HomeEntertainmentFilmMCU သရုပ်ဆောင်တွေ အတူပြန်ဆုံထားတဲ့ ရုပ်ရှင်ဇာတ်ကားများ 

MCU သရုပ်ဆောင်တွေ အတူပြန်ဆုံထားတဲ့ ရုပ်ရှင်ဇာတ်ကားများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

လက်ရှိ ရုပ်ရှင် universe တွေထဲမှာ Marvel Cinematic Universe ဟာ လူကြိုက်များပြီး နာမည်ကြီးတဲ့ universe တစ်ခု ဖြစ်ပါတယ်။ ပရိသတ်အများစုဟာလည်း MCU ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသား၊ မင်းသမီးတွေကို MCU ထဲမှာပဲ အရင်းနှီးဆုံး ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် တစ်ခြားပြင်ပက ရုပ်ရှင်တွေထဲမှာ MCU ထဲက သရုပ်ဆောင်အချင်းချင်း ပြန်ဆုံခဲ့ကြတဲ့ ရုပ်ရှင်ကားတွေကို ဖော်ပြပေးချင်ပါတယ်။

(10) Playing It Cool
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၄ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.0) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ရိုမန့်စ်ဆန်တဲ့ ဇာတ်လမ်းတွေကို တစ်ခါမှ မရေးဖူးတဲ့ ဇာတ်ညွှန်းရေးဆရာတစ်ယောက်ဟာ တစ်ရက်မှာ ရိုမန့်တစ်ဇာတ်လမ်းတစ်ပုဒ်ကို ဇာတ်ညွှန်းရေးဖို့ အကြောင်းဖန်လာပါတယ်။ ဒီမှာတင် အခက်တွေ့နေရတဲ့ ဇာတ်ညွှန်းရေးဆရာဟာ သိပ်မကြာခင်မှာပဲ မိန်းကလေးတစ်ယောက်ကို ချစ်မိသွားတဲ့အတွက် အဲ့ဒီဇာတ်ညွှန်းကို ရေးဖို့ စိတ်ကူးအသစ်တွေ ရသွားပါတော့တယ်။ သို့ပေမယ့် သူချစ်မိသွားတဲ့ မိန်းကလေးဟာ စေ့စပ်ပြီးသား ဖြစ်နေတဲ့အခါမှာတော့ … ။

အဓိက သရုပ်ဆောင်တွေကတော့ Michelle Monaghan ၊ Chris Evans ၊ Topher Grace တို့က ပါဝင်ထားပါတယ်။ ဒီကားမှာတော့ Captain America အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား Chris Evans နဲ့ Falcon အဖြစ် သရုပ်ဆောင်ထားတဲ့ Anthony Mackie တို့ ဆုံမိကြတာ ဖြစ်ပါတယ်။

(9) Kong: Skull Island
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၇ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (6.6) ရရှိထားပါတယ်။ ဗီယက်နမ်စစ်ပွဲ ပြီးတဲ့နောက်မှာတော့ သိပ္ပံပညာရှင်တစ်စုဟာ ပစိဖိတ်သမုဒ္ဒရာထဲမှာ ကျွန်းတစ်ကျွန်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အဆိုပါကျွန်းကို လေ့လာဖို့အတွက် လူတစ်စု ရောက်လာပြီး အလွန်ကြီးမားတဲ့ လူဝံကြီးနဲ့ ရင်ဆိုင်တွေ့ကြရပါတယ်။ ဒီဇာတ်လမ်းဟာ Visual Effects အတွက်လည်း အော်စကာဆု စံကာတင်စာရင်း ဝင်ခဲ့ပါသေးတယ်။ သရုပ်ဆောင်တွေကတော့ Loki အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Tom Hiddleston ၊ Captain Marvel အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Brie Larson နဲ့ Nick Fury အဖြစ် သရုပ်ဆောင်ထားတဲ့ Samuel L. Jackson တို့က အဓိက ပါဝင်ထားပါတယ်။

(8) Snowpiercer
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၃ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (7.1) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အနာဂတ်ကာလတစ်ခုမှာ ရာသီဉတုကို ပြောင်းလဲဖို့အတွက် ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုတစ်ခုက မှားယွင်းသွားပြီး လူအများစုဟာ သေဆုံးကုန်ကြပါတယ်။ အဲ့ဒီအချိန်မှာတော့ ကမ္ဘာကို ပတ်နေတဲ့ ရထားတစ်စီးပေါ်မှာ ရှိနေတဲ့သူတွေပဲ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ အဲ့ဒီရထားထဲက အဆင်းရဲဆုံးသူတစ်ယောက်ကတော့ သူတို့နေထိုင်ရတဲ့ အတွဲကို တိုးတက်အောင် လုပ်ဖို့အတွက် အင်ဂျင်ခန်းကို သိမ်းယူဖို့ စီစဉ်ပါတော့တယ်။

ဒီဇာတ်ကားဟာ အော်စကာဆုရ ကိုရီးယားရုပ်ရှင် Parasite ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Bong Joon Ho က ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။ ဒီကားမှာတော့ Captain America အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Chris Evans နဲ့ Doctor Strange ထဲမှာ Ancient One အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Tilda Swinton တို့က ဆုံမိကြတာ ဖြစ်ပါတယ်။

(7) The Devil All the Time
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၂၀ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.1) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အကျင့်ပျက်ခြစားမှုတွေနဲ့ မကောင်းမှုတွေ ပြုလုပ်နေသူတွေ ပြည့်နှက်နေတဲ့ မြို့ထဲမှာ ကောင်လေးတစ်ယောက်ဟာ သူ ချစ်တဲ့သူတွေကို ကာကွယ်ဖို့အတွက် ကြိုးစားပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းထဲမှာတော့ Spider-Man အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Tom Holland နဲ့ Winter Solider နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Sebastian Stan တို့က ပါဝင်ထားပါတယ်။ အစတုန်းကတော့ Sebastian ရဲ့နေရာမှာ Chris Evans က သရုပ်ဆောင်ရမှာ ဖြစ်ပြီး နောက်ပိုင်းကျမှ အချိန်ဇယားတွေကြောင့် Sebastian နဲ့ အစားထိုးခဲ့တာ ဖြစ်ပါတယ်။

(6) The Banker
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၂၀ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (7.3) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၆၀နောက်ပိုင်းလောက်က ဉာဏ်ကောင်းတဲ့ လူမည်းနှစ်ယောက်ဟာ အောင်မြင်တဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ဖြစ်လာဖို့ အစီအစဉ်ဆွဲခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ဟာ အဲ့ဒီလုပ်ငန်းကို ထိန်းချုပ်နေပေမယ့်လည်း လူအများနဲ့ ဆက်ဆံဖို့အတွက် လူဖြူတစ်ယောက်ကို အသုံးပြုခဲ့ပါတယ်။

အကြောင်းကတော့ အဲ့ဒီအချိန်တုန်းက အသားအရောင်ခွဲခြားမှုတွေ ရှိနေပြီး လူမည်းတွေအနေနဲ့ အဲ့လိုမျိူး စီးပွားရေးလုပ်ဖို့အတွက် မလွယ်ကူတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ Nick Fury အဖြစ် သရုပ်ဆောင်ထားတဲ့ Samuel L. Jackson နဲ့ Falcon အဖြစ် သရုပ်ဆောင်ထားတဲ့ Anthony Mackie တို့ ပြန်ဆုံထားပါတယ်။

(5) Sherlock Holmes Franchise
photo via screenrant

ဒီရုပ်ရှင်တွေကတော့ ၂၀၀၉ခုနှစ်နဲ့ ၂၀၁၁ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ၂၀၂၁ခုနှစ်မှာလည်း နောက်ထပ်တစ်ကား ထပ်ပြီးထွက်ဖို့ အစီအစဉ် ရှိပါသေးတယ်။ ဒီဇာတ်လမ်းရဲ့ နာမည်အတိုင်းပဲ ပရိသတ်တွေကြားမှာ အောင်မြင်ခဲ့တဲ့ Sherlock Holmes စုံထောက်ဇာတ်ကောင်အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီကားမှာတော့ Iron Man အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Robert Downey Jr. နဲ့ Captain Marvel ထဲက အဓိက ဗီလိန်တစ်ယောက်ဖြစ်တဲ့ Yon-Rogg နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Jude Law တို့ ဆုံမိထားပါတယ်။

(4) Wind River
photo via screenrant

ဒီကားကတော့ ၂၀၁၇ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (7.7) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Wyoming မြို့လေးမှာ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်ဟာ အဓမ္မကျင့်ခံလိုက်ရပြီး အသတ်ခံလိုက်ရပါတယ်။ အဲ့ဒါကြောင့် FBI အေးဂျင့်တစ်ယောက်ဟာ အဲ့ဒီလူသတ်မှုကို နယ်ခံမုဆိုးတစ်ယောက်ရဲ့ အကူအညီနဲ့အတူ လိုက်လံပြီး စုံစမ်းပါတော့တယ်။

ဒါပေမဲ့လည်း သူတို့ဟာ အဲ့ဒီအမှုကို စုံစမ်းနေရင်းနဲ့ သူတို့နှစ်ယောက်ရဲ့အသက်တွေကိုပါ အန္တရာယ်ကျရောက်နေပြီဆိုတာ သိလိုက်ရပါတယ်။ သူတို့ဟာ ဒီလိုအန္တရာယ်တွေကြားထဲကနေ ဒီအမှုကို ဘယ်လိုမျိုး ဖော်ထုတ်ဖို့ ကြိုးစားကြမလည်းဆိုတာကို ကြည့်ရှုရမှာပါ။ ဒီကားထဲမှာတော့ Hawkeye အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Jeremy Renner နဲ့ Scarlet Witch အဖြစ် သရုပ်ဆောင်ထားတဲ့ Elizabeth Olsen တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

(3) Zodiac
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၀၇ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.7) ရရှိထားပါတယ်။ Zodiac ဆိုတာကတော့ ၁၉၆၀နှောင်းပိုင်းလောက်က ကယ်လီဖိုးနီးယားပြည်နယ် မြောက်ဘက်ပိုင်းမှာ  အကြမ်းဖက်၊ ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက် ဖြစ်ပါတယ်။ အဲ့ဒီလူသတ်သမားဟာ ဖြစ်ရိုးဖြစ်စဉ်အတိုင်း လူတွေလျှောက်သတ်ရုံတင် မဟုတ်ဘဲ အဲ့ဒီ့နယ်တစ်ဝိုက်က သတင်းဌာနတွေကို ခြိမ်းခြောက်စာတွေ၊ အပြစ်ဝန်ခံတဲ့စာတွေနဲ့ ဝှက်စာတွေ ပေးပို့ပြီး သူ့အမှုကိုလိုက်နေတဲ့ ရဲတွေကိုပါ မထိတထိ လုပ်တတ်သူ ဖြစ်ပါတယ်။

ဒီကားထဲမှာ ပါဝင်ခဲ့တဲ့ MCU က သရုပ်ဆောင်တွေကတော့ Mysterio အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Jake Gyllenhaal ၊ Hulk အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Mark Ruffalo နဲ့ Iron Man အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Robert Downey Jr. တို့က အဓိက ပါဝင်ထားပါတယ်။

(2) Jojo Rabbit
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၉ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.9) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဟစ်တလာကို လေးစားအားကျတဲ့ Jojo ဆိုတဲ့ ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ သူဟာ ဟစ်တလာကို လေးစားအားကျရုံတင် မဟုတ်ဘဲ သူ့ရဲ့စိတ်ကူးယဉ် သူငယ်ချင်းကလည်း ဟစ်တလာပဲ ဖြစ်နေပါတယ်။ တစ်ရက်မှာတော့ သူ့ရဲ့အိမ်မှာ ဂျူးလူမျိူး ကောင်မလေးတစ်ယောက်ကို ရှာတွေ့သွားတဲ့အချိန်မှာတော့ စိတ်ဝင်စားစရာတွေကို ဆက်လက် ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ Black Widow အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Scarlett Johansson ၊ Iron Man 2 ထဲမှာ Justin Hammer အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Sam Rockwell နဲ့ Thor: Ragnarok ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Taika Waititi တို့က ပါဝင်ထားပါတယ်။ ဒါ့အပြင် Best Adapted Screenplay နဲ့ အော်စကာတစ်ဆု ရရှိထားပါသေးတယ်။

(1) Chris Evans & Scarlett Johansson
photo via screenrant

MCU ဇာတ်ကောင်တွေထဲက Steve Rogers နဲ့ Natasha တို့ကြားက ဆက်ဆံရေးကိုတော့ သဘောမကျသူ မရှိလောက်ပါဘူး။ ဒါ့အပြင် အဲ့ဒီဇာတ်ကောင်တွေနေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Chris နဲ့ Scarlett တို့ဟာ တစ်ခြားရုပ်ရှင်တွေထဲမှာလည်း အတူတူ သရုပ်ဆောင်ဖူးကြပါတယ်။ ဒါပေမယ့်လည်း သူတို့နှစ်ယောက် သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်တွေကို တစ်ကားတည်းအနေနဲ့ ရွေးရခက်တာကြောင့် အကောင်းဆုံးလို့ ယူဆထားတဲ့ ရုပ်ရှင်တေွကို ဖော်ပြချင်ပါတယ်။ The Nanny Diaries (၂၀၀၇) နဲ့ The Perfect Score (၂၀၀၄)တို့ထဲမှာတော့ Chris နဲ့ Scarlett တို့ရဲ့ ငယ်ဘဝတုန်းက ပုံစံတွေကို မြင်ရမှာဖြစ်ပြီး သူတို့နှစ်ယောက်ကို အတူမြင်ချင်သူတွေ ကြည့်ရှုသင့်တဲ့ ဇာတ်ကားတွေ ဖြစ်ပါတယ်။

ဒါကတော့ MCU သရုပ်ဆောင်တွေ အတူတူ သရုပ်ဆေင်ထားတဲ့ MCU ပြင်ပက တစ်ခြားရုပ်ရှင်တွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အခြားရုပ်ရှင်ကားများ ရှိရင်လည်း ပြောပြခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

လက္ရွိ ႐ုပ္ရွင္ universe ေတြထဲမွာ Marvel Cinematic Universe ဟာ လူႀကိဳက္မ်ားၿပီး နာမည္ႀကီးတဲ့ universe တစ္ခု ျဖစ္ပါတယ္။ ပရိသတ္အမ်ားစုဟာလည္း MCU ဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ထားတဲ့ မင္းသား၊ မင္းသမီးေတြကို MCU ထဲမွာပဲ အရင္းႏွီးဆုံး ျဖစ္ေနတတ္ပါတယ္။ ဒါေၾကာင့္ တစ္ျခားျပင္ပက ႐ုပ္ရွင္ေတြထဲမွာ MCU ထဲက သ႐ုပ္ေဆာင္အခ်င္းခ်င္း ျပန္ဆုံခဲ့ၾကတဲ့ ႐ုပ္ရွင္ကားေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(10) Playing It Cool
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၁၄ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (6.0) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ ႐ိုမန႔္စ္ဆန္တဲ့ ဇာတ္လမ္းေတြကို တစ္ခါမွ မေရးဖူးတဲ့ ဇာတ္ၫႊန္းေရးဆရာတစ္ေယာက္ဟာ တစ္ရက္မွာ ႐ိုမန႔္တစ္ဇာတ္လမ္းတစ္ပုဒ္ကို ဇာတ္ၫႊန္းေရးဖို႔ အေၾကာင္းဖန္လာပါတယ္။ ဒီမွာတင္ အခက္ေတြ႕ေနရတဲ့ ဇာတ္ၫႊန္းေရးဆရာဟာ သိပ္မၾကာခင္မွာပဲ မိန္းကေလးတစ္ေယာက္ကို ခ်စ္မိသြားတဲ့အတြက္ အဲ့ဒီဇာတ္ၫႊန္းကို ေရးဖို႔ စိတ္ကူးအသစ္ေတြ ရသြားပါေတာ့တယ္။ သို႔ေပမယ့္ သူခ်စ္မိသြားတဲ့ မိန္းကေလးဟာ ေစ့စပ္ၿပီးသား ျဖစ္ေနတဲ့အခါမွာေတာ့ … ။

အဓိက သ႐ုပ္ေဆာင္ေတြကေတာ့ Michelle Monaghan ၊ Chris Evans ၊ Topher Grace တို႔က ပါဝင္ထားပါတယ္။ ဒီကားမွာေတာ့ Captain America အျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ မင္းသား Chris Evans နဲ႔ Falcon အျဖစ္ သ႐ုပ္ေဆာင္ထားတဲ့ Anthony Mackie တို႔ ဆုံမိၾကတာ ျဖစ္ပါတယ္။

(9) Kong: Skull Island
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၇ခုႏွစ္မွာ ထြက္ရွိခဲ့တာ ျဖစ္ၿပီး IMDb (6.6) ရရွိထားပါတယ္။ ဗီယက္နမ္စစ္ပြဲ ၿပီးတဲ့ေနာက္မွာေတာ့ သိပၸံပညာရွင္တစ္စုဟာ ပစိဖိတ္သမုဒၵရာထဲမွာ ကြၽန္းတစ္ကြၽန္းကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ အဆိုပါကြၽန္းကို ေလ့လာဖို႔အတြက္ လူတစ္စု ေရာက္လာၿပီး အလြန္ႀကီးမားတဲ့ လူဝံႀကီးနဲ႔ ရင္ဆိုင္ေတြ႕ၾကရပါတယ္။ ဒီဇာတ္လမ္းဟာ Visual Effects အတြက္လည္း ေအာ္စကာဆု စံကာတင္စာရင္း ဝင္ခဲ့ပါေသးတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Loki အျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ Tom Hiddleston ၊ Captain Marvel အျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ Brie Larson နဲ႔ Nick Fury အျဖစ္ သ႐ုပ္ေဆာင္ထားတဲ့ Samuel L. Jackson တို႔က အဓိက ပါဝင္ထားပါတယ္။

(8) Snowpiercer
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၃ခုႏွစ္မွာ ထြက္ရွိခဲ့တာ ျဖစ္ၿပီး IMDb (7.1) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ အနာဂတ္ကာလတစ္ခုမွာ ရာသီဉတုကို ေျပာင္းလဲဖို႔အတြက္ ျပဳလုပ္ခဲ့တဲ့ စမ္းသပ္မႈတစ္ခုက မွားယြင္းသြားၿပီး လူအမ်ားစုဟာ ေသဆုံးကုန္ၾကပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ ကမာၻကို ပတ္ေနတဲ့ ရထားတစ္စီးေပၚမွာ ရွိေနတဲ့သူေတြပဲ အသက္ရွင္က်န္ရစ္ခဲ့ပါတယ္။ အဲ့ဒီရထားထဲက အဆင္းရဲဆုံးသူတစ္ေယာက္ကေတာ့ သူတို႔ေနထိုင္ရတဲ့ အတြဲကို တိုးတက္ေအာင္ လုပ္ဖို႔အတြက္ အင္ဂ်င္ခန္းကို သိမ္းယူဖို႔ စီစဥ္ပါေတာ့တယ္။

ဒီဇာတ္ကားဟာ ေအာ္စကာဆုရ ကိုရီးယား႐ုပ္ရွင္ Parasite ကို ႐ိုက္ကူးခဲ့တဲ့ ဒါ႐ိုက္တာ Bong Joon Ho က ႐ိုက္ကူးေပးထားတာ ျဖစ္ပါတယ္။ ဒီကားမွာေတာ့ Captain America အျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ Chris Evans နဲ႔ Doctor Strange ထဲမွာ Ancient One အျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ Tilda Swinton တို႔က ဆုံမိၾကတာ ျဖစ္ပါတယ္။

(7) The Devil All the Time
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၂၀ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.1) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ အက်င့္ပ်က္ျခစားမႈေတြနဲ႔ မေကာင္းမႈေတြ ျပဳလုပ္ေနသူေတြ ျပည့္ႏွက္ေနတဲ့ ၿမိဳ႕ထဲမွာ ေကာင္ေလးတစ္ေယာက္ဟာ သူ ခ်စ္တဲ့သူေတြကို ကာကြယ္ဖို႔အတြက္ ႀကိဳးစားပုံကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

ဒီဇာတ္လမ္းထဲမွာေတာ့ Spider-Man အျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ Tom Holland နဲ႔ Winter Solider ေနရာမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ Sebastian Stan တို႔က ပါဝင္ထားပါတယ္။ အစတုန္းကေတာ့ Sebastian ရဲ႕ေနရာမွာ Chris Evans က သ႐ုပ္ေဆာင္ရမွာ ျဖစ္ၿပီး ေနာက္ပိုင္းက်မွ အခ်ိန္ဇယားေတြေၾကာင့္ Sebastian နဲ႔ အစားထိုးခဲ့တာ ျဖစ္ပါတယ္။

(6) The Banker
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၂၀ခုႏွစ္မွာ ထြက္ရွိခဲ့တာ ျဖစ္ၿပီး IMDb (7.3) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ ၁၉၆၀ေနာက္ပိုင္းေလာက္က ဉာဏ္ေကာင္းတဲ့ လူမည္းႏွစ္ေယာက္ဟာ ေအာင္ျမင္တဲ့ စြန႔္ဦးတီထြင္လုပ္ငန္းရွင္ေတြ ျဖစ္လာဖို႔ အစီအစဥ္ဆြဲခဲ့ၾကပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ အဲ့ဒီလုပ္ငန္းကို ထိန္းခ်ဳပ္ေနေပမယ့္လည္း လူအမ်ားနဲ႔ ဆက္ဆံဖို႔အတြက္ လူျဖဴတစ္ေယာက္ကို အသုံးျပဳခဲ့ပါတယ္။

အေၾကာင္းကေတာ့ အဲ့ဒီအခ်ိန္တုန္းက အသားအေရာင္ခြဲျခားမႈေတြ ရွိေနၿပီး လူမည္းေတြအေနနဲ႔ အဲ့လိုမ်ိဴး စီးပြားေရးလုပ္ဖို႔အတြက္ မလြယ္ကူတာေၾကာင့္ပဲ ျဖစ္ပါတယ္။ ဒီဇာတ္ကားမွာေတာ့ Nick Fury အျဖစ္ သ႐ုပ္ေဆာင္ထားတဲ့ Samuel L. Jackson နဲ႔ Falcon အျဖစ္ သ႐ုပ္ေဆာင္ထားတဲ့ Anthony Mackie တို႔ ျပန္ဆုံထားပါတယ္။

(5) Sherlock Holmes Franchise
photo via screenrant

ဒီ႐ုပ္ရွင္ေတြကေတာ့ ၂၀၀၉ခုႏွစ္နဲ႔ ၂၀၁၁ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး ၂၀၂၁ခုႏွစ္မွာလည္း ေနာက္ထပ္တစ္ကား ထပ္ၿပီးထြက္ဖို႔ အစီအစဥ္ ရွိပါေသးတယ္။ ဒီဇာတ္လမ္းရဲ႕ နာမည္အတိုင္းပဲ ပရိသတ္ေတြၾကားမွာ ေအာင္ျမင္ခဲ့တဲ့ Sherlock Holmes စုံေထာက္ဇာတ္ေကာင္အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဒီကားမွာေတာ့ Iron Man အျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ Robert Downey Jr. နဲ႔ Captain Marvel ထဲက အဓိက ဗီလိန္တစ္ေယာက္ျဖစ္တဲ့ Yon-Rogg ေနရာမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ Jude Law တို႔ ဆုံမိထားပါတယ္။

(4) Wind River
photo via screenrant

ဒီကားကေတာ့ ၂၀၁၇ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီးေတာ့ IMDb (7.7) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Wyoming ၿမိဳ႕ေလးမွာ ဆယ္ေက်ာ္သက္ ေကာင္မေလးတစ္ေယာက္ဟာ အဓမၼက်င့္ခံလိုက္ရၿပီး အသတ္ခံလိုက္ရပါတယ္။ အဲ့ဒါေၾကာင့္ FBI ေအးဂ်င့္တစ္ေယာက္ဟာ အဲ့ဒီလူသတ္မႈကို နယ္ခံမုဆိုးတစ္ေယာက္ရဲ႕ အကူအညီနဲ႔အတူ လိုက္လံၿပီး စုံစမ္းပါေတာ့တယ္။

ဒါေပမဲ့လည္း သူတို႔ဟာ အဲ့ဒီအမႈကို စုံစမ္းေနရင္းနဲ႔ သူတို႔ႏွစ္ေယာက္ရဲ႕အသက္ေတြကိုပါ အႏၲရာယ္က်ေရာက္ေနၿပီဆိုတာ သိလိုက္ရပါတယ္။ သူတို႔ဟာ ဒီလိုအႏၲရာယ္ေတြၾကားထဲကေန ဒီအမႈကို ဘယ္လိုမ်ိဳး ေဖာ္ထုတ္ဖို႔ ႀကိဳးစားၾကမလည္းဆိုတာကို ၾကည့္ရႈရမွာပါ။ ဒီကားထဲမွာေတာ့ Hawkeye အျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ Jeremy Renner နဲ႔ Scarlet Witch အျဖစ္ သ႐ုပ္ေဆာင္ထားတဲ့ Elizabeth Olsen တို႔က ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

(3) Zodiac
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၀၇ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (7.7) ရရွိထားပါတယ္။ Zodiac ဆိုတာကေတာ့ ၁၉၆၀ေႏွာင္းပိုင္းေလာက္က ကယ္လီဖိုးနီးယားျပည္နယ္ ေျမာက္ဘက္ပိုင္းမွာ  အၾကမ္းဖက္၊ ၿခိမ္းေျခာက္မႈေတြ ျပဳလုပ္ခဲ့တဲ့ ကြင္းဆက္လူသတ္သမားတစ္ေယာက္ ျဖစ္ပါတယ္။ အဲ့ဒီလူသတ္သမားဟာ ျဖစ္႐ိုးျဖစ္စဥ္အတိုင္း လူေတြေလွ်ာက္သတ္႐ုံတင္ မဟုတ္ဘဲ အဲ့ဒီ့နယ္တစ္ဝိုက္က သတင္းဌာနေတြကို ၿခိမ္းေျခာက္စာေတြ၊ အျပစ္ဝန္ခံတဲ့စာေတြနဲ႔ ဝွက္စာေတြ ေပးပို႔ၿပီး သူ႔အမႈကိုလိုက္ေနတဲ့ ရဲေတြကိုပါ မထိတထိ လုပ္တတ္သူ ျဖစ္ပါတယ္။

ဒီကားထဲမွာ ပါဝင္ခဲ့တဲ့ MCU က သ႐ုပ္ေဆာင္ေတြကေတာ့ Mysterio အျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ Jake Gyllenhaal ၊ Hulk အျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ Mark Ruffalo နဲ႔ Iron Man အျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ Robert Downey Jr. တို႔က အဓိက ပါဝင္ထားပါတယ္။

(2) Jojo Rabbit
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၉ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.9) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ ဟစ္တလာကို ေလးစားအားက်တဲ့ Jojo ဆိုတဲ့ ေကာင္ေလးတစ္ေယာက္အေၾကာင္းကို ႐ိုက္ကူးထားတာပဲ ျဖစ္ပါတယ္။ သူဟာ ဟစ္တလာကို ေလးစားအားက်႐ုံတင္ မဟုတ္ဘဲ သူ႔ရဲ႕စိတ္ကူးယဥ္ သူငယ္ခ်င္းကလည္း ဟစ္တလာပဲ ျဖစ္ေနပါတယ္။ တစ္ရက္မွာေတာ့ သူ႔ရဲ႕အိမ္မွာ ဂ်ဴးလူမ်ိဴး ေကာင္မေလးတစ္ေယာက္ကို ရွာေတြ႕သြားတဲ့အခ်ိန္မွာေတာ့ စိတ္ဝင္စားစရာေတြကို ဆက္လက္ ၾကည့္ရႈရမွာ ျဖစ္ပါတယ္။

ဒီကားထဲမွာေတာ့ Black Widow အျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ Scarlett Johansson ၊ Iron Man 2 ထဲမွာ Justin Hammer အျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ Sam Rockwell နဲ႔ Thor: Ragnarok ကို ႐ိုက္ကူးခဲ့တဲ့ ဒါ႐ိုက္တာ Taika Waititi တို႔က ပါဝင္ထားပါတယ္။ ဒါ့အျပင္ Best Adapted Screenplay နဲ႔ ေအာ္စကာတစ္ဆု ရရွိထားပါေသးတယ္။

(1) Chris Evans & Scarlett Johansson
photo via screenrant

MCU ဇာတ္ေကာင္ေတြထဲက Steve Rogers နဲ႔ Natasha တို႔ၾကားက ဆက္ဆံေရးကိုေတာ့ သေဘာမက်သူ မရွိေလာက္ပါဘူး။ ဒါ့အျပင္ အဲ့ဒီဇာတ္ေကာင္ေတြေနရာမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ Chris နဲ႔ Scarlett တို႔ဟာ တစ္ျခား႐ုပ္ရွင္ေတြထဲမွာလည္း အတူတူ သ႐ုပ္ေဆာင္ဖူးၾကပါတယ္။ ဒါေပမယ့္လည္း သူတို႔ႏွစ္ေယာက္ သ႐ုပ္ေဆာင္ခဲ့တဲ့ ႐ုပ္ရွင္ေတြကို တစ္ကားတည္းအေနနဲ႔ ေ႐ြးရခက္တာေၾကာင့္ အေကာင္းဆုံးလို႔ ယူဆထားတဲ့ ႐ုပ္ရွင္ေတြကို ေဖာ္ျပခ်င္ပါတယ္။ The Nanny Diaries (၂၀၀၇) နဲ႔ The Perfect Score (၂၀၀၄)တို႔ထဲမွာေတာ့ Chris နဲ႔ Scarlett တို႔ရဲ႕ ငယ္ဘဝတုန္းက ပုံစံေတြကို ျမင္ရမွာျဖစ္ၿပီး သူတို႔ႏွစ္ေယာက္ကို အတူျမင္ခ်င္သူေတြ ၾကည့္ရႈသင့္တဲ့ ဇာတ္ကားေတြ ျဖစ္ပါတယ္။

ဒါကေတာ့ MCU သ႐ုပ္ေဆာင္ေတြ အတူတူ သ႐ုပ္ေဆင္ထားတဲ့ MCU ျပင္ပက တစ္ျခား႐ုပ္ရွင္ေတြပဲ ျဖစ္ပါတယ္။ စာဖတ္သူတို႔ ႏွစ္သက္တဲ့ အျခား႐ုပ္ရွင္ကားမ်ား ရွိရင္လည္း ေျပာျပခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular