HomeAnimeNaruto စီးရီးထဲက လူကြိုက်အများဆုံး ဇာတ်ကောင် (၁၀) ယောက်

Naruto စီးရီးထဲက လူကြိုက်အများဆုံး ဇာတ်ကောင် (၁၀) ယောက်

ေအာက္တြင္‌ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Naruto စီးရီးဟာတော်တော်လေးကို အောင်မြင်ပြီး နာမည်ကြီးခဲ့တဲ့ဇာတ်လမ်းတစ်ခုဖြစ်ပြီးတော့ အခုချိန်ထိလည်း နာမည်မကျသွားသေးတဲ့ anime တစ်ခုဖြစ်ပါတယ်။ Naruto ထဲမှာ ဇာတ်ကောင်တွေလည်းအများအပြား ပါပြီးတော့ ပရိသတ်တွေတစ်ယောက်နဲ့ တစ်ယောက်ဟာလည်း အကြိုက်ဆုံး ဇာတ်ကောင်တွေမတူကြပါဘူး။ အဲ့ဒါကြောင့် MyAnimeList ဟာ မဲပေးတဲ့စနစ်နဲ့ Naruto ထဲက လူကြိုက်အများဆုံးဇာတ်ကောင်တွေကို ရွေးချယ်ခဲ့ပါတယ်။

(10) Uchiha Madara
photo via cbr

Madara ဟာ Naruto ထဲက စွမ်းအားအကြီးမားဆုံး ဗီလိန်တစ်ယောက်လို့တောင်ပြောလို့ရတဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်ပါတယ်။ စတုတ္ထမြောက်နင်ဂျာစစ်ပွဲအတွင်းမှာဆိုရင် လူနည်းစုလောက်သာ သူ့ကိုတားဆီးနိုင်လောက်တဲ့အထိတောင်မှ စွမ်းအားကြီးမားခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီစစ်ပွဲအတွင်းမှာ သူလုပ်ပြခဲ့တဲ့အံ့ဩစရာတွေကြောင့် သူ့ကိုကြိုက်နှစ်သက်တဲ့ပရိသတ်တွေဟာ တော်တော်များများရှိလာခဲ့ပါတယ်။ အဲ့ဒီလိုအရမ်းကြမ်းတဲ့ဗီလိန်ကြီးကတော့ လူကြိုက်အများဆုံးဇာတ်ကောင်တွေထဲမှာ မဲပေါင်း (၇) ထောင်ကျော်နဲ့ နံပတ် (၁၀) နေရာမှာ ရပ်တည်နေပါတယ်။

(9) Namikaze Minato
photo via cbr

Minato ကတော့ Naruto နဲ့ကိုနိုဟာတစ်ရွာလုံးကို ကာကွယ်ဖို့အတွက် အသက်စွန့်သွားတဲ့ စတုတ္ထမြောက် Hokage ပဲဖြစ်ပါတယ်။ ဒါ့အပြင် သူ့ကို Yellow Flash လို့တောင်ခေါ်ခဲ့ကြပြီး တစ်ခြားရွာကလူတွေဆိုရင် အဝါရောင်အလင်းတန်းကို မြင်တာနဲ့ ပြေးလို့ပြောရတဲ့အထိ စွမ်းအားကြီးခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ စတုတ္ထမြောက်နင်ဂျာစစ်ပွဲအတွင်းမှာလည်း Naruto တို့နဲ့အတူတိုက်ခိုက်ခဲ့ပြီးတော့ ပရိသတ်တွေအများအပြားရရှိထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ စတုတ္ထမြောက် Hokage ကတော့ မဲပေါင်း (၈) ထောင်ကျော်နဲ့ နံပတ် (၉) နေရာမှာ ရှိနေပါတယ်။

(8) Jiraiya
photo via cbr

Jiraiya ကတော့ Minato နဲ့ Naruto တို့ကို သင်ကြားပြသပေးခဲ့တဲ့ ဆရာတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေတော်တော်များများကို မျက်ရည်ကျစေခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ Naruto ရဲ့ဘဝမှာအရေးကြီးလူတစ်ယောက်လည်း ဖြစ်ပြီးတော့ အမြဲပြုံးရီနေတတ်ပြီး ပျော်ပျော်နေတတ်သူတစ်ယောက် ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ Ero sannin ကြီးကတော့ မဲပေါင်း (၉) ထောင်ကျော်နဲ့ နံပတ် (၈) နေရာမှာ ရပ်တည်နေပါတယ်။

(7) Hyuga Hinata
photo via cbr

Hinata ကတော့ Hyuga clan ရဲ့သမီးအကြီးတစ်ယောက်ဖြစ်ပြီးတော့ Naruto ရဲ့ချစ်ဇနီးလည်း ဖြစ်ပါတယ်။ သူမကတော့ အရမ်းသိမ်မွေ့ပြီးရှက်တတ်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေပေမယ့်လည်း Naruto အတွက်ဆိုရင် အသက်ပါစွန့်လွှတ်ရဲတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူမဟာလည်း ပရိသတ်တွေအများအပြားကို ပိုင်ဆိုင်ထားပြီးတော့ မဲပေါင်း (၁၁၀၀၀) ကျော်နဲ့ နံပတ် (၇) နေရာမှာ ရှိနေပါတယ်။

(6) Nara Shikamaru
photo via cbr

Shikamaru ကတော့ Naruto ရဲ့ငယ်ဘဝကတည်းက သူငယ်ချင်းတစ်ယောက်ဖြစ်ပြီး အသက်ကြီးလာတဲ့အချိန်မှာလည်း အကြံပေးရာထူးနဲ့ Naruto ရဲ့အနားမှာ ရှိနေပါတယ်။ သူကတော့ ပျင်းနေတတ်တဲ့လူတစ်ယောက်ဖြစ်ပေမယ့် ဉာဏ်ကောင်းလွန်းတာကြောင့် ကလေးဘဝကတည်းက တစ်ခြားလူကြီးတွေကတောင် သူ့ဆီကနေအကြံဉာဏ်တောင်းလေ့ရှိခဲ့ပါတယ်။ ဉာဏ်ကြီးရှင်ကြီး Shikamaru ကတော့ Hinata နဲ့မဲသိပ်မကွာဘဲ မဲပေါင်း (၁၁၀၀၀) ကျော်နဲ့ပဲ နံပတ် (၆) နေရာမှာ ရပ်တည်နေပါတယ်။

(5) Gaara
photo via cbr

Gaara ကတော့ ငယ်စဉ်တုန်းက ဆိုးသွမ်းခဲ့ပေမယ့် Naruto နဲ့တွေ့ပြီးသွားတဲ့နောက်ပိုင်းမှာ လောကကြီးအပေါ်ကို အမြင်ပြောင်းလဲသွားတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် အသက်ငယ်ငယ်လေးနဲ့ Kazakage ဖြစ်လာပြီးတော့ စတုတ္ထမြောက်နင်ဂျာစစ်ပွဲကြီးမှာလည်း ထိပ်ဆုံးကနေ ရဲရဲရင့်ရင့် တိုက်ခိုက်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ စတုတ္ထမြောက် Kazakage ကတော့ မဲပေါင်း (၁၂၀၀၀) ကျော်နဲ့ နံပတ် (၅) မှာ ရှိနေပါတယ်။

(4) Uchiha Sasuke
photo via cbr

Sasuke ကတော့ စီးရီးတစ်ခုလုံးရဲ့မိန်းဇာတ်ကောင်တွေထဲက တစ်ယောက်ဖြစ်ပြီးတော့ Naruto ကြမ်းသလောက် လိုက်ကြမ်းနိုင်ခဲ့တဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ငယ်စဉ်ဘဝတုန်းကတော့ သူနဲ့ Naruto ဟာ ပြိုင်ဘက်တွေဖြစ်ခဲ့ပြီးတော့ နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ သူဟာ Naruto ကိုရန်သူလို့တောင် သတ်မှတ်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း စတုတ္ထမြောက်နင်ဂျာစစ်ပွဲကြီးပြီးသွားတဲ့အချိန်မှာ သူတို့နှစ်ယောက်ရဲ့တိုက်ပွဲပြီးသွားတဲ့နောက်မှာတော့ သူဟာအမြင်မှန်ရသွားခဲ့ပါတယ်။ သူကတော့ မဲပေါင်း (၂၆၀၀၀) ကျော်နဲ့ နံပတ် (၄) နေရာမှာ ရပ်တည်နေပါတယ်။

(3) Hatake Kakashi
photo via cbr

Kakashi ကတော့ Team 7 အဖွဲ့ရဲ့ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့ပြီးတော့ Uchiha မျိုးနွယ်မဟုတ်ဘဲ Sharingan ကိုကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်တဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ စတုတ္ထမြောက်နင်ဂျာစစ်ပွဲကြီး ပြီးသွားတဲ့အချိန်မှာတော့ သူဟာ Hokage တစ်ယောက်ဖြစ်လာခဲ့ပြီးတော့ လူကြိုက်အများဆုံးဇာတ်ကောင်တွေထဲမှာ နံပတ် (၃) နေရာကို မဲပေါင်း (၃၂၀၀၀) ကျော်နဲ့ ရရှိခဲ့ပါတယ်။

(2) Uchiha Itachi
photo via cbr

Itachi ကတော့ ပါရမီရှင်တစ်ယောက်ဖြစ်ပြီးတော့ အသက်ငယ်ငယ်လေးနဲ့ Anbu ဖြစ်လာခဲ့သူလည်း ဖြစ်ပါတယ်။ Genjutsu သုံးတဲ့နေရာမှာတော့ အရမ်းကိုကျွမ်းကျင်ပြီးတော့ အကြွေစောခဲ့ရတဲ့ ကြယ်တစ်ပွင့်လည်း ဖြစ်ပါတယ်။ သူဟာ ကိုနိုဟာရွာကိုအရမ်းချစ်မြတ်နိုးသူတစ်ယောက်ဖြစ်ပြီးတော့ သေသွားပြီးတဲ့နောက်မှာတောင် ကိုနိုဟာနဲ့တစ်ခြားရွာတွေကို ကယ်တင်ဖို့အတွက် ကြိုးစားခဲ့ပါသေးတယ်။ ကိုနိုဟာရွာရဲ့သူရဲကောင်းကြီးကတော့ နံပတ် (၂) နေရာကို မဲပေါင်း (၄) သောင်းခွဲနဲ့ ရရှိခဲ့ပါတယ်။

(1) Uzumaki Naruto
photo via cbr

နံပတ်တစ်ကတော့ အားလုံးသိကြတဲ့ ဇာတ်လိုက်ကျော်ကြီး Naruto ပါ။ သူကတော့ အခုလက်ရှိ Hokage တစ်ယောက်ဖြစ်ပြီးတော့ Rasengan ကိုတီထွင်ခဲ့တဲ့ Minato ထက်တောင် Rasengan ကိုပိုပြီး ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဇာတ်လမ်းနာမည်ကိုက သူ့ရဲ့နာမည်ဖြစ်နေတာကြောင့် လူကြိုက်အများဆုံးဇာတ်ကောင်ထဲမှာ ထိပ်ဆုံးရောက်နေတာက သိပ်ပြီး အံ့ဩစရာမဟုတ်ပေမယ့်လည်း မဲပေါင်း (၆၁၀၀၀) ကျော်နဲ့ တစ်ခြားဇာတ်ကောင်တွေထက် မဲအပြတ်အသတ်အသာရပြီး ထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Naruto စီးရီးဟာေတာ္ေတာ္ေလးကို ေအာင္ျမင္ၿပီး နာမည္ႀကီးခဲ့တဲ့ဇာတ္လမ္းတစ္ခုျဖစ္ၿပီးေတာ့ အခုခ်ိန္ထိလည္း နာမည္မက်သြားေသးတဲ့ anime တစ္ခုျဖစ္ပါတယ္။ Naruto ထဲမွာ ဇာတ္ေကာင္ေတြလည္းအမ်ားအျပား ပါၿပီးေတာ့ ပရိသတ္ေတြတစ္ေယာက္နဲ႔ တစ္ေယာက္ဟာလည္း အႀကိဳက္ဆုံး ဇာတ္ေကာင္ေတြမတူၾကပါဘူး။ အဲ့ဒါေၾကာင့္ MyAnimeList ဟာ မဲေပးတဲ့စနစ္နဲ႔ Naruto ထဲက လူႀကိဳက္အမ်ားဆုံးဇာတ္ေကာင္ေတြကို ေ႐ြးခ်ယ္ခဲ့ပါတယ္။

(10) Uchiha Madara
photo via cbr

Madara ဟာ Naruto ထဲက စြမ္းအားအႀကီးမားဆုံး ဗီလိန္တစ္ေယာက္လို႔ေတာင္ေျပာလို႔ရတဲ့ ဇာတ္ေကာင္တစ္ေယာက္ ျဖစ္ပါတယ္။ စတုတၳေျမာက္နင္ဂ်ာစစ္ပြဲအတြင္းမွာဆိုရင္ လူနည္းစုေလာက္သာ သူ႔ကိုတားဆီးႏိုင္ေလာက္တဲ့အထိေတာင္မွ စြမ္းအားႀကီးမားခဲ့ပါတယ္။ ဒါ့အျပင္ အဲ့ဒီစစ္ပြဲအတြင္းမွာ သူလုပ္ျပခဲ့တဲ့အံ့ဩစရာေတြေၾကာင့္ သူ႔ကိုႀကိဳက္ႏွစ္သက္တဲ့ပရိသတ္ေတြဟာ ေတာ္ေတာ္မ်ားမ်ားရွိလာခဲ့ပါတယ္။ အဲ့ဒီလိုအရမ္းၾကမ္းတဲ့ဗီလိန္ႀကီးကေတာ့ လူႀကိဳက္အမ်ားဆုံးဇာတ္ေကာင္ေတြထဲမွာ မဲေပါင္း (၇) ေထာင္ေက်ာ္နဲ႔ နံပတ္ (၁၀) ေနရာမွာ ရပ္တည္ေနပါတယ္။

(9) Namikaze Minato
photo via cbr

Minato ကေတာ့ Naruto နဲ႔ကိုႏိုဟာတစ္႐ြာလုံးကို ကာကြယ္ဖို႔အတြက္ အသက္စြန႔္သြားတဲ့ စတုတၳေျမာက္ Hokage ပဲျဖစ္ပါတယ္။ ဒါ့အျပင္ သူ႔ကို Yellow Flash လို႔ေတာင္ေခၚခဲ့ၾကၿပီး တစ္ျခား႐ြာကလူေတြဆိုရင္ အဝါေရာင္အလင္းတန္းကို ျမင္တာနဲ႔ ေျပးလို႔ေျပာရတဲ့အထိ စြမ္းအားႀကီးခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ စတုတၳေျမာက္နင္ဂ်ာစစ္ပြဲအတြင္းမွာလည္း Naruto တို႔နဲ႔အတူတိုက္ခိုက္ခဲ့ၿပီးေတာ့ ပရိသတ္ေတြအမ်ားအျပားရရွိထားတဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ စတုတၳေျမာက္ Hokage ကေတာ့ မဲေပါင္း (၈) ေထာင္ေက်ာ္နဲ႔ နံပတ္ (၉) ေနရာမွာ ရွိေနပါတယ္။

(8) Jiraiya
photo via cbr

Jiraiya ကေတာ့ Minato နဲ႔ Naruto တို႔ကို သင္ၾကားျပသေပးခဲ့တဲ့ ဆရာတစ္ေယာက္ျဖစ္ၿပီး ပရိသတ္ေတြေတာ္ေတာ္မ်ားမ်ားကို မ်က္ရည္က်ေစခဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ သူဟာ Naruto ရဲ႕ဘဝမွာအေရးႀကီးလူတစ္ေယာက္လည္း ျဖစ္ၿပီးေတာ့ အၿမဲၿပဳံးရီေနတတ္ၿပီး ေပ်ာ္ေပ်ာ္ေနတတ္သူတစ္ေယာက္ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ Ero sannin ႀကီးကေတာ့ မဲေပါင္း (၉) ေထာင္ေက်ာ္နဲ႔ နံပတ္ (၈) ေနရာမွာ ရပ္တည္ေနပါတယ္။

(7) Hyuga Hinata
photo via cbr

Hinata ကေတာ့ Hyuga clan ရဲ႕သမီးအႀကီးတစ္ေယာက္ျဖစ္ၿပီးေတာ့ Naruto ရဲ႕ခ်စ္ဇနီးလည္း ျဖစ္ပါတယ္။ သူမကေတာ့ အရမ္းသိမ္ေမြ႕ၿပီးရွက္တတ္တဲ့ မိန္းကေလးတစ္ေယာက္ျဖစ္ေနေပမယ့္လည္း Naruto အတြက္ဆိုရင္ အသက္ပါစြန႔္လႊတ္ရဲတဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ သူမဟာလည္း ပရိသတ္ေတြအမ်ားအျပားကို ပိုင္ဆိုင္ထားၿပီးေတာ့ မဲေပါင္း (၁၁၀၀၀) ေက်ာ္နဲ႔ နံပတ္ (၇) ေနရာမွာ ရွိေနပါတယ္။

(6) Nara Shikamaru
photo via cbr

Shikamaru ကေတာ့ Naruto ရဲ႕ငယ္ဘဝကတည္းက သူငယ္ခ်င္းတစ္ေယာက္ျဖစ္ၿပီး အသက္ႀကီးလာတဲ့အခ်ိန္မွာလည္း အႀကံေပးရာထူးနဲ႔ Naruto ရဲ႕အနားမွာ ရွိေနပါတယ္။ သူကေတာ့ ပ်င္းေနတတ္တဲ့လူတစ္ေယာက္ျဖစ္ေပမယ့္ ဉာဏ္ေကာင္းလြန္းတာေၾကာင့္ ကေလးဘဝကတည္းက တစ္ျခားလူႀကီးေတြကေတာင္ သူ႔ဆီကေနအႀကံဉာဏ္ေတာင္းေလ့ရွိခဲ့ပါတယ္။ ဉာဏ္ႀကီးရွင္ႀကီး Shikamaru ကေတာ့ Hinata နဲ႔မဲသိပ္မကြာဘဲ မဲေပါင္း (၁၁၀၀၀) ေက်ာ္နဲ႔ပဲ နံပတ္ (၆) ေနရာမွာ ရပ္တည္ေနပါတယ္။

(5) Gaara
photo via cbr

Gaara ကေတာ့ ငယ္စဥ္တုန္းက ဆိုးသြမ္းခဲ့ေပမယ့္ Naruto နဲ႔ေတြ႕ၿပီးသြားတဲ့ေနာက္ပိုင္းမွာ ေလာကႀကီးအေပၚကို အျမင္ေျပာင္းလဲသြားတဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ဒါ့အျပင္ အသက္ငယ္ငယ္ေလးနဲ႔ Kazakage ျဖစ္လာၿပီးေတာ့ စတုတၳေျမာက္နင္ဂ်ာစစ္ပြဲႀကီးမွာလည္း ထိပ္ဆုံးကေန ရဲရဲရင့္ရင့္ တိုက္ခိုက္ခဲ့သူတစ္ေယာက္လည္း ျဖစ္ပါတယ္။ စတုတၳေျမာက္ Kazakage ကေတာ့ မဲေပါင္း (၁၂၀၀၀) ေက်ာ္နဲ႔ နံပတ္ (၅) မွာ ရွိေနပါတယ္။

(4) Uchiha Sasuke
photo via cbr

Sasuke ကေတာ့ စီးရီးတစ္ခုလုံးရဲ႕မိန္းဇာတ္ေကာင္ေတြထဲက တစ္ေယာက္ျဖစ္ၿပီးေတာ့ Naruto ၾကမ္းသေလာက္ လိုက္ၾကမ္းႏိုင္ခဲ့တဲ့သူတစ္ေယာက္လည္း ျဖစ္ပါတယ္။ ငယ္စဥ္ဘဝတုန္းကေတာ့ သူနဲ႔ Naruto ဟာ ၿပိဳင္ဘက္ေတြျဖစ္ခဲ့ၿပီးေတာ့ ေနာက္ပိုင္းမွာေတာ့ တျဖည္းျဖည္းနဲ႔ သူဟာ Naruto ကိုရန္သူလို႔ေတာင္ သတ္မွတ္လာခဲ့ပါတယ္။ ဒါေပမဲ့လည္း စတုတၳေျမာက္နင္ဂ်ာစစ္ပြဲႀကီးၿပီးသြားတဲ့အခ်ိန္မွာ သူတို႔ႏွစ္ေယာက္ရဲ႕တိုက္ပြဲၿပီးသြားတဲ့ေနာက္မွာေတာ့ သူဟာအျမင္မွန္ရသြားခဲ့ပါတယ္။ သူကေတာ့ မဲေပါင္း (၂၆၀၀၀) ေက်ာ္နဲ႔ နံပတ္ (၄) ေနရာမွာ ရပ္တည္ေနပါတယ္။

(3) Hatake Kakashi
photo via cbr

Kakashi ကေတာ့ Team 7 အဖြဲ႕ရဲ႕ေခါင္းေဆာင္တစ္ေယာက္ ျဖစ္ခဲ့ၿပီးေတာ့ Uchiha မ်ိဳးႏြယ္မဟုတ္ဘဲ Sharingan ကိုကြၽမ္းကြၽမ္းက်င္က်င္ အသုံးျပဳႏိုင္တဲ့သူတစ္ေယာက္လည္း ျဖစ္ပါတယ္။ စတုတၳေျမာက္နင္ဂ်ာစစ္ပြဲႀကီး ၿပီးသြားတဲ့အခ်ိန္မွာေတာ့ သူဟာ Hokage တစ္ေယာက္ျဖစ္လာခဲ့ၿပီးေတာ့ လူႀကိဳက္အမ်ားဆုံးဇာတ္ေကာင္ေတြထဲမွာ နံပတ္ (၃) ေနရာကို မဲေပါင္း (၃၂၀၀၀) ေက်ာ္နဲ႔ ရရွိခဲ့ပါတယ္။

(2) Uchiha Itachi
photo via cbr

Itachi ကေတာ့ ပါရမီရွင္တစ္ေယာက္ျဖစ္ၿပီးေတာ့ အသက္ငယ္ငယ္ေလးနဲ႔ Anbu ျဖစ္လာခဲ့သူလည္း ျဖစ္ပါတယ္။ Genjutsu သုံးတဲ့ေနရာမွာေတာ့ အရမ္းကိုကြၽမ္းက်င္ၿပီးေတာ့ အေႂကြေစာခဲ့ရတဲ့ ၾကယ္တစ္ပြင့္လည္း ျဖစ္ပါတယ္။ သူဟာ ကိုႏိုဟာ႐ြာကိုအရမ္းခ်စ္ျမတ္ႏိုးသူတစ္ေယာက္ျဖစ္ၿပီးေတာ့ ေသသြားၿပီးတဲ့ေနာက္မွာေတာင္ ကိုႏိုဟာနဲ႔တစ္ျခား႐ြာေတြကို ကယ္တင္ဖို႔အတြက္ ႀကိဳးစားခဲ့ပါေသးတယ္။ ကိုႏိုဟာ႐ြာရဲ႕သူရဲေကာင္းႀကီးကေတာ့ နံပတ္ (၂) ေနရာကို မဲေပါင္း (၄) ေသာင္းခြဲနဲ႔ ရရွိခဲ့ပါတယ္။

(1) Uzumaki Naruto
photo via cbr

နံပတ္တစ္ကေတာ့ အားလုံးသိၾကတဲ့ ဇာတ္လိုက္ေက်ာ္ႀကီး Naruto ပါ။ သူကေတာ့ အခုလက္ရွိ Hokage တစ္ေယာက္ျဖစ္ၿပီးေတာ့ Rasengan ကိုတီထြင္ခဲ့တဲ့ Minato ထက္ေတာင္ Rasengan ကိုပိုၿပီး ကြၽမ္းကြၽမ္းက်င္က်င္ သုံးတတ္တဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ဇာတ္လမ္းနာမည္ကိုက သူ႔ရဲ႕နာမည္ျဖစ္ေနတာေၾကာင့္ လူႀကိဳက္အမ်ားဆုံးဇာတ္ေကာင္ထဲမွာ ထိပ္ဆုံးေရာက္ေနတာက သိပ္ၿပီး အံ့ဩစရာမဟုတ္ေပမယ့္လည္း မဲေပါင္း (၆၁၀၀၀) ေက်ာ္နဲ႔ တစ္ျခားဇာတ္ေကာင္ေတြထက္ မဲအျပတ္အသတ္အသာရၿပီး ထိပ္ဆုံးေနရာမွာ ရပ္တည္ေနပါတယ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular