HomeAnimeထူးထူးခြားခြား‌ နာမည်အရှည်ကြီးတွေ ပေးထားတဲ့ Anime ဇာတ်လမ်းတွဲများ

ထူးထူးခြားခြား‌ နာမည်အရှည်ကြီးတွေ ပေးထားတဲ့ Anime ဇာတ်လမ်းတွဲများ

Anime တွေကတော့ အမြဲတမ်း ထူးထူးခြားခြားတွေ ပြုလုပ်လေ့ရှိပါတယ်။ တချို့ Anime တွေဆိုရင် ဇာတ်လမ်းတွေကပါ ထူးခြားလွန်းလို့ ကြောင်တောင်တောင်ကြီးတောင် ဖြစ်နေတတ်ပါတယ်။ ဒါ့အပြင် ယခုနောက်ပိုင်း ထွက်ရှိလာတဲ့ Anime အများစုကတော့ တဖြည်းဖြည်းနဲ့ ရှည်လျားတဲ့ နာမည်တွေ ပေးလာတတ်ကြပါသေးတယ်။ ဒါကြောင့်ပဲ ယခုတစ်ခါမှာတော့ နာမည်အရှည်ကြီးတေွ ပေးထားတဲ့ Anime ဇာတ်လမ်းတွဲတချို့ကို ဖော်ပြပေးချင်ပါတယ်။

(7) Do You Love Your Mom and Her Two-Hit Multi Target Attack?

photo via screenrant

ဒီ Anime ကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (5.1) ရရှိထားပါတယ်။ ကိုယ့်အမေနဲ့အတူ အွန်လိုင်းဂိမ်း ဆော့ရမယ်ဆိုတဲ့ အခြေအနေဟာ လူတိုင်းအတွက် စိတ်မသက်မသာ ဖြစ်စေမှာပါ။ ဒီဇာတ်လမ်းထဲမှာတော့ Masato Oosuki ဟာ MMORPG World တစ်ခုကို ရောက်ရှိသွားပြီး သူ့ရဲ့အမေဟာလည်း သူနဲ့အတူ ပါလာခဲ့ပါတယ်။ ဒါ့အပြင် အဲဒီကမ္ဘာမှာတော့ သူ့အမေဟာ Overpower ဖြစ်နေတဲ့ ဓားသမား ဖြစ်နေပါတော့တယ်။

(6) I’ve Been Killing Slimes For 300 Years and Maxed Out My Level

photo via screenrant

ဒီ Anime ကတော့ ၂၀၂၁ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (6.3) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ကောင်မလေးတစ်ယောက်ဟာ အလုပ်အလွန်အကျွံ လုပ်မိတာကြောင့် သေဆုံးသွားပြီး မသေမျိူးစုန်းအဖြစ် ပြန်လည်ရှင်သန်လာပါတယ်။ အဲဒီနောက်မှာတော့ သူမဟာ အနီးအနားမှာရှိတဲ့ တောထဲက Slime တွေကို သတ်ပစ်ပြီး ကျလာတဲ့ Magic Stone တွေကို ရောင်းစားပစ်နေပါတယ်။ ဒီလိုနဲ့ နှစ်ပေါင်း(၃၀၀)လောက် ဖြတ်သန်းလာပြီး နောက်မှာတော့ သူမရဲ့စွမ်းအားတွေဟာ ထိပ်ဆုံးအဆင့်ကို ရောက်ရှိသွားပါတော့တယ်။

(5) World End: What Do You Do at the End of the World? Are You Busy? Will You Save Us?

photo via screenrant

ဒီ Anime ကတော့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.2) ရရှိထားပါတယ်။ ဇာတ်လမ်းကိုတော့ လူသားမျိူးနွယ်တွေဟာ မျိူးတုန်းလုနီးပါး ဖြစ်နေတဲ့ အချိန်တစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်။ အကြောင်းကတော့ အမျိူးအမည်မသိရတဲ့ သားရဲကြီးတွေဟာ လူသားတွေအားလုံးနီးပါးကို သတ်ပစ်ခဲ့တာကြောင့် ဖြစ်ပြီး လူသားတွေဟာ အဲဒီသားရဲကြီးတွေရဲ့လက်က လွတ်မြောက်ဖို့အတွက် လေပေါ်မှာ လွင့်မျောနေတဲ့ ကျွန်းတွေပေါ်မှာ နေထိုင်နေရပါတယ်။ ကျန်ရှိနေတဲ့ လူသားအနည်းငယ်ထဲကမှ တချို့ကတော့ အဲဒီသားရဲကြီးတွေကို တိုက်ခိုက်နိုင်တဲ့ လက်နက်တွေကို ကိုင်ဆောင်နိုင်စွမ်း ရှိနေပါတယ်။

(4) Is it Wrong to Try to Pick Up Girls in a Dungeon?

photo via screenrant

ဒီ Anime ကတော့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.4) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ လူတိုင်းဟာ Dungeon ထဲမှာ စွန့်စားရေးခရီးထွက်နေကြတဲ့ ကမ္ဘာတစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်။ Bell Cranel ဆိုသူကတော့ သူ့ရဲ့အသက်ကို တစ်ခါကယ်တင်ပေးဖူးတဲ့ ဓားသမားတစ်ယောက်ရဲ့ အာရုံစိုက်မှုရအောင် ကြိုးစားနေပါတယ်။ ဒါပေမယ့် Bell မသိတဲ့အချက်ကတော့ သူဟာ သူနဲ့တွေ့ခဲ့သမျှ အမျိူးသမီးအားလုံးကို ဆွဲဆောင်နိုင်တဲ့ စွမ်းရည်ရှိနေတယ်ဆိုတာပါပဲ။

(3) Bofuri: I Don’t Want to Get Hurt, So I’ll Max Out My Defense

photo via screenrant

ဒီ Anime ကတော့ ၂၀၂၀ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.5) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ကောင်မလေးတစ်ယောက်ဟာ သူငယ်ချင်းတွေရဲ့ တွန်းအားပေးမှုကြောင့် ‌ခေတ်စားနေတဲ့ VR MMO ဂိမ်းတစ်ခုကို စတင်ဆော့ကစားကြည့်လိုက်ပါတယ်။ ဒါပေမယ့်လည်း သူမဟာ နာကျင်ရတာကို မကြိုက်တာကြောင့် စလာကတည်းက ဂိမ်းဇာတ်ကောင်ရဲ့ Defense တွေကိုပဲ Upgrade တင်ခဲ့တာကြောင့် ဂိမ်းထဲမှာ သူမ ဘယ်လိုရှေ့ဆက်မလည်းဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(2) That Time I Got Reincarnated as a Slime

photo via screenrant

ဒီ Anime ကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.1) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Anime ရဲ့အမည်အတိုင်းပဲ လူလတ်ပိုင်းအရွယ် သာမန်လူတစ်ယောက်ဟာ ဓားနဲ့ထိုးခံလိုက်ရပြီး သေဆုံးသွားပါတယ်။ အဲဒီနောက်မှာတော့ စိတ်ကူးယဉ်ကမ္ဘာတစ်ခုမှာ Slime အနေနဲ့ ပြန်လည်ရှင်သန်လာပါတယ်။ ဒီမှာပဲ သူဟာ Slime တစ်ယောက်အနေနဲ့ ဒဏ္ဍာရီလာသတ္တဝါတွေ မျိူးစုံရှိနေတဲ့ စိတ်ကူးယဉ်ကမ္ဘာထဲမှာ ဘယ်လိုရှင်သန်ရမလည်းဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(1) Anohana: The Flower We Saw That Day

photo via screenrant

ဒီ Anime ကတော့ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.2) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ တစ်နေကုန် တစ်ယောက်တည်း ဂိမ်းပဲ ထိုင်ဆော့နေတတ်တဲ့ ကောင်လေးတစ်ယောက်ဟာ ဟိုးအရင်တုန်းက သေဆုံးသွားတာကြာပြီ ဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ဝိဉာဉ်ကို မြင်လိုက်ရတာက စတင်ပါတယ်။ အဲဒါကြောင့်ပဲ သူ့ရဲ့ငယ်ဘဝက သူငယ်ချင်းတွေနဲ့ ပြန်ပေါင်းမိသွားပြီး အဲဒီဝိဉာဉ်လေးရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးဖို့အတွက် ကြိုးစားကြပါတော့တယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular