HomeCelebs Update NewsInternationalဂီတေလာကကေန အနားယူၿပီး မိသားစုဘ၀ တည္ေဆာက္ေတာ့မယ္လို႔ ေျပာလိုက္တဲ့ Nicki Minaj

ဂီတေလာကကေန အနားယူၿပီး မိသားစုဘ၀ တည္ေဆာက္ေတာ့မယ္လို႔ ေျပာလိုက္တဲ့ Nicki Minaj

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Rap Queen Nicki Minaj တစ္ေယာက္ကေတာ့ တကယ္ပဲ ဂီတေလာကကို ေက်ာခိုင္းေတာ့မွာလားလို႔ ေမးစရာျဖစ္လာပါၿပီ။ အေၾကာင္းကေတာ့ သူမဟာ ဂီတေလာက,ကေန အနားယူၿပီး မိသားစုတစ္ခု တည္ေဆာက္ေတာ့မယ္လို႔ စက္တင္ဘာလ(၅)ရက္ေန႔က သူမရဲ႕ Twitter အေကာင့္မွာ တင္လိုက္လို႔ပါပဲ။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြကလည္း အ့ံၾသတုန္လႈပ္ေနၾကပါတယ္။ ဒီသတင္းဟာ သူမရဲ႕ခ်စ္သူ Kenneth Petty နဲ႔ လက္ထပ္ဖို႔အတြက္ လက္ထပ္လိုင္စင္သက္တမ္းကို ထပ္တိုးၿပီး ရက္သတၱပတ္အနည္းငယ္ အၾကာေလးမွာပဲ ထပ္မံထြက္ေပၚလာတာ ျဖစ္ပါတယ္။

“ကၽြန္မ အနားယူၿပီး မိသားစုဘ၀တည္ေဆာက္ဖို႔ ဆုံးျဖတ္လိုက္ပါၿပီ။ ရွင္တို႔ေတြ အခုေပ်ာ္သြားမယ္ဆိုတာ ကၽြန္မသိပါတယ္။ ကၽြန္မရဲ႕ပရိသတ္မ်ားကေတာ့ ဆက္လက္ၿပီး ကၽြန္မကို ကိုယ္စားျပဳေပးၾကပါ။ ကၽြန္မ ေသဆုံးသြားသည္အထိေပါ့။ ရွင္တို႔ေလးေတြကို ဘ၀နဲ႔ခ်ီၿပီးခ်စ္တယ္” လို႔ အသက္(၃၆)ႏွစ္အရြယ္ ရိွၿပီျဖစ္တဲ့ Nicki Minaj က သူမရဲ႕ Twitter အေကာင့္မွာ တင္ထားတာ ျဖစ္ပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး သူမရဲ႕ပရိသတ္ေတြကေတာ့ ေပ်ာ္ရႊင္မေနၾကပါဘူး။

Nicki ရဲ႕အမာခံပရိသတ္ Barbz ေတြကေတာ့ ဒီပို႔စ္ကို ျမင္ၿပီးေနာက္ တုန္လႈပ္အ့ံၾသေနၾကပါတယ္။ “ငါတို႔ကို အဲ့လိုႀကီး မစပါနဲ႔လားဟာ…” ၊ “Nicki ေရ … အဲ့လိုမလုပ္ပါနဲ႔။ ဒါက မရယ္ရဘူးေနာ္။ ဒီကိစၥအတြက္ ငါတို႔ေတြ လုံး၀အဆင္သင့္မျဖစ္ေသးဘူး” စသျဖင့္ ပရိသတ္မ်ားစြာက သီခ်င္းေတြဆက္ဆိုေနဖို႔ ၀ိုင္း၀န္းတိုက္တြန္းထားၾကပါတယ္။

အခုလို ပရိသတ္ေတြရဲ႕ရင္ကို ဗေလာင္ဆူသြားေစမယ့္ သတင္းကို မေျပာၾကားခင္ ရက္သတၱပတ္အနည္းငယ္ခန္႔ကပဲ Queen Radio မွာ သူမနဲ႔ Kenneth Petty တို႔ရဲ႕ သက္တမ္းတိုးထားတဲ့ လက္ထပ္ခြင့္စာရြက္စာတမ္းေတြနဲ႔ ပတ္သက္ၿပီး ေျပာၾကားခဲ့ပါေသးတယ္။ အဲ့ဒီ့တုန္းကေတာ့ သူတို႔ႏွစ္ေယာက္ လက္ထပ္ဖို႔ရာ အခ်ိန္ ရက္ေပါင္း(၈၀) က်န္ေနေသးၿပီး အဲ့ဒီ့အေတာအတြင္း လက္မထပ္ျဖစ္ခဲ့ရင္ လက္ထပ္ခြင့္လိုင္စင္ကို ေနာက္ထပ္ သက္တမ္းတိုးရဦးမွာျဖစ္ေၾကာင္း ေျပာသြားခဲ့ပါတယ္။ Nicki ဟာ သူမရဲ႕ခ်စ္သူနဲ႔ တကယ္ လက္ထပ္ၿပီးၿပီလား၊ လက္မထပ္ရေသးဘူးလားဆိုတာ ေရေရရာရာ မသိရေပမယ့္ မၾကာေသးခင္ကပဲ သူမရဲ႕ Twitter အေကာင့္ကိုေတာ့ “Ms. Minaj” ကေန “Ms. Petty” ဆိုၿပီး နာမည္ေျပာင္းလဲခဲ့ပါတယ္။

အခုလို ေၾကျငာလိုက္တဲ့အေပၚ ပရိသတ္အမ်ားစုကေတာ့ စိတ္ေတြရႈပ္ေထြးေနၾကပါတယ္။ အေၾကာင္းက ၾသဂုတ္လ(၁၂)ရက္ေန႔က Queen Radio မွာ သူမ လက္ထပ္မယ့္အေၾကာင္းနဲ႔အတူ ေနာက္ထပ္လာမယ့္ အေခြအသစ္အေၾကာင္းကိုလည္း ေျပာသြားခဲ့တာေၾကာင့္ပါ။ “ကၽြန္မရဲ႕အယ္လ္ဘမ္အသစ္ မထြက္ခင္မွာ ကၽြန္မတို႔လက္ထပ္မွာပါ။ မဂၤလာေဆာင္ကိုေတာ့ အေခြထြက္ၿပီးမွပဲ လုပ္ပါမယ္။ ဒီရက္ေပါင္း(၈၀)မကုန္ခင္မွာပဲ ကၽြန္မတို႔ႏွစ္ေယာက္က လက္ထပ္ၾကေတာ့မွာပါ။ လက္ထပ္ရေတာ့မွာကို ကၽြန္မအခ်စ္ေလးက သိပ္ေပ်ာ္ေနတာေၾကာင့္ ကၽြန္မလည္း အရမ္းေပ်ာ္ေနရပါတယ္” လို႔ ေျပာထားတာ ျဖစ္ပါတယ္။

Copyright @nickiminaj IG

Nicki နဲ႔ သူမရဲ႕ခ်စ္သူ Kenneth Petty တို႔ဟာ ၿပီးခဲ့တဲ့ႏွစ္ ႏွစ္ကုန္ပိုင္းေလာက္မွာ လူသိရွင္ၾကား စတင္တြဲခဲ့ၾကတာပါ။ သူတို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ဇာတ္လမ္းကိုေတာ့ ႏွစ္ေယာက္သား ေပြ႕ဖက္ေနတဲ့ပုံေတြနဲ႔ ဒီဇင္ဘာလမွာပဲ Instagram မွာ တင္ၿပီး တရား၀င္ခ်ျပခဲ့တာ ျဖစ္ပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး Nicki ရဲ႕ကိုယ္စားလွယ္ေတြဆီကို Hollywoodlife ၀က္ဘ္ဆိုဒ္က ဆက္သြယ္ေမးျမန္းထားေပမယ့္ လက္ရိွအခ်ိန္အထိ တစ္စုံတစ္ရာ တုံ႔ျပန္မႈ မရရိွေသးဘူးလို႔လည္း သိရပါတယ္။

Xei

(Unicode Version)

Rap Queen Nicki Minaj တစ်ယောက်ကတော့ တကယ်ပဲ ဂီတလောကကို ကျောခိုင်းတော့မှာလားလို့ မေးစရာဖြစ်လာပါပြီ။ အကြောင်းကတော့ သူမဟာ ဂီတလောက,ကနေ အနားယူပြီး မိသားစုတစ်ခု တည်ဆောက်တော့မယ်လို့ စက်တင်ဘာလ(၅)ရက်နေ့က သူမရဲ့ Twitter အကောင့်မှာ တင်လိုက်လို့ပါပဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပရိသတ်တွေကလည်း အံ့သြတုန်လှုပ်နေကြပါတယ်။ ဒီသတင်းဟာ သူမရဲ့ချစ်သူ Kenneth Petty နဲ့ လက်ထပ်ဖို့အတွက် လက်ထပ်လိုင်စင်သက်တမ်းကို ထပ်တိုးပြီး ရက်သတ္တပတ်အနည်းငယ် အကြာလေးမှာပဲ ထပ်မံထွက်ပေါ်လာတာ ဖြစ်ပါတယ်။

“ကျွန်မ အနားယူပြီး မိသားစုဘဝတည်ဆောက်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ရှင်တို့တွေ အခုပျော်သွားမယ်ဆိုတာ ကျွန်မသိပါတယ်။ ကျွန်မရဲ့ပရိသတ်များကတော့ ဆက်လက်ပြီး ကျွန်မကို ကိုယ်စားပြုပေးကြပါ။ ကျွန်မ သေဆုံးသွားသည်အထိပေါ့။ ရှင်တို့လေးတွေကို ဘဝနဲ့ချီပြီးချစ်တယ်” လို့ အသက်(၃၆)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Nicki Minaj က သူမရဲ့ Twitter အကောင့်မှာ တင်ထားတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူမရဲ့ပရိသတ်တွေကတော့ ပျော်ရွှင်မနေကြပါဘူး။

Nicki ရဲ့အမာခံပရိသတ် Barbz တွေကတော့ ဒီပို့စ်ကို မြင်ပြီးနောက် တုန်လှုပ်အံ့သြနေကြပါတယ်။ “ငါတို့ကို အဲ့လိုကြီး မစပါနဲ့လားဟာ…” ၊ “Nicki ရေ … အဲ့လိုမလုပ်ပါနဲ့။ ဒါက မရယ်ရဘူးနော်။ ဒီကိစ္စအတွက် ငါတို့တွေ လုံးဝအဆင်သင့်မဖြစ်သေးဘူး” စသဖြင့် ပရိသတ်များစွာက သီချင်းတွေဆက်ဆိုနေဖို့ ဝိုင်းဝန်းတိုက်တွန်းထားကြပါတယ်။

အခုလို ပရိသတ်တွေရဲ့ရင်ကို ဗလောင်ဆူသွားစေမယ့် သတင်းကို မပြောကြားခင် ရက်သတ္တပတ်အနည်းငယ်ခန့်ကပဲ Queen Radio မှာ သူမနဲ့ Kenneth Petty တို့ရဲ့ သက်တမ်းတိုးထားတဲ့ လက်ထပ်ခွင့်စာရွက်စာတမ်းတွေနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါသေးတယ်။ အဲ့ဒီ့တုန်းကတော့ သူတို့နှစ်ယောက် လက်ထပ်ဖို့ရာ အချိန် ရက်ပေါင်း(၈၀) ကျန်နေသေးပြီး အဲ့ဒီ့အတောအတွင်း လက်မထပ်ဖြစ်ခဲ့ရင် လက်ထပ်ခွင့်လိုင်စင်ကို နောက်ထပ် သက်တမ်းတိုးရဦးမှာဖြစ်ကြောင်း ပြောသွားခဲ့ပါတယ်။ Nicki ဟာ သူမရဲ့ချစ်သူနဲ့ တကယ် လက်ထပ်ပြီးပြီလား၊ လက်မထပ်ရသေးဘူးလားဆိုတာ ရေရေရာရာ မသိရပေမယ့် မကြာသေးခင်ကပဲ သူမရဲ့ Twitter အကောင့်ကိုတော့ “Ms. Minaj” ကနေ “Ms. Petty” ဆိုပြီး နာမည်ပြောင်းလဲခဲ့ပါတယ်။

အခုလို ကြေငြာလိုက်တဲ့အပေါ် ပရိသတ်အများစုကတော့ စိတ်တွေရှုပ်ထွေးနေကြပါတယ်။ အကြောင်းက သြဂုတ်လ(၁၂)ရက်နေ့က Queen Radio မှာ သူမ လက်ထပ်မယ့်အကြောင်းနဲ့အတူ နောက်ထပ်လာမယ့် အခွေအသစ်အကြောင်းကိုလည်း ပြောသွားခဲ့တာကြောင့်ပါ။ “ကျွန်မရဲ့အယ်လ်ဘမ်အသစ် မထွက်ခင်မှာ ကျွန်မတို့လက်ထပ်မှာပါ။ မင်္ဂလာဆောင်ကိုတော့ အခွေထွက်ပြီးမှပဲ လုပ်ပါမယ်။ ဒီရက်ပေါင်း(၈၀)မကုန်ခင်မှာပဲ ကျွန်မတို့နှစ်ယောက်က လက်ထပ်ကြတော့မှာပါ။ လက်ထပ်ရတော့မှာကို ကျွန်မအချစ်လေးက သိပ်ပျော်နေတာကြောင့် ကျွန်မလည်း အရမ်းပျော်နေရပါတယ်” လို့ ပြောထားတာ ဖြစ်ပါတယ်။

Copyright @nickiminaj IG

Nicki နဲ့ သူမရဲ့ချစ်သူ Kenneth Petty တို့ဟာ ပြီးခဲ့တဲ့နှစ် နှစ်ကုန်ပိုင်းလောက်မှာ လူသိရှင်ကြား စတင်တွဲခဲ့ကြတာပါ။ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကိုတော့ နှစ်ယောက်သား ပွေ့ဖက်နေတဲ့ပုံတွေနဲ့ ဒီဇင်ဘာလမှာပဲ Instagram မှာ တင်ပြီး တရားဝင်ချပြခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး Nicki ရဲ့ကိုယ်စားလှယ်တွေဆီကို Hollywoodlife ဝက်ဘ်ဆိုဒ်က ဆက်သွယ်မေးမြန်းထားပေမယ့် လက်ရှိအချိန်အထိ တစ်စုံတစ်ရာ တုံ့ပြန်မှု မရရှိသေးဘူးလို့လည်း သိရပါတယ်။

Xei

 

RELATED ARTICLES

Most Popular