HomeEntertainmentFilmLee Min Hyuk ရဲ့ မူလကာရိုက်တာဟာ ဂေးတစ်ယောက်ဖြစ်ကြောင်း ပြောပြလိုက်တဲ့ Lee Tae Bin

Lee Min Hyuk ရဲ့ မူလကာရိုက်တာဟာ ဂေးတစ်ယောက်ဖြစ်ကြောင်း ပြောပြလိုက်တဲ့ Lee Tae Bin

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

The Penthouse ဇာတ်လမ်းတွဲထဲမှာ ရှေ့နေ Lee Gyu Jin ရဲ့သားဖြစ်သူ Lee Min Hyuk နေရာက သရုပ်ဆောင်ထားတဲ့ Lee Tae Bin ဟာ ဒရာမာပရိသတ်တွေ ရှော့ခ်ရစေမယ့် အရာတစ်ခုကို ပြောပြလိုက်ပါတယ်။

အဲ့ဒါကတော့ Lee Min Hyuk ရဲ့ မူလကာရိုက်တာဟာ ဂေးတစ်ယောက်ဖြစ်ပြီး Joo Seok Hoon ကို တစ်ဘက်သတ် ချစ်ကြိုက်နေသူလို့ ပြောပြလိုက်တာပါ။ ဒီအကြောင်းကိုတော့ မေလ(၁၈)ရက်နေ့မှာ MBC ရဲ့ Video Star အစီအစဉ်ကို အလည်လာရောက်တုန်းက သရုပ်ဆောင် Lee Tae Bin က ပြောကြားသွားတာ ဖြစ်ပါတယ်။

Photo via soompi

“တကယ်တော့ အစတုန်းက Min Hyuk ကို Seok Hoon ကို ချစ်ကြိုက်နေသူအဖြစ် ပုံဖော်ရေးသားဖို့ ရည်ရွယ်ခဲ့တာပါ။ ဒီအကြောင်းကို အခုမှ ပထမဆုံး ပြောပြဖြစ်တာပါ။ Min Hyuk က Seok Hoon ကို အရမ်းကြိုက်နေတဲ့သူ။ အဲ့ဒါကိုမှ Seok Hoon က Bae Ro Na ကို ကြိုက်နေတော့ သူ့အနေနဲ့ Bae Ro Na ကို ဝိုင်းအနိုင်ကျင့်ကြတဲ့အထဲမှာ ရှေ့ဆုံးက တက်တက်ကြွကြွ ပါဝင်မယ့်ပုံစံပေါ့။ Min Hyuk မျက်လုံးထဲမှာ မြင်တဲ့ တစ်ဦးတည်းသောသူက Seok Hoon ပဲ … ” လို့ ဆိုပြီး မူလဇာတ်ညွှန်းမှာ ပါဝင်မယ့် ကာရိုက်တာကနေ အများကြီး ပြောင်းလဲသွားတဲ့အကြောင်း အစီအစဉ်တင်ဆက်သူတွေကို Lee Tae Bin က ‌ပြောပြသွားတာပါ။

Photo via soompi

သို့သော်လည်း Joo Seok Hoon ကို တစ်ဘက်သတ် ချစ်ကြိုက်နေတဲ့ Lee Min Hyuk ရဲ့ ဇာတ်လမ်းပုံစံဟာ တကယ့် ဖိုင်နယ်ဇာတ်ညွှန်းထဲမှာတော့ မပါလာခဲ့ပါဘူး။ အဲ့ဒီအစား Min Hyuk ဟာ Yoo Je Ni သဘောကျတဲ့သူအဖြစ် ကာရိုက်တာ ပြောင်းလဲသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် Season 1 ရဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာတော့ သရုပ်ဆောင်ဖို့ ခက်ခဲလွန်းတဲ့အတွက် ရဲဆေးနည်းနည်းတင်ပြီးမှ ဖြစ်အောင် သရုပ်ဆောင်ခဲ့ရတယ်လို့ ရင်ဖွင့်သွားပါသေးတယ်။

Photo via soompi

“ကျွန်တော် ဘာလုပ်ရမှန်းကို မသိခဲ့တာ။ အဲ့လိုကိစ္စမျိုးကို အရင်က တစ်ခါမှ မကြုံခဲ့ဖူးဘူး။ အရမ်းကြမ်းလွန်းတယ်လို့ ထင်တယ်။ အဲ့ဒီအခန်းက ကလေးတွေက Min Seol Ah ကို ကားအပျက်တစ်ခုထဲ ထည့်ပြီး အပြင်ကနေ ကားကို ထုခွဲဖျက်ဆီးပြီး မီးနဲ့ရှို့တဲ့ အခန်းလေ။ အဲ့ဒီဇာတ်ညွှန်းကို ဖတ်ပြီးတည်းက စိတ်ထဲမှာ လုံးဝဗလာဖြစ်သွားတယ်။ ငါ ဒီအခန်းကို ဘယ်လိုများ လုပ်ရပါ့မလည်းလို့ ကိုယ့်ဘာသာ တွေးမိတယ် … ”

“ဘယ်လိုပဲဖြစ်ဖြစ် ဒီအခန်းက စိတ်မသက်မသာ ဖြစ်ရမှာပဲဆိုတော့ တလျှောက်လုံးကို အဲ့ဒီမုဒ်နဲ့ပဲ သွားလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော့်ကာရိုက်တာရဲ့ စိတ်သဘောထားအတိုင်း ကျွန်တော်က လိုက်ပါ ပျော်ရွှင်ပေးရမယ်လေ။ ဒါပေမယ့် ရိုက်ကွင်းမှာ စရိုက်ကြတော့ သူ့ကို ဝိုင်းနှိပ်စက်ရတာကို ကြည့်ပြီး ပျော်အောင်နေဖို့ ကျွန်တော် ဘယ်လိုမှ မလုပ်နိုင်ဘူး ဖြစ်နေရော။ အဲ့ဒါနဲ့ ရီဟာဇယ်လုပ်ပြီးတော့ ဘီယာတစ်ဘူးလောက် တိတ်တိတ်လေး သောက်လိုက်ရတယ်။ အဲ့တော့မှ ကျွန်တော့်စိတ်ခံစားချက်တွေကို စုစည်းလို့ရပြီး ဒီအခန်းကို ရိုက်လို့ရသွားတာ။ အဲ့ဒီအခန်းအတွက် ယမကာလေး နည်းနည်းတော့ မှီဝဲလိုက်ရတာပေါ့ဗျာ … ” လို့ Lee Tae Bin က ဆိုပါတယ်။

Glasgow

Source: soompi

(Zawgyi Version)

The Penthouse ဇာတ္လမ္းတြဲထဲမွာ ေရွ႕ေန Lee Gyu Jin ရဲ႕သားျဖစ္သူ Lee Min Hyuk ေနရာက သ႐ုပ္ေဆာင္ထားတဲ့ Lee Tae Bin ဟာ ဒရာမာပရိသတ္ေတြ ေရွာ့ခ္ရေစမယ့္ အရာတစ္ခုကို ေျပာျပလိုက္ပါတယ္။

အဲ့ဒါကေတာ့ Lee Min Hyuk ရဲ႕ မူလကာ႐ိုက္တာဟာ ေဂးတစ္ေယာက္ျဖစ္ၿပီး Joo Seok Hoon ကို တစ္ဘက္သတ္ ခ်စ္ႀကိဳက္ေနသူလို႔ ေျပာျပလိုက္တာပါ။ ဒီအေၾကာင္းကိုေတာ့ ေမလ(၁၈)ရက္ေန႔မွာ MBC ရဲ႕ Video Star အစီအစဥ္ကို အလည္လာေရာက္တုန္းက သ႐ုပ္ေဆာင္ Lee Tae Bin က ေျပာၾကားသြားတာ ျဖစ္ပါတယ္။

Photo via soompi

“တကယ္ေတာ့ အစတုန္းက Min Hyuk ကို Seok Hoon ကို ခ်စ္ႀကိဳက္ေနသူအျဖစ္ ပုံေဖာ္ေရးသားဖို႔ ရည္႐ြယ္ခဲ့တာပါ။ ဒီအေၾကာင္းကို အခုမွ ပထမဆုံး ေျပာျပျဖစ္တာပါ။ Min Hyuk က Seok Hoon ကို အရမ္းႀကိဳက္ေနတဲ့သူ။ အဲ့ဒါကိုမွ Seok Hoon က Bae Ro Na ကို ႀကိဳက္ေနေတာ့ သူ႔အေနနဲ႔ Bae Ro Na ကို ဝိုင္းအႏိုင္က်င့္ၾကတဲ့အထဲမွာ ေရွ႕ဆုံးက တက္တက္ႂကြႂကြ ပါဝင္မယ့္ပုံစံေပါ့။ Min Hyuk မ်က္လုံးထဲမွာ ျမင္တဲ့ တစ္ဦးတည္းေသာသူက Seok Hoon ပဲ … ” လို႔ ဆိုၿပီး မူလဇာတ္ၫႊန္းမွာ ပါဝင္မယ့္ ကာ႐ိုက္တာကေန အမ်ားႀကီး ေျပာင္းလဲသြားတဲ့အေၾကာင္း အစီအစဥ္တင္ဆက္သူေတြကို Lee Tae Bin က ‌ေျပာျပသြားတာပါ။

Photo via soompi

သို႔ေသာ္လည္း Joo Seok Hoon ကို တစ္ဘက္သတ္ ခ်စ္ႀကိဳက္ေနတဲ့ Lee Min Hyuk ရဲ႕ ဇာတ္လမ္းပုံစံဟာ တကယ့္ ဖိုင္နယ္ဇာတ္ၫႊန္းထဲမွာေတာ့ မပါလာခဲ့ပါဘူး။ အဲ့ဒီအစား Min Hyuk ဟာ Yoo Je Ni သေဘာက်တဲ့သူအျဖစ္ ကာ႐ိုက္တာ ေျပာင္းလဲသြားတယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ Season 1 ရဲ႕ ဇာတ္ဝင္ခန္းတစ္ခုမွာေတာ့ သ႐ုပ္ေဆာင္ဖို႔ ခက္ခဲလြန္းတဲ့အတြက္ ရဲေဆးနည္းနည္းတင္ၿပီးမွ ျဖစ္ေအာင္ သ႐ုပ္ေဆာင္ခဲ့ရတယ္လို႔ ရင္ဖြင့္သြားပါေသးတယ္။

Photo via soompi

“ကြၽန္ေတာ္ ဘာလုပ္ရမွန္းကို မသိခဲ့တာ။ အဲ့လိုကိစၥမ်ိဳးကို အရင္က တစ္ခါမွ မႀကဳံခဲ့ဖူးဘူး။ အရမ္းၾကမ္းလြန္းတယ္လို႔ ထင္တယ္။ အဲ့ဒီအခန္းက ကေလးေတြက Min Seol Ah ကို ကားအပ်က္တစ္ခုထဲ ထည့္ၿပီး အျပင္ကေန ကားကို ထုခြဲဖ်က္ဆီးၿပီး မီးနဲ႔ရႈိ႕တဲ့ အခန္းေလ။ အဲ့ဒီဇာတ္ၫႊန္းကို ဖတ္ၿပီးတည္းက စိတ္ထဲမွာ လုံးဝဗလာျဖစ္သြားတယ္။ ငါ ဒီအခန္းကို ဘယ္လိုမ်ား လုပ္ရပါ့မလည္းလို႔ ကိုယ့္ဘာသာ ေတြးမိတယ္ … ”

“ဘယ္လိုပဲျဖစ္ျဖစ္ ဒီအခန္းက စိတ္မသက္မသာ ျဖစ္ရမွာပဲဆိုေတာ့ တေလွ်ာက္လုံးကို အဲ့ဒီမုဒ္နဲ႔ပဲ သြားလိုက္ဖို႔ ဆုံးျဖတ္လိုက္တယ္။ ကြၽန္ေတာ့္ကာ႐ိုက္တာရဲ႕ စိတ္သေဘာထားအတိုင္း ကြၽန္ေတာ္က လိုက္ပါ ေပ်ာ္႐ႊင္ေပးရမယ္ေလ။ ဒါေပမယ့္ ႐ိုက္ကြင္းမွာ စ႐ိုက္ၾကေတာ့ သူ႔ကို ဝိုင္းႏွိပ္စက္ရတာကို ၾကည့္ၿပီး ေပ်ာ္ေအာင္ေနဖို႔ ကြၽန္ေတာ္ ဘယ္လိုမွ မလုပ္ႏိုင္ဘူး ျဖစ္ေနေရာ။ အဲ့ဒါနဲ႔ ရီဟာဇယ္လုပ္ၿပီးေတာ့ ဘီယာတစ္ဘူးေလာက္ တိတ္တိတ္ေလး ေသာက္လိုက္ရတယ္။ အဲ့ေတာ့မွ ကြၽန္ေတာ့္စိတ္ခံစားခ်က္ေတြကို စုစည္းလို႔ရၿပီး ဒီအခန္းကို ႐ိုက္လို႔ရသြားတာ။ အဲ့ဒီအခန္းအတြက္ ယမကာေလး နည္းနည္းေတာ့ မွီဝဲလိုက္ရတာေပါ့ဗ်ာ … ” လို႔ Lee Tae Bin က ဆိုပါတယ္။

Glasgow

Source: soompi

 

RELATED ARTICLES

Most Popular