HomeCelebs Update NewsInternationalLiam နဲ့ ကွဲပြီးနောက် အဖော်မရှိရင် သေမယ်လို့တောင် တွေးခဲ့ဖူးတယ်ဆိုတဲ့ Miley Cyrus 

Liam နဲ့ ကွဲပြီးနောက် အဖော်မရှိရင် သေမယ်လို့တောင် တွေးခဲ့ဖူးတယ်ဆိုတဲ့ Miley Cyrus 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Miley Cyrus ကတော့ မကြာသေးခင်က ကျင်းပပြီးစီးခဲ့တဲ့ 2021 BottleRock Festival မှာ အားလုံးအတွက် စိတ်အားတက်ကြွစေမယ့် စကားတွေကို ပြောသွားခဲ့ပြီး ၂၀၁၈ ခုနှစ် အိမ်မီးလောင်ပြီးတည်းက သူမဘဝကို ပြန်လည်တည်ဆောက်ခဲ့ရတဲ့အကြောင်းတွေကိုလည်း ပြောပြသွားပါတယ်။

အသက်(၂၈)နှစ်အရွယ် Miley Cyrus ဟာ စက်တင်ဘာလ(၄)ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ်မှာ ကျင်းပခဲ့တဲ့ အဆိုပါဂီတပွဲတော်မှာ ပါဝင်ဖျော်ဖြေပေးခဲ့ပြီး Janis Joplin ရဲ့ “Maybe” ဆိုတဲ့ သီချင်းကို cover ပြန်မဆိုခင်မှာ သူမဘဝအကြောင်းတွေကို အခုလို ပြောပြသွားတာ ဖြစ်ပါတယ်။

Photo: mileycyrus/ Instagram

“ဒီသီချင်းက ကျွန်မအတွက်တော့ ကျွန်မဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ အပြောင်းအလဲတွေနဲ့ တိုက်ဆိုင်နေပါတယ်။ ကျွန်မ ဆုံးရှုံးခဲ့ရတဲ့ အရာတွေက ကျွန်မကိုယ်တိုင်တောင် လိုချင်တာကို သိရဲ့လား၊ ရရှိဖို့ လိုအပ်ရဲ့လားဆိုတာတောင် မသိတဲ့အချိန်မှာ ပြန်ရောက်လာခဲ့တယ် …”

“ကျွန်မအိမ် မီးလောင်သွားပြီး အစအဆုံး ပြန်တည်ဆောက်ခဲ့ရသလိုမျိုးပေါ့။ တခါတလေမှာ ဘာမှမရှိတာကနေ ပြန်စတင်ရမှာမျိုး ခံစားဖူးကြမှာပါ။ အဲဒီမီးလောင်ခဲ့တာက အခုဆို သုံးနှစ်ရှိပြီ။ ကျွန်မအတွက်တော့ တည်ငြိမ်မှုလေး ရလာပြီလို့တော့ ခံစားရပါပြီ … ” လို့ Miley က ဆိုပါတယ်။

Photo: mileycyrus/ Instagram

ဒါ့အပြင် တစုံတခုကို လိုချင်တဲ့အခါ သည်းခံစောင့်ဆိုင်းဖို့လည်း ပြောထားပါသေးတယ်။ “တထိုင်တည်း ဖြစ်လာတဲ့အရာတွေက ဘာမှတန်ဖိုးမရှိပါဘူး။ အခြေခိုင်ပြီး တည်ငြိမ်မှုကို ရရှိဖို့ဆိုရင် ကြိုးစားအားထုတ်မှုတွေရော၊ သည်းခံစောင့်ဆိုင်းမှုတွေပါ အများကြီး လိုအပ်ပါတယ် … ” လို့ ဆိုပါတယ်။

“ကျွန်မမှာ အဖော်တစ်ယောက်မှ မရှိရင် သေသွားနိုင်တယ်လို့ တွေးခဲ့ဖူးတယ်။ ကျွန်မ ညဘက်အိပ်ရာဝင်ကာနီးတိုင်း ညတိုင်းမှာ ကျွန်မကို အနမ်းလေးနဲ့ အိပ်ရာဝင်စေမယ့်သူမှ မရှိခဲ့ရင် သေသွားနိုင်တယ်လို့ တကယ်တွေးခဲ့ဖူးတာ။ ဒါက အရင်တုန်းက ကျွန်မရဲ့ ရည်ရွယ်ချက်ပေါ့။ အခုကျတော့ ကိုဗစ်က အဲဒါလေးကို ကျွန်မဆီက ယူသွားတော့ ကျွန်မမှာ ရည်ရွယ်ချက်အသစ်တစ်ခု ရှိလာတယ်။ အဲဒါကတော့ ဂီတပဲပေါ့။ ပြီးခဲ့တဲ့ နှစ်နှစ်လုံးကို ဂီတနဲ့ပဲ ဖြတ်သန်းလာတာ။ ကျွန်မတို့ကို သန်မာလာအောင် လုပ်ပေးတာလည်း ဂီတပဲလေ … ” လို့ သူမ ဖြတ်သန်းခဲ့ရတဲ့ အပြောင်းအလဲတွေကို ပြောပြထားပါတယ်။

Photo: miley_liam/ Instagram

Miley ဟာ Liam Hemsworth နဲ့ ၂၀၁၀ ခုနှစ်က စတင်ပြီး တွဲခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ တွဲလိုက်၊ ပြတ်လိုက်နဲ့ အခါခါ ဖြစ်ခဲ့ပြီး ရှစ်နှစ်ခန့် ကြာမြင့်ခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှာတော့ ကယ်လီဖိုးနီးယားတောမီးကြောင့် သူတို့ရဲ့အိမ်လေး မီးလောင်ပြာကျခဲ့ရပါတယ်။

သို့ပေမယ့်လည်း တစ်လအကြာမှာတော့ Nashville က အိမ်မှာ အကျဉ်းရုံးလက်ထပ်ပွဲလေး ပြုလုပ်ပြီး တရားဝင် ထိမ်းမြားလက်ထပ်ခဲ့ကြပါတယ်။ သို့သော်လည်း သူတို့ရဲ့ အိမ်ထောင်ရေးဟာ ကြာရှည်မခံခဲ့ဘဲ နောက်နှစ်မှာပဲ ကွဲကွာခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Miley ဟာ Kaitlynn Carter နဲ့ ခဏလောက် တွဲခဲ့ပြီး သူမနဲ့ ပြတ်ပြီးနောက်မှာတော့ ဩစတျေးလျအဆိုတော် Cody Simpson နဲ့လည်း လအနည်းငယ် တွဲခဲ့ပါသေးတယ်။

Glasgow

Source: hollywoodlife

(Zawgyi Version)

Miley Cyrus ကေတာ့ မၾကာေသးခင္က က်င္းပၿပီးစီးခဲ့တဲ့ 2021 BottleRock Festival မွာ အားလုံးအတြက္ စိတ္အားတက္ႂကြေစမယ့္ စကားေတြကို ေျပာသြားခဲ့ၿပီး ၂၀၁၈ ခုႏွစ္ အိမ္မီးေလာင္ၿပီးတည္းက သူမဘဝကို ျပန္လည္တည္ေဆာက္ခဲ့ရတဲ့အေၾကာင္းေတြကိုလည္း ေျပာျပသြားပါတယ္။

အသက္(၂၈)ႏွစ္အ႐ြယ္ Miley Cyrus ဟာ စက္တင္ဘာလ(၄)ရက္ေန႔က ကယ္လီဖိုးနီးယားျပည္နယ္မွာ က်င္းပခဲ့တဲ့ အဆိုပါဂီတပြဲေတာ္မွာ ပါဝင္ေဖ်ာ္ေျဖေပးခဲ့ၿပီး Janis Joplin ရဲ႕ “Maybe” ဆိုတဲ့ သီခ်င္းကို cover ျပန္မဆိုခင္မွာ သူမဘဝအေၾကာင္းေတြကို အခုလို ေျပာျပသြားတာ ျဖစ္ပါတယ္။

Photo: mileycyrus/ Instagram

“ဒီသီခ်င္းက ကြၽန္မအတြက္ေတာ့ ကြၽန္မဘဝမွာ ႀကဳံေတြ႕ခဲ့ရတဲ့ အေျပာင္းအလဲေတြနဲ႔ တိုက္ဆိုင္ေနပါတယ္။ ကြၽန္မ ဆုံးရႈံးခဲ့ရတဲ့ အရာေတြက ကြၽန္မကိုယ္တိုင္ေတာင္ လိုခ်င္တာကို သိရဲ႕လား၊ ရရွိဖို႔ လိုအပ္ရဲ႕လားဆိုတာေတာင္ မသိတဲ့အခ်ိန္မွာ ျပန္ေရာက္လာခဲ့တယ္ …”

“ကြၽန္မအိမ္ မီးေလာင္သြားၿပီး အစအဆုံး ျပန္တည္ေဆာက္ခဲ့ရသလိုမ်ိဳးေပါ့။ တခါတေလမွာ ဘာမွမရွိတာကေန ျပန္စတင္ရမွာမ်ိဳး ခံစားဖူးၾကမွာပါ။ အဲဒီမီးေလာင္ခဲ့တာက အခုဆို သုံးႏွစ္ရွိၿပီ။ ကြၽန္မအတြက္ေတာ့ တည္ၿငိမ္မႈေလး ရလာၿပီလို႔ေတာ့ ခံစားရပါၿပီ … ” လို႔ Miley က ဆိုပါတယ္။

Photo: mileycyrus/ Instagram

ဒါ့အျပင္ တစုံတခုကို လိုခ်င္တဲ့အခါ သည္းခံေစာင့္ဆိုင္းဖို႔လည္း ေျပာထားပါေသးတယ္။ “တထိုင္တည္း ျဖစ္လာတဲ့အရာေတြက ဘာမွတန္ဖိုးမရွိပါဘူး။ အေျခခိုင္ၿပီး တည္ၿငိမ္မႈကို ရရွိဖို႔ဆိုရင္ ႀကိဳးစားအားထုတ္မႈေတြေရာ၊ သည္းခံေစာင့္ဆိုင္းမႈေတြပါ အမ်ားႀကီး လိုအပ္ပါတယ္ … ” လို႔ ဆိုပါတယ္။

“ကြၽန္မမွာ အေဖာ္တစ္ေယာက္မွ မရွိရင္ ေသသြားႏိုင္တယ္လို႔ ေတြးခဲ့ဖူးတယ္။ ကြၽန္မ ညဘက္အိပ္ရာဝင္ကာနီးတိုင္း ညတိုင္းမွာ ကြၽန္မကို အနမ္းေလးနဲ႔ အိပ္ရာဝင္ေစမယ့္သူမွ မရွိခဲ့ရင္ ေသသြားႏိုင္တယ္လို႔ တကယ္ေတြးခဲ့ဖူးတာ။ ဒါက အရင္တုန္းက ကြၽန္မရဲ႕ ရည္႐ြယ္ခ်က္ေပါ့။ အခုက်ေတာ့ ကိုဗစ္က အဲဒါေလးကို ကြၽန္မဆီက ယူသြားေတာ့ ကြၽန္မမွာ ရည္႐ြယ္ခ်က္အသစ္တစ္ခု ရွိလာတယ္။ အဲဒါကေတာ့ ဂီတပဲေပါ့။ ၿပီးခဲ့တဲ့ ႏွစ္ႏွစ္လုံးကို ဂီတနဲ႔ပဲ ျဖတ္သန္းလာတာ။ ကြၽန္မတို႔ကို သန္မာလာေအာင္ လုပ္ေပးတာလည္း ဂီတပဲေလ … ” လို႔ သူမ ျဖတ္သန္းခဲ့ရတဲ့ အေျပာင္းအလဲေတြကို ေျပာျပထားပါတယ္။

Photo: miley_liam/ Instagram

Miley ဟာ Liam Hemsworth နဲ႔ ၂၀၁၀ ခုႏွစ္က စတင္ၿပီး တြဲခဲ့တာ ျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ တြဲလိုက္၊ ျပတ္လိုက္နဲ႔ အခါခါ ျဖစ္ခဲ့ၿပီး ရွစ္ႏွစ္ခန႔္ ၾကာျမင့္ခဲ့ပါတယ္။ ဒီလိုနဲ႔ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလမွာေတာ့ ကယ္လီဖိုးနီးယားေတာမီးေၾကာင့္ သူတို႔ရဲ႕အိမ္ေလး မီးေလာင္ျပာက်ခဲ့ရပါတယ္။

သို႔ေပမယ့္လည္း တစ္လအၾကာမွာေတာ့ Nashville က အိမ္မွာ အက်ဥ္း႐ုံးလက္ထပ္ပြဲေလး ျပဳလုပ္ၿပီး တရားဝင္ ထိမ္းျမားလက္ထပ္ခဲ့ၾကပါတယ္။ သို႔ေသာ္လည္း သူတို႔ရဲ႕ အိမ္ေထာင္ေရးဟာ ၾကာရွည္မခံခဲ့ဘဲ ေနာက္ႏွစ္မွာပဲ ကြဲကြာခဲ့ၾကတာ ျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ Miley ဟာ Kaitlynn Carter နဲ႔ ခဏေလာက္ တြဲခဲ့ၿပီး သူမနဲ႔ ျပတ္ၿပီးေနာက္မွာေတာ့ ဩစေတ်းလ်အဆိုေတာ္ Cody Simpson နဲ႔လည္း လအနည္းငယ္ တြဲခဲ့ပါေသးတယ္။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular