်ရှိလာတာ ဖြစ်ပြီး ဒီအကြောင်းကို သူမရဲ့ အင်စတာဂရမ်က စတိုရီမှာလည်း တင်ထားပါသေးတယ်။ Kim ဟာ ဟားဗတ်မှာ သူမရဲ့ SKIMS brand အောင်မြင်လာခဲ့ပုံကို ဟောပြောပို့ချဖို့ SKIMS ရဲ့ ပူးတွဲတည်ထောင်သူ ဖြစ်တဲ့ Jens Grede နဲ့အတူ တက်ရောက်လာတာ ဖြစ်ပါတယ်။

Kim နဲ့ Jens တို့နှစ်ယောက်ကတော့ “Moving Beyond Direct-To-Consumer” လို့ အမည်ပေးထားတဲ့ သင်ခန်းစာတစ်ခုနဲ့ သူတို့ရဲ့ shapewear line အောင်မြင်လာခဲ့ပုံကို ကျောင်းသားတွေနဲ့ ဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။ သူတို့ရဲ့ ဟောပြောမှုကတော့ နှစ်နာရီစာခန့် ကြာမြင့်ခဲ့ပြီး အများစုကိုတော့ Jens Grede က ဟောပြောသွားတာ ဖြစ်ပြီး Kim ဟာလည်း ပါဝင်ဆွေးနွေးခဲ့တယ်လို့ အဆိုပါပွဲကို တက်ရောက်ခဲ့တဲ့ NBC သတင်းထောက်က ဆိုပါတယ်။

Photo: kimkardashian/ Instagram

SKIMS ကတော့ အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဓာကောက်ကြောင်းကို ပေါ်လွင်လှပစေမယ့် shapewear တွေကို အဓိက ထုတ်လုပ်ရောင်းချတာ ဖြစ်ပြီး ထူးခြားချက်ကတော့ ခန္ဓာကိုယ်အရွယ်အစားမျိုးစုံနဲ့ အသားအရောင်မျိုးစုံအတွက် ရည်ရွယ်ထားတာပဲ ဖြစ်ပါတယ်။ ဒီဘရန်းဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေအရ ဒေါ်လာ(၃.၂)ဘီလျံခန့် တန်ဖိုးရှိတယ်လို့ သိရပါတယ်။

Vancouver

Source: hollywoodlife

 

RELATED ARTICLES

Most Popular