HomeCelebs Update Newsအကောင်းဆုံး အမျိူးသမီးစူပါဟီးရိုး သရုပ်ဆောင်ဆုကို ရရှိသွားတဲ့ Margot Robbie

အကောင်းဆုံး အမျိူးသမီးစူပါဟီးရိုး သရုပ်ဆောင်ဆုကို ရရှိသွားတဲ့ Margot Robbie

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

DC ရဲ့ Harley Quinn နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Margot Robbie ဟာ ဇန်နဝါရီ (၁၀) ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ Critics’ Choice Super Award ပွဲမှာ အကောင်းဆုံး အမျိူးသမီးစူပါဟီးရိုး သရုပ်ဆောင်ဆုကို ရရှိသွားခဲ့ပါတယ်။

photo via cbr

ဒီဆုကိုတော့ Charlize Theron (The Old Guard) ၊ Jurnee Smollett (Birds of Prey) ၊ Peyton Elizabeth Lee (Secret Society of Second-Born Royals) နဲ့ Kiki Layne (The Old Guard) တို့က စံကာတင် စာရင်းဝင်ခဲ့ပါတယ်။ ဒီပွဲဟာလည်း ကိုဗစ်ကြောင့်ပဲ အွန်လိုင်းပေါ်ကနေ ဇန်နဝါရီ (၁၀) ရက်နေ့မှာ ပြုလုပ်ခဲ့ရပါတယ်။

Robbie ဟာ ၂၀၁၆ ခုနှစ်မှာ ထွက်ခဲ့တဲ့ Suicide Squad ထဲမှာ Harley Quinn အနေနဲ့ စတင်သရုပ်ဆောင်ခဲ့ပြီး ၂၀၂၀ ခုနှစ်မှာ ထွက်ခဲ့တဲ့ Birds of Prey ထဲမှာလည်း Harley Quinn အနေနဲ့ပဲ ထပ်မံပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီရုပ်ရှင်ထဲက စတန့်အများစုကိုလည်း သူမကိုယ်တိုင် ပြုလုပ်ခဲ့တာပါလို့ သိရပါသေးတယ်။

John Wick ရုပ်ရှင်တွေမှာ စတန့်ဒါရိုက်တာ ပြုလုပ်ခဲ့သူ Chad Stahelski ဟာလည်း ဒီရုပ်ရှင်ထဲမှာ စတန့်တွေကို ပူးပေါင်းပြုလုပ်ပေးခဲ့ပါတယ်။ ဩဂုတ် (၆) ရက်နေ့မှာ ထပ်မံထွက်ရှိလာမယ့် Suicide Squad ထဲမှာလည်း Robbie ဟာ Harley Quinn အနေနဲ့ ပြန်လည်ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

photo via cbr

ဒီဆုပေးပွဲကိုတော့ Kevin Smith နဲ့ Dani Fernandez တို့က တင်ဆက်ပေးခဲ့ပါတယ်။ ပေးခဲ့တဲ့ဆုတွေကတော့ စူပါဟီးရိုးရုပ်ရှင် တစ်ခုတည်း မဟုတ်ဘဲ Sci-fi ၊ Horror ၊ Action နဲ့ Animation တွေကိုလည်း ရွေးချယ်ခဲ့ပါတယ်။ ဒါ့အပြင် ဆုပေးပွဲကို CW မှာ ပြသသွားခဲ့ပြီး The CW app နဲ့ cwtv.com တို့မှာလည်း အခမဲ့ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

Legos

Source: CBR

(Zawgyi Version)

DC ရဲ႕ Harley Quinn ေနရာမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ Margot Robbie ဟာ ဇန္နဝါရီ (၁၀) ရက္ေန႔မွာ ျပဳလုပ္ခဲ့တဲ့ Critics’ Choice Super Award ပြဲမွာ အေကာင္းဆုံး အမ်ိဴးသမီးစူပါဟီး႐ိုး သ႐ုပ္ေဆာင္ဆုကို ရရွိသြားခဲ့ပါတယ္။

photo via cbr

ဒီဆုကိုေတာ့ Charlize Theron (The Old Guard) ၊ Jurnee Smollett (Birds of Prey) ၊ Peyton Elizabeth Lee (Secret Society of Second-Born Royals) နဲ႔ Kiki Layne (The Old Guard) တို႔က စံကာတင္ စာရင္းဝင္ခဲ့ပါတယ္။ ဒီပြဲဟာလည္း ကိုဗစ္ေၾကာင့္ပဲ အြန္လိုင္းေပၚကေန ဇန္နဝါရီ (၁၀) ရက္ေန႔မွာ ျပဳလုပ္ခဲ့ရပါတယ္။

Robbie ဟာ ၂၀၁၆ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Suicide Squad ထဲမွာ Harley Quinn အေနနဲ႔ စတင္သ႐ုပ္ေဆာင္ခဲ့ၿပီး ၂၀၂၀ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Birds of Prey ထဲမွာလည္း Harley Quinn အေနနဲ႔ပဲ ထပ္မံပါဝင္ခဲ့ပါတယ္။ ဒါ့အျပင္ အဲ့ဒီ႐ုပ္ရွင္ထဲက စတန႔္အမ်ားစုကိုလည္း သူမကိုယ္တိုင္ ျပဳလုပ္ခဲ့တာပါလို႔ သိရပါေသးတယ္။

John Wick ႐ုပ္ရွင္ေတြမွာ စတန႔္ဒါ႐ိုက္တာ ျပဳလုပ္ခဲ့သူ Chad Stahelski ဟာလည္း ဒီ႐ုပ္ရွင္ထဲမွာ စတန႔္ေတြကို ပူးေပါင္းျပဳလုပ္ေပးခဲ့ပါတယ္။ ဩဂုတ္ (၆) ရက္ေန႔မွာ ထပ္မံထြက္ရွိလာမယ့္ Suicide Squad ထဲမွာလည္း Robbie ဟာ Harley Quinn အေနနဲ႔ ျပန္လည္ပါဝင္လာဦးမွာ ျဖစ္ပါတယ္။

photo via cbr

ဒီဆုေပးပြဲကိုေတာ့ Kevin Smith နဲ႔ Dani Fernandez တို႔က တင္ဆက္ေပးခဲ့ပါတယ္။ ေပးခဲ့တဲ့ဆုေတြကေတာ့ စူပါဟီး႐ိုး႐ုပ္ရွင္ တစ္ခုတည္း မဟုတ္ဘဲ Sci-fi ၊ Horror ၊ Action နဲ႔ Animation ေတြကိုလည္း ေ႐ြးခ်ယ္ခဲ့ပါတယ္။ ဒါ့အျပင္ ဆုေပးပြဲကို CW မွာ ျပသသြားခဲ့ၿပီး The CW app နဲ႔ cwtv.com တို႔မွာလည္း အခမဲ့ ျပန္လည္ၾကည့္ရႈႏိုင္ပါတယ္။

Legos

Source: CBR

RELATED ARTICLES

Most Popular