HomeBiographyဂီတလောကမှာ ပိုမိုထင်ရှားလာဦးမယ့် ဗြိတိန်အဆိုတော် Anne-Marie ရဲ့ ဘဝပုံရိပ်လွှာ

ဂီတလောကမှာ ပိုမိုထင်ရှားလာဦးမယ့် ဗြိတိန်အဆိုတော် Anne-Marie ရဲ့ ဘဝပုံရိပ်လွှာ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Anne-Marie လို့ ပြောလိုက်တာနဲ့ ဆွဲဆောင်မှုရှိတဲ့အသံ၊ ချစ်စရာအပြုံး၊ ခပ်ဂေါ်ဂေါ် ဒီဇိုင်းနဲ့ ဗြိတိန်အဆိုတော် ချောချောလေးကို ပြေးမြင်မိကြမှာပါ။ သူမဟာ 2002 ၊ Rockabye ၊ FRIENDS စတဲ့ တေးသီချင်းတွေနဲ့ မြန်မာပရိသတ်တွေကြားမှာ လူသိများသူလည်း ဖြစ်ပါတယ်။ သူမရဲ့တေးသီချင်းတွေကို နှစ်သက်ပြီး သူမရဲ့ဘဝအကြောင်းကို စိတ်ဝင်စားသူတွေအတွက် Anne-Marie ရဲ့ ဘဝအစိတ်အပိုင်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ငယ်ဘဝ

Anne-Marie ဟာ အင်္ဂလန်နိုင်ငံ၊ Essex ကောင်တီမှာ မွေးဖွားခဲ့တဲ့ အင်္ဂလန်သူလေး ဖြစ်ပါတယ်။ နာမည်အရင်းကတော့ Anne-Marie Rose Nicholson ဖြစ်ပါတယ်။ သူမဟာ ဧပြီလ(၇)ရက် ၁၉၉၁ခုနှစ်မှာ မွေးဖွားခဲ့လို့ အခုအချိန်မှာ အသက်(၂၉)နှစ် ရှိနေပါပြီ။ သူမရဲ့ ရာသီခွင်ကတော့ Aries ဖြစ်ပါတယ်။

ဖခင်ကတော့ Wayne Nicholson ဖြစ်ပြီး မိခင်ကတော့ Susasn J. “Sue” Thompson ဖြစ်ပါတယ်။ သူမမှာ Samantha လို့ခေါ်တဲ့ ညီအစ်မတစ်ယောက်လည်း ရှိပါတယ်။ ပညာရေးမှာတော့ Palmer ကောလိပ်မှာ တက်ရောက်သင်ကြားခဲ့ပါတယ်။

Photo: annemarie/ Instagram

သူမရဲ့အနုပညာဗီဇဟာ ကလေးအရွယ်မှာတည်းက တောက်လောင်ခဲ့တာ ဖြစ်ပါတယ်။ သူမဟာ အသက်(၆)နှစ်သမီး အရွယ်တည်းက အိမ်ကို မပြောဘဲ Les Misérables ပြဇာတ်အတွက် လူရွေးပွဲ ဝင်ပြိုင်ခဲ့သူ ဖြစ်ပါတယ်။ musical ပြဇာတ်အတွက် ဇာတ်ရုပ်တစ်နေရာ ဝင်ပြိုင်ခဲ့ရာမှာ တကယ်လည်း တစ်နေရာစာ ရရှိခဲ့ပါတယ်။ ဒါ့အပြင် အသက်(၁၂)နှစ်သမီး အရွယ်မှာတော့ Whistle Down the Wind ဆိုတဲ့ ဂီတပြဇာတ်မှာ Jessie J နဲ့အတူ ပါဝင်ဖျော်ဖြေခွင့် ရခဲ့ပါသေးတယ်။ ဒီမှာတင် သူမရဲ့အနုပညာဗီဇအရ သူမဘာသာ ကြိုးစားမှုကနေ အသီးအပွင့်အချို့ ရရှိခဲ့လို့ အဲ့ဒီ့အချိန်တည်းက မိဘတွေရဲ့ အားပေး၊ လေးစားမှုကို ရရှိခဲ့သူ ဖြစ်ပါတယ်။

သူမဟာ သုံးထပ်ကွမ်း ကရာတေး ကမ္ဘာ့ချန်ပီယံ ဖြစ်ပါတယ်။

Anne ဟာ ဂီတအပြင် ကရာတေး အားကစားကိုလည်း ဝါသနာပါသူ ဖြစ်ပါတယ်။ ကိုးနှစ်သမီးအရွယ်တည်းက Shotokan karate ကို စတင်လေ့ကျင့်ခဲ့သူဖြစ်ပြီး အဲ့ဒီ့အချိန်တည်းက ခါးပတ်နက်ပိုင်ရှင် ဖြစ်ပါတယ်။

Photo: annemarie/ Instagram

ဒါ့အပြင် ၂၀၀၂ခုနှစ် Funakoshi Shotokan Karate Association World Championship မှာ ရွှေတံဆိပ်နှစ်ဆု၊ ၂၀၀၇ခုနှစ် Funakoshi Shotokan Karate Association World Championship မှ ရွှေတံဆိပ်တစ်ဆု၊ ငွေတံဆိပ်တစ်ဆုတို့ ဆွတ်ခူးခဲ့ရုံသာမက ယူကေမှာ ကျင်းပခဲ့တဲ့ Traditional Karate Federation National Championship မှာလည်း ရွှေတံဆိပ်တစ်ဆု ရရှိခဲ့ပါသေးတယ်။

ကရာတေးအားကစားဟာ သူမအတွက် စည်းမျဉ်းစည်းကမ်းနဲ့ အာရုံစိုက်မှုတွေကို သင်ကြားပေးခဲ့ပြီး အောင်မြင်တဲ့ ဂီတပညာရှင်တစ်ယောက်ရဲ့ လိုအပ်ချက်တွေကို ကရာတေး အားကစားကနေ သင်ယူရရှိခဲ့တယ်လို့ Anne က ဆိုထားပါတယ်။

ဂီတခရီးလမ်း

Anne ဟာ အားကျအတုယူစရာ အဆိုတော်၊ တေးရေးတစ်ယောက်နဲ့ တွေ့ဆုံခွင့် ရရှိပြီးနောက်မှာတော့ ဂန္ထဝင်အဆိုတော်ကြီး Elton John ရဲ့ Rocket Studios မှာ အချိန်တစ်ချို့ ကုန်ဆုံးခွင့် ရခဲ့ပါတယ်။ သူမရဲ့ဂီတစွမ်းရည်ကို သိရှိသွားတဲ့ Rocket တေးသံသွင်းဟာ သူမကို မတုံ့ဆိုင်းဘဲ ရွေးချယ်ခဲ့ပြီး သီချင်းလုပ်ခွင့် ပေးခဲ့ပါတယ်။

Photo: annemarie/ Instagram

ဒီလိုနဲ့ ၂၀၁၃ခုနှစ်မှာ Summer Girl ဆိုတဲ့ ဒီမိုအခွေကြမ်းတစ်ချပ်ကို Rocket စတူဒီယို ကျေးဇူးနဲ့ ဖန်တီးနိုင်ခဲ့ပါတယ်။ သူမရဲ့အခွေကြမ်းလေးဟာ အခြားဂီတလုပ်နေသူတွေရဲ့ အာရုံစိုက်မှု ရရှိခဲ့ပြီး solo လုပ်ဖို့ထက် ဂီတသမားတစ်ယောက် ဖြစ်လာဖို့ လိုအပ်တဲ့ အရည်အချင်းတွေကို ပိုပြီးအားဖြည့်ခွင့် ရရှိခဲ့ပါတယ်။

သူမရဲ့အသံနဲ့ ဂီတစွမ်းရည်ကို ဒရမ်သမားတစ်ယောက်က သတိပြုမိခဲ့ပြီး သူတို့ရဲ့အဖွဲ့မှာ vocals သမား ထွက်သွားတာကြောင့် ဧည့်သည်အဆိုတော်အနေနဲ့ ဝင်ရောက်အိမ်ဖြည့်ပေးဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။ ဒီမှာတင် Anne ဟာ Magnetic Man အဖွဲ့နဲ့ Raized by Wolves အဖွဲ့တွေအတွက် တေးသီချင်းအချို့ ဝင်ရောက်သီဆိုပေးခဲ့ရပါတယ်။ ဒါတင်မက Rudimental ရဲ့ We The Generation အယ်လ်ဘမ်အတွက် တေးသီချင်းနှစ်ပုဒ်လည်း ပါဝင်သီဆိုပေးခဲ့ရပါသေးတယ်။

Photo: annemarie/ Instagram

ဒီလိုနဲ့ Rudimental band နဲ့အတူ ကမ္ဘာ့နာမည်ကြီး ဂီတပွဲတော်တွေ၊ ဖျော်ဖြေပွဲတွေမှာ နယ်လှည့်ဖျော်ဖြေရေးခရီး နှစ်နှစ်ခန့် အတူတူ ဖျော်ဖြေခဲ့ရပါတယ်။ သိပ်မကြာခင်မှာပဲ Anne ဟာ သူမရဲ့ Karate လို့အမည်ပေးထားတဲ့ ပွဲဦးထွက် EP တစ်ချပ်ကို ထုတ်လုပ်ခွင့် ရရှိခဲ့ပါတယ်။ အဲ့ဒီ့ EP လေးဟာ ဂီတဝေဖန်သုံးသပ်သူတွေရဲ့ အကောင်းမြင် မှတ်ချက်တွေကို ရရှိခဲ့တာကြောင့် ဆိုလိုအနေနဲ့ ခရီးဆက်ခွင့် ရရှိခဲ့ပါတယ်။

အဲ့ဒီ့နောက် ၂၀၁၆ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Do It Right နဲ့ လအတော်ကြာမှာ ထပ်ထွက်ခဲ့တ‌ဲ့ Alarm ဆင်ဂယ်လ်သီချင်းနှစ်ပုဒ်ဟာ သူမရဲ့ဘဝကို အောင်မြင်တဲ့ အဆိုတော်ဖြစ်လာအောင် တွန်းတင်ပေးနိုင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ နာမည်ကြီး Rockabye သီချင်းမှာ Clean Bandit နဲ့အတူ သီဆိုခွင့် ရရှိခဲ့ပြီး သူမရဲ့ဆင်ဂယ်လ်သီချင်းတွေဖြစ်တဲ့ Heavy ၊ Ciao Adios တွေကြောင့် နိုင်ငံတကာက လူငယ်ဂီတချစ်သူတွေကြားထဲမှာ နေရာတစ်ခု ရရှိလာခဲ့ပါတယ်။

Photo: annemarie/ Instagram

၂၀၁၈ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Speak Your Mind စတူဒီယိုအယ်လ်ဘမ်မှာတော့ သူမရဲ့ ဟစ်ဖြစ်ခဲ့တဲ့ ဆင်ဂယ်လ်သီချင်းတွေ ပြန်လည်ပါဝင်ခဲ့သလို Friends လို သီချင်းသစ်တွေကြောင့်လည်း လူငယ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားလာခဲ့သူ ဖြစ်ပါတယ်။

ရရှိထားတဲ့ ဆုတံဆိပ်၊ မှတ်တိုင်များ

Anne ဟာ သူမရဲ့အောင်မြင်ကျော်ကြားတဲ့ တေးသီချင်းတွေကြောင့် ဩဇာအရှိန်အဝါ ရှိတဲ့ ပလက်တီနမ်ဓာတ်ပြားဆုတွေနဲ့ ရွှေဓာတ်ပြားဆုတွေ ချီးမြှင့်ခံထားရသူ ဖြစ်ပါတယ်။ ၂၀၁၉ခုနှစ်ရဲ့ Brit Awards ဆုပေးပွဲမှာတော့ Best British Female Solo Artist ဆုအပါအဝင် စုစုပေါင်း စံကာတင်လေးဆု ဝင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၉ခုနှစ်အတွက် Global Awards နဲ့ Remarkable Women Awards နှစ်ဆုကိုလည်း ဆွတ်ခူးထားသူ ဖြစ်ပါတယ်။

Photo: annemarie/ Instagram
ပုဂ္ဂိုလ်ရေးဘဝ

Anne ဟာ သူမရဲ့ပုဂ္ဂိုလ်ရေး အကြောင်းအရာတွေနဲ့ ပတ်သက်ရင် အင်မတန် လျှို့ဝှက်သိုသိပ်တတ်သူ ဖြစ်ပါတယ်။ သူမရဲ့ အချစ်ရေးကိစ္စတွေနဲ့ ပတ်သက်ရင်လည်း ဘယ်သောအခါမျှ ထုတ်ပြောလေ့ မရှိပါဘူး။ မေးလွန်းမက မေးတဲ့အခါကျမှသာ “သူက ဂီတအလုပ်လုပ်ပါတယ်။ ကျွန်မ ရှင်တို့ကို ပြောပြလို့ မရပါဘူး။ သူက အတော်လေးတော့ လူသိများပါတယ်။ တကယ် ပြောပြလို့မရတာပါ… ” ဆိုပြီးတော့ ဖြေထားပါတယ်။

အချစ်ရေးနဲ့ ပတ်သက်လို့ သိုသိပ်တတ်တဲ့ Anne ဟာ သူမကိုယ်တိုင်က ထုတ်ပြောလေ့ မရှိသလို သူမနဲ့ ပတ်သက်တဲ့ အချစ်ရေးသတင်း တစ်စုံတစ်ရာဟာလည်း မီဒီယာစာမျက်နှာတွေမှာ ပျံ့နှံ့၊ ပေါ်ပေါက်လာတာမျိုး မရှိတာဟာ အံ့ဩစရာတစ်ခုပါပဲ။

Photo: annemarie/ Instagram

မိတ်ဆွေ၊ အပေါင်းအသင်းကိစ္စမှာတော့ Anne ဟာ Ed Sheeran နဲ့ အလွန်ခင်မင်ရင်းနှီးသူ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ခင်မင်လာခဲ့ကြတာ နှစ်တွေကြာမြင့်ပြီ ဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ဂီတဖန်တီးရာမှာလည်း အပြန်အလှန် အားပေးကူညီကြသူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် Anne ရဲ့ နာမည်ကြီးသီချင်း 2002 ကို Ed က ရေးသားပေးထားတာ ဖြစ်ပါတယ်။

ချမ်းသာကြွယ်ဝမှုအနေနဲ့ကတော့ သူမရဲ့ YouTube Channel တစ်ခုတည်းကတင် ဒေါ်လာ(၂)သန်းကျော်ခန့် တန်ဖိုးရှိနေပြီး ၂၀၂၀ခုနှစ် စက်တင်ဘာလအထိ ခန့်မှန်းဖော်ပြချက်များအရ သူမရဲ့ ကြွယ်ဝမှုဟာ ဒေါ်လာငါးသန်းခန့် ရှိတယ်လို့ ဆိုပါတယ်။

ချစ်စရာအပြုံး၊ ဆွဲဆောင်မှုရှိတဲ့ သူမရဲ့တေးသံတွေနဲ့အတူ Anne-Marie ဟာ ဂီတလောကမှာ ဆက်လက် တောက်ပ ထင်ရှားလာဦးမယ်ဆိုတာကတော့ ငြင်းဖွယ်ရာ မရှိပါဘူးလို့ ဆိုရင်း … ။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Anne-Marie လို႔ ေျပာလိုက္တာနဲ႔ ဆြဲေဆာင္မႈရွိတဲ့အသံ၊ ခ်စ္စရာအၿပဳံး၊ ခပ္ေဂၚေဂၚ ဒီဇိုင္းနဲ႔ ၿဗိတိန္အဆိုေတာ္ ေခ်ာေခ်ာေလးကို ေျပးျမင္မိၾကမွာပါ။ သူမဟာ 2002 ၊ Rockabye ၊ FRIENDS စတဲ့ ေတးသီခ်င္းေတြနဲ႔ ျမန္မာပရိသတ္ေတြၾကားမွာ လူသိမ်ားသူလည္း ျဖစ္ပါတယ္။ သူမရဲ႕ေတးသီခ်င္းေတြကို ႏွစ္သက္ၿပီး သူမရဲ႕ဘဝအေၾကာင္းကို စိတ္ဝင္စားသူေတြအတြက္ Anne-Marie ရဲ႕ ဘဝအစိတ္အပိုင္းအခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

ငယ္ဘဝ

Anne-Marie ဟာ အဂၤလန္ႏိုင္ငံ၊ Essex ေကာင္တီမွာ ေမြးဖြားခဲ့တဲ့ အဂၤလန္သူေလး ျဖစ္ပါတယ္။ နာမည္အရင္းကေတာ့ Anne-Marie Rose Nicholson ျဖစ္ပါတယ္။ သူမဟာ ဧၿပီလ(၇)ရက္ ၁၉၉၁ခုႏွစ္မွာ ေမြးဖြားခဲ့လို႔ အခုအခ်ိန္မွာ အသက္(၂၉)ႏွစ္ ရွိေနပါၿပီ။ သူမရဲ႕ ရာသီခြင္ကေတာ့ Aries ျဖစ္ပါတယ္။

ဖခင္ကေတာ့ Wayne Nicholson ျဖစ္ၿပီး မိခင္ကေတာ့ Susasn J. “Sue” Thompson ျဖစ္ပါတယ္။ သူမမွာ Samantha လို႔ေခၚတဲ့ ညီအစ္မတစ္ေယာက္လည္း ရွိပါတယ္။ ပညာေရးမွာေတာ့ Palmer ေကာလိပ္မွာ တက္ေရာက္သင္ၾကားခဲ့ပါတယ္။

Photo: annemarie/ Instagram

သူမရဲ႕အႏုပညာဗီဇဟာ ကေလးအ႐ြယ္မွာတည္းက ေတာက္ေလာင္ခဲ့တာ ျဖစ္ပါတယ္။ သူမဟာ အသက္(၆)ႏွစ္သမီး အ႐ြယ္တည္းက အိမ္ကို မေျပာဘဲ Les Misérables ျပဇာတ္အတြက္ လူေ႐ြးပြဲ ဝင္ၿပိဳင္ခဲ့သူ ျဖစ္ပါတယ္။ musical ျပဇာတ္အတြက္ ဇာတ္႐ုပ္တစ္ေနရာ ဝင္ၿပိဳင္ခဲ့ရာမွာ တကယ္လည္း တစ္ေနရာစာ ရရွိခဲ့ပါတယ္။ ဒါ့အျပင္ အသက္(၁၂)ႏွစ္သမီး အ႐ြယ္မွာေတာ့ Whistle Down the Wind ဆိုတဲ့ ဂီတျပဇာတ္မွာ Jessie J နဲ႔အတူ ပါဝင္ေဖ်ာ္ေျဖခြင့္ ရခဲ့ပါေသးတယ္။ ဒီမွာတင္ သူမရဲ႕အႏုပညာဗီဇအရ သူမဘာသာ ႀကိဳးစားမႈကေန အသီးအပြင့္အခ်ိဳ႕ ရရွိခဲ့လို႔ အဲ့ဒီ့အခ်ိန္တည္းက မိဘေတြရဲ႕ အားေပး၊ ေလးစားမႈကို ရရွိခဲ့သူ ျဖစ္ပါတယ္။

သူမဟာ သုံးထပ္ကြမ္း ကရာေတး ကမာၻ႔ခ်န္ပီယံ ျဖစ္ပါတယ္။

Anne ဟာ ဂီတအျပင္ ကရာေတး အားကစားကိုလည္း ဝါသနာပါသူ ျဖစ္ပါတယ္။ ကိုးႏွစ္သမီးအ႐ြယ္တည္းက Shotokan karate ကို စတင္ေလ့က်င့္ခဲ့သူျဖစ္ၿပီး အဲ့ဒီ့အခ်ိန္တည္းက ခါးပတ္နက္ပိုင္ရွင္ ျဖစ္ပါတယ္။

Photo: annemarie/ Instagram

ဒါ့အျပင္ ၂၀၀၂ခုႏွစ္ Funakoshi Shotokan Karate Association World Championship မွာ ေ႐ႊတံဆိပ္ႏွစ္ဆု၊ ၂၀၀၇ခုႏွစ္ Funakoshi Shotokan Karate Association World Championship မွ ေ႐ႊတံဆိပ္တစ္ဆု၊ ေငြတံဆိပ္တစ္ဆုတို႔ ဆြတ္ခူးခဲ့႐ုံသာမက ယူေကမွာ က်င္းပခဲ့တဲ့ Traditional Karate Federation National Championship မွာလည္း ေ႐ႊတံဆိပ္တစ္ဆု ရရွိခဲ့ပါေသးတယ္။

ကရာေတးအားကစားဟာ သူမအတြက္ စည္းမ်ဥ္းစည္းကမ္းနဲ႔ အာ႐ုံစိုက္မႈေတြကို သင္ၾကားေပးခဲ့ၿပီး ေအာင္ျမင္တဲ့ ဂီတပညာရွင္တစ္ေယာက္ရဲ႕ လိုအပ္ခ်က္ေတြကို ကရာေတး အားကစားကေန သင္ယူရရွိခဲ့တယ္လို႔ Anne က ဆိုထားပါတယ္။

ဂီတခရီးလမ္း

Anne ဟာ အားက်အတုယူစရာ အဆိုေတာ္၊ ေတးေရးတစ္ေယာက္နဲ႔ ေတြ႕ဆုံခြင့္ ရရွိၿပီးေနာက္မွာေတာ့ ဂႏၴဝင္အဆိုေတာ္ႀကီး Elton John ရဲ႕ Rocket Studios မွာ အခ်ိန္တစ္ခ်ိဳ႕ ကုန္ဆုံးခြင့္ ရခဲ့ပါတယ္။ သူမရဲ႕ဂီတစြမ္းရည္ကို သိရွိသြားတဲ့ Rocket ေတးသံသြင္းဟာ သူမကို မတုံ႔ဆိုင္းဘဲ ေ႐ြးခ်ယ္ခဲ့ၿပီး သီခ်င္းလုပ္ခြင့္ ေပးခဲ့ပါတယ္။

Photo: annemarie/ Instagram

ဒီလိုနဲ႔ ၂၀၁၃ခုႏွစ္မွာ Summer Girl ဆိုတဲ့ ဒီမိုအေခြၾကမ္းတစ္ခ်ပ္ကို Rocket စတူဒီယို ေက်းဇူးနဲ႔ ဖန္တီးႏိုင္ခဲ့ပါတယ္။ သူမရဲ႕အေခြၾကမ္းေလးဟာ အျခားဂီတလုပ္ေနသူေတြရဲ႕ အာ႐ုံစိုက္မႈ ရရွိခဲ့ၿပီး solo လုပ္ဖို႔ထက္ ဂီတသမားတစ္ေယာက္ ျဖစ္လာဖို႔ လိုအပ္တဲ့ အရည္အခ်င္းေတြကို ပိုၿပီးအားျဖည့္ခြင့္ ရရွိခဲ့ပါတယ္။

သူမရဲ႕အသံနဲ႔ ဂီတစြမ္းရည္ကို ဒရမ္သမားတစ္ေယာက္က သတိျပဳမိခဲ့ၿပီး သူတို႔ရဲ႕အဖြဲ႕မွာ vocals သမား ထြက္သြားတာေၾကာင့္ ဧည့္သည္အဆိုေတာ္အေနနဲ႔ ဝင္ေရာက္အိမ္ျဖည့္ေပးဖို႔ ကမ္းလွမ္းခံခဲ့ရပါတယ္။ ဒီမွာတင္ Anne ဟာ Magnetic Man အဖြဲ႕နဲ႔ Raized by Wolves အဖြဲ႕ေတြအတြက္ ေတးသီခ်င္းအခ်ိဳ႕ ဝင္ေရာက္သီဆိုေပးခဲ့ရပါတယ္။ ဒါတင္မက Rudimental ရဲ႕ We The Generation အယ္လ္ဘမ္အတြက္ ေတးသီခ်င္းႏွစ္ပုဒ္လည္း ပါဝင္သီဆိုေပးခဲ့ရပါေသးတယ္။

Photo: annemarie/ Instagram

ဒီလိုနဲ႔ Rudimental band နဲ႔အတူ ကမာၻ႔နာမည္ႀကီး ဂီတပြဲေတာ္ေတြ၊ ေဖ်ာ္ေျဖပြဲေတြမွာ နယ္လွည့္ေဖ်ာ္ေျဖေရးခရီး ႏွစ္ႏွစ္ခန႔္ အတူတူ ေဖ်ာ္ေျဖခဲ့ရပါတယ္။ သိပ္မၾကာခင္မွာပဲ Anne ဟာ သူမရဲ႕ Karate လို႔အမည္ေပးထားတဲ့ ပြဲဦးထြက္ EP တစ္ခ်ပ္ကို ထုတ္လုပ္ခြင့္ ရရွိခဲ့ပါတယ္။ အဲ့ဒီ့ EP ေလးဟာ ဂီတေဝဖန္သုံးသပ္သူေတြရဲ႕ အေကာင္းျမင္ မွတ္ခ်က္ေတြကို ရရွိခဲ့တာေၾကာင့္ ဆိုလိုအေနနဲ႔ ခရီးဆက္ခြင့္ ရရွိခဲ့ပါတယ္။

အဲ့ဒီ့ေနာက္ ၂၀၁၆ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Do It Right နဲ႔ လအေတာ္ၾကာမွာ ထပ္ထြက္ခဲ့တ‌ဲ့ Alarm ဆင္ဂယ္လ္သီခ်င္းႏွစ္ပုဒ္ဟာ သူမရဲ႕ဘဝကို ေအာင္ျမင္တဲ့ အဆိုေတာ္ျဖစ္လာေအာင္ တြန္းတင္ေပးႏိုင္ခဲ့ပါတယ္။ ဒီေနာက္မွာေတာ့ နာမည္ႀကီး Rockabye သီခ်င္းမွာ Clean Bandit နဲ႔အတူ သီဆိုခြင့္ ရရွိခဲ့ၿပီး သူမရဲ႕ဆင္ဂယ္လ္သီခ်င္းေတြျဖစ္တဲ့ Heavy ၊ Ciao Adios ေတြေၾကာင့္ ႏိုင္ငံတကာက လူငယ္ဂီတခ်စ္သူေတြၾကားထဲမွာ ေနရာတစ္ခု ရရွိလာခဲ့ပါတယ္။

Photo: annemarie/ Instagram

၂၀၁၈ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Speak Your Mind စတူဒီယိုအယ္လ္ဘမ္မွာေတာ့ သူမရဲ႕ ဟစ္ျဖစ္ခဲ့တဲ့ ဆင္ဂယ္လ္သီခ်င္းေတြ ျပန္လည္ပါဝင္ခဲ့သလို Friends လို သီခ်င္းသစ္ေတြေၾကာင့္လည္း လူငယ္ေတြရဲ႕ ပါးစပ္ဖ်ားမွာ ေရပန္းစားလာခဲ့သူ ျဖစ္ပါတယ္။

ရရွိထားတဲ့ ဆုတံဆိပ္၊ မွတ္တိုင္မ်ား

Anne ဟာ သူမရဲ႕ေအာင္ျမင္ေက်ာ္ၾကားတဲ့ ေတးသီခ်င္းေတြေၾကာင့္ ဩဇာအရွိန္အဝါ ရွိတဲ့ ပလက္တီနမ္ဓာတ္ျပားဆုေတြနဲ႔ ေ႐ႊဓာတ္ျပားဆုေတြ ခ်ီးျမႇင့္ခံထားရသူ ျဖစ္ပါတယ္။ ၂၀၁၉ခုႏွစ္ရဲ႕ Brit Awards ဆုေပးပြဲမွာေတာ့ Best British Female Solo Artist ဆုအပါအဝင္ စုစုေပါင္း စံကာတင္ေလးဆု ဝင္ခဲ့သူ ျဖစ္ပါတယ္။ ဒါ့အျပင္ ၂၀၁၉ခုႏွစ္အတြက္ Global Awards နဲ႔ Remarkable Women Awards ႏွစ္ဆုကိုလည္း ဆြတ္ခူးထားသူ ျဖစ္ပါတယ္။

Photo: annemarie/ Instagram
ပုဂၢိဳလ္ေရးဘဝ

Anne ဟာ သူမရဲ႕ပုဂၢိဳလ္ေရး အေၾကာင္းအရာေတြနဲ႔ ပတ္သက္ရင္ အင္မတန္ လွ်ိဳ႕ဝွက္သိုသိပ္တတ္သူ ျဖစ္ပါတယ္။ သူမရဲ႕ အခ်စ္ေရးကိစၥေတြနဲ႔ ပတ္သက္ရင္လည္း ဘယ္ေသာအခါမွ် ထုတ္ေျပာေလ့ မရွိပါဘူး။ ေမးလြန္းမက ေမးတဲ့အခါက်မွသာ “သူက ဂီတအလုပ္လုပ္ပါတယ္။ ကြၽန္မ ရွင္တို႔ကို ေျပာျပလို႔ မရပါဘူး။ သူက အေတာ္ေလးေတာ့ လူသိမ်ားပါတယ္။ တကယ္ ေျပာျပလို႔မရတာပါ… ” ဆိုၿပီးေတာ့ ေျဖထားပါတယ္။

အခ်စ္ေရးနဲ႔ ပတ္သက္လို႔ သိုသိပ္တတ္တဲ့ Anne ဟာ သူမကိုယ္တိုင္က ထုတ္ေျပာေလ့ မရွိသလို သူမနဲ႔ ပတ္သက္တဲ့ အခ်စ္ေရးသတင္း တစ္စုံတစ္ရာဟာလည္း မီဒီယာစာမ်က္ႏွာေတြမွာ ပ်ံ႕ႏွံ႔၊ ေပၚေပါက္လာတာမ်ိဳး မရွိတာဟာ အံ့ဩစရာတစ္ခုပါပဲ။

Photo: annemarie/ Instagram

မိတ္ေဆြ၊ အေပါင္းအသင္းကိစၥမွာေတာ့ Anne ဟာ Ed Sheeran နဲ႔ အလြန္ခင္မင္ရင္းႏွီးသူ ျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးဟာ ခင္မင္လာခဲ့ၾကတာ ႏွစ္ေတြၾကာျမင့္ၿပီ ျဖစ္ၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ ဂီတဖန္တီးရာမွာလည္း အျပန္အလွန္ အားေပးကူညီၾကသူေတြ ျဖစ္ပါတယ္။ ဒါ့အျပင္ Anne ရဲ႕ နာမည္ႀကီးသီခ်င္း 2002 ကို Ed က ေရးသားေပးထားတာ ျဖစ္ပါတယ္။

ခ်မ္းသာႂကြယ္ဝမႈအေနနဲ႔ကေတာ့ သူမရဲ႕ YouTube Channel တစ္ခုတည္းကတင္ ေဒၚလာ(၂)သန္းေက်ာ္ခန႔္ တန္ဖိုးရွိေနၿပီး ၂၀၂၀ခုႏွစ္ စက္တင္ဘာလအထိ ခန႔္မွန္းေဖာ္ျပခ်က္မ်ားအရ သူမရဲ႕ ႂကြယ္ဝမႈဟာ ေဒၚလာငါးသန္းခန႔္ ရွိတယ္လို႔ ဆိုပါတယ္။

ခ်စ္စရာအၿပဳံး၊ ဆြဲေဆာင္မႈရွိတဲ့ သူမရဲ႕ေတးသံေတြနဲ႔အတူ Anne-Marie ဟာ ဂီတေလာကမွာ ဆက္လက္ ေတာက္ပ ထင္ရွားလာဦးမယ္ဆိုတာကေတာ့ ျငင္းဖြယ္ရာ မရွိပါဘူးလို႔ ဆိုရင္း … ။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular