HomeCelebs Update Newsအက်ရှင်ကားတွေ ရိုက်ကူးရာက ရပ်နားတော့မယ့် Liam Neeson

အက်ရှင်ကားတွေ ရိုက်ကူးရာက ရပ်နားတော့မယ့် Liam Neeson

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အော်စကာဆု စံကာတင်စာရင်း ဝင်ခဲ့တဲ့ အက်ရှင်မင်းသားကြီး Liam Neeson ဟာ နောက်ထပ်ရုပ်ရှင် အနည်းငယ် ရိုက်ကူးပြီးရင် အက်ရှင်ကားတွေ မရိုက်ကူးတော့ဘူးလို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် Liam Neeson အက်ရှင်ကားတွေ မရိုက်တော့မယ့်အချိန်ကလည်း ၂၀၂၁ ခုနှစ်ထဲမှာပဲ ဖြစ်ပါလိမ့်မယ်လို့ သိရပါတယ်။

၂၀၀၈ ခုနှစ်မှာ ထွက်ခဲ့တဲ့ Taken ရုပ်ရှင်ကားကို ရိုက်ကူးအပြီးမှာတော့ Liam Neeson ဟာ တစ်ခါပြန်လည်အောင်မြင်လာခဲ့ပါတယ်။ အဲ့ဒီအချိန်ကနေစပြီး သူဟာ ရုပ်ရှင်များစွာမှာ သရုပ်ဆောင်ခဲ့ဖူးပြီး ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်တဲ့ ဇာတ်ကောင်တွေနေရာမှာ ပါဝင်ခဲ့ပါတယ်။

photo via screenrant

ET သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ Liam ဟာ ၂၀၂၁ ခုနှစ်ထဲမှာ အက်ရှင်ကားတွေကို ရိုက်ကူးတာ ရပ်နားပါတော့မယ်လို့ ပြောခဲ့ပါတယ်။ ဒီလိုမျိူး အနားယူရတဲ့ အဓိကအကြောင်းအရင်းကတော့ သူ့ရဲ့ အသက်အရွယ်ကြောင့်ပဲ ဖြစ်ပါတယ်။ အဲ့ဒီအင်တာဗျူးထဲမှာတော့ ” ကျွန်တော်က ၆၈ နှစ်ကျော်နေပြီ ဖြစ်ပြီး ဒီနှစ်ထဲမှာ ၆၉ နှစ် ပြည့်မှာပါ။ လောလောဆယ်မှာတော့ ရိုက်လက်စ ရုပ်ရှင်အနည်းငယ် ရှိပါတယ်။ ကိုဗစ်ကြောင့်လည်း ကျွန်တော်တို့ရဲ့ ရိုက်ကူးရေးကို မနှောင့်နေးစေဘဲ အချိန်မီရိုက်ကူးရေး ပြီးစီးမယ်လို့ မျှော်လင့်ပါတယ်။ ဒါတွေ ပြီးသွားရင်တော့ အက်ရှင်ကားတွေကို ဆက်လက်မရိုက်ကူးတော့ပါဘူး ” လို့ ပြောခဲ့ပါတယ်။

photo via screenrant

ဒါ့အပြင် ” ကျွန်တော် လမ်းလျှောက်အကူနဲ့ သွားလာနေရတဲ့အချိန်မှာတော့ အက်ရှင်ကားတွေကို ပြန်သရုပ်ဆောင်ရင် ဆောင်ပါလိမ့်မယ် ” ဆိုပြီးတော့ စနောက်ခဲ့ပါသေးတယ်။ ” ကျွန်တော်ရဲ့ အသက်တစ်ဝက်လောက်ပဲ ရှိတဲ့ လူတွေနဲ့ တိုက်ခိုက်ရတာကို ကြိုက်ပါတယ် ” လို့လည်း ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း Liam ဟာ သူ့ရဲ့အသက်အရွယ်အရ အက်ရှင်ကားတွေ ရိုက်ကူးဖို့ လိုအပ်တဲ့ သက်လုံမရှိတော့ပါဘူး။ ရိုက်ကွင်းတွေပေါ်မှာလည်း ရိုက်ကူးရေးပြီးသွားရင် အလွန်မောပန်းနေတတ်ပါတယ်။ ဒါကြောင့်ပဲ အခုလို အက်ရှင်ကားတွေ ရိုက်ကူးရာက ရပ်နားဖို့ ဆုံးဖြတ်ချက် ချလိုက်တာပါလို့လည်း သိရပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

ေအာ္စကာဆု စံကာတင္စာရင္း ဝင္ခဲ့တဲ့ အက္ရွင္မင္းသားႀကီး Liam Neeson ဟာ ေနာက္ထပ္႐ုပ္ရွင္ အနည္းငယ္ ႐ိုက္ကူးၿပီးရင္ အက္ရွင္ကားေတြ မ႐ိုက္ကူးေတာ့ဘူးလို႔ ေျပာခဲ့ပါတယ္။ ဒါ့အျပင္ Liam Neeson အက္ရွင္ကားေတြ မ႐ိုက္ေတာ့မယ့္အခ်ိန္ကလည္း ၂၀၂၁ ခုႏွစ္ထဲမွာပဲ ျဖစ္ပါလိမ့္မယ္လို႔ သိရပါတယ္။

၂၀၀၈ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Taken ႐ုပ္ရွင္ကားကို ႐ိုက္ကူးအၿပီးမွာေတာ့ Liam Neeson ဟာ တစ္ခါျပန္လည္ေအာင္ျမင္လာခဲ့ပါတယ္။ အဲ့ဒီအခ်ိန္ကေနစၿပီး သူဟာ ႐ုပ္ရွင္မ်ားစြာမွာ သ႐ုပ္ေဆာင္ခဲ့ဖူးၿပီး ၾကမ္းၾကမ္းတမ္းတမ္း တိုက္ခိုက္တဲ့ ဇာတ္ေကာင္ေတြေနရာမွာ ပါဝင္ခဲ့ပါတယ္။

photo via screenrant

ET သတင္းဌာနနဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာေတာ့ Liam ဟာ ၂၀၂၁ ခုႏွစ္ထဲမွာ အက္ရွင္ကားေတြကို ႐ိုက္ကူးတာ ရပ္နားပါေတာ့မယ္လို႔ ေျပာခဲ့ပါတယ္။ ဒီလိုမ်ိဴး အနားယူရတဲ့ အဓိကအေၾကာင္းအရင္းကေတာ့ သူ႔ရဲ႕ အသက္အ႐ြယ္ေၾကာင့္ပဲ ျဖစ္ပါတယ္။ အဲ့ဒီအင္တာဗ်ဴးထဲမွာေတာ့ ” ကြၽန္ေတာ္က ၆၈ ႏွစ္ေက်ာ္ေနၿပီ ျဖစ္ၿပီး ဒီႏွစ္ထဲမွာ ၆၉ ႏွစ္ ျပည့္မွာပါ။ ေလာေလာဆယ္မွာေတာ့ ႐ိုက္လက္စ ႐ုပ္ရွင္အနည္းငယ္ ရွိပါတယ္။ ကိုဗစ္ေၾကာင့္လည္း ကြၽန္ေတာ္တို႔ရဲ႕ ႐ိုက္ကူးေရးကို မေႏွာင့္ေနးေစဘဲ အခ်ိန္မီ႐ိုက္ကူးေရး ၿပီးစီးမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ဒါေတြ ၿပီးသြားရင္ေတာ့ အက္ရွင္ကားေတြကို ဆက္လက္မ႐ိုက္ကူးေတာ့ပါဘူး ” လို႔ ေျပာခဲ့ပါတယ္။

photo via screenrant

ဒါ့အျပင္ ” ကြၽန္ေတာ္ လမ္းေလွ်ာက္အကူနဲ႔ သြားလာေနရတဲ့အခ်ိန္မွာေတာ့ အက္ရွင္ကားေတြကို ျပန္သ႐ုပ္ေဆာင္ရင္ ေဆာင္ပါလိမ့္မယ္ ” ဆိုၿပီးေတာ့ စေနာက္ခဲ့ပါေသးတယ္။ ” ကြၽန္ေတာ္ရဲ႕ အသက္တစ္ဝက္ေလာက္ပဲ ရွိတဲ့ လူေတြနဲ႔ တိုက္ခိုက္ရတာကို ႀကိဳက္ပါတယ္ ” လို႔လည္း ေျပာခဲ့ပါတယ္။

ဒါေပမယ့္လည္း Liam ဟာ သူ႔ရဲ႕အသက္အ႐ြယ္အရ အက္ရွင္ကားေတြ ႐ိုက္ကူးဖို႔ လိုအပ္တဲ့ သက္လုံမရွိေတာ့ပါဘူး။ ႐ိုက္ကြင္းေတြေပၚမွာလည္း ႐ိုက္ကူးေရးၿပီးသြားရင္ အလြန္ေမာပန္းေနတတ္ပါတယ္။ ဒါေၾကာင့္ပဲ အခုလို အက္ရွင္ကားေတြ ႐ိုက္ကူးရာက ရပ္နားဖို႔ ဆုံးျဖတ္ခ်က္ ခ်လိုက္တာပါလို႔လည္း သိရပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular