HomeCelebs Update NewsInternationalအနက်ရောင်ဆံပင်တိုလေးနဲ့ hairstyle ပြောင်းလိုက်တဲ့ Florence Pugh 

အနက်ရောင်ဆံပင်တိုလေးနဲ့ hairstyle ပြောင်းလိုက်တဲ့ Florence Pugh 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသမီးလေး Florence Pugh ကတော့ မြင်နေကျ သူမရဲ့ ရွှေရောင်ဆံပင်ရှည်တွေကို နှုတ်ဆက်လိုက်ပါပြီ။

Florence ဟာ ပရိသတ်တွေ မြင်နေကျ သူမရဲ့ ရွှေရောင်ဆံပင်တွေကို စွန့်လွှတ်ပြီး ဆံပင်အရောင်ကို အမည်းရောင် ပြောင်းလိုက်တဲ့အပြင် အတိုပုံစံကိုပါ ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။ သူမ ဆံပင်ပုံစံ ပြောင်းလဲလိုက်တာကိုတော့ မနေ့က စနေနေ့မှာပဲ အင်စတာဂရမ်မှာ ပို့စ်တင်ပြီး မျှဝေပေးထားတာ ဖြစ်ပါတယ်။

ပို့စ်ရဲ့ ကပ်ပရှင်မှာတော့ “တစ်ခုတော့ လုပ်လိုက်ပြီ … #chopchopchop ” လို့ ရေးထားတာ တွေ့ရပါတယ်။ ပုံထဲမှာတော့ ဆံပင်အမည်းရောင်အတိုလေးနဲ့ ဆွဲဆောင်မှုရှိရှိ လှနေတဲ့ Florence ကို တွေ့ရပြီး ဆွယ်တာ sport bra ကို ဝတ်ဆင်ထားတာ တွေ့ရပါတယ်။

Photo: florencepugh/ Instagram

သူမရဲ့ ဆံပင်ပုံစံအသစ်လေးကို ပရိသတ်တွေသာမက ဟောလိဝုဒ်က လုပ်ဖော်ကိုင်ဖက်တွေကလည်း သဘောတွေကျနေကြပါတယ်။ Midsommar ရုပ်ရှင်ထဲက သူမနဲ့ သရုပ်ဆောင်ဖက်တွေကလည်း ဒီဆံပင်ပုံစံလေးကို ကြိုက်နှစ်သက်ကြောင်း ပြောထားကြသလို Hailee Steinfeld ကလည်း “လုံးဝမိုက်တယ် … ” လို့ ကွန်းမန့် လာရေးထားပါတယ်။

ဒါ့အပြင် မင်းသမီးလေး Joey King ကလည်း “ကြိုက်လိုက်တာ … ” လို့ ရေးသားထားပြီး Dwayne Johnson ကတော့ “ဆံပင်ပုံလေး လှတယ် ညီမလေး … နောက်တစ်ခေါက် ထပ်ညှပ်လိုက်ရင် အစ်ကိုနဲ့ တူလာလိမ့်မယ် … ” လို့ စနောက်ထားတာ တွေ့ရပါတယ်။

Photo: florencepugh/ Instagram

Ariana Grande ကလည်း “လှလိုက်တာကွယ် … ” လို့ ရေးသားထားပါသေးတယ်။ ဒါ့အပြင် Florence နဲ့ သုံးနှစ်ကြာ တွဲနေတဲ့ ချစ်သူ Zach Braff ကလည်း သူမရဲ့ပုံစံအသစ်ကို သူ့ရဲ့ အင်စတာဂရမ်မှာ ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်။

အသက်(၂၅)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Florence ဟာ အသက်(၄၆)နှစ် ရှိပြီဖြစ်တဲ့ Braff နဲ့ ၂၀၁၈ ခုနှစ် ဩဂုတ်လတည်းက ကောလာဟလတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ သူမဟာ Braff ရဲ့ ဇာတ်လမ်းတိုဖြစ်တဲ့ “In The Time It Takes To Get There” မှာ ပါဝင်ခဲ့ရပြီး အဲဒီရုပ်ရှင်ကတော့ ၂၀၁၉ ခုနှစ် ဧပြီလမှာ ထွက်ရှိခဲ့ပါတယ်။

Photo via eonline

Florence ဟာ အသက်(၂၁)နှစ်ကွာတဲ့ ချစ်သူနဲ့ တွဲနေတဲ့အတွက် ဆိုရှယ်မီဒီယာတွေမှာတော့ ဒီကိစ္စကို လူပေါင်းများစွာက ဝိုင်းဝန်းဝေဖန် ပြောဆိုခဲ့ကြပါတယ်။ ဒါကြောင့်ပဲ  ၂၀၂၀ ခုနှစ် ဧပြီလမှာတော့ သူမရဲ့ ချစ်သူကို ဝိုင်းဝန်းအနိုင်ကျင့် ပြောဆိုတာတွေ မလုပ်ကြဖို့ Florence ဟာ သူမရဲ့ ဖော်လိုဝါတွေကို လူသိရှင်ကြား အင်စတာဂရမ်ကနေ ဗွီဒီယိုတစ်ခုနဲ့ ပြောဆိုခဲ့ရပါတယ်။

ရုပ်ရှင်နဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုမှာတော့ Florence ဟာ လာမယ့် နိုဝင်ဘာလ(၂၄)ရက်နေ့မှာ streaming စတင်ပြသမယ့် Hawkeye ဇာတ်လမ်းတွဲမှာ Black Widow ရဲ့ ညီမဖြစ်သူ Yelena Belova ဇာတ်ရုပ်ကနေပဲ ပြန်လည် ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

Glasgow

Source: people

(Zawgyi Version)

မင္းသမီးေလး Florence Pugh ကေတာ့ ျမင္ေနက် သူမရဲ့ ေရႊေရာင္ဆံပင္ရွည္ေတြကို ႏွုတ္ဆက္လိုက္ပါၿပီ။

Florence ဟာ ပရိသတ္ေတြ ျမင္ေနက် သူမရဲ့ ေရႊေရာင္ဆံပင္ေတြကို စြန႔္လႊတ္ၿပီး ဆံပင္အေရာင္ကို အမည္းေရာင္ ေျပာင္းလိုက္တဲ့အျပင္ အတိုပုံစံကိုပါ ေျပာင္းလဲလိုက္တာ ျဖစ္ပါတယ္။ သူမ ဆံပင္ပုံစံ ေျပာင္းလဲလိုက္တာကိုေတာ့ မေန႔က စေနေန႔မွာပဲ အင္စတာဂရမ္မွာ ပို႔စ္တင္ၿပီး မၽွေဝေပးထားတာ ျဖစ္ပါတယ္။

ပို႔စ္ရဲ့ ကပ္ပရွင္မွာေတာ့ “တစ္ခုေတာ့ လုပ္လိုက္ၿပီ … #chopchopchop ” လို႔ ေရးထားတာ ေတြ႕ရပါတယ္။ ပုံထဲမွာေတာ့ ဆံပင္အမည္းေရာင္အတိုေလးနဲ႔ ဆြဲေဆာင္မွုရွိရွိ လွေနတဲ့ Florence ကို ေတြ႕ရၿပီး ဆြယ္တာ sport bra ကို ဝတ္ဆင္ထားတာ ေတြ႕ရပါတယ္။

Photo: florencepugh/ Instagram

သူမရဲ့ ဆံပင္ပုံစံအသစ္ေလးကို ပရိသတ္ေတြသာမက ေဟာလိဝုဒ္က လုပ္ေဖာ္ကိုင္ဖက္ေတြကလည္း သေဘာေတြက်ေနၾကပါတယ္။ Midsommar ႐ုပ္ရွင္ထဲက သူမနဲ႔ သ႐ုပ္ေဆာင္ဖက္ေတြကလည္း ဒီဆံပင္ပုံစံေလးကို ႀကိဳက္ႏွစ္သက္ေၾကာင္း ေျပာထားၾကသလို Hailee Steinfeld ကလည္း “လုံးဝမိုက္တယ္ … ” လို႔ ကြန္းမန႔္ လာေရးထားပါတယ္။

ဒါ့အျပင္ မင္းသမီးေလး Joey King ကလည္း “ႀကိဳက္လိုက္တာ … ” လို႔ ေရးသားထားၿပီး Dwayne Johnson ကေတာ့ “ဆံပင္ပုံေလး လွတယ္ ညီမေလး … ေနာက္တစ္ေခါက္ ထပ္ညႇပ္လိုက္ရင္ အစ္ကိုနဲ႔ တူလာလိမ့္မယ္ … ” လို႔ စေနာက္ထားတာ ေတြ႕ရပါတယ္။

Photo: florencepugh/ Instagram

Ariana Grande ကလည္း “လွလိုက္တာကြယ္ … ” လို႔ ေရးသားထားပါေသးတယ္။ ဒါ့အျပင္ Florence နဲ႔ သုံးႏွစ္ၾကာ တြဲေနတဲ့ ခ်စ္သူ Zach Braff ကလည္း သူမရဲ့ပုံစံအသစ္ကို သူ႔ရဲ့ အင္စတာဂရမ္မွာ ျပန္လည္မၽွေဝထားတာ ေတြ႕ရပါတယ္။

အသက္(၂၅)ႏွစ္အရြယ္ ရွိၿပီျဖစ္တဲ့ Florence ဟာ အသက္(၄၆)ႏွစ္ ရွိၿပီျဖစ္တဲ့ Braff နဲ႔ ၂၀၁၈ ခုႏွစ္ ဩဂုတ္လတည္းက ေကာလာဟလေတြ ထြက္ေပၚခဲ့တာ ျဖစ္ပါတယ္။ သူမဟာ Braff ရဲ့ ဇာတ္လမ္းတိုျဖစ္တဲ့ “In The Time It Takes To Get There” မွာ ပါဝင္ခဲ့ရၿပီး အဲဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၉ ခုႏွစ္ ဧၿပီလမွာ ထြက္ရွိခဲ့ပါတယ္။

Photo via eonline

Florence ဟာ အသက္(၂၁)ႏွစ္ကြာတဲ့ ခ်စ္သူနဲ႔ တြဲေနတဲ့အတြက္ ဆိုရွယ္မီဒီယာေတြမွာေတာ့ ဒီကိစၥကို လူေပါင္းမ်ားစြာက ဝိုင္းဝန္းေဝဖန္ ေျပာဆိုခဲ့ၾကပါတယ္။ ဒါေၾကာင့္ပဲ  ၂၀၂၀ ခုႏွစ္ ဧၿပီလမွာေတာ့ သူမရဲ့ ခ်စ္သူကို ဝိုင္းဝန္းအနိုင္က်င့္ ေျပာဆိုတာေတြ မလုပ္ၾကဖို႔ Florence ဟာ သူမရဲ့ ေဖာ္လိုဝါေတြကို လူသိရွင္ၾကား အင္စတာဂရမ္ကေန ဗြီဒီယိုတစ္ခုနဲ႔ ေျပာဆိုခဲ့ရပါတယ္။

႐ုပ္ရွင္နဲ႔ ပတ္သက္တဲ့ လွုပ္ရွားမွုမွာေတာ့ Florence ဟာ လာမယ့္ နိုဝင္ဘာလ(၂၄)ရက္ေန႔မွာ streaming စတင္ျပသမယ့္ Hawkeye ဇာတ္လမ္းတြဲမွာ Black Widow ရဲ့ ညီမျဖစ္သူ Yelena Belova ဇာတ္႐ုပ္ကေနပဲ ျပန္လည္ ပါဝင္လာဦးမွာ ျဖစ္ပါတယ္။

Glasgow

Source: people

RELATED ARTICLES

Most Popular