HomeCelebs Update NewsInternationalစေ့စပ်သွားပြီလို့ သတင်းထွက်နေတဲ့ Lana Del Rey 

စေ့စပ်သွားပြီလို့ သတင်းထွက်နေတဲ့ Lana Del Rey 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော်အဆိုတော် Lana Del Rey ဟာ ချစ်သူအသစ် Clayton Johnson နဲ့ စေ့စပ်လိုက်ပြီလို့ သတင်းတွေ ပေါ်ထွက်နေပါတယ်။

အသက်(၃၅)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Lana ဟာ မကြာသေးခင်က The Tonight Show မှာ လာရောက် ဖျော်ဖြေသွားတည်းက သူမရဲ့လက်မှာ စေ့စပ်လက်စွပ်လို့ ယူဆရတဲ့  လက်စွပ်တစ်ကွင်း ဝတ်ဆင်ထားတာကို ပရိသတ်တွေက သတိထားမိခဲ့ကြတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူမဟာ ချစ်သူအသစ် Clayton နဲ့ စေ့စပ်လိုက်ပြီလို့ သတင်းတွေ ထွက်နေတာ ဖြစ်ပါတယ်။

Photo: lanadelrey/ Instagram

ဒါဟာ Lana နဲ့ Clayton တို့ တွဲနေကြတယ်ဆိုတဲ့သတင်း ပေါ်ထွက်လာပြီး လေးလခန့်အကြာမှာ စေ့စပ်လိုက်တယ်ဆိုတဲ့ သတင်းကို ကြားသိရတာ ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ သူတို့နဲ့နီးစပ်တဲ့ အတွင်းသတင်းတစ်ခုကနေ ပေါက်ကြားလာတာဖြစ်ပြီး နှစ်ယောက်စလုံးက အခုအချိန်ထိ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။

Lana စေ့စပ်လိုက်တဲ့ Clayton ကတော့ YouTube က cover artist တစ်ယောက် ဖြစ်ပါတယ်။ Clayton Johnson ဟာ သူ့ရဲ့ညီအစ်ကိုနှစ်ဦးနဲ့အတူ The Johnsons ဆိုတဲ့ တီးဝိုင်းအဖွဲ့လေးကို ဖွဲ့စည်းထားပြီး YouTube မှာ channel ထောင်ကာ cover တေးသီချင်းတွေ သီဆိုနေတာ ဖြစ်ပါတယ်။ သူ့ရဲ့အသက်ကတော့ (၃၁)နှစ်ရှိပြီ ဖြစ်ပါတယ်။

Photo: claywatch/ Instagram

Lana နဲ့ Clayton တို့ဟာ dating app ကနေတစ်ဆင့် စတွေ့ခဲ့ကြတာ ဖြစ်ပါတယ်။ ကိုဗစ်ကာလမှာ ဘားတွေ၊ စားသောက်ဆိုင်တွေလည်း ပိတ်ထားတဲ့အတွက် လူအများစုဟာ ဒိတ်လုပ်ဖို့ စိတ်ချရတဲ့ တစ်ခုတည်းသော နည်းလမ်းအဖြစ် dating app တွေကို သုံးစွဲနေကြတာဟာ နာမည်ကျော်တွေအထိပါပဲ။

ဒါဟာ Lana အတွက်တော့ ချစ်သူဟောင်း Sean Larkin နဲ့ လမ်းခွဲပြီး ရှစ်လအကြာမှာ နောက်ထပ်ချစ်သူအသစ်နဲ့ စေ့စပ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ Lana နဲ့ Clayton တို့ရဲ့ အချစ်ရေးကတော့ ဆိုရှယ်မီဒီယာက ပို့စ်တွေကို ကြည့်ခြင်းအားဖြင့် ခိုင်မြဲအားကောင်းနေတယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။

Glasgow

Source: hollywood life

(Zawgyi Version)

နာမည္ေက်ာ္အဆိုေတာ္ Lana Del Rey ဟာ ခ်စ္သူအသစ္ Clayton Johnson နဲ႔ ေစ့စပ္လိုက္ၿပီလို႔ သတင္းေတြ ေပၚထြက္ေနပါတယ္။

အသက္(၃၅)ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ Lana ဟာ မၾကာေသးခင္က The Tonight Show မွာ လာေရာက္ ေဖ်ာ္ေျဖသြားတည္းက သူမရဲ႕လက္မွာ ေစ့စပ္လက္စြပ္လို႔ ယူဆရတဲ့  လက္စြပ္တစ္ကြင္း ဝတ္ဆင္ထားတာကို ပရိသတ္ေတြက သတိထားမိခဲ့ၾကတာ ျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ သူမဟာ ခ်စ္သူအသစ္ Clayton နဲ႔ ေစ့စပ္လိုက္ၿပီလို႔ သတင္းေတြ ထြက္ေနတာ ျဖစ္ပါတယ္။

Photo: lanadelrey/ Instagram

ဒါဟာ Lana နဲ႔ Clayton တို႔ တြဲေနၾကတယ္ဆိုတဲ့သတင္း ေပၚထြက္လာၿပီး ေလးလခန႔္အၾကာမွာ ေစ့စပ္လိုက္တယ္ဆိုတဲ့ သတင္းကို ၾကားသိရတာ ျဖစ္ပါတယ္။ ဒီအေၾကာင္းကိုေတာ့ သူတို႔နဲ႔နီးစပ္တဲ့ အတြင္းသတင္းတစ္ခုကေန ေပါက္ၾကားလာတာျဖစ္ၿပီး ႏွစ္ေယာက္စလုံးက အခုအခ်ိန္ထိ ႏႈတ္ဆိတ္ေနဆဲ ျဖစ္ပါတယ္။

Lana ေစ့စပ္လိုက္တဲ့ Clayton ကေတာ့ YouTube က cover artist တစ္ေယာက္ ျဖစ္ပါတယ္။ Clayton Johnson ဟာ သူ႔ရဲ႕ညီအစ္ကိုႏွစ္ဦးနဲ႔အတူ The Johnsons ဆိုတဲ့ တီးဝိုင္းအဖြဲ႕ေလးကို ဖြဲ႕စည္းထားၿပီး YouTube မွာ channel ေထာင္ကာ cover ေတးသီခ်င္းေတြ သီဆိုေနတာ ျဖစ္ပါတယ္။ သူ႔ရဲ႕အသက္ကေတာ့ (၃၁)ႏွစ္ရွိၿပီ ျဖစ္ပါတယ္။

Photo: claywatch/ Instagram

Lana နဲ႔ Clayton တို႔ဟာ dating app ကေနတစ္ဆင့္ စေတြ႕ခဲ့ၾကတာ ျဖစ္ပါတယ္။ ကိုဗစ္ကာလမွာ ဘားေတြ၊ စားေသာက္ဆိုင္ေတြလည္း ပိတ္ထားတဲ့အတြက္ လူအမ်ားစုဟာ ဒိတ္လုပ္ဖို႔ စိတ္ခ်ရတဲ့ တစ္ခုတည္းေသာ နည္းလမ္းအျဖစ္ dating app ေတြကို သုံးစြဲေနၾကတာဟာ နာမည္ေက်ာ္ေတြအထိပါပဲ။

ဒါဟာ Lana အတြက္ေတာ့ ခ်စ္သူေဟာင္း Sean Larkin နဲ႔ လမ္းခြဲၿပီး ရွစ္လအၾကာမွာ ေနာက္ထပ္ခ်စ္သူအသစ္နဲ႔ ေစ့စပ္ျဖစ္ခဲ့တာ ျဖစ္ပါတယ္။ Lana နဲ႔ Clayton တို႔ရဲ႕ အခ်စ္ေရးကေတာ့ ဆိုရွယ္မီဒီယာက ပို႔စ္ေတြကို ၾကည့္ျခင္းအားျဖင့္ ခိုင္ၿမဲအားေကာင္းေနတယ္လို႔ ယူဆရမွာ ျဖစ္ပါတယ္။

Glasgow

Source: hollywood life

 

RELATED ARTICLES

Most Popular