HomeCelebs Update NewsInternationalကိုရိုးနားကြောင့်အထိနာနေသူတွေအတွက် ဒေါ်လာသန်းတစ်ရာ ထောက်ပံ့သွားမယ့် Netflix

ကိုရိုးနားကြောင့်အထိနာနေသူတွေအတွက် ဒေါ်လာသန်းတစ်ရာ ထောက်ပံ့သွားမယ့် Netflix

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ကိုရိုးနားဗိုင်းရပ်စ်ကြောင့် ရုပ်ရှင်နဲ့ထုတ်လုပ်ရေးနယ်ပယ်က အလုပ်ရပ်နားထားရတဲ့ လုပ်သားပေါင်းများစွာအတွက် Netflix က ဒေါ်လာသန်းတစ်ရာ မ,တည်ပြီး ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။

“ဒီရုပ်ရှင်အသိုင်းအဝိုင်းတစ်ခုလုံးဟာ ကောင်းမွန်သာယာတဲ့အချိန်တွေတုန်းက Netflix ကို အများကြီး အကူအညီတွေ ပေးခဲ့ကြပါတယ်။ ဒါကြောင့် အခုလို ခက်ခဲနေချိန်မှာ Netflix က သူတို့ကို တစ်ဖန်ပြန်လည် ကူညီပေးချင်ပါတယ်။ အထူးသဖြင့် အစိုးရအနေနဲ့လည်း စီးပွားရေးအရ ဘယ်လိုအကူအညီတွေ ပေးရမလည်းဆိုတာ အဖြေရှာနေဆဲအချိန်မှာ ကျွန်တော်တို့က ရုပ်ရှင်လုပ်သားတွေအတွက် တစ်တက်တစ်အား ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်… ” Netflix ရဲ့ စီအီးအိုဖြစ်သူ Ted Sarandos က ကြေငြာချက်မှာ ပြောကြားလိုက်တာပါ။

Photo by Chris Murray on Unsplash

အဆိုပါ မတည်ရန်ပုံငွေရဲ့အများစုကိုတော့ ကမ္ဘာအနှံ့အပြားက အထိနာနေတဲ့ Netflix ရဲ့ကိုယ်ပိုင် ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့သားတွေကို ထောက်ပံ့သွားမှာဖြစ်တယ်လို့ စီအီးအို Ted က ဆိုပါတယ်။ ရိုက်ကူးရေး ရပ်နားထားစဉ်ကာလမှာ သရုပ်ဆောင်တွေနဲ့ ထုတ်လုပ်ရေးအဖွဲ့သားအားလုံးကို လုပ်အားခပေးဖို့ သဘောတူထားပြီး နှစ်ပတ်စာနဲ့ညီမျှတဲ့ လုပ်အားခတွေကို ပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

“ရုပ်ရှင်လောကထဲမှာ လုပ်ကိုင်နေတဲ့ လုပ်သားတွေထဲမှာ သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေတင် ပါဝင်တာ မဟုတ်ဘဲ လျှပ်စစ်ကျွမ်းကျင်လုပ်သားတွေ၊ လက်သမားတွေ၊ ကားဒရိုင်ဘာတွေလို အောက်ခြေလုပ်သားတွေလည်း ပါဝင်ကြပါတယ်။ အလားတူ လုပ်သားတွေဟာ ပရော့ဂျက်တစ်ခုချင်းစီအတွက်သာ အလုပ်လုပ်ကြရတာဖြစ်ပြီး အများစုကတော့ နေ့တွက်ခကို နာရီနဲ့ ရကြတာ ဖြစ်ပါတယ်။ အခုဆိုရင် ဒီလိုလုပ်သားပေါင်း ထောင်ဂဏန်းလောက်ဟာ အလုပ်မရှိဘဲ ဖြစ်နေကြရပါပြီ” လို့ စီအီးအို Ted က ဆိုပါတယ်။

The Hollywood Reporter သတင်းဌာနရဲ့ ထုတ်ပြန်ချက်အရ လက်ရှိအချိန်မှာ ကိုရိုးနားဗိုင်းရပ်စ်ကြောင့် ရုပ်ရှင်နယ်ပယ်မှာ အလုပ်လက်မဲ့ဖြစ်သွားရသူပေါင်း တစ်သိန်းနှစ်သောင်းကျော် ရှိနေပြီလို့ သိရပါတယ်။

Photo: flickr/ freestocks.org

ဆက်လက်ပြီး Ted က “အခုဖြစ်နေတာဟာ မမျှော်လင့်ထားတဲ့အရာတစ်ခုပါ။ ကျွန်တော်တို့နဲ့အတူတူ တွဲဖက်လုပ်ကိုင်နေတဲ့သူတွေ ခွန်အားရှိနေမှ ကျွန်တော်တို့လည်း ခွန်အားရှိမှာ ဖြစ်ပါတယ်။ အခုလို စိန်ခေါ်မှုပြင်းထန်နေတဲ့ကာလမှာ ကျွန်တော်တို့ လောကထဲက ကိုရိုးနားကြောင့် အထိနာနေသူတွေကို Netflix က ကံကောင်းစွာနဲ့ ပြန်လည်ကူညီခွင့် ရလိုက်တာပါ…” လို့ ဆိုပါတယ်။

လူလူချင်းကနေတစ်ဆင့် လျင်မြန်စွာ ကူးစက်ပျံ့ပွားနေတဲ့ ကိုရိုးနားဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးက ရုပ်ရှင်ရုံတွေ၊ ပြဇာတ်ရုံတွေ၊ ဖျော်ဖြေရေးတွေအားလုံး ပိတ်ထားရပြီး ရုပ်ရှင်ရိုက်ကူးမှုတွေအားလုံးနီးပါးဟာလည်း ဆိုင်းငံ့ရပ်နားထားရပါတယ်။ အခြားသော နယ်ပယ်များနည်းတူ ဖျော်ဖြေရေးလောကဟာလည်း ကိုရိုးနားကြောင့် ကြီးကြီးမားမား ထိခိုက်နစ်နာမှုတေွ ရှိနေတာ ဖြစ်ပါတယ်။ သို့ပေမယ့် လူအများစုဟာ မိမိတို့နေအိမ်မှာပဲ ရက်ပေါင်းများစွာ နေထိုင်နေရတာကြောင့် Netflix ၊ Hulu ၊ Amazon တို့လို streaming service တွေကတော့ ဒီကာလမှာ ပိုပြီးအလုပ်ဖြစ်နေကြတာကိုလည်း တွေ့ရပါတယ်။

LaNina

(Zawgyi Version)

ကို႐ိုးနားဗိုင္းရပ္စ္ေၾကာင့္ ႐ုပ္ရွင္နဲ႔ထုတ္လုပ္ေရးနယ္ပယ္က အလုပ္ရပ္နားထားရတဲ့ လုပ္သားေပါင္းမ်ားစြာအတြက္ Netflix က ေဒၚလာသန္းတစ္ရာ မ,တည္ၿပီး ေထာက္ပံ့ေပးသြားမယ္လို႔ သိရပါတယ္။

“ဒီ႐ုပ္ရွင္အသိုင္းအဝိုင္းတစ္ခုလုံးဟာ ေကာင္းမြန္သာယာတဲ့အခ်ိန္ေတြတုန္းက Netflix ကို အမ်ားႀကီး အကူအညီေတြ ေပးခဲ့ၾကပါတယ္။ ဒါေၾကာင့္ အခုလို ခက္ခဲေနခ်ိန္မွာ Netflix က သူတို႔ကို တစ္ဖန္ျပန္လည္ ကူညီေပးခ်င္ပါတယ္။ အထူးသျဖင့္ အစိုးရအေနနဲ႔လည္း စီးပြားေရးအရ ဘယ္လိုအကူအညီေတြ ေပးရမလည္းဆိုတာ အေျဖရွာေနဆဲအခ်ိန္မွာ ကြၽန္ေတာ္တို႔က ႐ုပ္ရွင္လုပ္သားေတြအတြက္ တစ္တက္တစ္အား ေထာက္ပံ့ေပးသြားမွာ ျဖစ္ပါတယ္… ” Netflix ရဲ႕ စီအီးအိုျဖစ္သူ Ted Sarandos က ေၾကျငာခ်က္မွာ ေျပာၾကားလိုက္တာပါ။

Photo by Chris Murray on Unsplash

အဆိုပါ မတည္ရန္ပုံေငြရဲ႕အမ်ားစုကိုေတာ့ ကမာၻအႏွံ႔အျပားက အထိနာေနတဲ့ Netflix ရဲ႕ကိုယ္ပိုင္ ႐ုပ္ရွင္႐ိုက္ကူးေရးအဖြဲ႕သားေတြကို ေထာက္ပံ့သြားမွာျဖစ္တယ္လို႔ စီအီးအို Ted က ဆိုပါတယ္။ ႐ိုက္ကူးေရး ရပ္နားထားစဥ္ကာလမွာ သ႐ုပ္ေဆာင္ေတြနဲ႔ ထုတ္လုပ္ေရးအဖြဲ႕သားအားလုံးကို လုပ္အားခေပးဖို႔ သေဘာတူထားၿပီး ႏွစ္ပတ္စာနဲ႔ညီမွ်တဲ့ လုပ္အားခေတြကို ေပးသြားမွာျဖစ္တယ္လို႔ ေျပာပါတယ္။

“႐ုပ္ရွင္ေလာကထဲမွာ လုပ္ကိုင္ေနတဲ့ လုပ္သားေတြထဲမွာ သ႐ုပ္ေဆာင္ေတြ၊ ဒါ႐ိုက္တာေတြတင္ ပါဝင္တာ မဟုတ္ဘဲ လွ်ပ္စစ္ကြၽမ္းက်င္လုပ္သားေတြ၊ လက္သမားေတြ၊ ကားဒ႐ိုင္ဘာေတြလို ေအာက္ေျခလုပ္သားေတြလည္း ပါဝင္ၾကပါတယ္။ အလားတူ လုပ္သားေတြဟာ ပေရာ့ဂ်က္တစ္ခုခ်င္းစီအတြက္သာ အလုပ္လုပ္ၾကရတာျဖစ္ၿပီး အမ်ားစုကေတာ့ ေန႔တြက္ခကို နာရီနဲ႔ ရၾကတာ ျဖစ္ပါတယ္။ အခုဆိုရင္ ဒီလိုလုပ္သားေပါင္း ေထာင္ဂဏန္းေလာက္ဟာ အလုပ္မရွိဘဲ ျဖစ္ေနၾကရပါၿပီ” လို႔ စီအီးအို Ted က ဆိုပါတယ္။

The Hollywood Reporter သတင္းဌာနရဲ႕ ထုတ္ျပန္ခ်က္အရ လက္ရွိအခ်ိန္မွာ ကို႐ိုးနားဗိုင္းရပ္စ္ေၾကာင့္ ႐ုပ္ရွင္နယ္ပယ္မွာ အလုပ္လက္မဲ့ျဖစ္သြားရသူေပါင္း တစ္သိန္းႏွစ္ေသာင္းေက်ာ္ ရွိေနၿပီလို႔ သိရပါတယ္။

Photo: flickr/ freestocks.org

ဆက္လက္ၿပီး Ted က “အခုျဖစ္ေနတာဟာ မေမွ်ာ္လင့္ထားတဲ့အရာတစ္ခုပါ။ ကြၽန္ေတာ္တို႔နဲ႔အတူတူ တြဲဖက္လုပ္ကိုင္ေနတဲ့သူေတြ ခြန္အားရွိေနမွ ကြၽန္ေတာ္တို႔လည္း ခြန္အားရွိမွာ ျဖစ္ပါတယ္။ အခုလို စိန္ေခၚမႈျပင္းထန္ေနတဲ့ကာလမွာ ကြၽန္ေတာ္တို႔ ေလာကထဲက ကို႐ိုးနားေၾကာင့္ အထိနာေနသူေတြကို Netflix က ကံေကာင္းစြာနဲ႔ ျပန္လည္ကူညီခြင့္ ရလိုက္တာပါ…” လို႔ ဆိုပါတယ္။

လူလူခ်င္းကေနတစ္ဆင့္ လ်င္ျမန္စြာ ကူးစက္ပ်ံ႕ပြားေနတဲ့ ကို႐ိုးနားဗိုင္းရပ္စ္ေၾကာင့္ ကမာၻ႔ႏိုင္ငံအသီးသီးက ႐ုပ္ရွင္႐ုံေတြ၊ ျပဇာတ္႐ုံေတြ၊ ေဖ်ာ္ေျဖေရးေတြအားလုံး ပိတ္ထားရၿပီး ႐ုပ္ရွင္႐ိုက္ကူးမႈေတြအားလုံးနီးပါးဟာလည္း ဆိုင္းငံ့ရပ္နားထားရပါတယ္။ အျခားေသာ နယ္ပယ္မ်ားနည္းတူ ေဖ်ာ္ေျဖေရးေလာကဟာလည္း ကို႐ိုးနားေၾကာင့္ ႀကီးႀကီးမားမား ထိခိုက္နစ္နာမႈေတြ ရွိေနတာ ျဖစ္ပါတယ္။ သို႔ေပမယ့္ လူအမ်ားစုဟာ မိမိတို႔ေနအိမ္မွာပဲ ရက္ေပါင္းမ်ားစြာ ေနထိုင္ေနရတာေၾကာင့္ Netflix ၊ Hulu ၊ Amazon တို႔လို streaming service ေတြကေတာ့ ဒီကာလမွာ ပိုၿပီးအလုပ္ျဖစ္ေနၾကတာကိုလည္း ေတြ႕ရပါတယ္။

LaNina

 

RELATED ARTICLES

Most Popular