HomeEntertainmentFilmသဲလွန်စအရ Money Heist ရဲ့ season 5 မှာ Rio သေဆုံးမှာလား??

သဲလွန်စအရ Money Heist ရဲ့ season 5 မှာ Rio သေဆုံးမှာလား??

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Money Heist လို့ လူသိများတဲ့ စပိန်ဇာတ်လမ်းတွဲ La Casa De Papel ဟာ အတွက်အချက်တွေ၊ လှည့်ကွက်တွေများစွာနဲ့ ရသမျိုးစုံပါဝင်တဲ့ စပိန်မှုခင်းဒရာမာ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ Netflix က ထုတ်လွှင့်နေတဲ့ ဒီဇာတ်လမ်းတွဲဟာ IMDb 8.4 ရရှိထားပြီး ပြီးခဲ့တဲ့နှစ်ပိုင်းတွေကစလို့ အတော်လေးကို အောင်မြင်လာတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ နောက်ဆုံး season ဖြစ်တဲ့ season 5 ကိုလည်း ရိုက်ကူးနေပြီဖြစ်လို့ လာမယ့် ဇာတ်သိမ်းပုံစံတွေကို ပရိသတ်တွေဘက်က ခန့်မှန်းမှုတွေလည်း ပေါ်ထွက်နေပြီ ဖြစ်ပါတယ်။

Money Heist ဇာတ်ကောင်တွေထဲမှာတော့ Rio ဟာ season 3 က စတင်လို့ ပိုမိုထင်ရှားလာခဲ့ပါတယ်။ အကြောင်းကတော့ သူ့ကို ကယ်တင်ဖို့အတွက်သာ ပရော်ဖက်ဆာနဲ့ ကျန်အဖွဲ့သားတွေဟာ စပိန်ဘဏ်ကို ဝင်ရောက်စီးနင်းခဲ့ရလို့ပါပဲ။ သို့ပေမယ့် ယခုထွက်ပေါ်လာတဲ့ ခန့်မှန်းမှုတွေအရ Rio ရဲ့ ကံကြမ္မာဟာ လာမယ့် နောက်ဆုံး season မှာ အကြီးအကျယ် ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတော့မလားဆိုတာ စိတ်ဝင်စားနေကြပါတယ်။

photo via IMDb

Rio ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ထားတဲ့ Miguel Herran ဟာ မကြာသေးခင်ကပဲ ရိုက်ကွင်းပေါ်က ဆယ်လ်ဖီပုံတစ်ပုံကို အင်စတာဂရမ်မှာ တင်လိုက်ချိန်မှာတော့ ပရိသတ်တွေအတွက် သိချင်စိတ်တွေ ပိုပြီးမြင့်တက်လာပါတော့တယ်။  အဆိုပါဓာတ်ပုံမှာတော့ ” သေတော့မှာထက်စာရင် ပိုကောင်းတယ်လို့ ထင်တာပဲ…” လို့ အဓိပ္ပာယ်ရတဲ့ caption ကို စပိန်ဘာသာစကားနဲ့ ရေးသားထားတာကြောင့် Rio ဇာတ်ကောင်ရဲ့ ရှေ့လာမယ့် ကံကြမ္မာနဲ့ ပတ်သက်ပြီး ပရိသတ်တွေအတွက် မေးခွန်းများစွာ ဖြစ်ပေါ်စေခဲ့ပါတယ်။

ပရိသတ်တွေဟာ Money Heist season 5 ကို ဩဂုတ်လမှာ ရိုက်ကူးရေး ပြန်လည်စတင်တဲ့အချိန်တည်းက Professor ၊ Alicia Sierra ၊ Lisbon နဲ့ တစ်ခြားဇာတ်ရုပ်တွေမှာ ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်ပေါ်ပြီး ဇာတ်သိမ်းမလည်းဆိုတာကို စိတ်ဝင်စားနေခဲ့ကြတာ ဖြစ်ပါတယ်။ ဒီမှာတင် Miguel Herran ရဲ့ အင်စတာဂရမ်က ပို့စ်ကြောင့် လာမယ့် final season မှာ Rio သေဆုံးမယ့်အကြောင်း သဲလွန်စ ပေးထားတာလားဆိုပြီး ခန့်မှန်းမှုတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

photo: miguel.g.herran/instagram

Rio ကိုတော့ ပရော်ဖက်ဆာရဲ့ ပထမဆုံး ဓားပြမှုအတွက် ပြင်ဆင်နေတုန်းမှာ နည်းပညာပိုင်း အကူအညီရရှိဖို့ ပါဝင်လာတဲ့ ဟက်ကာ လူငယ်တစ်ယောက်အဖြစ်နဲ့ စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ အဖွဲ့နဲ့အတူ ပါဝင်လှုပ်ရှားရင်း Tokyo နဲ့လည်း ချစ်ကြိုက်ခဲ့ကြပေမယ့် နောက်ပိုင်းမှာ ကြမ္မာငင်မှုတွေ ကြုံတွေ့ခဲ့ရတာကြောင့် Rio ဟာ စိတ်ဒဏ်ရာရလာတဲ့ လူတစ်ယောက် ဖြစ်လာခဲ့ရပါတယ်။

Tokyo အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသမီး Ursual Corbero ကလည်း Miguel Herran နဲ့ အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံကို သူမရဲ့အင်စတာဂရမ်မှာ တင်ခဲ့တာကြောင့် ပရိတ်သတ်တွေရဲ့ သို့လော သို့လော သိချင်စိတ်တွေကို ပိုမိုမြင့်တက်လာစေပါတယ်။

photo: ursulolita/instagram

ဒါ့အပြင် ပရော်ဖက်ဆာနေရာမှာ သရုပ်ဆောင်ထားတဲ့ Alvaro Morte ကလည်း ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ညစ်ပေနေတဲ့ အဝတ်အစားတွေနဲ့ ပရော်ဖက်ဆာရဲ့ ဓာတ်ပုံတစ်ပုံကို တင်ထားခဲ့တာကြောင့် ရှိုးရဲ့ ဉာဏ်ကြီးရှင် ပရော်ဖက်ဆာအတွက်လည်း ပရိသတ်တွေက စိတ်ပူနေကြပါသေးတယ်။

ယခုအချိန်အခါဟာ လာမယ့် နောက်ဆုံး season အတွက် ပရိသတ်ရဲ့ စိတ်ဝင်စားမှုနဲ့ ပရိုမိုးရှင်းလုပ်ဖို့ အကောင်းဆုံးအချိန်ဖြစ်လို့ အခုလို သဲလွန်စဆန်ဆန် တွေးတောခန့်မှန်းစရာလေးတွေ ပေးနေတာဟာ ဒီစီးရီးရဲ့ အဆုံးသတ်ကို စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာစေမှာ ဖြစ်ပါတယ်။

မကြာခင် ထွက်ရှိလာတော့မယ့် Money Heist ဇာတ်သိမ်းပိုင်းကို အတူတူစောင့်မျှော်နေရင်း စာဖတ်သူတို့ရဲ့ သဘောအကျဆုံး ဇာတ်ကောင်တွေကိုလည်း ပြောပြပေးသွားပါဦးနော်။

C 21

Source: indian express

(Zawgyi version)

Money Heist လို႔ လူသိမ်ားတဲ့ စပိန္ဇာတ္လမ္းတြဲ La Casa De Papel ဟာ အတြက္အခ်က္ေတြ၊ လွည့္ကြက္ေတြမ်ားစြာနဲ႔ ရသမ်ိဳးစုံပါဝင္တဲ့ စပိန္မႈခင္းဒရာမာ ဇာတ္လမ္းတြဲတစ္ခု ျဖစ္ပါတယ္။ Netflix က ထုတ္လႊင့္ေနတဲ့ ဒီဇာတ္လမ္းတြဲဟာ IMDb 8.4 ရရွိထားၿပီး ၿပီးခဲ့တဲ့ႏွစ္ပိုင္းေတြကစလို႔ အေတာ္ေလးကို ေအာင္ျမင္လာတာ ျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ ေနာက္ဆုံး season ျဖစ္တဲ့ season 5 ကိုလည္း ႐ိုက္ကူးေနၿပီျဖစ္လို႔ လာမယ့္ ဇာတ္သိမ္းပုံစံေတြကို ပရိသတ္ေတြဘက္က ခန႔္မွန္းမႈေတြလည္း ေပၚထြက္ေနၿပီ ျဖစ္ပါတယ္။

Money Heist ဇာတ္ေကာင္ေတြထဲမွာေတာ့ Rio ဟာ season 3 က စတင္လို႔ ပိုမိုထင္ရွားလာခဲ့ပါတယ္။ အေၾကာင္းကေတာ့ သူ႔ကို ကယ္တင္ဖို႔အတြက္သာ ပေရာ္ဖက္ဆာနဲ႔ က်န္အဖြဲ႕သားေတြဟာ စပိန္ဘဏ္ကို ဝင္ေရာက္စီးနင္းခဲ့ရလို႔ပါပဲ။ သို႔ေပမယ့္ ယခုထြက္ေပၚလာတဲ့ ခန႔္မွန္းမႈေတြအရ Rio ရဲ႕ ကံၾကမၼာဟာ လာမယ့္ ေနာက္ဆုံး season မွာ အႀကီးအက်ယ္ ေျပာင္းလဲမႈေတြ ျဖစ္ေပၚလာေတာ့မလားဆိုတာ စိတ္ဝင္စားေနၾကပါတယ္။

photo via IMDb

Rio ဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ထားတဲ့ Miguel Herran ဟာ မၾကာေသးခင္ကပဲ ႐ိုက္ကြင္းေပၚက ဆယ္လ္ဖီပုံတစ္ပုံကို အင္စတာဂရမ္မွာ တင္လိုက္ခ်ိန္မွာေတာ့ ပရိသတ္ေတြအတြက္ သိခ်င္စိတ္ေတြ ပိုၿပီးျမင့္တက္လာပါေတာ့တယ္။  အဆိုပါဓာတ္ပုံမွာေတာ့ ” ေသေတာ့မွာထက္စာရင္ ပိုေကာင္းတယ္လို႔ ထင္တာပဲ…” လို႔ အဓိပၸာယ္ရတဲ့ caption ကို စပိန္ဘာသာစကားနဲ႔ ေရးသားထားတာေၾကာင့္ Rio ဇာတ္ေကာင္ရဲ႕ ေရွ႕လာမယ့္ ကံၾကမၼာနဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြအတြက္ ေမးခြန္းမ်ားစြာ ျဖစ္ေပၚေစခဲ့ပါတယ္။

ပရိသတ္ေတြဟာ Money Heist season 5 ကို ဩဂုတ္လမွာ ႐ိုက္ကူးေရး ျပန္လည္စတင္တဲ့အခ်ိန္တည္းက Professor ၊ Alicia Sierra ၊ Lisbon နဲ႔ တစ္ျခားဇာတ္႐ုပ္ေတြမွာ ဘယ္လိုေျပာင္းလဲမႈေတြ ျဖစ္ေပၚၿပီး ဇာတ္သိမ္းမလည္းဆိုတာကို စိတ္ဝင္စားေနခဲ့ၾကတာ ျဖစ္ပါတယ္။ ဒီမွာတင္ Miguel Herran ရဲ႕ အင္စတာဂရမ္က ပို႔စ္ေၾကာင့္ လာမယ့္ final season မွာ Rio ေသဆုံးမယ့္အေၾကာင္း သဲလြန္စ ေပးထားတာလားဆိုၿပီး ခန႔္မွန္းမႈေတြ ျဖစ္ေပၚေနတာ ျဖစ္ပါတယ္။

photo miguel.g.herran/instagram

Rio ကိုေတာ့ ပေရာ္ဖက္ဆာရဲ႕ ပထမဆုံး ဓားျပမႈအတြက္ ျပင္ဆင္ေနတုန္းမွာ နည္းပညာပိုင္း အကူအညီရရွိဖို႔ ပါဝင္လာတဲ့ ဟက္ကာ လူငယ္တစ္ေယာက္အျဖစ္နဲ႔ စတင္မိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။ အဖြဲ႕နဲ႔အတူ ပါဝင္လႈပ္ရွားရင္း Tokyo နဲ႔လည္း ခ်စ္ႀကိဳက္ခဲ့ၾကေပမယ့္ ေနာက္ပိုင္းမွာ ၾကမၼာငင္မႈေတြ ႀကဳံေတြ႕ခဲ့ရတာေၾကာင့္ Rio ဟာ စိတ္ဒဏ္ရာရလာတဲ့ လူတစ္ေယာက္ ျဖစ္လာခဲ့ရပါတယ္။

Tokyo အျဖစ္ သ႐ုပ္ေဆာင္ထားတဲ့ မင္းသမီး Ursual Corbero ကလည္း Miguel Herran နဲ႔ အတူတြဲ႐ိုက္ထားတဲ့ ဓာတ္ပုံတစ္ပုံကို သူမရဲ႕အင္စတာဂရမ္မွာ တင္ခဲ့တာေၾကာင့္ ပရိတ္သတ္ေတြရဲ႕ သို႔ေလာ သို႔ေလာ သိခ်င္စိတ္ေတြကို ပိုမိုျမင့္တက္လာေစပါတယ္။

photo ursulolita/instagram

ဒါ့အျပင္ ပေရာ္ဖက္ဆာေနရာမွာ သ႐ုပ္ေဆာင္ထားတဲ့ Alvaro Morte ကလည္း ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ ညစ္ေပေနတဲ့ အဝတ္အစားေတြနဲ႔ ပေရာ္ဖက္ဆာရဲ႕ ဓာတ္ပုံတစ္ပုံကို တင္ထားခဲ့တာေၾကာင့္ ရႈိးရဲ႕ ဉာဏ္ႀကီးရွင္ ပေရာ္ဖက္ဆာအတြက္လည္း ပရိသတ္ေတြက စိတ္ပူေနၾကပါေသးတယ္။

ယခုအခ်ိန္အခါဟာ လာမယ့္ ေနာက္ဆုံး season အတြက္ ပရိသတ္ရဲ႕ စိတ္ဝင္စားမႈနဲ႔ ပ႐ိုမိုးရွင္းလုပ္ဖို႔ အေကာင္းဆုံးအခ်ိန္ျဖစ္လို႔ အခုလို သဲလြန္စဆန္ဆန္ ေတြးေတာခန႔္မွန္းစရာေလးေတြ ေပးေနတာဟာ ဒီစီးရီးရဲ႕ အဆုံးသတ္ကို စိတ္ဝင္စားမႈ ပိုမိုျမင့္တက္လာေစမွာ ျဖစ္ပါတယ္။

မၾကာခင္ ထြက္ရွိလာေတာ့မယ့္ Money Heist ဇာတ္သိမ္းပိုင္းကို အတူတူေစာင့္ေမွ်ာ္ေနရင္း စာဖတ္သူတို႔ရဲ႕ သေဘာအက်ဆုံး ဇာတ္ေကာင္ေတြကိုလည္း ေျပာျပေပးသြားပါဦးေနာ္။

C 21

Source: indian express

RELATED ARTICLES

Most Popular