HomeEntertainmentFilmEndgame ဒါရိုက်တာတွေရဲ့ Netflix ရုပ်ရှင်သစ်မှာ ပါဝင်လာမယ့် Millie Bobby Brown

Endgame ဒါရိုက်တာတွေရဲ့ Netflix ရုပ်ရှင်သစ်မှာ ပါဝင်လာမယ့် Millie Bobby Brown

Stranger Things ဇာတ်လမ်းတွဲနဲ့ နာမည်ကြီးလာတဲ့ မင်းသမီးလေး Millie Bobby Brown ကတော့ နာမည်ကျော် ဒါရိုက်တာတွေဖြစ်ကြတဲ့ Russo Brothers နဲ့ တွဲဖက်ပြီး Netflix ရုပ်ရှင်အသစ်တစ်ခုမှာ ပါဝင်လာဦးမယ်လို့ သိရပါတယ်။

The Electric State လို့ အမည်ရတဲ့ ဒီရုပ်ရှင်ကားသစ်ကိုတော့ Avengers: Endgame ကို ရိုက်ကူးထားတဲ့ Joe Russo နဲ့ Anthony Russo တို့ ဒါရိုက်တာညီအစ်ကိုက ရိုက်ကူးဖန်တီးသွားမှာ ဖြစ်ပါတယ်။ IMDb က ဖော်ပြထားတဲ့ ဇာတ်လမ်းအကျဉ်းကတော့ မိဘမဲ့ ဆယ်ကျော်သက်လေးတစ်ယောက်ဟာ ချစ်စရာကောင်းပေမယ့် ပဟေဠိဆန်တဲ့ စက်ရုပ်တစ်ရုပ်၊ မောင်ဖြစ်သူကို လိုက်ရှာနေတဲ့ ခြေသလုံးအိမ်တိုင် လေလွင့်သူ ကောင်မလေးတစ်ယောက်နဲ့အတူ အမေရိကန်နိုင်ငံ အနောက်ပိုင်းကို ခရီးထွက်လာတဲ့အကြောင်း ဖြစ်ပါတယ်။

Photo: milliebobbybrown/ Instagram

ဒီဇာတ်ကားထဲမှာတော့ မင်းသား Chris Pratt လည်း ပါဝင်လာမယ်လို့ သတင်းထွက်နေပေမယ့် အတည်တော့ မပြုရသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ပရိသတ်တွေ နှစ်သက်ကြတဲ့ သရုပ်ဆောင် Millie Bobby Brown နဲ့ Russo Brothers တို့ရဲ့ ပူးပေါင်းမှုဖြစ်တဲ့ The Electric State ရုပ်ရှင်ဟာ ဘယ်လိုရသတွေ ပေးစွမ်းဦးမလည်းဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular