HomeCelebs Update NewsInternationalDrag Queen တစ်ယောက်ကို Lady Gaga နဲ့ မှားခဲ့တဲ့ လုံခြုံရေးဝန်ထမ်း

Drag Queen တစ်ယောက်ကို Lady Gaga နဲ့ မှားခဲ့တဲ့ လုံခြုံရေးဝန်ထမ်း

Lady Gaga ရဲ့ လုံခြုံရေးဝန်ထမ်းတစ်ဦးကတော့ သူကာကွယ်စောင့်ရှောက်ပေးရမယ့် အဆိုတော်ကို Drag Queen တစ်ယောက်နဲ့ မှားပြီး လုံခြုံရေးယူပေးမိခဲ့ပါတယ်။ အဲဒါကတော့ စက်တင်ဘာလ(၁၇)ရက်နေ့က ကျင်းပခဲ့တဲ့ Gaga ရဲ့ ဖျော်ဖြေပွဲမှာ အဆိုပါ လုံခြုံရေးဝန်ထမ်းဟာ Gaga အမှတ်နဲ့ Drag Queen တစ်ယောက်ကို အနောက်ကနေလိုက်ပြီး လုံခြုံရေးယူပေးခဲ့တာလို့ သိရပါတယ်။

အသက်(၃၆)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Lady Gaga ဟာ သူမရဲ့ The Chromatica Ball Tour နယ်လှည့်ဖျော်ဖြေရေးခရီးစဉ်ရဲ့ နောက်ဆုံးပိတ် ဖျော်ဖြေပွဲအဖြစ် စက်တင်ဘာလ(၁၇)ရက်နေ့က ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီမှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ဖျော်ဖြေပွဲညမှာတော့ Gaga ရဲ့ လုံခြုံရေးဝန်ထမ်းတစ်ဦးဟာ Drag Queen တစ်ယောက်ကို Gaga နဲ့မှားပြီး အနောက်ကနေလိုက်ကာ လုံခြုံရေးယူပေးခဲ့ပါတယ်။

Photo: ladygagavision/ Instagram

ဒီအဖြစ်အပျက်ကိုတော့ TikTok ဗွီဒီယိုတစ်ခုမှာ မှတ်တမ်းတင်ခဲ့မိတာ ဖြစ်ပြီး ပရိသတ်တွေကြားမှာ အတော်လေး ပျံ့နှံ့ရေပန်းစားခဲ့ပါတယ်။ Gaga နဲ့ အမှားခံရတဲ့ Drag Queen ကတော့ အသက်(၃၅)နှစ်အရွယ် Penelopy Jean ဆိုသူ ဖြစ်ပြီး ခေါင်းအစ ခြေအဆုံး အနက်ရောင်တွေ ဝတ်ဆင်ထားကာ အဆိုပါညက Gaga ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံဒီဇိုင်းနဲ့ အတော်လေး ဆင်တူတဲ့ပုံစံကို ဝတ်ဆင်ထားတာ တွေ့ရပါတယ်။

ဒါကြောင့်လည်း လုံခြုံရေးဝန်ထမ်းဟာ မျက်နှာကို အသေအချာ မကြည့်မိဘဲ ပရိသတ်တွေ စုပြုံတိုးဝှေ့နေတဲ့ကြားထဲမှာ သူ့ရဲ့ဘော့စ်အမှတ်နဲ့ နောက်ကနေလိုက်ပြီး လုံခြုံရေးယူပေးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဗွီဒီယိုထဲမှာတော့ Penelopy ဟာ “ကျွန်မက Drag Queen ပါ။ Lady Gaga မဟုတ်ပါဘူး …” လို့ အော်ပြောလိုက်တာကို ကြားရပါတယ်။ အဲဒီအခိုက်အတန့်မှာတင် လုံခြုံရေးဝန်ထမ်းဟာ သူ့ရဲ့မျက်နှာကို အသေအချာ ကြည့်လိုက်မိပြီး အလွဲတစ်ခုတော့ ဖြစ်သွားပြီလို့ အသိဝင်သွားတဲ့ ပုံစံဟာ အတော်လေး ရယ်ချင်စရာကောင်းပါတယ်။

 

View this post on Instagram

 

A post shared by Penelopy Jean (@penelopyjean)

တကယ်တော့ Penelopy ဟာ drag queen တစ်ယောက်တင် မဟုတ်ဘဲ YouTuber တစ်ယောက်လည်း ဖြစ်ပါတယ်။ သူကတော့ Lady Gaga ရဲ့ ပရိသတ်တစ်ယောက် ဖြစ်ပြီး သူ့ရဲ့ဆိုရှယ်မီဒီယာပို့စ်တွေနဲ့ Live တွေမှာလည်း Gaga လိုမျိုး မကြာခဏ ဝတ်စားဆင်ယင်တတ်တာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း လုံခြုံရေးဝန်ထမ်းက လူမှားမိတာဟာ သိပ်ပြီးအံ့အားသင့်စရာတော့ မဟုတ်ပါဘူးလို့ ဆိုလိုက်ရင်း … ။

Vancouver

Source: hollywoodlife

RELATED ARTICLES

Most Popular