HomeEntertainmentFilmMs. Marvel ဇာတ်လမ်းတွဲထဲမှာ ပါဝင်လာနိုင်တဲ့ Cameo များ

Ms. Marvel ဇာတ်လမ်းတွဲထဲမှာ ပါဝင်လာနိုင်တဲ့ Cameo များ

Marvel Cinematic Universe ရဲ့ အသစ်ထွက်ရှိလာမယ့် နောက်ထပ်ပရောဂျက်ကတော့ Ms. Marvel ဇာတ်လမ်းတွဲပဲ ဖြစ်ပြီး ဇွန်လ (၈)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ Ms. Marvel ဟာ သူမရဲ့ Idol ဖြစ်တဲ့ Captain Marvel အပါအဝင် တခြားနာမည်ကြီး ဟီးရိုးတွေနဲ့ ဆက်စပ်နေပါတယ်။ MCU ရဲ့ ထုံးစံအရ ဒီဇာတ်လမ်းတွဲထဲမှာလည်း Cameo တွေ ပါဝင်လာဦးမှာ ဖြစ်တာကြောင့် ဘယ်ဇာတ်ကောင်တွေက Cameo ပါဝင်လာနိုင်တယ်ဆိုတာ ဖော်ပြပေးချင်ပါတယ်။

(1) Lockjaw

photo via screenrant

ကောမစ်ထဲမှာတော့ Ms. Marvel ဟာ Inhuman တစ်ယောက် ဖြစ်ပေမယ့် ဒီဇာတ်လမ်းတွဲထဲမှာတော့ သူမရဲ့စွမ်းအားတွေနဲ့ Origin ကို ပြောင်းလဲဖန်တီးသွားဖို့ အလားအလာများပါတယ်။ ဒါကြောင့်ပဲ MCU ဗားရှင်း Ms. Marvel ကတော့ Inhuman တစ်ယောက် မဟုတ်လောက်တော့ပေမယ့်လည်း Inhuman ဇာတ်ကောင်အချို့ကတော့ ဒီဇာတ်လမ်းတွဲထဲမှာ ပါဝင်လာနိုင်ပါတယ်။ ကောမစ်ထဲမှာတော့ Ms. Marvel နဲ့ အနီးစပ်ဆုံး Inhuman ဟာ Lockjaw ပဲ ဖြစ်ပြီး သူကတော့ Inhuman ဇာတ်လမ်းတွဲထဲမှာလည်း ပါဝင်ခဲ့ပါတယ်။ Lockjaw ကတော့ Inhuman bulldog တစ်ကောင်ဖြစ်ပြီး Inhuman တော်ဝင်မိသားစုရဲ့ စောင့်ရှောက်သူအဖြစ် တာဝန်ယူထားသူ ဖြစ်ပါတယ်။

(2) Black Bolt

photo via screenrant

Black Bolt ကတော့ Inhuman တွေရဲ့ ဘုရင်ပဲ ဖြစ်ပြီး Illuminati အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။ Doctor Strange in the Multiverse of Madness ထဲမှာတော့ Earth-838 က Black Bolt ဟာ သေဆုံးသွားတာကို ပြသခဲ့ပေမယ့်လည်း တခြား Universe က Black Bolt တွေကတော့ ရှိနေဦးမှာပါ။ ဒါ့အပြင် ဒီဇာတ်လမ်းတွဲဟာ MCU ထဲကို Inhuman တွေ ရောက်လာအောင် လမ်းဖောက်ပေးမယ့် ဇာတ်လမ်းတွဲတစ်ခုလို့လည်း ကောလာဟလတွေ ရှိတာကြောင့် MCU ရဲ့ အဓိက Universe မှာ Inhuman တွေကို မိတ်ဆက်တော့မယ် ဆိုရင်တော့ Black Bolt ဟာ သေချာပေါက်နီးပါး ပါဝင်လာနိုင်ပါတယ်။

(3) Shang-Chi

photo via screenrant

ဒီဇာတ်လမ်းတွဲရဲ့ ထွေလာထဲမှာတော့ Ms. Marvel ဟာ လက်ကောက်တစ်ခုကို ဝတ်ဆင်ခဲ့ပြီး အဲဒီလက်ကောက်ရဲ့အစွမ်းကို အသုံးပြုနေတာ မြင်တွေ့ခဲ့ရပါတယ်။ လောလောဆယ်မှာတော့ ပရိသတ်အချို့ဟာ Ms. Marvel ရဲ့ လက်ကောက်နဲ့ Shang-Chi ရဲ့ Ten Rings တို့ဟာ နေရာတစ်ခုတည်းက လာတာလို့ သီအိုရီထုတ်နေကြပါတယ်။ ဒီသီအိုရီသာ အမှန်ဖြစ်လာမယ် ဆိုရင်တော့ Shang-Chi ကိုလည်း Cameo အဖြစ် မြင်တွေ့ရနိုင်ပါတယ်။

(4) Darcy Lewis

photo via screenrant

လောလောဆယ်အထိတော့ Ms. Marvel ရဲ့လက်ကောက်ဟာ ဘယ်ကရောက်လာမှန်း မသိရသေးပေမယ့်လည်း ဒီလိုစွမ်းအားကြီး ပစ္စည်းတွေကို လိုက်လံစုံစမ်းနေတဲ့သူတွေ ရှိစမြဲပါပဲ။ အထူးသဖြင့် Ms. Marvel ဟာ စွမ်းအားတွေ ရရှိလာပြီး စူပါဟီးရိုး ဖြစ်လာဖို့ ကြိုးစားနေတဲ့ အချိန်မှာတော့ Sword ဒါမှမဟုတ် Shield အဖွဲ့တွေက သတိထားမိသွားခဲ့မယ် ဆိုရင်တော့ သူတို့ဟာ ဒီလက်ကောက်ရဲ့အကြောင်းကို ပိုမိုသိရှိနိုင်ဖို့ ကြိုးစားကြတော့မှာပါ။ ဒီလိုတွေသာ ဖြစ်လာမယ် ဆိုရင်တော့ Darcy Lewis ဟာ သေချာပေါက်နီးပါး ပါဝင်လာနိုင်ပါတယ်။ ဒါ့အပြင် သူမဟာ WandaVision ထဲမှာလည်း Hex အကြောင်းကို စုံစမ်းဖော်ထုတ်ဖို့ အဓိကနေရာက ပါဝင်ခဲ့ပါသေးတယ်။

(5) Kingpin

photo via screenrant

Ms. Marvel ဟာ နယူးယော့ခ်မြို့ထဲမှာ စူပါဟီးရိုးဖြစ်ဖို့ ကြိုးစားနေတာကြောင့် သူမဟာ နယူးယော့ခ်မြို့မှာရှိတဲ့ ဟီးရိုးတွေ၊ ဗီလိန်တွေနဲ့ ဆုံတွေ့နိုင်ပါတယ်။ ဒီနေရာမှာတော့ မကြာသေးခင်ကမှ MCU ထဲကို ဝင်ရောက်လာတဲ့ Kingpin လည်း ပါဝင်လာနိုင်ပါတယ်။ ကောမစ်ထဲမှာတော့ သူတို့နှစ်ယောက်ဟာ ပတ်သတ်မှုတွေ မရှိခဲ့ပေမယ့်လည်း အပြောင်းအလဲတွေများစွာ ပြုလုပ်တတ်တဲ့ MCU ကတော့ Kingpin ကိုလည်း ထည့်သွင်းသွားနိုင်ပါတယ်။ လောလောဆယ်အထိတော့ ဒီဇာတ်လမ်းတွဲရဲ့ အဓိကဗီလိန်က ဘယ်သူလည်းဆိုတာ မသိရသေးပါဘူး။

(6) Daredevil

photo via screenrant

အကယ်၍ Ms. Marvel သာ Kingpin နဲ့ တွေ့ဆုံခဲ့မယ် ဆိုရင်တော့ သူမဟာ Daredevil နဲ့လည်း တွေ့ဆုံနိုင်ပါသေးတယ်။ Daredevil ကလည်း နယူးယော့ခ်မြို့ရဲ့ ဟီးရိုးတစ်ယောက် ဖြစ်သလို MCU ရဲ့အနာဂတ် ပရောဂျက်အများစုမှာ ပါဝင်လာနိုင်ချေရှိသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

(7) Jessica Jones

photo via screenrant

Netflix က ဖန်တီးခဲ့တဲ့ Marvel ဇာတ်ကောင်တစ်ယောက် ဖြစ်တဲ့ Jessica Jones ဟာလည်း ဒီဇာတ်လမ်းတွဲကနေတဆင့် MCU ထဲကို ဝင်ရောက်လာနိုင်ပါတယ်။ သူမဟာ နယူးယော့ခ်မြို့ရဲ့ ဟီးရိုးတစ်ယောက်တင် မဟုတ်ဘဲ Captain Marvel နဲ့လည်း အလွန်ရင်းနှီးသူတစ်ယောက် ဖြစ်ပါတယ်။ Ms. Marvel ကတော့ Captain Marvel ကို လေးစားအားကျသူ ဖြစ်တာကြောင့် အကြောင်းအမျိူးမျိူးနဲ့ သူတို့နှစ်ယောက်လည်း ဆုံတွေ့နိုင်ပါသေးတယ်။

(8) Kate Bishop

photo via screenrant

MCU ဟာ Phase 4 ထဲမှာတော့ လူငယ်ဇာတ်ကောင်အသစ်တွေကို မိတ်ဆက်ပေးနေတာကြောင့် Ms. Marvel နဲ့ Kate Bishop တို့လည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ MCU ဟာ Young Avengers ဒါမှမဟုတ် လူငယ်စူပါဟီးရိုးအဖွဲ့တစ်ခုကို ဖန်တီးဖို့ ပြင်ဆင်နေတယ်လို့ ယူဆရပါတယ်။ ကောမစ်ထဲမှာတော့ Kate Bishop ဟာ Young Avengers အဖွဲ့ဝင် ဖြစ်ပြီး Ms. Marvel ကတော့ Champions အဖွဲ့ဝင်တွေ ဖြစ်ကြပေမယ့်လည်း MCU ကတော့ သူတို့နှစ်ယောက်လုံးကို အဖွဲ့တစ်ခုထဲမှာ ထည့်သွင်းဖို့အတွက် ဒီဇာတ်လမ်းတွဲထဲမှာ Cameo အနေနဲ့ ပါဝင်လာနိုင်ပါတယ်။

(9) Monica Rambeau

photo via screenrant

Ms. Marvel ကတော့ The Marvels ရုပ်ရှင်ထဲမှာ ပါဝင်လာမှာ ဖြစ်ပြီး အဲဒီရုပ်ရှင်ထဲမှာတော့ Ms. Marvel ၊ Monica Rambeau နဲ့ Captain Marvel တို့ ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ The Marvels ရုပ်ရှင်ထဲမှာ Ms. Marvel ပါဝင်လာဖို့အတွက် ဒီဇာတ်လမ်းတွဲထဲမှာ Monica Rambeau ကို Cameo အဖြစ် မြင်တွေ့ရပြီး Setup ပြုလုပ်သွားနိုင်ပါတယ်။

(10) Captain Marvel

photo via screenrant

ဒီဇာတ်လမ်းတွဲထဲမှာ ပါဝင်လာနိုင်ချေ အရှိဆုံးကတော့ Captain Marvel ပဲ ဖြစ်ပါတယ်။ Ms. Marvel ဟာ Captain Marvel ကို လေးစားအားကျနေသူ ဖြစ်တာကြောင့် ဒီဇာတ်လမ်းတွဲထဲမှာတော့ သူမဟာ ဘာကြောင့် Captain Marvel ကို ဒီလောက် လေးစားအားကျနေတာလည်းဆိုတာ သေချာပေါက် ပြသသွားပါလိမ့်မယ်။ အဲဒါကို ပြသတဲ့ ဇာတ်ဝင်ခန်းမှာတော့ Captain Marvel ကိုယ်တိုင် ပါဝင်လာဖို့ များပါတယ်။ ဒါ့အပြင် အပေါ်မှာ ဖော်ပြခဲ့သလို The Marvels ရုပ်ရှင်ကိုလည်း Setup ပြုလုပ်ရမှာ ဖြစ်တာကြောင့် Captain Marvel ဟာ ဒီဇာတ်လမ်းတွဲထဲမှာ ပါဝင်လာဖို့ (၁၀၀)ရာခိုင်နှုန်းနီးပါး သေချာနေပါတယ်။

ဒါကတော့ မကြာခင် ထွက်ရှိလာတော့မယ့် Ms. Marvel ဇာတ်လမ်းတွဲထဲမှာ ပါဝင်လာနိုင်တဲ့ ဧည့်သည်သရုပ်ဆောင် cameo တွေအကြောင်း ခန့်မှန်းဖော်ပြထားတာ ဖြစ်ပါတယ်။ စာဖတ်သူတို့ ထင်မိတဲ့ အခြားဇာတ်ကောင်တွေရှိရင်လည်း ကောမန့်မှာ ပြန်လည် ဆွေးနွေးပေးခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular