HomeEntertainmentFilmMoon Knight အပိုင်း(၂)မှာ Layla နဲ့ တခြားသူတွေဟာ Jackal ကို ဘာကြောင့်မမြင်ရတာလဲ?

Moon Knight အပိုင်း(၂)မှာ Layla နဲ့ တခြားသူတွေဟာ Jackal ကို ဘာကြောင့်မမြင်ရတာလဲ?

*** Spoiler Alert ***

Moon Knight အပိုင်း(၂)ကတော့ မကြာသေးခင်ကပဲ ထွက်ရှိခဲ့ပြီး ဒီအပိုင်းထဲမှာတော့ ပထမပိုင်းမှာ မြင်တွေ့ခဲ့ရတဲ့ Jackal ကို သေချာမြင်တွေ့လိုက်ရပါတယ်။ ဒီအပိုင်းရဲ့ အစမှာတော့ Steven ဟာ ပြတိုက်ထဲမှာ သူ့ကို တိုက်ခိုက်ခဲ့တဲ့ Jackal ကို သေချာပြန်ကြည့်ဖို့အတွက် CCTV ကနေ ပြန်ကြည့်ခဲ့ပါတယ်။ အဲ့ဒီအခါမှာတော့ ဘယ်ရှုထောင့်ကပဲ ကြည့်ကြည့် ပြေးလွှားနေတဲ့ Steven တစ်ယောက်တည်းကိုသာ မြင်ခဲ့ရပြီး Jackal ကိုတော့ မတွေ့ခဲ့ရပါဘူး။

ဒါကြောင့်ပဲ အဲ့ဒီ Jackal ဟာ အစစ်အမှန် မဟုတ်ဘဲ Steven တစ်ယောက်တည်းက ထင်ယောင်ထင်မှား ဖြစ်နေတာလားလို့ မေးစရာ ဖြစ်လာပါတယ်။ သို့ပေမယ့်လည်း နောက်ပိုင်းမှာတော့ Steven က ထင်ယောင်ထင်မှား ဖြစ်နေတာ မဟုတ်ဘဲ အဲ့ဒီ Jackal ဟာ တကယ့်အစစ်ဖြစ်ကြောင်း အတည်ပြုနိုင်တဲ့ ဇာတ်ဝင်ခန်း ပါဝင်လာပါတယ်။

photo via screenrant

Steven ဟာ Jackal နဲ့ ရင်ဆိုင်ဖို့အတွက် Mr. Knight အဖြစ် ပြောင်းလဲလိုက်ပြီး နောက်မှာတော့ Layla ဟာ အဲ့ဒီ Jackal ကို မမြင်ရပေမယ့်လည်း ပုလင်းတစ်လုံးနဲ့ ရိုက်လိုက်တဲ့ အချိန်မှာတော့ အဲဒီသတ္တဝါရဲ့ မျက်နှာကို ခဏတာ တွေ့လိုက်ရပါတယ်။ ဒါတင်မကသေးဘဲ ဇာတ်ဝင်ခန်း တစ်ခုမှာလည်း Jackal ဟာ ဘေးနားကလူတွေကို တွန်းထုတ်လိုက်တာကိုလည်း တွေ့ခဲ့ရတာကြောင့် ဒီသတ္တဝါဟာ အစစ်အမှန် ဖြစ်တယ်လို့ အသေအချာ ပြောနိုင်တာ ဖြစ်ပါတယ်။

ဒီအခါမှာ အဲ့ဒီ Jackal ဟာ တကယ့် အစစ်အမှန်ဆိုတာကို သိလိုက်ရပေမယ့်လည်း Layla အပါအဝင် ဘေးပတ်ဝန်းကျင်က လူတွေကတော့ အဲ့ဒီ Jackal ကို မမြင်တွေ့နိုင်ကြဘဲ Steven နဲ့ Marc တို့နှစ်ယောက်ကပဲ မြင်နိုင်တာကို တွေ့ခဲ့ရပါတယ်။ ဒီအချက်ကြောင့်ပဲ နောက်ထပ် မေးစရာ ရှိလာတာကတော့ ဘာကြောင့် Layla နဲ့ ဘေးနားကလူတွေဟာ ဒီသတ္တဝါကြီးကို မမြင်နိုင်တာလည်းဆိုတာပဲ ဖြစ်ပါတယ်။

photo via screenrant

ဖြစ်နိုင်ချေ အရှိဆုံးကတော့ Harry Potter ထဲလိုပဲ Dementor တွေကို Wizard တွေကပဲ မြင်ရပြီး သာမန်လူတွေက မမြင်နိုင်တဲ့ ပုံစံမျိူး ဖြစ်နိုင်ပါတယ်။ Steven နဲ့ Marc တို့ကတော့ အီဂျစ်နတ်ဘုရား Khonshu ရဲ့ Avatar တွေ ဖြစ်တာကြောင့် ဒီလို ဒဏ္ဍာရီလာသတ္တဝါကို မြင်နိုင်တာ ဖြစ်ပြီး သာမန်လူတွေကတော့ မမြင်နိုင်တာ ဖြစ်ပါလိမ့်မယ်။ ဒီအချက်ကတော့ အပိုင်း(၂)ထဲမှာ ပါဝင်နေတဲ့ စိတ်ဝင်စားစရာတွေထဲက တစ်ခုဖြစ်ပြီး လာမယ့် ဗုဒ္ဓဟူးနေ့မှာ ထွက်ရှိလာမယ့် အပိုင်း(၃)ထဲမှာတော့ ဘယ်လို စိတ်ဝင်စားစရာတွေ ထပ်ပြီးမြင်တွေ့ရမလည်းဆိုတာ ရင်ခုန်စရာပါပဲ။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

 

RELATED ARTICLES

Most Popular