HomeEntertainmentFilmMegan Thee Stallion ဟာ MCU ထဲမှာ စွမ်းအားတွေ ရှိနေတာလား?

Megan Thee Stallion ဟာ MCU ထဲမှာ စွမ်းအားတွေ ရှိနေတာလား?

She-Hulk: Attorney at Law ဇာတ်လမ်းတွဲကတော့ လောလောဆယ်မှာ အပိုင်း(၃) ထွက်ရှိထားပါတယ်။ ဒီအပိုင်းထဲမှာတော့ Wrecking Crew လိုမျိူး ဇာတ်ကောင်အသစ်တွေကို မြင်တွေ့ခဲ့ရသလို နာမည်ကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့ Megan Thee Stallion လည်း Cameo ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် Megan Thee Stallion ရဲ့ ဇာတ်ဝင်ခန်းထဲမှာတော့ စိတ်ဝင်စားစရာတစ်ခု ပါဝင်နေပါတယ်။

photo via screenrant

အပိုင်း(၃)ရဲ့ Credit Scene ထဲမှာတော့ Megan Thee Stallion ဟာ Jennifer Walters ရဲ့ အမှုသည်အဖြစ် လက်မှတ်ထိုးခဲ့တာကို တွေ့ရပါတယ်။ Jennifer Walters ကတော့ Superhuman တွေကို ကိုယ်စားပြုပေးတဲ့ ရှေ့နေတစ်ယောက် ဖြစ်ပြီး Megan Thee Stallion ဟာ Jennifer ရဲ့ အမှုသည်အဖြစ် လက်မှတ်ထိုးခဲ့တာကြောင့် Megan Thee Stallion ဟာ စွမ်းအားတစ်ခုခု ပိုင်ဆိုင်ထားတာကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။

လောလောဆယ်မှာတော့ Megan Thee Stallion မှာ ဘာစွမ်းအားတွေ ရှိတယ်ဆိုတာ မသိရသေးပါဘူး။ MCU ကလည်း Ms. Marvel ကို Mutant အဖြစ် ပြောင်းလဲအပြီးမှာတော့ Mutant တွေကို တောက်လျှောက် Tease လုပ်နေပါတယ်။ She-Hulk အပိုင်း(၂)ထဲမှာဆိုရင်လည်း Wolverine ကို Reference ပြုလုပ်ခဲ့ပါသေးတယ်။ ဒါကြောင့်ပဲ Megan Thee Stallion ကိုလည်း Mutant တစ်ယောက်အဖြစ် ပုံဖော်သွားလောက်ပြီး နောက်ပိုင်းမှာတော့ Cameo သက်သက် မဟုတ်ဘဲ MCU ရဲ့ Regular ဇာတ်ကောင်တွေထဲက တစ်ယောက် ဖြစ်လာနိုင်ပါတယ်။

photo via screenrant

Megan Thee Stallion ဟာ Mutant မဟုတ်ဘူး ဆိုရင်တောင် သူမအကြောင်းကို အသစ်ထွက်ရှိလာမယ့် She-Hulk အပိုင်းတွေထဲမှာ ထပ်မံမြင်တွေ့ရနိုင်ပြီး အပေါ်မှာ ဖော်ပြခဲ့သလိုပဲ သူမဟာ MCU ရဲ့ Regular ဇာတ်ကောင်တစ်ယောက် ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် Megan Thee Stallion ကိုယ်တိုင်ကလည်း အဆိုတော်တင် မဟုတ်ဘဲ သရုပ်ဆောင်နဲ့ ထုတ်လုပ်သူတွေပါ ဖြစ်ချင်တယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ဖူးပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular