HomeCharacterMCU ရဲ့ Thunderbolts အဖွဲ့ထဲမှာ ပါဝင်လာနိုင်တဲ့ ဇာတ်ကောင်(၁၀)ယောက်

MCU ရဲ့ Thunderbolts အဖွဲ့ထဲမှာ ပါဝင်လာနိုင်တဲ့ ဇာတ်ကောင်(၁၀)ယောက်

Marvel စတူဒီယိုကတော့ မကြာသေးခင်ကပဲ Thunderbolts ရုပ်ရှင် ထွက်ရှိလာမယ့်အကြောင်း အတည်ပြုပေးထားပါတယ်။ ဒီလိုအတည်မပြုခင်ကတည်းက Phase 4 ရဲ့ ရုပ်ရှင်တွေထဲမှာ ဒီအဖွဲ့အတွက် Setup ပြုလုပ်နေတယ်ဆိုတာကို သိသိသာသာ ပြထားခဲ့ပြီးသား ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ပရိသတ်တွေဟာလည်း မကြာခင်မှာ Thunderbolts ရုပ်ရှင်ကို မြင်တွေ့ရတော့မယ်လို့ မျှော်လင့်နေကြပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ MCU ရဲ့ Thunderbolts အဖွဲ့ထဲမှာ ပါဝင်လာနိုင်တဲ့ ဇာတ်ကောင်(၁၀)ယောက်ကို ဖော်ပြပေးချင်ပါတယ်။

(1) Yelena Belova

photo via screenrant

Florence Pugh ကတော့ Black Widow ရုပ်ရှင်ထဲမှာ Yelena Belova အနေနဲ့ စတင်ပါဝင်ခဲ့ပြီး Hawkeye ဇာတ်လမ်းတွဲထဲမှာလည်း ပါဝင်ခဲ့ပါတယ်။ Black Widow ရုပ်ရှင်ရဲ့ Credit Scene ထဲမှာတော့ Valentina ဟာ Natasha ရဲ့ သေဆုံးမှုက Clint Barton ကြောင့်ပါလို့ Yelena ကို ပြောလိုက်ပါတယ်။ ဒါကြောင့်ပဲ Yelena ဟာ Hawkeye ဇာတ်လမ်းတွဲထဲမှာ Clint ကို သတ်ပစ်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Yelena ကို ဘယ်အချိန်မှာ ပြန်လည်မြင်တွေ့ရမယ်ဆိုတာ မသိရသေးပေမယ့်လည်း ကောမစ်ထဲမှာတော့ သူမဟာ Thunderbolts အဖွဲ့ရဲ့ အဖွဲ့ဝင်အဖြစ်နဲ့ရော၊ ခေါင်းဆောင်ပါ ဖြစ်ခဲ့ဖူးတာကြောင့် သေချာပေါက်နီးပါး ဒီအဖွဲ့ထဲမှာ ပါဝင်လာနိုင်ပါတယ်။

(2) Abomination

photo via screenrant

Abomination ကတော့ The Incredible Hulk ရုပ်ရှင်ထဲမှာ စတင်ပါဝင်ခဲ့ပြီး ဆယ်နှစ်ကျော် ကြာမြင့်ပြီးတဲ့အချိန်မှာတော့ Shang-Chi and the Legend of Ten Rings ရုပ်ရှင်ထဲမှာ Cameo အဖြစ် ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် အသစ်ထွက်ရှိလာမယ့် She-Hulk ဇာတ်လမ်းတွဲထဲမှာလည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ ပရိသတ်တွေများစွာကတော့ Abomination ဟာ MCU ရဲ့ Thunderbolts အဖွဲ့ထဲမှာ ပါဝင်လာမယ်လို့ ယူဆနေကြပါတယ်။

(3) U.S. Agent

photo via screenrant

Thunderbolts ထဲမှာ ပါဝင်လာဖို့ ရာခိုင်နှုန်းများတဲ့အထဲမှာတော့ U.S. Agent လည်း ပါဝင်နေပါတယ်။ သူကတော့ The Falcon and the Winter Soldier ဇာတ်လမ်းတွဲထဲမှာ စတင်ပါဝင်လာခဲ့ပြီး ဇာတ်လမ်းအဆုံးမှာတော့ Yelena လိုပဲ သူ့ကိုလည်း Valentina က လာရောက်ခေါ်ဆောင်သွားပါတယ်။ ယခုအချိန်ထိတော့ Valentina ဟာ ဘာတွေလုပ်ဖို့ ကြံစည်နေတယ်ဆိုတာ မပြသသေးပေမယ့်လည်း သူမဟာ Thunderbolts အဖွဲ့ ဖွဲ့စည်းဖို့ လူတွေစုဆောင်းနေတယ်လို့ ပရိသတ်အများအပြားက ယုံကြည်ထားကြပါတယ်။

(4) Baron Zemo

photo via screenrant

ကောမစ်ထဲမှာတော့ Baron Zemo ဟာ ပထမဆုံး Thunderbolts အဖွဲ့ကို ဦးဆောင်ခဲ့ဖူးပါတယ်။ MCU ထဲမှာတော့ သူဟာ Captain America: Civil War ထဲမှာ စတင်ပါဝင်လာခဲ့ပြီး The Falcon and the Winter Soldier ရဲ့ အဆုံးသတ်မှာတော့ သူဟာ ထောင်ထဲကို ပြန်လည်ရောက်ရှိသွားပါတယ်။ ဒါပေမယ့်လည်း သူဟာ အကြောင်းအမျိူးမျိူးနဲ့ Thunderbolts အဖွဲ့ထဲမှာ ပါဝင်လာနိုင်ပါသေးတယ်။

(5) Taskmaster

photo via screenrant

Black Widow ရုပ်ရှင်ထဲက ဗီလိန်တစ်ယောက်ဖြစ်တဲ့ Taskmaster ကတော့ ကောမစ်ဗားရှင်းနဲ့ မတူညီဘဲ ပြောင်းလဲမှုတွေများစွာ ပြုလုပ်ထားပါတယ်။ Black Widow ရုပ်ရှင်ရဲ့ အဆုံးသတ်မှာတော့ Taskmaster ဟာ ဦးနှောက်ဆေးခံထားရတာ ပျောက်ကွယ်သွားပြီး ဗီလိန်မဟုတ်တော့တဲ့ ပုံစံကို ပြသသွားပါတယ်။ ဒါပေမယ့်လည်း တခြားဇာတ်ကောင် တစ်ယောက်ယောက်ဟာ Taskmaster ဆိုတဲ့ နာမည်ကိုခံယူပြီး Thunderbolts အနေနဲ့ ပါဝင်လာနိုင်ပါတယ်။

(6) Ghost

photo via screenrant

Ant-Man and the Wasp ရဲ့ အဓိကဗီလိန်ဖြစ်တဲ့ Ava Starr သို့မဟုတ် Ghost ဟာလည်း Thunderbolts ထဲမှာ ပါဝင်လာနိုင်ပါတယ်။ ဒီဇာတ်လမ်းရဲ့အဆုံးသတ်မှာတော့ သူမဟာ Bill Foster နဲ့အတူ ပုန်းကွယ်သွားတာပဲ ဖြစ်ပါတယ်။ အဲဒီအချိန်က စတင်ပြီး ယခုအထိ Ghost ကို မမြင်တွေ့ခဲ့ရသလို သူမနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုလည်း တစ်ခါမှ Mention မပြုလုပ်ခဲ့ပါဘူး။ သို့သော်လည်း MCU ဟာ ဒီလိုဇာတ်ကောင်မျိူးကို အလကားသက်သက် ဖြုန်းတီးပစ်မှာတော့ မဟုတ်လောက်ပါဘူး။

(7) Luke Cage

photo via screenrant

Thunderbolts အဖွဲ့ဟာ ဗီလိန်တွေ၊ Anti-Hero တွေနဲ့ စုစည်းပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပေမယ့်လည်း တချို့ဟီးရိုးတွေကတော့ ဒီအဖွဲ့ဝင် ဖြစ်ခဲ့ဖူးသလို ခေါင်းဆောင်တောင် ဖြစ်ခဲ့ဖူးကြပါတယ်။ Luke Cage ဟာလည်း အဲဒီဟီးရိုးတွေထဲကတစ်ယောက် ဖြစ်ပြီး အချိန်တစ်ခုလောက်အထိ Thunderbolts အဖွဲ့ဝင်အဖြစ် နေထိုင်ခဲ့ပါတယ်။ Netflix ရဲ့ Defenders တွေကတော့ မူလတုန်းက MCU နဲ့ မဆက်စပ်ပေမယ့်လည်း No Way Home မှာ Matt Murdock ပါဝင်လာတာကြောင့် Luke Cage တို့လည်း ပါဝင်လာနိုင်ပါသေးတယ်။

(8) Bullseye

photo via screenrant

Matt Murdock ဟာ MCU ထဲမှာ ပါဝင်လာတာကြောင့် Netflix ရဲ့ Daredevil ဇာတ်လမ်းတွဲထဲမှာ ပါဝင်ခဲ့တဲ့ Bullseye ဗားရှင်းဟာလည်း Thunderbolts အဖွဲ့ဝင်တစ်ယောက် ဖြစ်လာနိုင်ပါတယ်။ Season 3 မှာတော့ Bullseye ရဲ့ Origin ကို မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ သူဟာလည်း MCU ထဲမှာ ပါဝင်လာပြီး Thunderbolts အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ဆက်လက် ပါဝင်လာနိုင်ပါတယ်။

(9) Scorpion

photo via screenrant

Spider-Man: Homecoming ထဲမှာတော့ Scorpion သို့မဟုတ် Mac Gargan ကို စတင်မြင်တွေ့ခဲ့ရပါတယ်။ အဲဒီဇာတ်ဝင်ခန်းထဲမှာတော့ သူဟာ အကျဉ်းသားတစ်ယောက် ဖြစ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း MCU ဟာ သူ့ကို Scorpion အဖြစ် သေချာပုံမဖော်ရသေးပါဘူး။ အဲဒါကြောင့်ပဲ သူ့ကိုတော့ MCU ရဲ့ အနာဂတ် ပရောဂျက်တွေမှာ ဆက်လက် မြင်တွေ့ရနိုင်ပါသေးတယ်။

(10) Moonstone

photo via screenrant

လောလောဆယ်မှာတော့ အတည်ပြုထားခြင်း မရှိသေးပေမယ့်လည်း ပရိသတ်တွေကတော့ Captain Marvel ရဲ့ ဗီလိန်ဖြစ်သူ Moonstone ရဲ့ Live Action ဗားရှင်းကိုတော့ မကြာခင်မှာ မြင်တွေ့ရတော့မယ်လို့ သီအိုရီတွေ ထုတ်နေကြပါတယ်။ Moonstone တဖြစ်လည်း Karla Sofen ကတော့ Ms. Marvel ဆိုတဲ့အမည်ကို အသုံးပြုခဲ့တဲ့ တတိယမြောက် ဖြစ်ပြီး ကောမစ်ထဲက Thunderbolts အဖွဲ့ရဲ့ မူလအဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူမကိုတော့ The Marvels ရုပ်ရှင်ထဲမှာ မိတ်ဆက်ပေးသွားပြီး Thunderbolts အဖွဲ့ဝင် ဖြစ်လာစေမယ်လို့ ယူဆရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular