HomeEntertainmentFilmThe Last of Us အပိုင်း(၅)ထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ

The Last of Us အပိုင်း(၅)ထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ

*** Spoiler Alert ***

The Last of Us ဇာတ်လမ်းတွဲရဲ့ အပိုင်း(၅)ကတော့ မကြာခင်ကပဲ ထွက်ရှိခဲ့ပါတယ်။ ဒီအပိုင်းထဲမှာတော့ Joel တို့ဟာ Henry တို့ ညီအစ်ကိုနှစ်ယောက်နဲ့အတူ Kansas မြို့ကနေ ထွက်ခွာဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါ့အပြင် ကြောက်စရာကောင်းတဲ့ Bloater ကိုလည်း ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရပါသေးတယ်။ ကြည့်ရှုသူတွေကတော့ ဇာတ်လမ်းထဲမှာ မျောပါနေကြမှာ ဖြစ်တာကြောင့် ဒီအပိုင်းထဲက Easter Egg တွေနဲ့ စိတ်ဝင်စားစရာ Detail အချို့ကို ဖော်ပြပေးချင်ပါတယ်။

Henry ရဲ့ဇာတ်သိမ်းကို Foreshadow ပြုလုပ်ခဲ့တဲ့ Edelstein

photo via screenrant

ဒီအပိုင်းရဲ့ အစမှာတော့ Hunter တွေက FEDRA ကို တော်လှန်ပြီး အနိုင်ရသွားတဲ့ညမှာ Henry နဲ့ Sam တို့နှစ်ယောက် ထွက်ပြေးတာကို တွေ့ရပါတယ်။ အပိုင်း(၄)ထဲမှာ Kathleen သတ်လိုက်တဲ့ ဆရာဝန် Edelstein ဟာ Henry တို့ ညီအစ်ကိုနှစ်ယောက်ကို ပုန်းစရာနေရာတစ်ခု ပေးခဲ့ပါတယ်။

အဲဒီနောက်မှာတော့ Kansas မြို့ထဲက ဘယ်လိုထွက်သွားကြမလည်းလို့ ဆွေးနွေးတဲ့အချိန်မှာတော့ Henry ဟာ မြေအောက်လှိုဏ်ခေါင်းတွေကနေ သွားမယ်လို့ ပြောခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ Edelstein ဟာ “ဘာလို့အလုပ်ရှုပ်ခံပြီး မြေအောက်လှိုဏ်ခေါင်းထိ သွားနေမှာလဲ။ ဒီမှာလည်း ကိုယ့်ကိုယ်ကို သတ်သေလို့ ရပါတယ် …”လို့ ပြောခဲ့ပါတယ်။ ဒီဒိုင်ယာလော့ခ်ကတော့ အပိုင်း(၅)ရဲ့ အဆုံးသတ်မှာ မြင်တွေ့ခဲ့ရတဲ့ Henry ရဲ့ ဇာတ်သိမ်းကို Foreshadow ပြုလုပ်ထားတာပဲ ဖြစ်ပါတယ်။

အပိုင်း(၄)နဲ့ ဆက်စပ်နေတဲ့ Detail တစ်ချက်

photo via screenrant

အပိုင်း(၅) ရဲ့အစမှာတော့ Henry နဲ့ Edelstein တို့ဟာ သူတို့ရဲ့သေနတ်တွေမှာ ကျည်ဆန်မရှိတော့ဘူးလို့ ပြောပါတယ်။ ဒါကြောင့်ပဲ Henry တို့ ညီအစ်ကိုနှစ်ယောက်ဟာ Joel တို့ကို ကျည်ဆန်မရှိတဲ့ သေနတ်နဲ့ ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။ အပိုင်း(၄)ရဲ့ အဆုံးသတ်မှာလည်း သေချာကြည့်ရင် Joel ကို ချိန်ထားတဲ့ Sam ရဲ့ ခြောက်လုံးပြူး သေနတ်ဟာ ကျည်မရှိတာကို မြင်ရမှာ ဖြစ်ပါတယ်။

ဂိမ်းထဲက Storyline Easter Egg

photo via screenrant

ဒီအပိုင်းထဲမှာတော့ Joel တို့ဟာ မြေအောက်လှိုဏ်ခေါင်းထဲကနေ သွားနေရင်း မြေအောက်ထဲမှာ လူတွေနေထိုင်ခဲ့ကြတဲ့ Bunker တစ်ခုထဲကို ရောက်သွားပါတယ်။ ဂိမ်းထဲမှာတော့ မြေအောက်လှိုဏ်ခေါင်းထဲမှာ Collectible Item တွေများစွာ ရှိပြီး Kansas မြို့အောက်မှာ နေထိုင်နေတဲ့ Ish ဆိုသူရဲ့အကြောင်းလည်း ပါဝင်နေပါတယ်။

ဒီဇာတ်လမ်းတွဲထဲမှာတော့ Ish ရဲ့အကြောင်း မပါဝင်ပေမယ့်လည်း မြေအောက်လှိုဏ်ခေါင်းထဲက Bunker ဟာ ဂိမ်းထဲက ဒီ Storyline ကို ရည်ညွှန်းထားတဲ့ Easter Egg ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Bunker ရဲ့ဝင်ပေါက်မှာ ရေးဆွဲထားတဲ့ ရဲတိုက်ပုံစံကလည်း ဂိမ်းထဲက ပုံစံအတိုင်းပဲ ပြန်လည်ဖန်တီးထားတာ ဖြစ်ပါတယ်။

Ish Easter Egg

photo via screenrant

Bunker ထဲကို ရောက်သွားတဲ့ အချိန်မှာတော့ Joel ဟာ ပတ်ဝန်းကျင်ကို လေ့လာခဲ့ပြီး ကလေးတစ်ယောက် ဆွဲထားတဲ့ ပုံလေးတစ်ပုံကို တွေ့ခဲ့ပါတယ်။ အဲဒီပုံထဲမှာတော့ လူနှစ်ယောက်ရဲ့အပေါ်မှာ Danny နဲ့ Ish လို့ ရေးထားပြီး အောက်မှာတော့ ငါတို့ရဲ့ ကာကွယ်သူတွေလို့ ရေးထားပါတယ်။ ဒီပုံလေးဟာ ဂိမ်းထဲက Collectible တစ်ခုနဲ့လည်း အတော်လေး ဆင်တူနေပါတယ်။

Savage Starlight

photo via screenrant

Bunker ထဲကို ရောက်ပြီးတဲ့ အချိန်မှာတော့ Sam ဟာ Savage Starlight ဆိုတဲ့ ကောမစ်စာအုပ်တစ်အုပ်ကို ရှာတွေ့ခဲ့ပါတယ်။ ဂိမ်းထဲမှာလည်း အဲဒီကောမစ်စာအုပ်ဟာ Collectible တစ်ခုအဖြစ် ပါဝင်နေပြီး Ellie ကတော့ ဇာတ်ကောင်တွေအားလုံးနဲ့ Issue တွေအားလုံးကိုလည်း သိနေပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာလည်း အလားတူပဲ Ellie ဟာ အဲဒီကောမစ်စာအုပ်ကို အလွန်ကြိုက်နှစ်သက်ကြောင်း တွေ့ခဲ့ရပါတယ်။

ဂိမ်းထဲက အထင်ကရ Level တစ်ခု

photo via screenrant

ဒီအပိုင်းရဲ့ ဇာတ်ရှိန်အမြင့်ဆုံး ဇာတ်ဝင်ခန်းထဲမှာတော့ Joel တို့ဟာ Kansas မြို့ကနေ ထွက်ခွာခါနီးမှာ စနှိုက်ပါသမား တစ်ယောက်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့်ပဲ Joel ဟာ ဘေးကနေ ပတ်သွားပြီး စနှိုက်ပါသမားကို သတ်ခဲ့ပါတယ်။ အဲဒီစနှိုက်ပါသမားကတော့ Kathleen တို့ကို အကြောင်းကြားထားတာကြောင့် Joel ဟာ Ellie နဲ့ Henry တို့ ညီအစ်ကိုနှစ်ယောက်ကို မျှော်စင်ပေါ်ကနေ စနှိုက်ပါနဲ့ ကာပစ်ပေးခဲ့ရပါတယ်။ ဒီဇာတ်ဝင်ခန်းတစ်ခုလုံးကတော့ ဂိမ်းထဲက အထင်ကရ Level တစ်ခုကို ပြန်လည်ဖန်တီးထားတာပဲ ဖြစ်ပါတယ်။

ဇွန်ဘီအမျိူးအစား အသစ်နှစ်မျိူး

photo via screenrant

ဒီဇာတ်လမ်းတွဲတလျှောက်မှာတော့ ဇွန်ဘီတွေအနေနဲ့ Clicker နဲ့ Runner နှစ်မျိူးကိုပဲ မြင်တွေ့ရသေးပြီး အပိုင်း(၅)ထဲမှာတော့ Stalker နဲ့ Bloater တို့ကိုပါ မိတ်ဆက်သွားပါတယ်။ Stalker ကတော့ Runner နဲ့ Clicker တို့ရဲ့ ကြားထဲက အဆင့်တစ်ခု ဖြစ်ပြီး Ellie နဲ့ ရင်ဆိုင်တွေ့ခဲ့တဲ့ ကလေးဇွန်ဘီဟာ Stalker အဆင့်ပဲ ဖြစ်ပါတယ်။ Bloater ကတော့ နောက်ဆုံးအဆင့်ပဲ ဖြစ်ပြီး သူ့ရဲ့အကြောင်း သီးသန့်ကိုတော့ နောက်နေ့မှာ စာတစ်ပုဒ်နဲ့ ထပ်မံတင်ဆက်ပေးသွားပါဦးမယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular