HomeCharacterMr. Knight နဲ့ ပတ်သက်ပြီး MCU က ပြုလုပ်ထားတဲ့ အပြောင်းအလဲများ

Mr. Knight နဲ့ ပတ်သက်ပြီး MCU က ပြုလုပ်ထားတဲ့ အပြောင်းအလဲများ

မကြာသေးခင်ကပဲ Moon Knight ဇာတ်လမ်းတွဲရဲ့ အပိုင်း(၂) ထွက်ရှိခဲ့ပါတယ်။ ဒီအပိုင်းထဲမှာတော့ Steven Grant ဟာ Mr. Knight အဖြစ် ပြောင်းလဲသွားတာကို မြင်တွေ့ခဲ့ရပါတယ်။ သို့ပေမယ့်လည်း ဒီဇာတ်လမ်းတွဲထဲက Mr. Knight ဟာ ကောမစ်ထဲကနဲ့ မတူဘဲ MCU က ပြောင်းလဲမှုတွေ ပြုလုပ်ထားပါတယ်။ MCU က ပြုလုပ်ထားတဲ့ ပြောင်းလဲမှုတွေကတော့ …

photo via screenrant

ကောမစ်ထဲမှာတော့ Mr. Knight ကို ၂၀၁၁ ခုနှစ်မှာ Warren Ellis နဲ့ Michael Lark တို့က ပူးပေါင်းဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အစတုန်းကတော့ Mr. Knight ရဲ့ ပုံစံဟာ Moon Knight ရဲ့ ဝတ်စုံအသစ်အဖြစ် ဖန်တီးဖို့ ရည်ရွယ်ခဲ့ပေမယ့်လည်း ၂၀၁၄ ခုနှစ်မှာတော့ ဒီပုံစံကို Mr. Knight လို့ စတင်ခေါ်ဝေါ်ခဲ့ပြီး Moon Knight ရဲ့ နောက်ထပ် ဗားရှင်းတစ်မျိုး ဖြစ်လာပါတယ်။

Moon Knight ကတော့ လူဆိုးတွေကို ကြမ်းကြမ်းတမ်းတမ်း လိုက်လံနှိမ်နှင်းသူ ဖြစ်ပြီး Mr. Knight ကတော့ လူထုနဲ့ ဆက်ဆံတဲ့ နေရာမှာ အရေးပါသူ ဖြစ်ပါတယ်။ Mr. Knight ဟာ အာဏာပိုင်တွေနဲ့လည်း ဆက်ဆံရေး ရှိပြီး မှုခင်းဖြစ်ရာ နေရာတွေကိုလည်း ဝင်ရောက်ခွင့်ရတဲ့အတွက် စုံထောက်ပုံစံမျိူး အလားသဏ္ဍာန်တူပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Steven က Mr. Knight အဖြစ် ပြောင်းလဲသွားပေမယ့်လည်း ကောမစ်ထဲမှာတော့ Marc တစ်ယောက်တည်းကပဲ Moon Knight အဖြစ်ရော၊ Mr. Knight အဖြစ်ပါ ပြောင်းလဲနိုင်တာ ဖြစ်ပါတယ်။

photo via screenrant

ဒါ့အပြင် ကောမစ်ထဲမှာတော့ Steven ဟာ Marc ရဲ့ စိတ်အခွဲတစ်ခု ဖြစ်ပြီး Moon Knight ရဲ့ မစ်ရှင်တွေအတွက် ကုန်ကျစရိတ်တွေကို ထောက်ပံ့ပေးတဲ့ မီလျံနာတစ်ယောက် ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ MCU ဟာ Steven ကို ပြတိုက်တစ်ခုက သာမန် အရောင်းဝန်ထမ်းတစ်ယောက်အဖြစ် ပြောင်းလဲဖန်တီးထားပါတယ်။

ဒါတင်မကသေးဘဲ Steven ကို ယခုလိုမျိူး Mr. Knight အဖြစ် ပြောင်းလဲနိုင်စွမ်း ပေးလိုက်ခြင်းအားဖြင့် Steven အနေနဲ့ ဒီဇာတ်လမ်းထဲမှာ ပိုပြီးတော့ အရေးပါလာစေပါတယ်။ ကောမစ်ထဲမှာတော့ Moon Knight ရော၊ Mr. Knight ရော နှစ်ယောက်လုံးဟာ Marc ဖြစ်ပေမယ့်လည်း MCU ထဲမှာတော့ Marc ဟာ Moon Knight ဖြစ်ပြီး Steven က Mr. Knight ဖြစ်နေပါတယ်။

photo via screenrant

ဒီဇာတ်လမ်းတွဲထဲမှာ မြင်တွေ့ခဲ့ရသလို ဆိုရင်တော့ Mr. Knight ဟာလည်း Moon Knight လိုမျိူး စွမ်းအားတွေ ပိုင်ဆိုင်ထားတယ်လို့ ယူဆနိုင်ပါတယ်။ Mr. Knight ဟာ Jackal နဲ့ တိုက်ခိုက်နေတဲ့ အချိန်မှာတော့ ကားတစ်စီးရဲ့ Bumper ကိုတောင် လက်နဲ့အသာလေး ဖြုတ်လိုက်နိုင်တာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ Mr. Knight ဟာလည်း Super Strength ပိုင်ဆိုင်ထားတယ်ဆိုတာ သိလိုက်ရပြီး တခြားဘာတွေ လုပ်နိုင်သေးလည်း ဆိုတာကိုတော့ နောက်ထပ်အပိုင်းသစ်တွေမှာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular