HomeEntertainmentFilmHarry Potter ဇာတ်ကားတွေရဲ့ လူသိပ်မသိသေးတဲ့ စိတ်ဝင်စားစရာအချက်များ - (၁)

Harry Potter ဇာတ်ကားတွေရဲ့ လူသိပ်မသိသေးတဲ့ စိတ်ဝင်စားစရာအချက်များ – (၁)

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ဖတ္ပါ။

နှစ်ဆယ့်တစ်ရာစုရဲ့ လူငယ်တွေအပေါ် သက်ရောက်မှု အများဆုံးဖြစ်စေခဲ့တဲ့ ရုပ်ရှင်ဇာတ်လမ်းတွေကို ပြောပါဆိုရင် Harry Potter ရုပ်ရှင်တွေကိုလည်း ထည့်သွင်းပြောကြားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာတစ်ဝှမ်းက လူငယ်တွေ ဝက်ဝက်ကွဲ နှစ်ခြိုက်အားပေးခဲ့ရတဲ့ Harry Potter ရုပ်ရှင်တွေရဲ့ လူသိပ်မသိသေးတဲ့ တစ်ချို့အကြောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

J. K. Rowling ဟာ Lily Potter နေရာမှာ သရုပ်ဆောင်ဖို့ ဖြစ်ခဲ့ပါသေးတယ်။

Harry Potter ရဲ့ ပထမဆုံးရုပ်ရှင် ရိုက်ကူးဖို့ သရုပ်ဆောင်တွေ ရွေးချယ်တုန်းက ဇာတ်လမ်းကြီးတစ်ခုလုံးရဲ့ဖန်ဆင်းရှင် မိခင်ကြီး J. K ကိုယ်တိုင်လည်း ဇာတ်လမ်းထဲမှာ ပါဝင်သရုပ်ဆောင်ဖို့ ရွေးချယ်ခံခဲ့ရပါသေးတယ်။ ဇာတ်လိုက်ကျော် Harry Potter ရဲ့ မိခင် Lily Potter နေရာမှာ ပါဝင်သရုပ်ဆောင်ဖို့ ရွေးချယ်ကမ်းလှမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ သို့ပေမယ့် သူမဟာ သရုပ်ဆောင်တစ်ယောက်လုပ်ဖို့ ဖြစ်တည်လာတာ မဟုတ်ပါဘူးဆိုပြီး ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပါတယ်။

Hagrid နေရာမှာ သရုပ်ဆောင်ဖို့ လုပ်ခဲ့တဲ့ မင်းသားကြီး Robin Williams
Photo via IMDb

နာမည်ကျော်မင်းသားကြီး Robin Williams ဟာ Harry Potter စာအုပ်တွေရဲ့ အမာခံပရိသတ်တစ်ယောက် ဖြစ်တာကြောင့် ရုပ်ရှင်ရိုက်တော့မယ်လို့ ကြားကြားချင်းမှာပဲ Hagrid နေရာမှာ သရုပ်ဆောင်ဖို့ တောင်းဆိုခဲ့ပါတယ်။ ကံဆိုးချင်တော့ ရုပ်ရှင်မှာ ပါဝင်မယ့် သရုပ်ဆောင်အားလုံးဟာ ဗြိတိန်တွေချည်းပဲ ဖြစ်ရမယ်လို့ J. K ကိုယ်တိုင်က တင်းတင်းကြပ်ကြပ် တောင်းဆိုထားတာကြောင့် အမေရိကန်တစ်ယောက်ဖြစ်တဲ့ မင်းသားကြီး Robin ဟာ လူရွေးပွဲကို မဝင်ရောက်နိုင်ခဲ့ပါဘူး။

ပထမဆုံးရုပ်ရှင်မှာပဲ ထွက်ခွာသွားတဲ့ ဒါရိုက်တာ Steven Spielberg
Photo: wikipedia

နာမည်ကြီးဒါရိုက်တာ Steven Spielberg ဟာ Harry Potter ရဲ့ ပထမဆုံးရုပ်ရှင် ရိုက်ကူးထုတ်လုပ်ဖို့ ပြင်ဆင်နေချိန်က ဇာတ်ကားရဲ့ ဒါရိုက်တာအဖြစ် ရွေးချယ်ခံထားရသူ ဖြစ်ပါတယ်။ သို့ပေမယ့် pre-production အပိုင်းမှာ လအနည်းငယ်ခန့် လုပ်ပေးပြီးနောက်မှာတော့ ဒါရိုက်တာအဖြစ်ကနေ နှုတ်ထွက်သွားခဲ့ပါတယ်။ အကြောင်းကတော့ ကလေးကြိုက်ရုပ်ရှင်ကားတွေချည်းပဲ ရိုက်ကူးနေဖို့ အဆင်သင့်မဖြစ်သေးကြောင်းနဲ့ Harry Potter ဇာတ်ကားတွေဟာ သူ့အတွက် သိပ်ပြီးစိန်ခေါ်မှု မပြင်းထန်တာကြောင့်လို့ နောက်ပိုင်းမှာ ပြန်လည်ပြောကြားထားပါတယ်။ ဒါကြောင့် Spielberg နေရာမှာ ဒါရိုက်တာ Chris Columbus က အစားဝင် ရိုက်ကူးပေးခဲ့ရပါတယ်။

Emma Watson ဟာ စိတ်ဖိစီးမှုများစွာအောက်မှာ လူရွေးပွဲဝင်ခဲ့ရပါတယ်။

ပထမဆုံးရုပ်ရှင်ဖြစ်တဲ့ Harry Potter and the Sorcerer’s Stone ကို ရိုက်ကူးဖို့ ဇာတ်ကောင်ရွေးချယ်ရာမှာ အဓိကဇာတ်လိုက်ကျော် သုံးယောက်နဲ့ အကိုက်ညီဆုံးဖြစ်မယ့် ကလေးသရုပ်ဆောင်သုံးယောက်ကို ရရှိဖို့ ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့သားတွေဟာ အင်္ဂလန်တစ်နိုင်ငံလုံးက ကျောင်းတွေကို ပိုက်စိတ်တိုက် လိုက်ရှာခဲ့ကြပါတယ်။ အဲ့ဒီ့အချိန်တုန်းက Emma Watson ဆိုတဲ့ ကလေးမလေးဟာ ပရော်ဖက်ရှင်နယ် သရုပ်ဆောင်လည်း မဟုတ်တာကြောင့် Hermione နေရာမှာ ဝင်အရွေးခံကြတဲ့ ပြိုင်ဘက် မိန်းကလေးအယောက်နှစ်ဆယ်လောက် ကြားထဲမှာ စိတ်တွေဖိစီးခဲ့ရပါတယ်။ ဒါ့အပြင် သူတို့ကျောင်းက ဝင်ပြိုင်တဲ့ မိန်းကလေးအများစု Emma ထက် သရုပ်ဆောင်တတ်သူတွေ ဖြစ်တာကြောင့် စိတ်ထဲမှာလည်း ပိုပြီးကြောက်စိတ်ဝင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဇီးကွက်တွေကို တကယ်ကြီး စာပို့တတ်အောင် လေ့ကျင့်ပေးခဲ့ပါတယ်။
Photo via IMDb

Harry Potter ၀တ္ထုကို ရုပ်ရှင်အဖြစ် အသက်သွင်းရာမှာ ရုပ်ရှင်ထုတ်လုပ်ရေး အဖွဲ့သားတွေ အကြိုးစားခဲ့ရဆုံးအပိုင်းတစ်ခုကတော့ ဇီးကွက်တွေကို စာပို့တတ်အောင် လေ့ကျင့်ပေးရတာပဲ ဖြစ်ပါတယ်။ အဲ့ဒါတစ်ခုတည်းကပဲ အချိန်နှစ်လလောက် ကြာမြင့်ခဲ့ပါတယ်။ သို့ပေမယ့် နောက်ဆုံးမှာတော့ ထုတ်လုပ်ရေးအဖွဲ့သားတွေဟာ သရုပ်ဆောင်တွေဆီကို ဇီးကွက်တွေက စာအိတ်လေးတွေ ချီပို့လာအောင် အောင်မြင်စွာ ထရိန်းပေးနိုင်ခဲ့ကြပါတယ်။ ဒါ့အပြင် ပိုပြီးပီပြင်စေဖို့အတွက် ပထမဆုံးရုပ်ရှင်ထဲမှာ Dursley အိမ်ကို လာပို့သမျှ ဟော့ဂ်ဝက်ကျောင်းရဲ့ ဝင်ခွင့်စာတွေအားလုံးကို ထုတ်လုပ်ရေးအဖွဲ့သားတွေက လက်ရေးနဲ့ပဲ ရေးခဲ့ကြပါတယ်။

Harry နဲ့ Ron နေရာမှာ အရင်ဆုံး ဝင်အရွေးခံခဲ့တဲ့ Tom Felton
Photo via IMDb

တကယ်တော့ Tom Felton ဟာ လူဆိုးနေရာမှာ သရုပ်ဆောင်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ စစချင်းက အဓိကဇာတ်ကောင် Harry Potter နေရာမှာ ဝင်ရောက်အရွေးခံခဲ့ပြီး အဲ့ဒီ့နောက်မှာ Ron Weasley နေရာမှာ အရွေးခံခဲ့တာပါ။ သို့ပေမယ့် အဲ့ဒီ့ဇာတ်ကောင်နေရာ နှစ်ခုလုံးက Daniel Radcliffe နဲ့ Rupert Grint တို့ဆီကို အသီးသီးရောက်သွားတဲ့နောက်မှာတော့ ဗီလိန်ဇာတ်ကောင် Draco နေရာကိုသာ ရရှိခဲ့ပါတယ်။ အဲ့ဒီ့နေရာကလည်း သူနဲ့လိုက်ဖက်တယ်ဆိုတာကတော့ ဟယ်ရီပေါ်တာပရိသတ်တိုင်း ထောက်ခံကြမှာပါ။

Draco ရဲ့အရယ်ရဆုံးဒိုင်ယာလော့တစ်ခုကို ကိုယ်တိုင်ဖန်တီးခဲ့တဲ့ Tom Felton

ဟယ်ရီပေါ်တာဇာတ်ကားတွေထဲမှာ ပြုံးရယ်ရွှင်ပျစရာ ဇာတ်ဝင်ခန်းလေးတွေလည်း ပါဝင်ခဲ့ပါတယ်။ အဲ့ဒီ့လို ဇာတ်ဝင်ခန်းတွေထဲကမှ Draco ပြောလိုက်တဲ့ ဒိုင်ယာလော့တစ်ခုကိုလည်း Potterhead တွေဆိုရင် မှတ်မိကြဦးမယ် ထင်ပါတယ်။ အဲ့ဒါကတော့ Harry Potter and the Chamber of Secrets ထဲမှာ Harry က ပိုလီဂျုစ့်ဆေးရည်နဲ့ Draco ရဲ့သူငယ်ချင်း Goyle ဟန်ဆောင်ပြီး ရုပ်ဖျက်တဲ့အခန်း ဖြစ်ပါတယ်။

Harry ဟာ ဆေးရည်ရဲ့အကူအညီနဲ့ Goyle ပုံစံ ရုပ်ပြောင်းရုပ်လွှဲ လုပ်လိုက်နိုင်ပေမယ့် သူ့ရဲ့သင်္ကေတတစ်ခုဖြစ်တဲ့ မျက်မှန်ကိုတော့ ချွတ်ဖို့ မေ့သွားပါတယ်။ ဒီမှာတင် Draco နဲ့လည်းတွေ့ရော၊ အဲ့ဒီ့မျက်မှန်က ဘာလုပ်ဖို့တပ်ထားတာလည်းဆိုပြီး အမေးခံရပါတော့တယ်။ Goyle အယောင်ဆောင်ထားတဲ့ Harry က စာဖတ်ဖို့ တပ်ထားတာပါလို့ ပြောတဲ့အခါ Draco ပြောလိုက်ပုံက “မင်း စာဖတ်တတ်မှန်း ငါလည်း မသိခဲ့ရပါလား” ဆိုပြီး ဖြစ်ပါတယ်။ နောက်ပိုင်းမှာ Felton ပြန်ပြောပြခဲ့တာက အဲ့ဒီ့နေရာမှာ တကယ်ပြောရမယ့် ဒိုင်ယာလော့ကို မေ့သွားလို့ စိတ်ထဲမှာ ပေါ်လာတာကို ဖန်တီးပြီး ပြောလိုက်တာဖြစ်ပါသတဲ့။

မူလ Franchise ရုပ်ရှင်တွေထဲမှာ ပါဝင်ချင်ခဲ့တဲ့ Eddie Redmayne
Photo via IMDb

နာမည်ကျော်မင်းသား Eddie Redmayne ဟာ Harry Potter ရဲ့ prequel ဖြစ်တဲ့ Fantastic Beats ဇာတ်ကားတွေမှာ Newt Scamander အဖြစ် ပါဝင်ထားတာကို ရုပ်ရှင်ကြည့်ပြီးသူတိုင်း သိကြမှာပါ။ သို့ပေမယ့် တကယ်တမ်းမှာတော့ Eddie ဟာ မှော်ဆန်တဲ့ ဟယ်ရီပေါ်တာလောကထဲကို အခုထက် ခပ်စောစောထဲက ဝင်ရောက်ချင်ခဲ့သူ ဖြစ်ပါတယ်။ Eddie ဟာ Harry Potter and the Chamber of Secrets ဇာတ်ကားထဲက Tom Riddle ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့ ပဏာမ ဝင်အရွေးခံခဲ့ပေမယ့် အရွေးချယ်မခံခဲ့ရဘူးလို့ ပြန်လည်ပြောပြခဲ့ဖူးပါတယ်။

Xei

(ဆံရစ်ဝိုင်းမီဒီယာမှ တင်ဆက်သော ကိုယ်တိုင်ရေး (သို့မဟုတ်) ဘာသာပြန်သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက်တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့၏အကျိုးစီးပွားအတွက် အခြားသော မီဒီယာစာမျက်နှာများပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းများ မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

ႏွစ္ဆယ့္တစ္ရာစုရဲ႕ လူငယ္ေတြအေပၚ သက္ေရာက္မႈ အမ်ားဆုံးျဖစ္ေစခဲ့တဲ့ ႐ုပ္ရွင္ဇာတ္လမ္းေတြကို ေျပာပါဆိုရင္ Harry Potter ႐ုပ္ရွင္ေတြကိုလည္း ထည့္သြင္းေျပာၾကားရမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကမာၻတစ္ဝွမ္းက လူငယ္ေတြ ဝက္ဝက္ကြဲ ႏွစ္ၿခိဳက္အားေပးခဲ့ရတဲ့ Harry Potter ႐ုပ္ရွင္ေတြရဲ႕ လူသိပ္မသိေသးတဲ့ တစ္ခ်ိဳ႕အေၾကာင္းေလးေတြကို မွ်ေဝေပးလိုက္ပါတယ္။

J. K. Rowling ဟာ Lily Potter ေနရာမွာ သ႐ုပ္ေဆာင္ဖို႔ ျဖစ္ခဲ့ပါေသးတယ္။

Harry Potter ရဲ႕ ပထမဆုံး႐ုပ္ရွင္ ႐ိုက္ကူးဖို႔ သ႐ုပ္ေဆာင္ေတြ ေ႐ြးခ်ယ္တုန္းက ဇာတ္လမ္းႀကီးတစ္ခုလုံးရဲ႕ဖန္ဆင္းရွင္ မိခင္ႀကီး J. K ကိုယ္တိုင္လည္း ဇာတ္လမ္းထဲမွာ ပါဝင္သ႐ုပ္ေဆာင္ဖို႔ ေ႐ြးခ်ယ္ခံခဲ့ရပါေသးတယ္။ ဇာတ္လိုက္ေက်ာ္ Harry Potter ရဲ႕ မိခင္ Lily Potter ေနရာမွာ ပါဝင္သ႐ုပ္ေဆာင္ဖို႔ ေ႐ြးခ်ယ္ကမ္းလွမ္းခံခဲ့ရတာ ျဖစ္ပါတယ္။ သို႔ေပမယ့္ သူမဟာ သ႐ုပ္ေဆာင္တစ္ေယာက္လုပ္ဖို႔ ျဖစ္တည္လာတာ မဟုတ္ပါဘူးဆိုၿပီး ကမ္းလွမ္းခ်က္ကို ျငင္းပယ္ခဲ့ပါတယ္။

Hagrid ေနရာမွာ သ႐ုပ္ေဆာင္ဖို႔ လုပ္ခဲ့တဲ့ မင္းသားႀကီး Robin Williams
Photo via IMDb

နာမည္ေက်ာ္မင္းသားႀကီး Robin Williams ဟာ Harry Potter စာအုပ္ေတြရဲ႕ အမာခံပရိသတ္တစ္ေယာက္ ျဖစ္တာေၾကာင့္ ႐ုပ္ရွင္႐ိုက္ေတာ့မယ္လို႔ ၾကားၾကားခ်င္းမွာပဲ Hagrid ေနရာမွာ သ႐ုပ္ေဆာင္ဖို႔ ေတာင္းဆိုခဲ့ပါတယ္။ ကံဆိုးခ်င္ေတာ့ ႐ုပ္ရွင္မွာ ပါဝင္မယ့္ သ႐ုပ္ေဆာင္အားလုံးဟာ ၿဗိတိန္ေတြခ်ည္းပဲ ျဖစ္ရမယ္လို႔ J. K ကိုယ္တိုင္က တင္းတင္းၾကပ္ၾကပ္ ေတာင္းဆိုထားတာေၾကာင့္ အေမရိကန္တစ္ေယာက္ျဖစ္တဲ့ မင္းသားႀကီး Robin ဟာ လူေ႐ြးပြဲကို မဝင္ေရာက္ႏိုင္ခဲ့ပါဘူး။

ပထမဆုံး႐ုပ္ရွင္မွာပဲ ထြက္ခြာသြားတဲ့ ဒါ႐ိုက္တာ Steven Spielberg
Photo: wikipedia

နာမည္ႀကီးဒါ႐ိုက္တာ Steven Spielberg ဟာ Harry Potter ရဲ႕ ပထမဆုံး႐ုပ္ရွင္ ႐ိုက္ကူးထုတ္လုပ္ဖို႔ ျပင္ဆင္ေနခ်ိန္က ဇာတ္ကားရဲ႕ ဒါ႐ိုက္တာအျဖစ္ ေ႐ြးခ်ယ္ခံထားရသူ ျဖစ္ပါတယ္။ သို႔ေပမယ့္ pre-production အပိုင္းမွာ လအနည္းငယ္ခန႔္ လုပ္ေပးၿပီးေနာက္မွာေတာ့ ဒါ႐ိုက္တာအျဖစ္ကေန ႏႈတ္ထြက္သြားခဲ့ပါတယ္။ အေၾကာင္းကေတာ့ ကေလးႀကိဳက္႐ုပ္ရွင္ကားေတြခ်ည္းပဲ ႐ိုက္ကူးေနဖို႔ အဆင္သင့္မျဖစ္ေသးေၾကာင္းနဲ႔ Harry Potter ဇာတ္ကားေတြဟာ သူ႔အတြက္ သိပ္ၿပီးစိန္ေခၚမႈ မျပင္းထန္တာေၾကာင့္လို႔ ေနာက္ပိုင္းမွာ ျပန္လည္ေျပာၾကားထားပါတယ္။ ဒါေၾကာင့္ Spielberg ေနရာမွာ ဒါ႐ိုက္တာ Chris Columbus က အစားဝင္ ႐ိုက္ကူးေပးခဲ့ရပါတယ္။

Emma Watson ဟာ စိတ္ဖိစီးမႈမ်ားစြာေအာက္မွာ လူေ႐ြးပြဲဝင္ခဲ့ရပါတယ္။

ပထမဆုံး႐ုပ္ရွင္ျဖစ္တဲ့ Harry Potter and the Sorcerer’s Stone ကို ႐ိုက္ကူးဖို႔ ဇာတ္ေကာင္ေ႐ြးခ်ယ္ရာမွာ အဓိကဇာတ္လိုက္ေက်ာ္ သုံးေယာက္နဲ႔ အကိုက္ညီဆုံးျဖစ္မယ့္ ကေလးသ႐ုပ္ေဆာင္သုံးေယာက္ကို ရရွိဖို႔ ႐ုပ္ရွင္ထုတ္လုပ္ေရးအဖြဲ႕သားေတြဟာ အဂၤလန္တစ္ႏိုင္ငံလုံးက ေက်ာင္းေတြကို ပိုက္စိတ္တိုက္ လိုက္ရွာခဲ့ၾကပါတယ္။ အဲ့ဒီ့အခ်ိန္တုန္းက Emma Watson ဆိုတဲ့ ကေလးမေလးဟာ ပေရာ္ဖက္ရွင္နယ္ သ႐ုပ္ေဆာင္လည္း မဟုတ္တာေၾကာင့္ Hermione ေနရာမွာ ဝင္အေ႐ြးခံၾကတဲ့ ၿပိဳင္ဘက္ မိန္းကေလးအေယာက္ႏွစ္ဆယ္ေလာက္ ၾကားထဲမွာ စိတ္ေတြဖိစီးခဲ့ရပါတယ္။ ဒါ့အျပင္ သူတို႔ေက်ာင္းက ဝင္ၿပိဳင္တဲ့ မိန္းကေလးအမ်ားစု Emma ထက္ သ႐ုပ္ေဆာင္တတ္သူေတြ ျဖစ္တာေၾကာင့္ စိတ္ထဲမွာလည္း ပိုၿပီးေၾကာက္စိတ္ဝင္ခဲ့ရတယ္လို႔ ဆိုပါတယ္။

ဇီးကြက္ေတြကို တကယ္ႀကီး စာပို႔တတ္ေအာင္ ေလ့က်င့္ေပးခဲ့ပါတယ္။
Photo via IMDb

Harry Potter ၀တၳဳကို ႐ုပ္ရွင္အျဖစ္ အသက္သြင္းရာမွာ ႐ုပ္ရွင္ထုတ္လုပ္ေရး အဖြဲ႕သားေတြ အႀကိဳးစားခဲ့ရဆုံးအပိုင္းတစ္ခုကေတာ့ ဇီးကြက္ေတြကို စာပို႔တတ္ေအာင္ ေလ့က်င့္ေပးရတာပဲ ျဖစ္ပါတယ္။ အဲ့ဒါတစ္ခုတည္းကပဲ အခ်ိန္ႏွစ္လေလာက္ ၾကာျမင့္ခဲ့ပါတယ္။ သို႔ေပမယ့္ ေနာက္ဆုံးမွာေတာ့ ထုတ္လုပ္ေရးအဖြဲ႕သားေတြဟာ သ႐ုပ္ေဆာင္ေတြဆီကို ဇီးကြက္ေတြက စာအိတ္ေလးေတြ ခ်ီပို႔လာေအာင္ ေအာင္ျမင္စြာ ထရိန္းေပးႏိုင္ခဲ့ၾကပါတယ္။ ဒါ့အျပင္ ပိုၿပီးပီျပင္ေစဖို႔အတြက္ ပထမဆုံး႐ုပ္ရွင္ထဲမွာ Dursley အိမ္ကို လာပို႔သမွ် ေဟာ့ဂ္ဝက္ေက်ာင္းရဲ႕ ဝင္ခြင့္စာေတြအားလုံးကို ထုတ္လုပ္ေရးအဖြဲ႕သားေတြက လက္ေရးနဲ႔ပဲ ေရးခဲ့ၾကပါတယ္။

Harry နဲ႔ Ron ေနရာမွာ အရင္ဆုံး ဝင္အေ႐ြးခံခဲ့တဲ့ Tom Felton
Photo via IMDb

တကယ္ေတာ့ Tom Felton ဟာ လူဆိုးေနရာမွာ သ႐ုပ္ေဆာင္ဖို႔ မရည္႐ြယ္ခဲ့ပါဘူး။ စစခ်င္းက အဓိကဇာတ္ေကာင္ Harry Potter ေနရာမွာ ဝင္ေရာက္အေ႐ြးခံခဲ့ၿပီး အဲ့ဒီ့ေနာက္မွာ Ron Weasley ေနရာမွာ အေ႐ြးခံခဲ့တာပါ။ သို႔ေပမယ့္ အဲ့ဒီ့ဇာတ္ေကာင္ေနရာ ႏွစ္ခုလုံးက Daniel Radcliffe နဲ႔ Rupert Grint တို႔ဆီကို အသီးသီးေရာက္သြားတဲ့ေနာက္မွာေတာ့ ဗီလိန္ဇာတ္ေကာင္ Draco ေနရာကိုသာ ရရွိခဲ့ပါတယ္။ အဲ့ဒီ့ေနရာကလည္း သူနဲ႔လိုက္ဖက္တယ္ဆိုတာကေတာ့ ဟယ္ရီေပၚတာပရိသတ္တိုင္း ေထာက္ခံၾကမွာပါ။

Draco ရဲ႕အရယ္ရဆုံးဒိုင္ယာေလာ့တစ္ခုကို ကိုယ္တိုင္ဖန္တီးခဲ့တဲ့ Tom Felton

ဟယ္ရီေပၚတာဇာတ္ကားေတြထဲမွာ ၿပဳံးရယ္႐ႊင္ပ်စရာ ဇာတ္ဝင္ခန္းေလးေတြလည္း ပါဝင္ခဲ့ပါတယ္။ အဲ့ဒီ့လို ဇာတ္ဝင္ခန္းေတြထဲကမွ Draco ေျပာလိုက္တဲ့ ဒိုင္ယာေလာ့တစ္ခုကိုလည္း Potterhead ေတြဆိုရင္ မွတ္မိၾကဦးမယ္ ထင္ပါတယ္။ အဲ့ဒါကေတာ့ Harry Potter and the Chamber of Secrets ထဲမွာ Harry က ပိုလီဂ်ဳစ့္ေဆးရည္နဲ႔ Draco ရဲ႕သူငယ္ခ်င္း Goyle ဟန္ေဆာင္ၿပီး ႐ုပ္ဖ်က္တဲ့အခန္း ျဖစ္ပါတယ္။

Harry ဟာ ေဆးရည္ရဲ႕အကူအညီနဲ႔ Goyle ပုံစံ ႐ုပ္ေျပာင္း႐ုပ္လႊဲ လုပ္လိုက္ႏိုင္ေပမယ့္ သူ႔ရဲ႕သေကၤတတစ္ခုျဖစ္တဲ့ မ်က္မွန္ကိုေတာ့ ခြၽတ္ဖို႔ ေမ့သြားပါတယ္။ ဒီမွာတင္ Draco နဲ႔လည္းေတြ႕ေရာ၊ အဲ့ဒီ့မ်က္မွန္က ဘာလုပ္ဖို႔တပ္ထားတာလည္းဆိုၿပီး အေမးခံရပါေတာ့တယ္။ Goyle အေယာင္ေဆာင္ထားတဲ့ Harry က စာဖတ္ဖို႔ တပ္ထားတာပါလို႔ ေျပာတဲ့အခါ Draco ေျပာလိုက္ပုံက “မင္း စာဖတ္တတ္မွန္း ငါလည္း မသိခဲ့ရပါလား” ဆိုၿပီး ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာ Felton ျပန္ေျပာျပခဲ့တာက အဲ့ဒီ့ေနရာမွာ တကယ္ေျပာရမယ့္ ဒိုင္ယာေလာ့ကို ေမ့သြားလို႔ စိတ္ထဲမွာ ေပၚလာတာကို ဖန္တီးၿပီး ေျပာလိုက္တာျဖစ္ပါသတဲ့။

မူလ Franchise ႐ုပ္ရွင္ေတြထဲမွာ ပါဝင္ခ်င္ခဲ့တဲ့ Eddie Redmayne
Photo via IMDb

နာမည္ေက်ာ္မင္းသား Eddie Redmayne ဟာ Harry Potter ရဲ႕ prequel ျဖစ္တဲ့ Fantastic Beats ဇာတ္ကားေတြမွာ Newt Scamander အျဖစ္ ပါဝင္ထားတာကို ႐ုပ္ရွင္ၾကည့္ၿပီးသူတိုင္း သိၾကမွာပါ။ သို႔ေပမယ့္ တကယ္တမ္းမွာေတာ့ Eddie ဟာ ေမွာ္ဆန္တဲ့ ဟယ္ရီေပၚတာေလာကထဲကို အခုထက္ ခပ္ေစာေစာထဲက ဝင္ေရာက္ခ်င္ခဲ့သူ ျဖစ္ပါတယ္။ Eddie ဟာ Harry Potter and the Chamber of Secrets ဇာတ္ကားထဲက Tom Riddle ဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ဖို႔ ပဏာမ ဝင္အေ႐ြးခံခဲ့ေပမယ့္ အေ႐ြးခ်ယ္မခံခဲ့ရဘူးလို႔ ျပန္လည္ေျပာျပခဲ့ဖူးပါတယ္။

Xei

(ဆံရစ္ဝိုင္းမီဒီယာမွ တင္ဆက္ေသာ ကိုယ္တိုင္ေရး (သို႔မဟုတ္) ဘာသာျပန္သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔၏အက်ိဳးစီးပြားအတြက္ အျခားေသာ မီဒီယာစာမ်က္ႏွာမ်ားေပၚတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းမ်ား မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular