HomeEntertainmentFilmThe Last of Us အပိုင်း(၃)ထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ

The Last of Us အပိုင်း(၃)ထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ

*** Spoiler Alert ***

The Last of Us အပိုင်း(၃)ကတော့ Bill နဲ့ Frank တို့ရဲ့ Romantic ဖြစ်တဲ့ အချစ်ခရီးလမ်းကို မြင်တွေ့ခဲ့ရပါတယ်။ ဒီအပိုင်းထဲမှာတော့ Bill ဟာ ကူးစက်မှု‌တွေ စတင်ဖြစ်တဲ့ အချိန်ကတည်းက ဘယ်လိုတွေ ပြင်ဆင်ခဲ့တယ်ဆိုတာနဲ့ Bill နဲ့ Frank တို့ရဲ့ တွေ့ဆုံခဲ့ကြပုံကို ပြသခဲ့ပြီး ကြည့်ရှုသူတွေအတွက် Emotional ဖြစ်စေတဲ့ အပိုင်းတစ်ပိုင်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကြည့်ရှုသူအများစုကတော့ ဒီအပိုင်းထဲက Easter Egg တွေနဲ့ Detail အချို့ကို သတိမထားမိလိုက်တာမျိုး ရှိနိုင်ပါတယ်။

Tess အတွက် ဝမ်းနည်းကြေကွဲနေတဲ့ Joel

photo via screenrant

အပိုင်း(၃)အစမှာတော့ Joel ဟာ Tess အတွက် တိတ်ဆိတ်စွာနဲ့ သူ့နည်းသူ့ဟန် ဝမ်းနည်းနေတာကို မြင်တွေ့ခဲ့ရပါတယ်။ ဂိမ်းထဲမှာတော့ Joel ဟာ Tess ဖြစ်စေချင်သလို Ellie ကို ကာကွယ် စောင့်ရှောက်နေတာကလွဲရင် Tess နဲ့ ပတ်သက်ပြီး ဝမ်းနည်းပုံ မပြခဲ့ပါဘူး။ ဒါပေမယ့်လည်း ဒီအပိုင်းရဲ့ အစမှာတော့ Joel ဟာ Tess အတွက် အထိမ်းအမှတ်ကျောက်ပုံ ပြုလုပ်နေတာ တွေ့ရပါတယ်။ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်း များစွာကတည်းက လူသားတွေဟာ ချစ်ခင်ရသူတွေကို သင်္ဂြိုလ်တဲ့အနေနဲ့ အထိမ်းအမှတ်ကျောက်ပုံတွေကို ပြုလုပ်လေ့ရှိကြပါတယ်။

Riley Easter Egg

photo via screenrant

Joel ဟာ လက်နက်နဲ့ စားနပ်ရိက္ခာ ဖြည့်တင်းဖို့အတွက် အဆောက်အဦးတစ်ခုထဲမှာ သူဖွက်ထားတဲ့ ပစ္စည်းတွေကို ပြန်လည်ရှာဖွေခဲ့ပါတယ်။ အဲဒီအဆောက်အဦးထဲကို ရောက်တဲ့အချိန်မှာတော့ Mortal Combat ဂိမ်းစက်တစ်ခုကို မြင်တွေ့ခဲ့ရပြီး Ellie ဟာ သူမရဲ့သူငယ်ချင်းတစ်ယောက်က ဒီဂိမ်းအကြောင်းအားလုံးကို သိတယ်လို့ ပြောလိုက်ပါတယ်။ Ellie ဟာ နာမည်ကို မပြောခဲ့ပေမယ့်လည်း သူမရဲ့သူငယ်ချင်း ဆိုတာဟာ Riley ကို ဆိုလိုတာပဲ ဖြစ်ပြီး အသစ်ထွက်လာမယ့် အပိုင်းတွေထဲမှာတော့ Ellie နဲ့ Riley တို့ရဲ့ ဇာတ်လမ်းကို မြင်တွေ့ရဦးမှာပါ။

ကူးစက်မှုရဲ့အစ

photo via screenrant

ဒီအပိုင်းထဲမှာတော့ Joel ဟာ Ellie ကို ကူးစက်မှုတွေ ဘယ်လို စတင်ခဲ့တယ်ဆိုတာ ရှင်းပြခဲ့ပါတယ်။ သန္ဓေပြောင်းလဲသွားတဲ့ Fungi တွေဟာ သကြားနဲ့ ဂျုံမှုန့်တို့လို ပစ္စည်းတွေကနေ လူတွေရဲ့ ခန္ဓာကိုယ်ထဲ ရောက်ရှိသွားပြီး ကူးစက်မှုတွေ စတင်ဖြစ်လာတယ်လို့ ဆိုပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာ ကူးစက်မှုစတင်တဲ့ နေရာကတော့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့က ဂျုံစက်ရုံတစ်ခုက ဖြစ်တယ်လို့ အပိုင်း(၂)ထဲမှာ ပြသထားပါသေးတယ်။ ဂိမ်းထဲမှာလည်း ဒီကူးစက်မှုဟာ အလားတူပဲ ပျံ့နှံ့ခဲ့တာဖြစ်ပြီး ဂိမ်းထဲမှာတော့ Joel ရဲ့အိမ်ထဲက သတင်းစာထဲမှာ ဒီအကြောင်းကို ရှင်းပြထားတာ ဖြစ်ပါတယ်။

Lincoln မြို့

photo via screenrant

ဒီအပိုင်းထဲမှာတော့ Bill ဟာ ကူးစက်မှု စတင်ဖြစ်တဲ့ အချိန်ကတည်းက အရာအားလုံးကို ပြင်ဆင်ခဲ့ပြီး သူ့ရဲ့မြို့ကိုလည်း ဇွန်ဘီတွေ မလာနိုင်အောင် အတားအဆီးတွေ ပြုလုပ်ထားပါတယ်။ ဂိမ်းထဲမှာတော့ Bill နေထိုင်တဲ့မြို့ရဲ့ နာမည်ဟာ Lincoln ဖြစ်ပြီး ဒီအပိုင်းထဲမှာလည်း Lincoln မြို့လို့ပဲ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဒီမြို့ဟာ အပြင်မှာ တကယ်ရှိတဲ့ Massachusetts ပြည်နယ်က Lincoln မြို့ကို အခြေခံပြီး ဖန်တီးထားတာလည်း ဖြစ်ပါတယ်။

Bill ရဲ့ Gas Mask

photo via screenrant

Bill ဟာ သူ့ရဲ့အိမ်ထဲက ပထမဆုံး ထွက်လာတဲ့ အချိန်မှာတော့ Gas Mask ဝတ်ဆင်ထားတာကို တွေ့ရပါတယ်။ ဒါဟာ Bill ရဲ့ သံသယလွန်ကဲတတ်တဲ့ သဘာဝကို ပြသထားတာ ဖြစ်သလို ဂိမ်းထဲက Cordyceps ရဲ့ ဝတ်မှုံတွေကို Reference ပြုလုပ်ထားတာလည်း ဖြစ်ပါတယ်။ ဂိမ်းထဲမှာတော့ ဇာတ်ကောင်တွေဟာ ဒီဝတ်မှုံတွေကြောင့် မကြာခဏ Gas Mask ဝတ်ရလေ့ရှိပြီး အဲဒီဝတ်မှုံတွေကို ရှုသွင်းလိုက်ရင်လည်း ကူးစက်သွားမှာ ဖြစ်ပါတယ်။

ဂိမ်းထဲကနဲ့ လုံးဝမတူတဲ့ Frank

photo via screenrant

ဒီအပိုင်းထဲမှာတော့ Bill နဲ့ Frank တို့ရဲ့ Romantic ဖြစ်တဲ့ အချစ်ခရီးကို မြင်တွေ့ခဲ့ရပေမယ့် ဂိမ်းထဲမှာတော့ အဲဒီလို မဟုတ်ပါဘူး။ ဂိမ်းထဲမှာတော့ Joel နဲ့ Ellie တို့ Lincoln မြို့ကို မရောက်လာခင်ကတည်းက Frank ဟာ သေဆုံးသွားပြီ ဖြစ်ပြီး Bill ကတော့ အသက်ရှင်နေဆဲ ဖြစ်ပါတယ်။ Joel တို့ Lincoln မြို့ကို ရောက်လာပြီးမှ အိမ်တစ်လုံးထဲမှာ ကြိုးဆွဲချသေနေတဲ့ Frank ကို ရှာတွေ့ခဲ့ကြတာ ဖြစ်ပါတယ်။ Frank ချန်ထားခဲ့တဲ့ စာထဲမှာဆိုရင်လည်း Frank ဟာ Bill ကို စိတ်ကုန်နေပုံရပါတယ်။

Raider များ

photo via screenrant

ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Lincoln မြို့ကို Raider တွေက ဝင်ရောက်တိုက်ခိုက်နေတာကို တွေ့ခဲ့ရပါတယ်။ အပိုင်း(၁)ထဲမှာတော့ ရေဒီယိုနဲ့ ဆက်သွယ်ပေးတဲ့လူဟာ QZ ရဲ့အပြင်ဘက်မှာ ဇွန်ဘီတွေထက်ဆိုးတဲ့ Raider တွေနဲ့ Slaver တွေ ရှိတယ်လို့ Joel ကို သတိပေးခဲ့ပါတယ်။ ဒါကြောင့်ပဲ နောက်ပိုင်းမှာတော့ Joel တို့ဟာ ဇွန်ဘီတွေကိုပဲ ရင်ဆိုင်ရမှာ မဟုတ်ဘဲ လူသားအချင်းချင်းလည်း ပြန်လည်တိုက်ခိုက်ရဦးမှာ ဖြစ်ပါတယ်။

Bill နဲ့ Frank တို့ရဲ့ နောက်ဆုံးအချိန်

photo via screenrant

ဒီအပိုင်းထဲမှာတော့ Bill နဲ့ Frank တို့ဟာ သူတို့ရဲ့ နောက်ဆုံးအချိန်ကို အကောင်းဆုံး အတူတူ ဖြတ်သန်းခဲ့ကြပြီး လက်ထပ်ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာ‌တော့ ကူးစက်မှုတွေ စတင်ချိန်ဟာ ၂၀၀၃ ခုနှစ်ဖြစ်ပြီး တကယ့်လက်တွေ့မှာတော့ အမေရိကန်နိုင်ငံမှာ ၂၀၀၄ ခုနှစ်မှသာ လိင်တူအချင်းချင်း လက်ထပ်တာကို တရားဝင်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Bill နဲ့ Frank တို့ဟာ ဘယ်တုန်းကမှ တရားဝင်အဖြစ် မသတ်မှတ်ခဲ့တာကို ရဲရဲဝံ့ဝံ့ ပြုလုပ်ခဲ့ကြတာ ဖြစ်ပြီး သူ့ရဲ့အချစ်ခရီးကိုလည်း ပိုပြီး Romantic ဖြစ်သွားစေပါတယ်။

Bill နဲ့ Frank တို့ရဲ့ နောက်ဆုံးညစာ

photo via screenrant

Bill နဲ့ Frank တို့ရဲ့ နောက်ဆုံးညစာဟာလည်း ကြည်နူးစရာကောင်းတဲ့ Detail လေးတစ်ခုပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ နောက်ဆုံးညစာဟာ Frank ကို ပထမဆုံးအကြိမ် ချက်ကျွေးခဲ့တဲ့ Bill ရဲ့လက်ရာဟင်းပွဲပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူတို့ဟာ နောက်ဆုံးညစာကိုတော့ သူတို့နှစ်ယောက် ပထမဆုံး ဆုံတွေ့တုန်းက စားသုံးခဲ့တဲ့ ဟင်းပွဲကိုပဲ ပြန်လည်စားသုံးခဲ့တာ ဖြစ်ပါတယ်။ ဒီအချက်ဟာလည်း Romantic ဖြစ်လွန်းတဲ့ Detail တစ်ခုပဲ ဖြစ်ပါတယ်။

ဂိမ်းထဲက Iconic ဝတ်စုံကို ရရှိသွားတဲ့ Joel နဲ့ Ellie

photo via screenrant

Joel နဲ့ Ellie တို့ကတော့ Bill နဲ့ Frank တို့ သေဆုံးသွားတာကို သိသွားတဲ့အချိန်မှာတော့ ရေမိုးချိူးခဲ့ကြပြီး အဝတ်အစားအသစ်တွေလည်း ဝတ်ဆင်ခဲ့ကြပါတယ်။ ဒါဟာ ဂိမ်းမဆော့ဖူးသူတွေအတွက်တော့ သာမန်ဇာတ်ဝင်ခန်းတစ်ခု ဖြစ်ပေမယ့် ဂိမ်း Fan တွေအတွက်တော့ ကျေနပ်စရာ ဇာတ်ဝင်ခန်းတစ်ခု ဖြစ်ပါတယ်။ အကြောင်းကတော့ သူတို့နှစ်ယောက် ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံတွေဟာ ဂိမ်းထဲက Iconic ဝတ်စုံတွေ ဖြစ်နေလို့ပါပဲ။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular