HomeCelebs Update NewsInternationalမိုးကြိုးပစ်ခံရလို့ အရေးပေါ် ဆင်းသက်လိုက်ရတဲ့ Miley Cyrus ရဲ့လေယာဉ်

မိုးကြိုးပစ်ခံရလို့ အရေးပေါ် ဆင်းသက်လိုက်ရတဲ့ Miley Cyrus ရဲ့လေယာဉ်

နာမည်ကျော် အဆိုတော်၊ သရုပ်ဆောင် Miley Cyrus စီးနင်းလိုက်ပါလာတဲ့ လေယာဉ်ဟာ ပါရာဂွေးနိုင်ငံကို သွားနေရင်း လမ်းခရီးမှာ မမျှော်လင့်ထားတဲ့ မုန်တိုင်းနဲ့ ရင်ဆိုင်တွေ့ပြီး မိုးကြိုးပစ်ခံလိုက်ရတာကြောင့် လေယာဉ်ကို အရေးပေါ် ဆင်းသက်ခဲ့ရတယ်လို့ သိရပါတယ်။

တောင်အမေရိကတိုက်ကို သွားရင်း ထိတ်လန့်စရာ အဖြစ်အပျက်နဲ့ ကြုံတွေ့လိုက်ရတဲ့ အကြောင်းကိုတော့ Miley ဟာ မကြာသေးခင်ကပဲ သူမရဲ့ အင်စတာဂရမ်မှာ ပြောပြထားတာ ဖြစ်ပါတယ်။

Photo: mileycyrus/ Instagram

“Asuncion မြို့ကို သွားတဲ့ ကျွန်မရဲ့ခရီးမှာ ထိတ်လန့်စရာ သတင်းအကြောင်း ကြားလိုက်ရတဲ့ ကျွန်မရဲ့ ပရိသတ်တွေနဲ့ စိတ်ပူနေကြတဲ့ လူတွေအားလုံးကို ပြောပြချင်လို့ပါ။ ကျွန်မတို့ စီးလာတဲ့ လေယာဉ်က မမျှော်လင့်ထားတဲ့ မုန်တိုင်းတစ်ခုနဲ့ ကြုံလိုက်ရပြီး မိုးကြိုးလည်း ပစ်ခံလိုက်ရပါတယ်။ အဲဒါနဲ့ အရေးပေါ် လေယာဉ် ဆင်းသက်ပြီးချိန်မှာတော့ ကျွန်မအပါအဝင် ကျွန်မနဲ့အတူ ဒီခရီးကို လိုက်ပါလာကြတဲ့ ကျွန်မရဲ့ အဖွဲ့သားတွေ၊ band အဖွဲ့ဝင်တွေနဲ့ မိသားစုတွေအားလုံး ဘေးကင်း လုံခြုံကြတယ်လို့ ပြောချင်ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ကျွန်မတို့ဟာ ပါရာဂွေးကို မသွားလိုက်နိုင်ဘူး ဖြစ်သွားပါတယ်။ အားလုံးကို ချစ်ပါတယ် … ” လို့ Miley က ပြောပြထားပါတယ်။

 

View this post on Instagram

 

A post shared by Miley Cyrus (@mileycyrus)

ဒီသတင်းစကားအပြင် လေယာဉ်ရဲ့ အပြင်ဘက်မှာ ကြောက်စရာ မိုးကြိုး လျှပ်စီးတွေ ဝင်းလက်နေတဲ့ ပုံရိပ်တွေကို Miley က လေယာဉ် ပြတင်းပေါက်ကနေ မှတ်တမ်းတင် ဗွီဒီယို ရိုက်ကူးလာခဲ့ပါသေးတယ်။ ဒါ့အပြင် လေယာဉ် ဆင်းသက်ပြီးနောက် လေယာဉ်မှာ မိုးကြိုးပစ်ခံလိုက်ရတဲ့ နေရာကိုလည်း ဓာတ်ပုံရိုက်ပြထားပါသေးတယ်။ ကောမန့်တွေမှာတော့ အခုလို ထိတ်လန့်စရာ အဖြစ်အပျက်နဲ့ ကြုံတွေ့ရပြီး ဘေးကင်း လုံခြုံသွားတဲ့ Miley ကို သူမရဲ့ မိတ်ဆွေတွေနဲ့ ပရိသတ်တွေက အားပေးစကားတွေ ပြောထားတာ တွေ့ရပါတယ်။

Photo: mileycyrus/ Instagram

လတ်တလောမှာတော့ Miley ဟာ နယ်လှည့်ဖျော်ဖြေရေး ခရီးစဉ်တွေ သွားရောက်နေတာ ဖြစ်ပြီး ဖျော်ဖြေပွဲတွေအတွက် တောင်အမေရိကတိုက်ကို ရောက်ရှိနေတာလည်း ရက်အနည်းငယ် ကြာမြင့်နေပြီ ဖြစ်ပါတယ်။ သူမဟာ ဒီခရီးစဉ်မှာတော့ တောင်အမေရိကတိုက်က သူမရဲ့ ပရိသတ်တွေကို ဖျော်ဖြေသွားမှာ ဖြစ်သလို ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတာတွေလည်း ရှိနေပါတယ်။ သူမရဲ့ ရှိုးတွေထဲမှာတော့ Miley ဟာ သီချင်းအသစ်တွေရော၊ အဟောင်းတွေကိုပါ ရောယှက် ဖျော်ဖြေနေတာ ဖြစ်ပါတယ်။

Vancouver

Source: hollywoodlife

RELATED ARTICLES

Most Popular