HomeEntertainmentFilmLoki အပိုင်း(၂)ထဲက စိတ်ဝင်စားစရာအချက်များနဲ့ Easter Egg များ

Loki အပိုင်း(၂)ထဲက စိတ်ဝင်စားစရာအချက်များနဲ့ Easter Egg များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

******Spoiler Alert******

Disney+ က ထုတ်လွှင့်နေတဲ့ တတိယမြောက် Marvel ဇာတ်လမ်းတွဲဖြစ်တဲ့ Loki ဟာ မကြာသေးခင်ကပဲ အပိုင်း(၂) ထွက်ရှိလာခဲ့ပါတယ်။ အပိုင်း(၁)တုန်းကတော့ Avengers တွေ လက်ထဲက လွတ်မြောက်လာခဲ့တဲ့ Loki ဟာ TVA ရဲ့ ဖမ်းဆီးမှုကို ခံလိုက်ရပါတယ်။ အဲ့ဒီနောက်မှာတော့ အေးဂျင့် Mobius ဟာ TVA အေးဂျင့်ကို တိုက်ခိုက်နေတဲ့ Loki ကို ဖမ်းဆီးနိုင်ဖို့အတွက် ၂၀၁၂ ခုနှစ် Loki နဲ့ အပေးအယူ လုပ်ခဲ့ပါတယ်။ အပိုင်း(၂)ထဲမှာတော့ TVA တွေ လိုက်လံရှာဖွေနေတဲ့ Loki ဟာ Lady Loki ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ ဒါတင်မကသေးဘဲ တခြားစိတ်ဝင်စားစရာ အချက်တွေနဲ့ Easter Egg တွေကိုတော့ အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

(1) Wisconsin ပြည်နယ်၊ Oshkosh မြို့
photo via screenrant

အပိုင်း(၂)ကတော့ ၁၉၈၀ ခုနှစ်အကျော်က Wisconsin ပြည်နယ်၊ Oshkosh မြို့က ဇာတ်ဝင်ခန်းတချို့ကို ပြသရင်း စတင်ခဲ့ပါတယ်။ ဒါကတော့ ကြုံရာကျပန်း နေရာတစ်ခုကို ရွေးချယ်ထားတာ မဟုတ်ဘဲ Marvel အတွက် အရေးကြီးခဲ့သူတစ်ယောက်ကို ဂုဏ်ပြုတဲ့အနေနဲ့ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

အေးဂျင့် Mobius ရဲ့ ကောမစ်ထဲက မူလဒီဇိုင်းဟာ Mark Gruenwald ကို အခြေခံပြီး ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ Mark Gruenwald ကတော့ Us Agent နဲ့ Crossbones တို့ကို ဖန်တီးသူ ဖြစ်ပြီး Marvel အတွက် ကောမစ်ပေါင်းများစွာကို ဖန်တီးပေးခဲ့သူလည်း ဖြစ်ပါတယ်။ Mark ရဲ့ မွေးရပ်မြေကတော့ အဲ့ဒီဇာတ်ဝင်ခန်းထဲမှာ မြင်တွေ့ခဲ့ရတဲ့ Wisconsin ပြည်နယ်၊ Oshkosh မြို့ပဲ ဖြစ်ပါတယ်။

(2) Frost Giant Loki
photo via screenrant

Lady Loki နောက်ကိုလိုက်ဖို့ ပြင်ဆင်နေတဲ့ အချိန်မှာတော့ အေးဂျင့် Mobius ဟာ သူတို့ ကြုံတွေ့ခဲ့ဖူးတဲ့ အချိန်ကွဲ Loki တွေကို မြန်မြန်ဆန်ဆန်ပဲ ပြသသွားပါတယ်။ ဒါ့အပြင် များစွာသော Loki တွေဟာ Time-Keeper တွေ သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း မဟုတ်ဘဲ ခွဲထွက်ခဲ့တယ်လို့လည်း သိရပါတယ်။ ပထမဆုံး တွေ့ရတဲ့ အချိန်ကွဲ Loki ကတော့ သူ့ရဲ့ True Form ဖြစ်တဲ့ အပြာရောင်အသားအရည်နဲ့ Frost Giant ပုံစံ မြင်တွေ့ရပါတယ်။ ဒါကြောင့်ပဲ အဲ့ဒီအချိန်ကွဲ Loki ကတော့ သူ့ကိုယ်သူ Frost Giant ဆိုတာကို လက်ခံထားပုံ ရပါတယ်။

(3) Viking Loki
photo via screenrant

အပေါ်မှာ ဖော်ပြခဲ့သလိုပဲ အေးဂျင့် Mobius ဟာ အချိန်ကွဲ Loki တွေများစွာကို ပြသခဲ့ပြီး နောက်ဆုံးမှာတော့ Viking Loki ကို မြင်တွေ့ခဲ့ရပါတယ်။ အေးဂျင့် Mobius ပြသခဲ့တဲ့ အချိန်ကွဲ Loki တွေ အားလုံးထဲမှာမှ Viking Loki တစ်ယောက်ပဲ ကောမစ်ထဲမှာ ပါဝင်ပါတယ်။ Viking Loki ကိုတော့ Mighty Thor ကောမစ်ရဲ့ Vol. 3 ထဲမှာ မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီကောမစ်ထဲမှာတော့ ဇာတ်ကောင်တွေဟာ Viking ခေတ်က စတိုင်လ်မျိူးတွေ ဖြစ်ပြီး ခေါင်းစွပ်တွေနဲ့ တိရစ္ဆာန်သားရေတွေ ခြုံထားပါတယ်။

(4) Kang the Conqueror
photo via screenrant

Time-Keeper သုံးယောက်ရဲ့ မျက်နှာတွေကို စတင်မြင်တွေ့ခဲ့ရတဲ့ အချိန်ကစပြီး အလယ်ကတစ်ယောက်ဟာ Kang the Conqueror နဲ့ ဆင်တူတယ်လို့ ပရိသတ်တွေက ယူဆခဲ့ကြပါတယ်။ အပိုင်း(၂)ထဲမှာတော့ ပရိသတ်တွေအတွက် ဒီသီအိုရီဟာ ပိုမိုခိုင်မာလာခဲ့ပါတယ်။

အကြောင်းကတော့ Renslayer ရဲ့ ရုံးခန်းအလယ်က ရုပ်တုဟာ Kang နဲ့ အတော်လေး ဆင်တူနေလို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Renslayer နဲ့ Mobius တို့ရဲ့ ဒိုင်ယာလော့ခ်တွေအရဆိုရင် Renslayer ဟာ Time-Keeper တွေနဲ့ ထိတွေ့ဖူးခဲ့တဲ့ လူနည်းစုထဲကတစ်ယောက်လို့ သိရပါတယ်။ ကောမစ်ထဲမှာဆိုရင်တော့ Renslayer ဟာ Kang နဲ့ ရိုမန့်တစ်ဆန်ဆန် ဆက်ဆံရေးတွေ ရှိခဲ့ဖူးပါတယ်။ ဒီအချက်ကတော့ လောလောဆယ်မှာ သီအိုရီသက်သက်ပဲ ဖြစ်ပြီး အတည်ပြုထားတွေ မရှိသေးပါဘူး။

(5) 372
photo via screenrant

Mobius ဟာ ဖိုင်တွေထဲမှာ အသုံးဝင်မယ့်အချက် ရှိမလားဆိုပြီး Loki ကို ရှာဖွေခိုင်းတဲ့ အခန်းမှာတော့ အနောက်မှာ 372 ဆိုတဲ့ နံပါတ်တစ်ခုကို တွေ့ရပါတယ်။ အဲ့ဒီနံပါတ်ကတော့ ၁၉၈၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Mighty Thor ကောမစ်ကို ရည်ညွှန်းထားတာ ဖြစ်ပါတယ်။ အဲ့ဒီကောမစ်ထဲမှာတော့ TVA အေးဂျင့်ဖြစ်သူ Justice Peace က အဓိကကျတဲ့နေရာမှာ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် ကောမစ်တွေရဲ့ မျက်နှာဖုံးမှာ TVA အေးဂျင့်တွေ ပါဝင်လေ့ မရှိပေမယ့်လည်း အဆိုပါကောမစ်ရဲ့ မျက်နှာဖုံးမှာတော့ Justice Peace ပါဝင်ခဲ့ပါတယ်။

(6) Monster Inc.
photo via screenrant

Loki ဟာ TVA က လိုက်ဖမ်းနေတဲ့ အချိန်ကွဲကို ခြေရာခံဖို့အတွက် လိုအပ်မယ်ထင်တဲ့ ဖိုင်တွေနဲ့ TVA ရဲ့ ဖန်တီးမှုတွေအကြောင်း ပါဝင်တဲ့ ဖိုင်တွေကို တောင်းဆိုတဲ့ ဇာတ်ဝင်ခန်းကို မှတ်မိဦးမယ် ထင်ပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းထဲမှာတော့ မျက်နှာသေကြီးနဲ့ အမျိူးသမီးတစ်ယောက်ကို မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီဇာတ်ကောင်ရဲ့ ပုံစံဟာ မတော်တဆပဲဖြစ်ဖြစ်၊ တမင်ပဲဖြစ်ဖြစ် Monster Inc. ထဲက Roz ဆိုတဲ့ ဇာတ်ကောင်နဲ့ ဆင်တူနေပါတယ်။ သူမရဲ့ စကားပြောပုံဆိုပုံတွေနဲ့ မျက်မှန်ကအစ Roz နဲ့ ဆင်တူနေပြီး Roz ရဲ့ လူသားဗားရှင်းလို့တောင် ပြောလို့ရပါတယ်။

(7) Ragnarok
photo via screenrant

Loki ဟာ သူ ရရှိလာတဲ့ ဖိုင်ထဲမှာ Asgard တိုင်းပြည်ကြီးရဲ့ ပျက်စီးမှုဖြစ်တဲ့ Ragnarok ကို တွေ့ရှိသွားပါတယ်။ အဲ့ဒီဖိုင်ကတော့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Thor: Ragnarok ကို ဖော်ပြထားတာ ဖြစ်ပြီး ဖိုင်နာမည်ကိုလည်း Ragnarok လို့ ဖော်ပြထားပါတယ်။ ဒီဖိုင်ထဲမှာတော့ အဲ့ဒီကမ္ဘာပျက်ကိန်းကြောင့် လူပေါင်း(၁၀,၀၀၀)ခန့် သေဆုံးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ ဒါ့အပြင် TVA မှာ ဒီဖိုင် ရှိနေခြင်းကြောင့် Asgard ကြီးရဲ့ ပျက်စီးမှုဟာ Time-Keeper တွေရဲ့ Sacred Timeline ထဲမှာ ပါဝင်နေကြောင်း Loki သိသွားပါတယ်။

(8) Revengers
photo via screenrant

Ragnarok ဖိုင်ထဲမှာ ပါဝင်နေတဲ့ နောက်ထပ် စိတ်ဝင်စားစရာ တစ်ချက်ကတော့ Revengers ဆိုတဲ့ codename ပဲ ဖြစ်ပါတယ်။ အဲ့ဒီ codename ကတော့ Sakaar ဂြိုဟ်က လွတ်မြောက်ဖို့နဲ့ Hela ကို အနိုင်ယူဖို့အတွက် သူ အပါအဝင် Loki ၊ Bruce Banner နဲ့ Valkyrie တို့ကို ကိုယ်စားပြုတဲ့ နာမည်အဖြစ် Thor က စဉ်းစားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနာမည်ကိုတော့ TVA ရဲ့ ဖိုင်ထဲမှာ တရားဝင် codename အဖြစ် ထည့်သွင်းထားတာကို မြင်တွေ့ခဲ့ရပါတယ်။

(9) Boku Juice
photo via screenrant

Loki ဇာတ်လမ်းတွဲထဲမှာတော့ အခုခေတ်မှာ မရရှိနိုင်တော့တဲ့ အချိုရည်တံဆိပ်တွေကို သောက်သုံးနေကြတာ မြင်တွေ့ရပါတယ်။ အပိုင်း(၁)ထဲမှာဆိုရင် Mobius ဟာ Josta အချိုရည် သောက်နေတာကို မြင်တွေ့ခဲ့ရပြီး အပိုင်း(၂)ထဲမှာလည်း အလားတူပဲ တွေ့ခဲ့ရပါသေးတယ်။ ဒါတင်မက Loki ဟာ Ragnarok ကို ရှင်းပြနေတဲ့အချိန်မှာ Casey သောက်နေတဲ့ အချိုရည်ဘူးကို သွားယူခဲ့ပါတယ်။ အဲ့ဒီအချိုရည်ကတော့ Boku လို့ခေါ်ပြီး အမေရိကန်နိုင်ငံမှာ ၁၉၉၀ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိ ထွက်ရှိခဲ့တဲ့ အချိုရည် brand တစ်ခုပဲ ဖြစ်ပါတယ်။

(10) စင်းလုံးချောပြည့်စုံသူဆိုတာ မရှိဘူးဆိုတဲ့ Loki
photo via screenrant

Mobius နဲ့ စကားပြောနေတဲ့အချိန်မှာ Loki ဟာ “ဘယ်သူမှ အမြဲတမ်း ကောင်းမနေသလို ဘယ်သူမှလည်း အမြဲတမ်း ဆိုးမနေဘူး … ” လို့ ပြောလိုက်ပါတယ်။ ဒီစကားကတော့ MCU ထဲက ဇာတ်ကောင်တချို့ကို ရည်ညွှန်းတာ ဖြစ်နိုင်ပေမယ့်လည်း ၂၀၁၂ Loki အတွက်တော့ Odin ကို ရည်ညွှန်းတာ ပိုဖြစ်နိုင်ပါတယ်။ သမိုင်းထဲမှာတော့ Odin ဟာ ကိုယ်ကျင့်သိက္ခာနဲ့ ပြည့်စုံလွန်းသူတစ်ယောက်အနေနဲ့ ဖော်ပြခဲ့ကြပေမယ့်လည်း Loki ကတော့ Odin လိမ်ထားတဲ့ အချက်တွေကို သိရှိထားတာကြောင့် ဖြစ်ပါတယ်။

(11) Roxxon
photo via screenrant

TVA အေးဂျင့်တွေနဲ့ ၂၀၁၂ Loki ဟာ အချိန်ကွဲ Loki ကို ဖမ်းဆီးဖို့အတွက် သိပ်မဝေးကွာတဲ့ အနာဂတ်တစ်ခုကို ရောက်သွားပါတယ်။ အဲ့ဒီအချိန်မှာတော့ အချိန်ကွဲ Loki ရှိနေတဲ့ နေရာဟာ Roxxcart လို့ခေါ်တဲ့ shopping mall တစ်ခု ဖြစ်နေတာကို တွေ့ရပါတယ်။ ကောမစ်ထဲမှာတော့ Roxxon ဆိုတဲ့ Energy Corporation တစ်ခု ရှိပြီး အဲ့ဒီ Corporation ဟာ တရားမဝင်မှုတွေနဲ့ မကောင်းမှုများစွာကို ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် MCU ထဲမှာ Roxxon ရှိနေတယ်ဆိုတာကို Iron Man ရုပ်ရှင်တွေမှာကတည်းက အတည်ပြုခဲ့ပြီးပြီ ဖြစ်ပါတယ်။ အခုချိန်ထိတော့ Roxxon ဟာ ဘယ်ဇာတ်လမ်းမှာမှ အဓိကကျတဲ့နေရာမှာ မပါဝင်သေးပေမယ့်လည်း အနာဂတ်မှာ ထွက်ရှိလာမယ့် ဇာတ်လမ်းတွေမှာတော့ ပါဝင်လာနိုင်ပါတယ်။

(12) ယခင်က မြင်ခဲ့ဖူးတဲ့ ဇာတ်ဝင်ခန်း
photo via screenrant

Roxxcart ထဲမှာတော့ TVA က လိုက်လံဖမ်းဆီးနေတဲ့ အချိန်ကွဲ Loki ရဲ့ စိတ်ထိန်းချုပ်ခံထားရသူတွေနဲ့ ၂၀၁၂ Loki တို့ တိုက်ခိုက်တဲ့အချိန်မှာတော့ ပရိသတ်တွေ ယခင်က မြင်တွေ့ခဲ့ဖူးတဲ့ ဇာတ်ဝင်ခန်းတစ်ခုကို တစ်ခါပြန် မြင်တွေ့ခဲ့ရပါတယ်။ Thor: Ragnarok ဇာတ်ကားမှာတုန်းက Doctor Strange ဟာ သူ့ရဲ့မှော်ပညာနဲ့ Loki ကို နေရာအလွတ်ကြီးထဲမှာ မိနစ်သုံးဆယ်ကြာလောက် ပြုတ်ကျနေအောင် ပြုလုပ်ခဲ့ဖူးပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာလည်း အချိန်ကွဲ Loki စိတ်ထိန်းချုပ်ထားသူနဲ့ တိုက်ခိုက်တဲ့အချိန်မှာတော့ အတော်လေး ဆင်တူတဲ့ ဇာတ်ဝင်ခန်းကို ထပ်မံ တွေ့မြင်ခဲ့ရပါတယ်။

(13) Lady Loki
photo via screenrant

အပိုင်း(၂)ရဲ့ အဆုံးသတ်နားမှာတော့ TVA က လိုက်လံဖမ်းဆီးနေတဲ့ အချိန်ကွဲ Loki ဟာ Lady Loki ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ Lady Loki နေရာမှာတော့ Sophia Di Martino က သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် လောလောဆယ်မှာ ဖြစ်ပေါ်နေတဲ့ သီအိုရီတွေအရ ဒီဇာတ်ကောင်ဟာ Lady Loki မဟုတ်ဘဲ Marvel ကောမစ်ထဲက Enchantress သာ ဖြစ်တယ်လို့လည်း သတင်းထွက်နေပါတယ်။ ဒီအကြောင်းကိုတော့ ကျွန်တော်တို့ page မှာပဲ တင်ပေးခဲ့ပြီးပါပြီ။

(14) ခွဲထွက်သွားသော Timeline များ
photo via screenrant

Lady Loki ဟာ TVA အေးဂျင့်တွေဆီက ခိုးယူသွားတဲ့ ဗုံးတွေကို ဖောက်ကွဲလိုက်တဲ့ အချိန်မှာတော့ Sacred Timeline ကြီးကနေ တခြား Timeline တွေများစွာ ကွဲထွက်သွားတာကို တွေ့ရပါတယ်။ ဒီလိုမျိူး Timeline ကွဲထွက်သွားတဲ့ နေရာတွေထဲမှာ ပရိသတ်တွေနဲ့ ရင်းနှီးတဲ့ နေရာတွေ ပါဝင်ခဲ့ပါတယ်။ အဲ့ဒီနေရာတွေကတော့ Soul Stone တည်ရှိနေတဲ့ Vormir ဂြိုဟ်၊ Asgard ၊ Thanos ရဲ့ မွေးရပ်မြေဖြစ်တဲ့ Titan ဂြိုဟ်၊ Nova Corp တွေရဲ့ ဂြိုဟ်ဖြစ်တဲ့ Xandar ၊ Ego the Living Planet ၊ Thor: Ragnarok ထဲက Sakaar ဂြိုဟ်နဲ့ Kree တွေရဲ့ Hala ဂြိုဟ်တို့ပဲ ဖြစ်ပါတယ်။

ဒါကတော့ Loki ဇာတ်လမ်းတွဲ အပိုင်း(၂)နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာအချက်ကလေးတွေ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်တယ်ဆိုရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ထားပေးပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

******Spoiler Alert******

Disney+ က ထုတ္လႊင့္ေနတဲ့ တတိယေျမာက္ Marvel ဇာတ္လမ္းတြဲျဖစ္တဲ့ Loki ဟာ မၾကာေသးခင္ကပဲ အပိုင္း(၂) ထြက္ရွိလာခဲ့ပါတယ္။ အပိုင္း(၁)တုန္းကေတာ့ Avengers ေတြ လက္ထဲက လြတ္ေျမာက္လာခဲ့တဲ့ Loki ဟာ TVA ရဲ႕ ဖမ္းဆီးမႈကို ခံလိုက္ရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ေအးဂ်င့္ Mobius ဟာ TVA ေအးဂ်င့္ကို တိုက္ခိုက္ေနတဲ့ Loki ကို ဖမ္းဆီးႏိုင္ဖို႔အတြက္ ၂၀၁၂ ခုႏွစ္ Loki နဲ႔ အေပးအယူ လုပ္ခဲ့ပါတယ္။ အပိုင္း(၂)ထဲမွာေတာ့ TVA ေတြ လိုက္လံရွာေဖြေနတဲ့ Loki ဟာ Lady Loki ျဖစ္ေနတာကို ေတြ႕ခဲ့ရပါတယ္။ ဒါတင္မကေသးဘဲ တျခားစိတ္ဝင္စားစရာ အခ်က္ေတြနဲ႔ Easter Egg ေတြကိုေတာ့ ေအာက္မွာ ဆက္လက္ဖတ္ရႈႏိုင္ပါတယ္။

(1) Wisconsin ျပည္နယ္၊ Oshkosh ၿမိဳ႕
photo via screenrant

အပိုင္း(၂)ကေတာ့ ၁၉၈၀ ခုႏွစ္အေက်ာ္က Wisconsin ျပည္နယ္၊ Oshkosh ၿမိဳ႕က ဇာတ္ဝင္ခန္းတခ်ိဳ႕ကို ျပသရင္း စတင္ခဲ့ပါတယ္။ ဒါကေတာ့ ႀကဳံရာက်ပန္း ေနရာတစ္ခုကို ေ႐ြးခ်ယ္ထားတာ မဟုတ္ဘဲ Marvel အတြက္ အေရးႀကီးခဲ့သူတစ္ေယာက္ကို ဂုဏ္ျပဳတဲ့အေနနဲ႔ ထည့္သြင္းထားတာ ျဖစ္ပါတယ္။

ေအးဂ်င့္ Mobius ရဲ႕ ေကာမစ္ထဲက မူလဒီဇိုင္းဟာ Mark Gruenwald ကို အေျခခံၿပီး ဖန္တီးခဲ့တာ ျဖစ္ပါတယ္။ Mark Gruenwald ကေတာ့ Us Agent နဲ႔ Crossbones တို႔ကို ဖန္တီးသူ ျဖစ္ၿပီး Marvel အတြက္ ေကာမစ္ေပါင္းမ်ားစြာကို ဖန္တီးေပးခဲ့သူလည္း ျဖစ္ပါတယ္။ Mark ရဲ႕ ေမြးရပ္ေျမကေတာ့ အဲ့ဒီဇာတ္ဝင္ခန္းထဲမွာ ျမင္ေတြ႕ခဲ့ရတဲ့ Wisconsin ျပည္နယ္၊ Oshkosh ၿမိဳ႕ပဲ ျဖစ္ပါတယ္။

(2) Frost Giant Loki
photo via screenrant

Lady Loki ေနာက္ကိုလိုက္ဖို႔ ျပင္ဆင္ေနတဲ့ အခ်ိန္မွာေတာ့ ေအးဂ်င့္ Mobius ဟာ သူတို႔ ႀကဳံေတြ႕ခဲ့ဖူးတဲ့ အခ်ိန္ကြဲ Loki ေတြကို ျမန္ျမန္ဆန္ဆန္ပဲ ျပသသြားပါတယ္။ ဒါ့အျပင္ မ်ားစြာေသာ Loki ေတြဟာ Time-Keeper ေတြ သတ္မွတ္ထားတဲ့ လမ္းေၾကာင္းအတိုင္း မဟုတ္ဘဲ ခြဲထြက္ခဲ့တယ္လို႔လည္း သိရပါတယ္။ ပထမဆုံး ေတြ႕ရတဲ့ အခ်ိန္ကြဲ Loki ကေတာ့ သူ႔ရဲ႕ True Form ျဖစ္တဲ့ အျပာေရာင္အသားအရည္နဲ႔ Frost Giant ပုံစံ ျမင္ေတြ႕ရပါတယ္။ ဒါေၾကာင့္ပဲ အဲ့ဒီအခ်ိန္ကြဲ Loki ကေတာ့ သူ႔ကိုယ္သူ Frost Giant ဆိုတာကို လက္ခံထားပုံ ရပါတယ္။

(3) Viking Loki
photo via screenrant

အေပၚမွာ ေဖာ္ျပခဲ့သလိုပဲ ေအးဂ်င့္ Mobius ဟာ အခ်ိန္ကြဲ Loki ေတြမ်ားစြာကို ျပသခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ Viking Loki ကို ျမင္ေတြ႕ခဲ့ရပါတယ္။ ေအးဂ်င့္ Mobius ျပသခဲ့တဲ့ အခ်ိန္ကြဲ Loki ေတြ အားလုံးထဲမွာမွ Viking Loki တစ္ေယာက္ပဲ ေကာမစ္ထဲမွာ ပါဝင္ပါတယ္။ Viking Loki ကိုေတာ့ Mighty Thor ေကာမစ္ရဲ႕ Vol. 3 ထဲမွာ ျမင္ေတြ႕ခဲ့ရပါတယ္။ အဲ့ဒီေကာမစ္ထဲမွာေတာ့ ဇာတ္ေကာင္ေတြဟာ Viking ေခတ္က စတိုင္လ္မ်ိဴးေတြ ျဖစ္ၿပီး ေခါင္းစြပ္ေတြနဲ႔ တိရစာၦန္သားေရေတြ ၿခဳံထားပါတယ္။

(4) Kang the Conqueror
photo via screenrant

Time-Keeper သုံးေယာက္ရဲ႕ မ်က္ႏွာေတြကို စတင္ျမင္ေတြ႕ခဲ့ရတဲ့ အခ်ိန္ကစၿပီး အလယ္ကတစ္ေယာက္ဟာ Kang the Conqueror နဲ႔ ဆင္တူတယ္လို႔ ပရိသတ္ေတြက ယူဆခဲ့ၾကပါတယ္။ အပိုင္း(၂)ထဲမွာေတာ့ ပရိသတ္ေတြအတြက္ ဒီသီအိုရီဟာ ပိုမိုခိုင္မာလာခဲ့ပါတယ္။

အေၾကာင္းကေတာ့ Renslayer ရဲ႕ ႐ုံးခန္းအလယ္က ႐ုပ္တုဟာ Kang နဲ႔ အေတာ္ေလး ဆင္တူေနလို႔ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ Renslayer နဲ႔ Mobius တို႔ရဲ႕ ဒိုင္ယာေလာ့ခ္ေတြအရဆိုရင္ Renslayer ဟာ Time-Keeper ေတြနဲ႔ ထိေတြ႕ဖူးခဲ့တဲ့ လူနည္းစုထဲကတစ္ေယာက္လို႔ သိရပါတယ္။ ေကာမစ္ထဲမွာဆိုရင္ေတာ့ Renslayer ဟာ Kang နဲ႔ ႐ိုမန္႔တစ္ဆန္ဆန္ ဆက္ဆံေရးေတြ ရွိခဲ့ဖူးပါတယ္။ ဒီအခ်က္ကေတာ့ ေလာေလာဆယ္မွာ သီအိုရီသက္သက္ပဲ ျဖစ္ၿပီး အတည္ျပဳထားေတြ မရွိေသးပါဘူး။

(5) 372
photo via screenrant

Mobius ဟာ ဖိုင္ေတြထဲမွာ အသုံးဝင္မယ့္အခ်က္ ရွိမလားဆိုၿပီး Loki ကို ရွာေဖြခိုင္းတဲ့ အခန္းမွာေတာ့ အေနာက္မွာ 372 ဆိုတဲ့ နံပါတ္တစ္ခုကို ေတြ႕ရပါတယ္။ အဲ့ဒီနံပါတ္ကေတာ့ ၁၉၈၆ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ The Mighty Thor ေကာမစ္ကို ရည္ၫႊန္းထားတာ ျဖစ္ပါတယ္။ အဲ့ဒီေကာမစ္ထဲမွာေတာ့ TVA ေအးဂ်င့္ျဖစ္သူ Justice Peace က အဓိကက်တဲ့ေနရာမွာ ပါဝင္ခဲ့ပါတယ္။ ဒါ့အျပင္ ေကာမစ္ေတြရဲ႕ မ်က္ႏွာဖုံးမွာ TVA ေအးဂ်င့္ေတြ ပါဝင္ေလ့ မရွိေပမယ့္လည္း အဆိုပါေကာမစ္ရဲ႕ မ်က္ႏွာဖုံးမွာေတာ့ Justice Peace ပါဝင္ခဲ့ပါတယ္။

(6) Monster Inc.
photo via screenrant

Loki ဟာ TVA က လိုက္ဖမ္းေနတဲ့ အခ်ိန္ကြဲကို ေျခရာခံဖို႔အတြက္ လိုအပ္မယ္ထင္တဲ့ ဖိုင္ေတြနဲ႔ TVA ရဲ႕ ဖန္တီးမႈေတြအေၾကာင္း ပါဝင္တဲ့ ဖိုင္ေတြကို ေတာင္းဆိုတဲ့ ဇာတ္ဝင္ခန္းကို မွတ္မိဦးမယ္ ထင္ပါတယ္။ အဲ့ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ မ်က္ႏွာေသႀကီးနဲ႔ အမ်ိဴးသမီးတစ္ေယာက္ကို ျမင္ေတြ႕ခဲ့ရပါတယ္။ အဲ့ဒီဇာတ္ေကာင္ရဲ႕ ပုံစံဟာ မေတာ္တဆပဲျဖစ္ျဖစ္၊ တမင္ပဲျဖစ္ျဖစ္ Monster Inc. ထဲက Roz ဆိုတဲ့ ဇာတ္ေကာင္နဲ႔ ဆင္တူေနပါတယ္။ သူမရဲ႕ စကားေျပာပုံဆိုပုံေတြနဲ႔ မ်က္မွန္ကအစ Roz နဲ႔ ဆင္တူေနၿပီး Roz ရဲ႕ လူသားဗားရွင္းလို႔ေတာင္ ေျပာလို႔ရပါတယ္။

(7) Ragnarok
photo via screenrant

Loki ဟာ သူ ရရွိလာတဲ့ ဖိုင္ထဲမွာ Asgard တိုင္းျပည္ႀကီးရဲ႕ ပ်က္စီးမႈျဖစ္တဲ့ Ragnarok ကို ေတြ႕ရွိသြားပါတယ္။ အဲ့ဒီဖိုင္ကေတာ့ ၂၀၁၇ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Thor: Ragnarok ကို ေဖာ္ျပထားတာ ျဖစ္ၿပီး ဖိုင္နာမည္ကိုလည္း Ragnarok လို႔ ေဖာ္ျပထားပါတယ္။ ဒီဖိုင္ထဲမွာေတာ့ အဲ့ဒီကမာၻပ်က္ကိန္းေၾကာင့္ လူေပါင္း(၁၀,၀၀၀)ခန႔္ ေသဆုံးခဲ့တယ္လို႔လည္း ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ TVA မွာ ဒီဖိုင္ ရွိေနျခင္းေၾကာင့္ Asgard ႀကီးရဲ႕ ပ်က္စီးမႈဟာ Time-Keeper ေတြရဲ႕ Sacred Timeline ထဲမွာ ပါဝင္ေနေၾကာင္း Loki သိသြားပါတယ္။

(8) Revengers
photo via screenrant

Ragnarok ဖိုင္ထဲမွာ ပါဝင္ေနတဲ့ ေနာက္ထပ္ စိတ္ဝင္စားစရာ တစ္ခ်က္ကေတာ့ Revengers ဆိုတဲ့ codename ပဲ ျဖစ္ပါတယ္။ အဲ့ဒီ codename ကေတာ့ Sakaar ၿဂိဳဟ္က လြတ္ေျမာက္ဖို႔နဲ႔ Hela ကို အႏိုင္ယူဖို႔အတြက္ သူ အပါအဝင္ Loki ၊ Bruce Banner နဲ႔ Valkyrie တို႔ကို ကိုယ္စားျပဳတဲ့ နာမည္အျဖစ္ Thor က စဥ္းစားခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီနာမည္ကိုေတာ့ TVA ရဲ႕ ဖိုင္ထဲမွာ တရားဝင္ codename အျဖစ္ ထည့္သြင္းထားတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

(9) Boku Juice
photo via screenrant

Loki ဇာတ္လမ္းတြဲထဲမွာေတာ့ အခုေခတ္မွာ မရရွိႏိုင္ေတာ့တဲ့ အခ်ိဳရည္တံဆိပ္ေတြကို ေသာက္သုံးေနၾကတာ ျမင္ေတြ႕ရပါတယ္။ အပိုင္း(၁)ထဲမွာဆိုရင္ Mobius ဟာ Josta အခ်ိဳရည္ ေသာက္ေနတာကို ျမင္ေတြ႕ခဲ့ရၿပီး အပိုင္း(၂)ထဲမွာလည္း အလားတူပဲ ေတြ႕ခဲ့ရပါေသးတယ္။ ဒါတင္မက Loki ဟာ Ragnarok ကို ရွင္းျပေနတဲ့အခ်ိန္မွာ Casey ေသာက္ေနတဲ့ အခ်ိဳရည္ဘူးကို သြားယူခဲ့ပါတယ္။ အဲ့ဒီအခ်ိဳရည္ကေတာ့ Boku လို႔ေခၚၿပီး အေမရိကန္ႏိုင္ငံမွာ ၁၉၉၀ ခုႏွစ္ကေန ၂၀၀၃ ခုႏွစ္အထိ ထြက္ရွိခဲ့တဲ့ အခ်ိဳရည္ brand တစ္ခုပဲ ျဖစ္ပါတယ္။

(10) စင္းလုံးေခ်ာျပည့္စုံသူဆိုတာ မရွိဘူးဆိုတဲ့ Loki
photo via screenrant

Mobius နဲ႔ စကားေျပာေနတဲ့အခ်ိန္မွာ Loki ဟာ “ဘယ္သူမွ အၿမဲတမ္း ေကာင္းမေနသလို ဘယ္သူမွလည္း အၿမဲတမ္း ဆိုးမေနဘူး … ” လို႔ ေျပာလိုက္ပါတယ္။ ဒီစကားကေတာ့ MCU ထဲက ဇာတ္ေကာင္တခ်ိဳ႕ကို ရည္ၫႊန္းတာ ျဖစ္ႏိုင္ေပမယ့္လည္း ၂၀၁၂ Loki အတြက္ေတာ့ Odin ကို ရည္ၫႊန္းတာ ပိုျဖစ္ႏိုင္ပါတယ္။ သမိုင္းထဲမွာေတာ့ Odin ဟာ ကိုယ္က်င့္သိကၡာနဲ႔ ျပည့္စုံလြန္းသူတစ္ေယာက္အေနနဲ႔ ေဖာ္ျပခဲ့ၾကေပမယ့္လည္း Loki ကေတာ့ Odin လိမ္ထားတဲ့ အခ်က္ေတြကို သိရွိထားတာေၾကာင့္ ျဖစ္ပါတယ္။

(11) Roxxon
photo via screenrant

TVA ေအးဂ်င့္ေတြနဲ႔ ၂၀၁၂ Loki ဟာ အခ်ိန္ကြဲ Loki ကို ဖမ္းဆီးဖို႔အတြက္ သိပ္မေဝးကြာတဲ့ အနာဂတ္တစ္ခုကို ေရာက္သြားပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ အခ်ိန္ကြဲ Loki ရွိေနတဲ့ ေနရာဟာ Roxxcart လို႔ေခၚတဲ့ shopping mall တစ္ခု ျဖစ္ေနတာကို ေတြ႕ရပါတယ္။ ေကာမစ္ထဲမွာေတာ့ Roxxon ဆိုတဲ့ Energy Corporation တစ္ခု ရွိၿပီး အဲ့ဒီ Corporation ဟာ တရားမဝင္မႈေတြနဲ႔ မေကာင္းမႈမ်ားစြာကို ျပဳလုပ္ခဲ့ပါတယ္။ ဒါ့အျပင္ MCU ထဲမွာ Roxxon ရွိေနတယ္ဆိုတာကို Iron Man ႐ုပ္ရွင္ေတြမွာကတည္းက အတည္ျပဳခဲ့ၿပီးၿပီ ျဖစ္ပါတယ္။ အခုခ်ိန္ထိေတာ့ Roxxon ဟာ ဘယ္ဇာတ္လမ္းမွာမွ အဓိကက်တဲ့ေနရာမွာ မပါဝင္ေသးေပမယ့္လည္း အနာဂတ္မွာ ထြက္ရွိလာမယ့္ ဇာတ္လမ္းေတြမွာေတာ့ ပါဝင္လာႏိုင္ပါတယ္။

(12) ယခင္က ျမင္ခဲ့ဖူးတဲ့ ဇာတ္ဝင္ခန္း
photo via screenrant

Roxxcart ထဲမွာေတာ့ TVA က လိုက္လံဖမ္းဆီးေနတဲ့ အခ်ိန္ကြဲ Loki ရဲ႕ စိတ္ထိန္းခ်ဳပ္ခံထားရသူေတြနဲ႔ ၂၀၁၂ Loki တို႔ တိုက္ခိုက္တဲ့အခ်ိန္မွာေတာ့ ပရိသတ္ေတြ ယခင္က ျမင္ေတြ႕ခဲ့ဖူးတဲ့ ဇာတ္ဝင္ခန္းတစ္ခုကို တစ္ခါျပန္ ျမင္ေတြ႕ခဲ့ရပါတယ္။ Thor: Ragnarok ဇာတ္ကားမွာတုန္းက Doctor Strange ဟာ သူ႔ရဲ႕ေမွာ္ပညာနဲ႔ Loki ကို ေနရာအလြတ္ႀကီးထဲမွာ မိနစ္သုံးဆယ္ၾကာေလာက္ ျပဳတ္က်ေနေအာင္ ျပဳလုပ္ခဲ့ဖူးပါတယ္။ ဒီဇာတ္လမ္းတြဲထဲမွာလည္း အခ်ိန္ကြဲ Loki စိတ္ထိန္းခ်ဳပ္ထားသူနဲ႔ တိုက္ခိုက္တဲ့အခ်ိန္မွာေတာ့ အေတာ္ေလး ဆင္တူတဲ့ ဇာတ္ဝင္ခန္းကို ထပ္မံ ေတြ႕ျမင္ခဲ့ရပါတယ္။

(13) Lady Loki
photo via screenrant

အပိုင္း(၂)ရဲ႕ အဆုံးသတ္နားမွာေတာ့ TVA က လိုက္လံဖမ္းဆီးေနတဲ့ အခ်ိန္ကြဲ Loki ဟာ Lady Loki ျဖစ္ေနတာကို ေတြ႕လိုက္ရပါတယ္။ Lady Loki ေနရာမွာေတာ့ Sophia Di Martino က သ႐ုပ္ေဆာင္ထားပါတယ္။ ဒါ့အျပင္ ေလာေလာဆယ္မွာ ျဖစ္ေပၚေနတဲ့ သီအိုရီေတြအရ ဒီဇာတ္ေကာင္ဟာ Lady Loki မဟုတ္ဘဲ Marvel ေကာမစ္ထဲက Enchantress သာ ျဖစ္တယ္လို႔လည္း သတင္းထြက္ေနပါတယ္။ ဒီအေၾကာင္းကိုေတာ့ ကြၽန္ေတာ္တို႔ page မွာပဲ တင္ေပးခဲ့ၿပီးပါၿပီ။

(14) ခြဲထြက္သြားေသာ Timeline မ်ား
photo via screenrant

Lady Loki ဟာ TVA ေအးဂ်င့္ေတြဆီက ခိုးယူသြားတဲ့ ဗုံးေတြကို ေဖာက္ကြဲလိုက္တဲ့ အခ်ိန္မွာေတာ့ Sacred Timeline ႀကီးကေန တျခား Timeline ေတြမ်ားစြာ ကြဲထြက္သြားတာကို ေတြ႕ရပါတယ္။ ဒီလိုမ်ိဴး Timeline ကြဲထြက္သြားတဲ့ ေနရာေတြထဲမွာ ပရိသတ္ေတြနဲ႔ ရင္းႏွီးတဲ့ ေနရာေတြ ပါဝင္ခဲ့ပါတယ္။ အဲ့ဒီေနရာေတြကေတာ့ Soul Stone တည္ရွိေနတဲ့ Vormir ၿဂိဳဟ္၊ Asgard ၊ Thanos ရဲ႕ ေမြးရပ္ေျမျဖစ္တဲ့ Titan ၿဂိဳဟ္၊ Nova Corp ေတြရဲ႕ ၿဂိဳဟ္ျဖစ္တဲ့ Xandar ၊ Ego the Living Planet ၊ Thor: Ragnarok ထဲက Sakaar ၿဂိဳဟ္နဲ႔ Kree ေတြရဲ႕ Hala ၿဂိဳဟ္တို႔ပဲ ျဖစ္ပါတယ္။

ဒါကေတာ့ Loki ဇာတ္လမ္းတြဲ အပိုင္း(၂)နဲ႔ ပတ္သက္တဲ့ စိတ္ဝင္စားစရာအခ်က္ကေလးေတြ ျဖစ္ပါတယ္။ ဒီလိုေဆာင္းပါးေတြ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & Follow လုပ္ထားေပးပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular