HomeCelebs Update NewsInternationalGrindelwald နေရာမှာ သရုပ်ဆောင်ဖို့ Warner Bros. ရဲ့ ကမ်းလှမ်းမှုကို စောင့်နေတဲ့ Mads Mikkelsen 

Grindelwald နေရာမှာ သရုပ်ဆောင်ဖို့ Warner Bros. ရဲ့ ကမ်းလှမ်းမှုကို စောင့်နေတဲ့ Mads Mikkelsen 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Fantastic Beasts 3 ထဲမှာ Johnny Depp နေရာမှာ အစားထိုး သရုပ်ဆောင်သွားမယ်ဆိုတဲ့ သတင်းတွေဟာ လောလောဆယ်မှာတော့ အမှန်မဟုတ်သေးပါဘူးလို့ မင်းသားကြီး Mads Mikkelsen က ပြောလိုက်ပါတယ်။

မူလက ဒီဇာတ်လမ်းရဲ့ အဓိကဗီလိန်ဖြစ်တဲ့ Grindelwald နေရာမှာ Johnny Depp က သရုပ်ဆောင်ခဲ့ပေမယ့် လူမှုရေးအရှုပ်အရှင်းတွေကြောင့် Warner Bros. ရဲ့ ဖိအားပေးမှုမှာ Johnny Depp က ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Johnny Depp နေရာမှာ အစားထိုးဖို့အတွက် သရုပ်ဆောင် လိုအပ်လာပြီး Mads Mikkelsen ဟာ Grindelwald နေရာမှာ သရုပ်ဆောင်ဖို့ သတင်းထွက်နေသူ ဖြစ်ပါတယ်။

photo via screenrant

IGN သတင်းဌာနနဲ့ အင်တာဗျူးမှာတော့ Mads Mikkelsen ဟာ အဲ့ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့အတွက် သတင်းတွေဟာ အမှန်တွေ မဟုတ်သေးပါဘူးလို့ ပြောလိုက်ပါတယ်။ လောလောဆယ်မှာတော့ အဲ့ဒီသတင်းတွေဟာ ကောလာဟလ သက်သက်ပဲ ဖြစ်ပြီးတော့ WB ကလည်း သူ့ကို အဲ့ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းလာခြင်း မရှိသေးပါဘူးလို့ ပြောထားပါတယ်။

သူပြောခဲ့တဲ့ စကားအပြည့်အစုံကတော့ “အဲ့ဒီသတင်းတွေဟာ ဟောလာဟလ သက်သက်ပဲ ဖြစ်ပါတယ်။ ကျွန်တော်လည်း သတင်းတွေထဲမှာ ဖော်ပြသလောက်တော့ သိထားပြီး အဲ့ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းလာမယ့် ဖုန်းကို စောင့်နေပါတယ် …” လို့ပြောထားပါတယ်။

Grindelwald ဇာတ်ကောင်ဟာ ဒီဇာတ်လမ်းရဲ့ အရေးကြီးတဲ့ ဇာတ်ကောင်တစ်ယောက်လည်း ဖြစ်တာကြောင့် WB ဟာ ဘယ်လိုမျိူး ဆက်လုပ်သွားဖို့ အစီအစဉ်တွေရှိလည်း ဆိုတာကိုတော့ မသိရသေးပါဘူး။ ဒါ့အပြင် Fantastic Beasts ဇာတ်လမ်းဟာ အားလုံးပေါင်း ငါးကား ထွက်ဖို့အတွက် စီစဉ်ထားပြီး လောလောဆယ်မှာတော့ တတိယမြောက်ကားကို ရိုက်ကူးနေဆဲ ဖြစ်ပါတယ်။

photo via screenrant

နိုင်ငံတကာက ပရိသတ်တွေကတော့ ဒီဇာတ်ကောင်နေရာက Johnny Depp နှုတ်ထွက်သွားရတာကို မကျေနပ်ကြပေမယ့်လည်း အဲ့ဒီဇာတ်ကောင်နေရာမှာ အစားထိုးရမယ်ဆိုရင် Mads Mikkelsen ကိုလည်း လိုချင်နေကြပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ David Yates ရဲ့ အကြိုက်ဆုံးသရုပ်ဆောင်ကလည်း Mikkelsen ဖြစ်နေတာကြောင့် Johnny Depp နေရာမှာ အစားထိုးသွားမယ့်သူဟာ Mikkelsen ဖြစ်ဖို့ များနေပါတယ်။ လောလောဆယ်မှာတော့ ဘယ်သူကမှ အတည်ပြုခြင်း မရှိသေးပေမယ့်လည်း အဲ့ဒီဇာတ်ကောင်နဲ့ အနီးစပ်ဆုံးသရုပ်ဆောင်ကတော့ Mikkelsen ပဲ ဖြစ်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Fantastic Beasts 3 ထဲမွာ Johnny Depp ေနရာမွာ အစားထိုး သ႐ုပ္ေဆာင္သြားမယ္ဆိုတဲ့ သတင္းေတြဟာ ေလာေလာဆယ္မွာေတာ့ အမွန္မဟုတ္ေသးပါဘူးလို႔ မင္းသားႀကီး Mads Mikkelsen က ေျပာလိုက္ပါတယ္။

မူလက ဒီဇာတ္လမ္းရဲ႕ အဓိကဗီလိန္ျဖစ္တဲ့ Grindelwald ေနရာမွာ Johnny Depp က သ႐ုပ္ေဆာင္ခဲ့ေပမယ့္ လူမႈေရးအရႈပ္အရွင္းေတြေၾကာင့္ Warner Bros. ရဲ႕ ဖိအားေပးမႈမွာ Johnny Depp က ထြက္ခြာခဲ့ရတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ Johnny Depp ေနရာမွာ အစားထိုးဖို႔အတြက္ သ႐ုပ္ေဆာင္ လိုအပ္လာၿပီး Mads Mikkelsen ဟာ Grindelwald ေနရာမွာ သ႐ုပ္ေဆာင္ဖို႔ သတင္းထြက္ေနသူ ျဖစ္ပါတယ္။

photo via screenrant

IGN သတင္းဌာနနဲ႔ အင္တာဗ်ဴးမွာေတာ့ Mads Mikkelsen ဟာ အဲ့ဒီဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ သတင္းေတြဟာ အမွန္ေတြ မဟုတ္ေသးပါဘူးလို႔ ေျပာလိုက္ပါတယ္။ ေလာေလာဆယ္မွာေတာ့ အဲ့ဒီသတင္းေတြဟာ ေကာလာဟလ သက္သက္ပဲ ျဖစ္ၿပီးေတာ့ WB ကလည္း သူ႔ကို အဲ့ဒီဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ ကမ္းလွမ္းလာျခင္း မရွိေသးပါဘူးလို႔ ေျပာထားပါတယ္။

သူေျပာခဲ့တဲ့ စကားအျပည့္အစုံကေတာ့ “အဲ့ဒီသတင္းေတြဟာ ေဟာလာဟလ သက္သက္ပဲ ျဖစ္ပါတယ္။ ကြၽန္ေတာ္လည္း သတင္းေတြထဲမွာ ေဖာ္ျပသေလာက္ေတာ့ သိထားၿပီး အဲ့ဒီဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ ကမ္းလွမ္းလာမယ့္ ဖုန္းကို ေစာင့္ေနပါတယ္ …” လို႔ေျပာထားပါတယ္။

Grindelwald ဇာတ္ေကာင္ဟာ ဒီဇာတ္လမ္းရဲ႕ အေရးႀကီးတဲ့ ဇာတ္ေကာင္တစ္ေယာက္လည္း ျဖစ္တာေၾကာင့္ WB ဟာ ဘယ္လိုမ်ိဴး ဆက္လုပ္သြားဖို႔ အစီအစဥ္ေတြရွိလည္း ဆိုတာကိုေတာ့ မသိရေသးပါဘူး။ ဒါ့အျပင္ Fantastic Beasts ဇာတ္လမ္းဟာ အားလုံးေပါင္း ငါးကား ထြက္ဖို႔အတြက္ စီစဥ္ထားၿပီး ေလာေလာဆယ္မွာေတာ့ တတိယေျမာက္ကားကို ႐ိုက္ကူးေနဆဲ ျဖစ္ပါတယ္။

photo via screenrant

ႏိုင္ငံတကာက ပရိသတ္ေတြကေတာ့ ဒီဇာတ္ေကာင္ေနရာက Johnny Depp ႏႈတ္ထြက္သြားရတာကို မေက်နပ္ၾကေပမယ့္လည္း အဲ့ဒီဇာတ္ေကာင္ေနရာမွာ အစားထိုးရမယ္ဆိုရင္ Mads Mikkelsen ကိုလည္း လိုခ်င္ေနၾကပါတယ္။ ဒါ့အျပင္ ဒီဇာတ္လမ္းကို ႐ိုက္ကူးခဲ့တဲ့ ဒါ႐ိုက္တာ David Yates ရဲ႕ အႀကိဳက္ဆုံးသ႐ုပ္ေဆာင္ကလည္း Mikkelsen ျဖစ္ေနတာေၾကာင့္ Johnny Depp ေနရာမွာ အစားထိုးသြားမယ့္သူဟာ Mikkelsen ျဖစ္ဖို႔ မ်ားေနပါတယ္။ ေလာေလာဆယ္မွာေတာ့ ဘယ္သူကမွ အတည္ျပဳျခင္း မရွိေသးေပမယ့္လည္း အဲ့ဒီဇာတ္ေကာင္နဲ႔ အနီးစပ္ဆုံးသ႐ုပ္ေဆာင္ကေတာ့ Mikkelsen ပဲ ျဖစ္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular