HomeCharacterStan Lee ပြုလုပ်ခဲ့တဲ့ အလောင်းအစားတစ်ခုကြောင့် ဖြစ်ပေါ်လာတဲ့ Nick Fury ဇာတ်ကောင်

Stan Lee ပြုလုပ်ခဲ့တဲ့ အလောင်းအစားတစ်ခုကြောင့် ဖြစ်ပေါ်လာတဲ့ Nick Fury ဇာတ်ကောင်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Marvel ဟာ နှစ်ပေါင်းများစွာ ဇာတ်ကောင်ပေါင်းများစွာနဲ့ ဇာတ်လမ်းပေါင်းများစွာကို ထုတ်ဝေခဲ့ပါတယ်။ Marvel ရဲ့ ဇာတ်ကောင်တွေ အများကြီးထဲမှာမှ Nick Fury လို့ ပြောလိုက်ရင်တော့ မသိတဲ့သူ မရှိသလောက်ကို အောင်မြင်တဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်ပါတယ်။ သူဟာ ကောမစ်ဖတ်သူတွေရော၊ မဖတ်သူတွေပါ သိကြတဲ့ ဇာတ်ကောင်ဖြစ်ပြီး S.H.I.E.L.D. အဖွဲ့အစည်းရဲ့ ဒါရိုက်တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ခုကတော့ ၁၉၆၀ခုနှစ်ကျော်လောက်မှာ Stan Lee နဲ့ Marvel ရဲ့ ထုတ်ဝေသူဖြစ်တဲ့ Martin Goodman တို့ နှစ်ယောက်ကြားက အလောင်းအစားတစ်ခုကြောင့် Nick Fury ဆိုတဲ့ဇာတ်ကောင် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

photo via screenrant

အဲ့ဒီအချိန်တုန်းက The Incredible Hulk ကောမစ်ဟာ ပရိသတ်တွေအတွက် ဟီးရိုးလား၊ ဗီလိန်လား ဆိုတာကို ခွဲခြားဖို့ ခက်ခဲနေတာကြောင့် အဲ့ဒီကောမစ်ကို ထုတ်ဝေတာ ရပ်နားခဲ့ရပါတယ်။ အဲ့ဒါကြောင့်ပဲ အဲ့ဒီနေရာမှာ အစားထိုးဖို့အတွက် Goodman ဟာ Stan Lee ကို ဇာတ်ကောင်အသစ် ဖန်တီးစေခဲ့ပါတယ်။ ဒါ့အပြင် Goodman ဟာ ကောမစ်ရဲ့နာမည်ကို Amazing ၊ Fantastic ၊ Mighty နဲ့ Incredible တို့လို စကားလုံးတွေကို ထည့်သွင်းစေခဲ့ပါတယ်။ အကြောင်းကတော့ Marvel ကောမစ်တွေ အောင်မြင်ရတဲ့ အကြောင်းအရင်းဟာ အဲ့ဒီစကားလုံးတွေကြောင့်လို့ Goodman က ယူဆခဲ့လို့ပဲ ဖြစ်ပါတယ်။

သို့ပေမယ့် Stan Lee ဟာ ဒီအယူအဆကို သဘောမတူခဲ့ဘဲ Marvel ကောမစ်တွေ အောင်မြင်နေရတာဟာ သူနဲ့ Jack Kirby တို့ရဲ့ ဖန်တီးမှုတွေကြောင့်လို့ ပြောခဲ့ပါတယ်။ ဒါနဲ့ပဲ Stan Lee ဟာ သူ့ရဲ့အယူအဆကို သက်သေပြဖို့အတွက် Goodman နဲ့ အလောင်းအစားတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီအလောင်းအစားကတော့ Stan Lee ဟာ ဇာတ်ကောင်အသစ်တစ်ယောက် ဖန်တီးပြီး ကောမစ်ရဲ့ နာမည်ကို သူ စဉ်းစားနိုင်တဲ့နာမည်တွေထဲက အဆိုးဆုံးနာမည်ကို ပေးမယ်လို့ ဆိုပါတယ်။ နာမည်က ဆိုးပေမယ့်လည်း အဲ့ဒီကောမစ်ဟာ သေချာပေါက် အောင်မြင်ပြီး ရောင်းရလိမ့်မယ်လို့ ဆိုကာ အလောင်းအစား ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

photo via screenrant

အဲ့ဒီနောက် ၁၉၆၃ခုနှစ်မှာ Sgt. Fury and his Howling Commandos ဆိုတဲ့‌ ကောမစ်အသစ် ထွက်လာခဲ့ပါတယ်။ အဲ့ဒီကောမစ်ဟာ ဒုတိယကမ္ဘာစစ်အတွင်းက တပ်ကြပ်ကြီးတစ်ယောက်နဲ့ သူ့ရဲ့အဖွဲ့အကြောင်းကို ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီကောမစ်ဟာ Stan Lee ပြောသလိုပဲ အောင်မြင်ပြီး ရောင်းရခဲ့တာကြောင့် Stan Lee တစ်ယောက် အလောင်းအစားမှာ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီလိုမျိူး အနိုင်ရသွားတာကြောင့်လည်း Nick Fury ဟာ အခုချိန်ထိ ဆက်လက် တည်ရှိနေတာပဲ ဖြစ်ပါတယ်။ ဒီအကြောင်းအရာတွေကိုတော့ ၂၀၀၄ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ Stan Lee ကိုယ်တိုင်က ပြောပြခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီကောမစ်ဟာ စာဖတ်သူတွေကြားမှာ အလွန်ရောင်းရခဲ့ပြီး issue ပေါင်း(၁၆၀)ကျော်လောက်အထိ ထုတ်ဝေခဲ့ရပါတယ်။ ၁၉၈၁ခုနှစ် ရောက်တော့မှ အဆိုပါကောမစ်ဟာ အဆုံးသတ်သွားတာ ဖြစ်ပါတယ်။ အဲ့ဒီအချက်တွေကြောင့်ပဲ Stan Lee ဟာ အပြတ်အသတ်ကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အချိန်တွေ အများကြီး ကြာမြင့်သွားပြီ ဖြစ်တာကြောင့် Nick Fury ဇာတ်ကောင်ဟာ တဖြည်းဖြည်းနဲ့ ပြောင်းလဲလာခဲ့ပါတယ်။ အကြီးမားဆုံး ပြောင်းလဲမှုကတော့ စတင်ဖန်တီးခဲ့တဲ့အချိန်တုန်းက Nick Fury ဟာ ဆံပင်နဲ့ လူဖြူတစ်ယောက် ဖြစ်ပြီးတော့ အခုချိန်မှာတော့ လူမည်းကတုံးအဖြစ်‌ ပြောင်းလဲသွားခဲ့ပါတယ်။ ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ Nick Fury ဇာတ်ကောင်ရဲ့ နောက်ကွယ်က သမိုင်းကြောင်းကို သိလိုက်ရရင်တော့ Marvel ရဲ့ ဖန်တီးရှင်ကြီး Stan Lee ကို လေးစားပြီးရင်း လေးစားနေမိဦးမှာပါလို့ ဆိုလိုက်ရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Marvel ဟာ ႏွစ္ေပါင္းမ်ားစြာ ဇာတ္ေကာင္ေပါင္းမ်ားစြာနဲ႔ ဇာတ္လမ္းေပါင္းမ်ားစြာကို ထုတ္ေဝခဲ့ပါတယ္။ Marvel ရဲ႕ ဇာတ္ေကာင္ေတြ အမ်ားႀကီးထဲမွာမွ Nick Fury လို႔ ေျပာလိုက္ရင္ေတာ့ မသိတဲ့သူ မရွိသေလာက္ကို ေအာင္ျမင္တဲ့ ဇာတ္ေကာင္တစ္ေယာက္ ျဖစ္ပါတယ္။ သူဟာ ေကာမစ္ဖတ္သူေတြေရာ၊ မဖတ္သူေတြပါ သိၾကတဲ့ ဇာတ္ေကာင္ျဖစ္ၿပီး S.H.I.E.L.D. အဖြဲ႕အစည္းရဲ႕ ဒါ႐ိုက္တာလည္း ျဖစ္ပါတယ္။ ဒါေပမယ့္လည္း စိတ္ဝင္စားစရာေကာင္းတဲ့ အခ်က္တစ္ခုကေတာ့ ၁၉၆၀ခုႏွစ္ေက်ာ္ေလာက္မွာ Stan Lee နဲ႔ Marvel ရဲ႕ ထုတ္ေဝသူျဖစ္တဲ့ Martin Goodman တို႔ ႏွစ္ေယာက္ၾကားက အေလာင္းအစားတစ္ခုေၾကာင့္ Nick Fury ဆိုတဲ့ဇာတ္ေကာင္ ေပၚေပါက္လာတာ ျဖစ္ပါတယ္။

photo via screenrant

အဲ့ဒီအခ်ိန္တုန္းက The Incredible Hulk ေကာမစ္ဟာ ပရိသတ္ေတြအတြက္ ဟီး႐ိုးလား၊ ဗီလိန္လား ဆိုတာကို ခြဲျခားဖို႔ ခက္ခဲေနတာေၾကာင့္ အဲ့ဒီေကာမစ္ကို ထုတ္ေဝတာ ရပ္နားခဲ့ရပါတယ္။ အဲ့ဒါေၾကာင့္ပဲ အဲ့ဒီေနရာမွာ အစားထိုးဖို႔အတြက္ Goodman ဟာ Stan Lee ကို ဇာတ္ေကာင္အသစ္ ဖန္တီးေစခဲ့ပါတယ္။ ဒါ့အျပင္ Goodman ဟာ ေကာမစ္ရဲ႕နာမည္ကို Amazing ၊ Fantastic ၊ Mighty နဲ႔ Incredible တို႔လို စကားလုံးေတြကို ထည့္သြင္းေစခဲ့ပါတယ္။ အေၾကာင္းကေတာ့ Marvel ေကာမစ္ေတြ ေအာင္ျမင္ရတဲ့ အေၾကာင္းအရင္းဟာ အဲ့ဒီစကားလုံးေတြေၾကာင့္လို႔ Goodman က ယူဆခဲ့လို႔ပဲ ျဖစ္ပါတယ္။

သို႔ေပမယ့္ Stan Lee ဟာ ဒီအယူအဆကို သေဘာမတူခဲ့ဘဲ Marvel ေကာမစ္ေတြ ေအာင္ျမင္ေနရတာဟာ သူနဲ႔ Jack Kirby တို႔ရဲ႕ ဖန္တီးမႈေတြေၾကာင့္လို႔ ေျပာခဲ့ပါတယ္။ ဒါနဲ႔ပဲ Stan Lee ဟာ သူ႔ရဲ႕အယူအဆကို သက္ေသျပဖို႔အတြက္ Goodman နဲ႔ အေလာင္းအစားတစ္ခု ျပဳလုပ္ခဲ့ပါတယ္။ အဲ့ဒီအေလာင္းအစားကေတာ့ Stan Lee ဟာ ဇာတ္ေကာင္အသစ္တစ္ေယာက္ ဖန္တီးၿပီး ေကာမစ္ရဲ႕ နာမည္ကို သူ စဥ္းစားႏိုင္တဲ့နာမည္ေတြထဲက အဆိုးဆုံးနာမည္ကို ေပးမယ္လို႔ ဆိုပါတယ္။ နာမည္က ဆိုးေပမယ့္လည္း အဲ့ဒီေကာမစ္ဟာ ေသခ်ာေပါက္ ေအာင္ျမင္ၿပီး ေရာင္းရလိမ့္မယ္လို႔ ဆိုကာ အေလာင္းအစား ျပဳလုပ္ခဲ့ၾကတာ ျဖစ္ပါတယ္။

photo via screenrant

အဲ့ဒီေနာက္ ၁၉၆၃ခုႏွစ္မွာ Sgt. Fury and his Howling Commandos ဆိုတဲ့‌ ေကာမစ္အသစ္ ထြက္လာခဲ့ပါတယ္။ အဲ့ဒီေကာမစ္ဟာ ဒုတိယကမာၻစစ္အတြင္းက တပ္ၾကပ္ႀကီးတစ္ေယာက္နဲ႔ သူ႔ရဲ႕အဖြဲ႕အေၾကာင္းကို ဖန္တီးထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ အဲ့ဒီေကာမစ္ဟာ Stan Lee ေျပာသလိုပဲ ေအာင္ျမင္ၿပီး ေရာင္းရခဲ့တာေၾကာင့္ Stan Lee တစ္ေယာက္ အေလာင္းအစားမွာ အႏိုင္ရရွိသြားခဲ့ပါတယ္။ ဒီလိုမ်ိဴး အႏိုင္ရသြားတာေၾကာင့္လည္း Nick Fury ဟာ အခုခ်ိန္ထိ ဆက္လက္ တည္ရွိေနတာပဲ ျဖစ္ပါတယ္။ ဒီအေၾကာင္းအရာေတြကိုေတာ့ ၂၀၀၄ခုႏွစ္တုန္းက ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးတစ္ခုမွာ Stan Lee ကိုယ္တိုင္က ေျပာျပခဲ့တာ ျဖစ္ပါတယ္။

အဲ့ဒီေကာမစ္ဟာ စာဖတ္သူေတြၾကားမွာ အလြန္ေရာင္းရခဲ့ၿပီး issue ေပါင္း(၁၆၀)ေက်ာ္ေလာက္အထိ ထုတ္ေဝခဲ့ရပါတယ္။ ၁၉၈၁ခုႏွစ္ ေရာက္ေတာ့မွ အဆိုပါေကာမစ္ဟာ အဆုံးသတ္သြားတာ ျဖစ္ပါတယ္။ အဲ့ဒီအခ်က္ေတြေၾကာင့္ပဲ Stan Lee ဟာ အျပတ္အသတ္ကို အႏိုင္ရရွိခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အခ်ိန္ေတြ အမ်ားႀကီး ၾကာျမင့္သြားၿပီ ျဖစ္တာေၾကာင့္ Nick Fury ဇာတ္ေကာင္ဟာ တျဖည္းျဖည္းနဲ႔ ေျပာင္းလဲလာခဲ့ပါတယ္။ အႀကီးမားဆုံး ေျပာင္းလဲမႈကေတာ့ စတင္ဖန္တီးခဲ့တဲ့အခ်ိန္တုန္းက Nick Fury ဟာ ဆံပင္နဲ႔ လူျဖဴတစ္ေယာက္ ျဖစ္ၿပီးေတာ့ အခုခ်ိန္မွာေတာ့ လူမည္းကတုံးအျဖစ္‌ ေျပာင္းလဲသြားခဲ့ပါတယ္။ ပရိသတ္ေတြၾကားမွာ ေရပန္းစားတဲ့ Nick Fury ဇာတ္ေကာင္ရဲ႕ ေနာက္ကြယ္က သမိုင္းေၾကာင္းကို သိလိုက္ရရင္ေတာ့ Marvel ရဲ႕ ဖန္တီးရွင္ႀကီး Stan Lee ကို ေလးစားၿပီးရင္း ေလးစားေနမိဦးမွာပါလို႔ ဆိုလိုက္ရပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular