HomeCelebs Update NewsInternationalHarry Styles ဟာ သူ့လိုအသံမရှိဘူးလို့ ပြောလာတဲ့ Rocker ကြီး Mick Jagger

Harry Styles ဟာ သူ့လိုအသံမရှိဘူးလို့ ပြောလာတဲ့ Rocker ကြီး Mick Jagger

Rock ဂီတရဲ့ အထင်ကရပုဂ္ဂိုလ်တစ်ဦး ဖြစ်တဲ့ အဆိုတော်ကြီး Mick Jagger ဟာ Harry Styles နဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ မှတ်ချက်တစ်ခုကို ပေးလာပါတယ်။ ဒီအကြောင်းကိုတော့ ပြီးခဲ့တဲ့ မေလ(၂၁)ရက်နေ့က The London Times သတင်းဌာနနဲ့ အင်တာဗျူးမှာ The Rolling Stones အဖွဲ့ရဲ့ နှစ်(၆၀)ပြည့် အထိမ်းအမှတ် နယ်လှည့်ဖျော်ဖြေရေး ခရီးစဉ်အတွက် ပရိုမုဒ်လုပ်ရင်း ပြောသွားတာ ဖြစ်ပါတယ်။

အသက်(၇၈)နှစ်အရွယ် ရှိပြီဖြစ်တဲ့ အဆိုတော်ကြီး Mick Jagger ဟာ အဆိုပါ အင်တာဗျူးမှာတော့ အသက်(၂၈)နှစ်အရွယ် အဆိုတော်၊ သရုပ်ဆောင် Harry Styles ဟာ သူ့ခြေရာကိုနင်းမယ့် သူနဲ့ဆင်တူတဲ့ artist တစ်ယောက် ဖြစ်ပါသလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး အခုလို မှတ်ချက်ပေးသွားတာ ဖြစ်ပါတယ်။

Photo: mickjagger/ Instagram

“ကျုပ် Harry ကို ကြိုက်ပါတယ်။ ကျုပ်တို့ကြားမှာ အဆင်ပြေပြီး ရင်းနှီးချစ်ခင်တဲ့ ဆက်ဆံရေးလည်း ရှိပါတယ်။ ကျုပ်ပြောချင်တာကတော့ ကျုပ်ငယ်ငယ်တုန်းက သူ့ထက်တောင် eye makeup တွေအများကြီး လိမ်းခဲ့ဖူးတယ်။ သူ့ထက်လည်း အများကြီး မိန်းမဆန်ဆန် ဝတ်စားဆင်ယင်ခဲ့ပါသေးတယ်။ ပြီးတော့ စတိတ်ပေါ်မှာဆိုရင်လည်း ကျုပ်လိုအသံမျိုး၊ ကကွက်မျိုး သူ့မှာ မရှိပါဘူး။ ပြောရရင် သူက ကျုပ်ငယ်ငယ်က ပုံစံနဲ့ အပေါ်ယံလေးပဲ ခပ်ဆင်ဆင် တူတာပါ။ အဲဒါကလည်း အဆင်ပြေပါတယ်။ ဘာလို့လည်းဆိုတော့ သူကလည်း ကျုပ်လိုအတိအကျ လိုက်လုပ်နေစရာ လိုမနေဘူးလေ …” လို့ Jagger က ပြောထားတာ ဖြစ်ပါတယ်။

Photo: harrystyles/ Instagram

Harry Styles နဲ့ ပတ်သက်ပြီး Jagger က အခုလို မှတ်ချက်ပေးထားတာဟာ စိတ်ဝင်စားစရာကောင်းသလို တစ်ဖက်မှာတော့ Harry ဟာ သူ့ရဲ့ တတိယမြောက် စတူဒီယိုအယ်လ်ဘမ်သစ် Harry’s House ကို မကြာသေးခင်ကပဲ ထွက်ရှိထားပါတယ်။ ဒါ့အပြင် မင်းသမီး Florence Pugh နဲ့ တွဲဖက်ပြီးတော့လည်း Don’t Worry Darling ဆိုတဲ့ ရုပ်ရှင်အသစ်ကို ရိုက်ကူးထားကာ လာမယ့် စက်တင်ဘာလမှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

Photo: mickjagger/ Instagram

Mick Jagger ကတော့ ၁၉၆၀ ခုနှစ်တည်းက အောင်မြင်ကျော်ကြားလာခဲ့သူ ဖြစ်ပြီး ဂီတလောကမှာ ဆယ်စုနှစ်ပေါင်း ခြောက်ခုစာလောက် အရှိန်အဝါ ကြီးမားစွာနဲ့ ရပ်တည်လာခဲ့သူ ဖြစ်ပါတယ်။ သူဟာ နာမည်ကျော် ရော့ခ်တီးဝိုင်း The Rolling Stones ရဲ့ founding member လည်း ဖြစ်ပြီး lead vocals လည်း ဖြစ်ပါတယ်။ Jagger ဟာ အောင်မြင်တဲ့ ရော့ခ်အဆိုတော် တစ်ယောက်တင်မဟုတ်ဘဲ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် အင်္ဂလန်နိုင်ငံရဲ့ ဝေလမင်းသားကြီးကိုယ်တိုင်က သူကောင်းပြုပြီး “Sir” ဘွဲ့ ချီးမြှင့်ခံထားရတဲ့ artist တစ်ယောက်လည်း ဖြစ်ပါတယ်။

Vancouver

Source: hollywoodlife

RELATED ARTICLES

Most Popular