HomeEntertainmentFilmMs. Marvel ဇာတ်သိမ်းပိုင်းထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ

Ms. Marvel ဇာတ်သိမ်းပိုင်းထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ

*** Spoiler Alert *** 

Ms. Marvel ဇာတ်လမ်းတွဲကတော့ မကြာခင်ကပဲ ဇာတ်သိမ်းသွားပြီ ဖြစ်ပြီး ဒီအပိုင်းထဲမှာတော့ X-Men Easter Egg တွေနဲ့ The Marvels ရုပ်ရှင်အတွက် Setup ပြုလုပ်ထားတာတွေ ပါဝင်နေပါတယ်။ ဒါ့အပြင် ဒီအပိုင်းထဲမှာတော့ Ms. Marvel ဟာ ကောမစ်ထဲကလိုပဲ သူမရဲ့ခန္ဓာကိုယ်ကို ကြီးမားအောင် ပြုလုပ်နိုင်စွမ်းတွေကိုပါ ပြသသွားပါသေးတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ပရိသတ်တွေအတွက် Ms. Marvel ဇာတ်သိမ်းပိုင်းထဲက Easter Egg တွေနဲ့ စိတ်ဝင်စားစရာအချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) MCU ထဲကို တရားဝင် ဝင်ရောက်လာပြီဖြစ်တဲ့ Mutant များ

photo via screenrant

ယခုအချိန်မှာတော့ ပရိသတ်တွေ စောင့်မျှော်နေတဲ့ Mutant တွေဟာ MCU ထဲကို တရားဝင် ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ ဒီ Easter Egg ကတော့ Ms. Marvel ဇာတ်လမ်းတွဲတစ်ခုလုံးရဲ့ အကြီးမားဆုံး Easter Egg တစ်ခုလည်း ဖြစ်ပါတယ်။ ဒီအပိုင်းထဲက ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Bruno ဟာ Kamala ရဲ့ မိသားစုထဲက တခြားသူတွေမှာရော စွမ်းအားတွေ ရှိနေမလားဆိုပြီး Kamala ရဲ့ DNA ကို ပြန်စစ်ကြည့်တဲ့ အချိန်မှာတော့ သူမရဲ့ DNA ဟာ ထူးခြားနေတယ်လို့ ပြောပါတယ်။

ဒီအချက်ကိုတော့ Bruno ဟာ “သန္ဓေပြောင်းနေသလိုပဲ” လို့ ပြောသွားပါတယ်။ ဒါ့အပြင် ဒီဒိုင်ယာလော့ခ် အပြီးမှာပဲ X-Men: The Animated Series ရဲ့ Theme Song ကိုလည်း အသုံးပြုသွားပါတယ်။ ဒါကြောင့်ပဲ Marvel ဟာ X-Men တွေရဲ့ မူပိုင်ခွင့်ကို ပြန်ပိုင်သွားပြီ ဖြစ်တာကြောင့် မကြာခင်မှာပဲ X-Men တွေကို MCU ထဲမှာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

(2) X-Men တွေရဲ့ ရန်သူဖြစ်လာနိုင်တဲ့ Damage Control

photo via screenrant

Phase 4 ထဲမှာတော့ ဆိုကိုဗီးယားစာချုပ်အရ စူပါဟီးရိုးတွေကို ထိန်းချုပ်နေပါတယ်။ ဒါ့အပြင် စွမ်းအားသစ် ရရှိထားတွေ ပေါ်ထွက်လာတဲ့ အချိန်မှာလည်း အမေးအမြန်းမရှိ ဖမ်းဆီးဖို့ ကြိုးစားတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒီအပိုင်းထဲမှာတော့ အေးဂျင့် Sadie Deever ဟာ သူတို့ရဲ့ တိုက်ခိုက်မှုကြောင့် Circle Q ပေါက်ကွဲသွားတာကိုလည်း Kamran တို့ကို အပြစ်ပုံချခဲ့ပါတယ်။

ဒါ့အပြင် သူမဟာ မဟုတ်တဲ့ လူတွေဆီမှာ စွမ်းအားတွေ ရသွားရင် အခုလိုပဲ ဖြစ်တတ်တယ်လို့ ပြောသွားသလို အဲဒီလူတွေက ကလေးတွေလို့လည်း ပြောသွားပါတယ်။ ကောမစ်ထဲမှာတော့ Mutant တွေဟာ များသောအားဖြင့် လူပျိုဖော်၊ အပျိုဖော်ဝင်တဲ့ အချိန်မှာ စွမ်းအားတွေ ရရှိလာတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ MCU ထဲမှာ Mutant တွေ ပါဝင်လာတော့မယ် ဆိုရင်တော့ Damage Control နဲ့ Mutant တွေဟာ ပြဿနာတွေ ဖြစ်ကြမယ်ဆိုတာ သေချာသလောက်ပဲ ဖြစ်ပါတယ်။

(3) Red Dagger တွေရဲ့ မြေပုံ

photo via screenrant

ဒီအပိုင်းထဲမှာတော့ Kamala ဟာ Kamran ကို အမေရိကန်နိုင်ငံထဲက ထွက်နိုင်ဖို့အတွက် ပါကစ္စတန်မှာ ရှိနေတဲ့ Kareem ကို အကူအညီတောင်းခဲ့ပါတယ်။ အဲဒီဇာတ်ဝင်ခန်းထဲမှာတော့ Red Dagger တွေရဲ့ မြေပုံကို သေချာပြသသွားပြီး မြေပုံမှာ မှတ်ထားတဲ့ နေရာဟာ ပြောင်းလဲနေတာကို မြင်တွေ့ရပါတယ်။ Red Dagger တွေကတော့ ဒီမြေပုံကို အသုံးပြုပြီး ကမ္ဘာပေါ်က Noor ကို ခြေရာခံကြတာဖြစ်ပြီး ယခုပြောင်းလဲနေတဲ့ နေရာကတော့ အာရှတိုက်ထဲက တစ်နေရာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အာရှမှာ နောက်ထပ်ဇာတ်လမ်းတစ်ခု ဖြစ်ပေါ်နေပြီး Mutant တွေနဲ့လည်း ဆက်စပ်နေနိုင်ပါတယ်။

(4) X-Men ဇာတ်ကောင်တစ်ယောက်နဲ့ ဆင်တူနေတဲ့ Ms. Marvel ရဲ့စွမ်းအားသစ်

photo via screenrant

Kamran ဟာ သူ့အမေ သေဆုံးသွားတာကို သိသွားတဲ့ အချိန်မှာတော့ Damage Control နဲ့ တစ်ယောက်တည်း ရင်ဆိုင်ဖို့ ထွက်သွားပါတယ်။ အဲဒီအချိန်မှာတော့ Ms. Marvel ဟာ သူ့ကို ဝင်ရောက်ကာကွယ်ပေးခဲ့ပြီး သူမရဲ့တစ်ကိုယ်လုံးကို Noor Energy တွေ လွှမ်းခြုံလိုက်ကာ အရွယ်အစားလည်း ကြီးမားသွားပါတယ်။

အဲဒီပုံစံကတော့ X-Men ထဲက လူသိနည်းတဲ့ ဇာတ်ကောင်တစ်ယောက်နဲ့ ဆင်တူနေပါတယ်။ အဲဒီဇာတ်ကောင်ကတော့ Armor ပဲ ဖြစ်ပြီး သူမဟာလည်း စွမ်းအင်တစ်မျိူးနဲ့ သူမရဲ့ခန္ဓာကိုယ်ကို လွှမ်းခြုံပြီး သံချပ်ကာပုံစံလို အသုံးပြုပါတယ်။ ဒါပေမယ့်လည်း သူမဟာ Kamala ထက်တော့ ပိုပြီးအကြမ်းခံနိုင်ပါတယ်။

(5) The Incredible Hulk ထဲက အသံလှိုင်းလက်နက်ကို အသုံးပြုခဲ့တဲ့ Damage Control

photo via screenrant

Damage Control ကတော့ Superhuman တွေနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ အသံလှိုင်းတွေ ထုတ်လွှင့်နိုင်တဲ့ လက်နက်တွေကို အသုံးပြုပါတယ်။ ဒီအပိုင်းထဲမှာတော့ ကြမ်းတမ်းလွန်းတဲ့ အသံလှိုင်းတွေ ထုတ်လွှတ်နိုင်တဲ့ လက်နက်ကြီးတစ်ခုနဲ့ Kamala နဲ့ Kamran တို့ကို တိုက်ခိုက်ခဲ့ပါတယ်။

ဒီလက်နက်ကတော့ The Incredible Hulk ထဲမှာ General Ross က Hulk ကို တိုက်ခိုက်တဲ့အချိန်မှာ အသုံးပြုခဲ့တဲ့ လက်နက်နဲ့ အတော်လေး ဆင်တူနေပါတယ်။ ဒါကြောင့်ပဲ Damage Control ဟာ Hulk ကိုထိန်းဖို့ အသုံးပြုတဲ့ လက်နက်ကို ကလေးတွေနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာလည်း အသုံးပြုတယ် ဆိုတာကတော့ အတော်လေး ရက်စက်ရာကျပါတယ်။

(6) Multiversal Easter Egg

photo via screenrant

Kamala နဲ့ Damage Control တို့ တိုက်ပွဲအပြီးမှာတော့ New Jersey က ပြည်သူတွေဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ အဲဒီအကြောင်းတွေကို ပြောဆိုနေကြပါတယ်။ အဲဒီထဲက တစ်ယောက်ရဲ့ User Name ကတော့ MasterPaul616 လို့ မြင်တွေ့ခဲ့ရပါတယ်။

ကောမစ်ထဲက Marvel ရဲ့ အဓိက Timeline ကတော့ 616 ပဲ ဖြစ်ပြီး Doctor Strange in the Multiverse of Madness ထဲမှာလည်း ကျွန်တော်တို့ ကြည့်ရှုနေတဲ့ MCU ရဲ့ အဓိက Timeline ကတော့ 616 လို့ ပြောသွားပါတယ်။ သို့သော်လည်း Ms. Marvel သရုပ်ဆောင် Iman Vellani အပါအဝင် ပရိသတ်အများအပြားကတော့ MCU ရဲ့ အဓိက Timeline ဟာ 616 မဟုတ်ဘူးလို့ ယုံကြည်နေကြပါတယ်။

(7) Captain Marvel ပါဝင်လာတဲ့ Credit Scene

photo via screenrant

ဒီဇာတ်ဝင်ခန်းထဲမှာတော့ Kamala ရဲ့ လက်ပတ်ဟာ အရောင်တွေ တောက်လာပြီး Captain Marvel နဲ့ နေရာချင်းလဲသွားတယ်လို့ ယူဆရပါတယ်။ စိတ်ဝင်စားစရာကတော့ ဒီလိုဖြစ်ပျက်သွားတဲ့ အချိန်မှာ Kamala ရဲ့ လက်ပတ်ဟာ ခရမ်းရောင်အလင်းတွေ လင်းလက်သွားတာပဲ ဖြစ်ပါတယ်။

ကောမစ်ထဲမှာတော့ Kree တွေ ပြုလုပ်ထားတဲ့ Nega-Bands ဟာလည်း အလားတူပဲ ခရမ်းရောင်အလင်းတွေ ထွက်လာပါတယ်။ ဒါတင်မကသေးဘဲ ကောမစ်ထဲမှာတော့ Captain Marvel အယောင်ဆောင်ထားတဲ့ Kree နဲ့ Rick Jones တို့ဟာ Nega-Bands ကြောင့် အလားတူပဲ နေရာချင်းလဲသွားဖူးပါတယ်။ ပရိသတ်တွေကလည်း Kamala ရဲ့ လက်ပတ်ဟာ Nega-Bands ဖြစ်မယ်လို့ ယူဆနေကြပြီး ဟုတ်မဟုတ် ဆိုတာတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular