HomeEntertainmentFilmSpider-Man: No Way Home ထွေလာထဲက စိတ်ဝင်စားစရာအချက်များ (Breakdown)

Spider-Man: No Way Home ထွေလာထဲက စိတ်ဝင်စားစရာအချက်များ (Breakdown)

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ပရိသတ်တွေ အားလုံးစောင့်မျှော်နေကြတဲ့ Spider-Man: No Way Home ထွေလာဟာ နောက်ဆုံးတော့ ထွက်ရှိလာခဲ့ပါပြီ။ ဒီထွေလာထဲမှာတော့ Tobey Maguire ရဲ့ Spider-Man ထဲက Doctor Octopus ကိုလည်း ယခင်သရုပ်ဆောင်နဲ့ပဲ ပြန်လည် မြင်တွေ့ခဲ့ရတာကြောင့် ကျွန်တော်တို့တွေ စောင့်မျှော်နေတဲ့ Spider-Verse ဟာလည်း တကယ်ဖြစ်လာတော့မယ်လို့ ထင်ရပါတယ်။ ဒါ့အပြင် Electro လို့ ယူဆရတဲ့ လျှပ်စီးတွေနဲ့ Green Goblin ရဲ့ ဗုံးကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒီထွေလာထဲက စိတ်ဝင်စားစရာအချက်တွေနဲ့ အသေးစိတ်ကိုတော့ အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

(1) Steve Ditko
photo via screenrant

ဒီထွေလာရဲ့ အစမှာတော့ Peter နဲ့ MJ တို့ဟာ ခေါင်းမိုးတစ်ခုပေါ်မှာ စကားပြောနေတာကို မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းမှာတော့ Spider-Man ကို ဖြစ်တည်လာစေတဲ့ ဖန်တီးသူတစ်ယောက်နဲ့ သက်ဆိုင်တဲ့ Easter Egg တစ်ခု ပါဝင်နေပါတယ်။ အဲ့ဒါကတော့ Peter နဲ့ MJ တို့ရဲ့ နောက်မှာ ဆေးအဖြူနဲ့ “DITKO” ဆိုပြီး ရေးဆွဲထားတာ ဖြစ်ပါတယ်။ အဲ့ဒီစကားလုံးကတော့ Steve Ditko ကို ရည်ညွှန်းတာဖြစ်ပြီး သူဟာ Stan Lee နဲ့အတူ Spider-Man ကို ပူးပေါင်းဖန်တီးခဲ့သူ ဖြစ်ပါတယ်။

(2) Tobey Maguire နဲ့ Kirsten Dunst
photo via screenrant

ဒီဇာတ်ဝင်ခန်းကတော့ တော်တော်လေးကို အထာကျတဲ့ Visual Easter Egg တစ်ခုလို့တောင် ပြောလို့ရပါတယ်။ ဒီဇာတ်ဝင်ခန်းမှာတော့ Tom Holland သရုပ်ဆောင်ထားတဲ့ Peter နဲ့ Zendaya သရုပ်ဆောင်ထားတဲ့ MJ တို့ဟာ ခေါင်မိုးပေါ်မှာ ငြိမ်းငြိမ်းချမ်းချမ်း လဲလျောင်းနေပါတယ်။

ဒါဟာ Tobey Maguire ရဲ့ Spider-Man 3 ထဲမှာ Tobey နဲ့ Kirsten တို့ ပင့်ကူအိမ်အကြီးကြီးပေါ်မှာ လဲလျောင်းနေတဲ့ ဇာတ်ဝင်ခန်းနဲ့ အတော်လေးကို ဆင်တူနေပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာတစ်ခုကတော့ ဒီထွေလာရဲ့ အစမှာ ပါဝင်တဲ့ Soundtrack ဟာ Classic Spider-Man Animation ရဲ့ Theme Song ကို အနှေးဗားရှင်းအနေနဲ့ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

(3) Peter နဲ့ MJ
photo via screenrant

ဒီဇာတ်ဝင်ခန်းမှာတော့ Peter နဲ့ MJ တို့ဟာ တစ်စုံတစ်ခုဆီကနေ အမြန်ထွက်ပြေးလာတယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် MJ ရဲ့ ဝတ်စုံဟာ Spider-Man: Far From Home ရဲ့ Credit Scene ထဲမှာ မြင်တွေ့ခဲ့ရတဲ့ ဝတ်စုံနဲ့အတူတူပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Mysterio လက်ချက်နဲ့ Spider-Man ဟာ Peter Parker ဆိုတာကို လူတိုင်းသိသွားကြတဲ့အချိန်မှာ Peter နဲ့ MJ ကို လူတိုင်းက သတိထားမိသွားတာကြောင့် အမြန်ထွက်လာတယ်လို့ ယူဆနိုင်ပါတယ်။ ဒါ့အပြင် Far From Home ရဲ့ Credit Scene အဆုံးသတ်သွားချိန်မှာ No Way Home ရဲ့ ဇာတ်လမ်းက စတင်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်နှစ်ကားကြားထဲမှာ အချိန်ကွာဟမှု လုံးဝမရှိပါဘူး။

(4) အစစ်ဆေးခံနေရတဲ့ Peter
photo via screenrant

Spider-Man က Mysterio ကို သတ်လိုက်တယ်ဆိုတဲ့ သတင်းဟာ တစ်ကမ္ဘာလုံး သိသွားတာကြောင့် Peter ကတော့ မဖြစ်မနေ တရားရင်ဆိုင်ရတော့မှာပါ။ Peter ကိုယ်တိုင်ကလည်း ဒီစုံစမ်းစစ်ဆေးမှုကို လိုလိုလားလားပဲ ပူးပေါင်းဆောင်ရွက်တယ် ဆိုတာကိုတော့ သူ့ကို လက်ထိပ်ခတ်ထားနိုင်တာကို ကြည့်ရင် သိသာပါတယ်။ ဒါပေမယ့်လည်း Peter ပြောသမျှကို စုံထောက်က မယုံကြည်ဘူး ဆိုတာကိုလည်း တွေ့ခဲ့ရပါတယ်။ ဒီထွေလာရဲ့ နောက်ထပ် အခန်းတွေမှာတော့ Peter ဟာ အဖမ်းခံထားရတာမျိူး မတွေ့ရတာကြောင့် တစ်နည်းနည်းနဲ့ လွတ်မြောက်လာမယ်လို့ ယူဆရပါတယ်။

(5) Daredevil?
photo via screenrant

Peter ကို အမှုစစ်နေတဲ့ အချိန်မှာပဲ မျက်နှာမမြင်ရတဲ့သူတစ်ယောက်ဟာ Peter ကို စာရွက်စာတမ်းတွေ အထပ်လိုက် ပေးခဲ့ပါတယ်။ ဒီဇာတ်ဝင်ခန်းထဲက မျက်နှာမမြင်ရတဲ့သူကိုတော့ ပရိသတ်အချို့က Daredevil လို့ ခန့်မှန်းနေကြပါတယ်။ ဒီအချက်သာ တကယ်ဆိုရင်တော့ Peter ရဲ့ အမှုကို ကူညီဖို့အတွက် Daredevil ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီဇာတ်ဝင်ခန်းလေး တစ်ခုတည်းနဲ့ အတပ်မပြောနိုင်သလို ထွေလာတစ်ခုလုံးမှာလည်း Daredevil နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ မပါဝင်တာကြောင့် တထစ်ချတော့ မပြောနိုင်ပါဘူး။

(6) လူမုန်းခံနေရတဲ့ Spider-Man
photo via screenrant

ဒီဇာတ်ဝင်ခန်းထဲမှာတော့ လူအများအပြားက Peter ကို ဝိုင်းဝန်းဆန္ဒပြနေတာ မြင်တွေ့ခဲ့ရပြီး Peter နဲ့ MJ ကလည်း တစ်ယောက်လက်ကို တစ်ယောက် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပါတယ်။ ဒါ့အပြင် Peter ရဲ့ အနီးနားက လူတစ်ယောက်ကလည်း ဆိုင်းဘုတ်တစ်ခု ကိုင်ဆောင်ထားပြီး (Devil In Disguise) “ရုပ်ဖျက်ထားတဲ့ မကောင်းဆိုးဝါး” လို့ Peter ကို ရည်ညွှန်းထားပါတယ်။

အဲ့ဒီဆိုင်းဘုတ်ပေါ်မှာတော့ Peter ကို ချိူတွေနဲ့ နှုတ်ခမ်းမွေးတွေ တပ်ပေးထားတာလည်း တွေ့ရပါတယ်။ ဒီအချက်ကတော့ ပရိသတ်တွေ မကြာခဏ ခန့်မှန်းနေကြတဲ့ Mephisto ကို ရည်ညွှန်းပြီး Kevin Feige က ပရိသတ်တွေကို ပြန် Troll တာလို့ပဲ ယူဆရပါတယ်။

(7) အံ့အားသင့်နေတဲ့ Peter နဲ့ Aunt May
photo via screenrant

Peter နဲ့ Aunt May တို့က တီဗွီကြည့်နေရင်း သူတို့ရဲ့တိုက်ခန်းထဲကို တစ်ယောက်ယောက် ဝင်ရောက်လာတာကြောင့် အံ့ဩသွားတဲ့ပုံစံကို မြင်တွေ့ခဲ့ရပါတယ်။ ဒီအချက်ကတော့ Peter ကို စစ်ဆေးဖို့အတွက် ရဲတွေရောက်လာတာ ဖြစ်နိုင်သလို ဗီလိန်တစ်ယောက်ယောက်လည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် သူတို့နှစ်ယောက်ကို အလွန်အံ့ဩသွားအောင်လုပ်နိုင်ပြီး ဘယ်သူမှ မမျှော်လင့်ထားတဲ့ သူတစ်ယောက်ကတော့ Uncle Ben ပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါကတော့ ခန့်မှန်းချက်သက်သက်ပဲ ဖြစ်ပါတယ်။

(8) စစ်ဆေးခံနေရတဲ့ Ned နဲ့ Aunt May
photo via screenrant

Peter ရဲ့ အမှုနဲ့ ပတ်သက်ပြီး စစ်ဆေးတာဟာ Peter တစ်ယောက်တည်းနဲ့ ပြီးဆုံးသွားမှာ မဟုတ်ဘဲ သူနဲ့နီးစပ်သူတွေကိုလည်း ရဲတွေက စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Ned နဲ့ Aunt May တို့ကို စစ်ဆေးနေတဲ့ ဇာတ်ဝင်ခန်းကို မြင်တွေ့ရတာပါ။ သူတို့နှစ်ယောက်ကတော့ လောလောဆယ်မှာ ဘာကိုမှ ဖုံးကွယ်ထားစရာ မရှိတော့ပေမယ့်လည်း Peter အနေနဲ့တော့ သူတန်ဖိုးထားရသူတွေကို အခုလိုအခြေအနေတွေနဲ့ ကြုံတွေ့စေချင်မှာ မဟုတ်ပါဘူး။

(9) နှင်းတွေနဲ့ ဖုံးလွှမ်းနေတဲ့ Sanctum
photo via screenrant

Peter ဟာ New York မှာရှိတဲ့ Doctor Strange ရဲ့ Sanctum ဆီကို ရောက်သွားတဲ့အချိန်မှာတော့ အပြင်မှာသာယာနေပေမယ့်လည်း Sanctum ထဲမှာ နှင်းတွေ ဖုံးလွှမ်းနေတာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ Doctor Strange ဟာ မှော်ပညာနဲ့ ပတ်သက်တဲ့ အရာတစ်ခုခုကို စမ်းသပ်ထားပြီး မှားယွင်းသွားတာကြောင့် အခုလို နှင်းတွေဖုံးနေတာ ဖြစ်နိုင်ပါတယ်။

(10) For Fox Sake
photo via screenrant

ဒီဇာတ်ဝင်ခန်းထဲမှာတော့ Doctor Strange ဟာ “For Fox Sake” လို့ ရေးထားတဲ့ ကော်ဖီခွက်ကို ကိုင်ထားပါတယ်။ ဒီအချက်ဟာ သူနဲ့ဘယ်လိုမှ ဆက်စပ်မှုမရှိပေမယ့်လည်း Easter Egg အနေနဲ့ ထည့်သွင်းထားတာ ဖြစ်နိုင်ပါတယ်။ ယခင်က Fox ပိုင်ဆိုင်ခဲ့တဲ့ X-Men နဲ့ Fantastic Four တို့ဟာ အခုချိန်မှာတော့ MCU ထဲကို ပြန်ရောက်လာပြီ ဖြစ်ပြီး သူတို့ရဲ့ ဇာတ်လမ်းတွေကိုလည်း ဖန်တီးသွားဦးမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာလည်း Multiverse တွေ ပါဝင်လာမှာ ဖြစ်တာကြောင့် အသစ်ထွက်ရှိလာမယ့် Fantastic Four ရုပ်ရှင်ကို ဒီဇာတ်ကားထဲမှာ Setup လုပ်သွားနိုင်ပါတယ်။

(11) Spider-Man ရဲ့ အနက်ရောင်ဝတ်စုံ
photo via screenrant

ဒီအချက်ကတော့ No Way Home Merch ရဲ့ ကျေးဇူးကြောင့် သိခဲ့ရတာ ကြာပြီ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဝတ်စုံကို ပထမဆုံး မြင်တွေ့ရတာကတော့ ဒီဇာတ်ဝင်ခန်းထဲမှာပဲ ဖြစ်ပါတယ်။ Peter ဟာ မျက်နှာဖုံးမဝတ်ထားဘဲ Aunt May လုပ်အားပေးနေတဲ့ အိမ်ခြေရာမဲ့ ခိုလှုံရာနေရာမှာ ပြေးနေတာကို တွေ့ခဲ့ရပါတယ်။ ဘာအတွက်ကြောင့် ဒီဝတ်စုံကို ပြောင်းလဲဝတ်ဆင်ထားတာလည်း ဆိုတာကို မသိရသေးပါဘူး။

(12) Wong
photo via screenrant

ဒီထွေလာထဲမှာတော့ Multiverse ဖြစ်သွားစေမယ့် Spell ဟာ အန္တရာယ်များတာကြောင့် မပြုလုပ်ဖို့ Wong က Doctor Strange ကို သတိပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ တစ်နေရာရာကို ထွက်ခွာသွားပါတယ်။ Shang-Chi and the Legend of Ten Rings ရဲ့ ထွေလာထဲမှာတော့ Wong ဟာ Abomination နဲ့ တိုက်ခိုက်နေတာကို မြင်တွေ့ခဲ့ရတာကြောင့် သူဟာ အဲ့ဒီတိုက်ခိုက်ပွဲနေရာကို ထွက်သွားတယ်လို့ ယူဆရပါတယ်။

(13) စကားနားထောင်တဲ့ Doctor Strange
photo via screenrant

Doctor Strange ကတော့ Wong ရဲ့ သတိပေးစကားကို ဂရုမစိုက်ဘဲ Spell ကို ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီ Spell ကို ပြုလုပ်နေတဲ့အချိန်မှာပဲ Peter ဟာ Aunt May ၊ Ned နဲ့ MJ တို့ကို မမေ့သွားစေချင်ကြောင်း ဆက်တိုက်စကားတွေ ပြောနေပါတယ်။ ဒီအချက်ကြောင့်ပဲ Doctor Strange ဟာ အာရုံစူးစိုက်မှု ပျက်သွားပြီး Multiverse ကြီးကို ဖြစ်ပေါ်လာစေတာ ဖြစ်နိုင်ပါတယ်။

(14) Mirror Dimension
photo via screenrant

ဒီဇာတ်ဝင်ခန်းထဲမှာတော့ Mirror Dimension ထဲက New York မြို့မှာ Doctor Strange ဟာ Peter ကို လိုက်ဖမ်းနေတာ မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ မေးစရာရှိလာတာကတော့ ဘာကြောင့် Doctor Strange က Peter ကို လိုက်ဖမ်းနေတာလည်း ဆိုတာပဲ ဖြစ်ပါတယ်။ Peter ဟာ စူးစမ်းချင်စိတ်နဲ့၊ ဒါမှမဟုတ် အကြောင်းတစ်ခုခုကြောင့် Multiverse ထဲ လျှောက်သွားနေတာကြောင့် Doctor Strange က လိုက်လံတားဆီးနေတာ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် Peter ဟာ Evil Doctor Strange နဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်နိုင်ပါသေးတယ်။

(15) Electro
photo via screenrant

Amazing Spider-Man 2 ထဲမှာ Electro အနေနဲ့ ပါဝင်ခဲ့တဲ့ Jamie Foxx ဟာ No Way Home ထဲမှာလည်း Electro အနေနဲ့ ပြန်လည်ပါဝင်လာမယ်လို့ အတည်ပြုထားပါတယ်။ ဒီဇာတ်ဝင်ခန်းထဲမှာတော့ ရဲကားတွေကို မိုးကြိုးပစ်သလိုပုံစံမျိူး မြင်တွေ့ခဲ့ရပြီး အဲ့ဒီလျှပ်စီးတွေဟာ Electro ဖြစ်နိုင်ပါတယ်။ Amazing Spider-Man ထဲမှာတော့ Electro ရဲ့ လျှပ်စီးတွေဟာ အပြာရောင် ဖြစ်ပေမယ့် ဒီရုပ်ရှင်ထဲမှာတော့ အဝါရောင်အဖြစ် ပြောင်းလဲထားတာ ဖြစ်ပါလိမ့်မယ်။

(16) ရထားပေါ်က Doctor Strange
photo via screenrant

ဒီဇာတ်ဝင်ခန်းထဲမှာတော့ Doctor Strange ဟာ ရထားပေါ်ကနေ Peter ကို ဖမ်းဖို့ ကြိုးစားနေပါတယ်။ အပေါ်မှာ ဖော်ပြထားသလိုပဲ Peter ဟာ Evil Doctor Strange နဲ့လည်း ရင်ဆိုင်ရနိုင်ချေ ရှိပါတယ်။ အကယ်၍သာ Doctor Strange ရဲ့ ဗီလိန် variant နဲ့ တွေ့ဆုံရမယ်ဆိုရင်တော့ Spidey လေးဟာ တကယ် အိမ်ပြန်လမ်းမရှိ “No Way Home” ဖြစ်သွားနိုင်ပါတယ်။

နောက်ထပ် ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Doctor Strange ဟာ Peter ရဲ့ ဝိဉာဉ်ကို သူ့ရဲ့ခန္ဓာကိုယ်ထဲကနေ တွန်းထုတ်လိုက်ပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းမှာတော့ Peter ရဲ့ လက်ထဲမှာ သေတ္တာတစ်ခုကို ကိုင်ထားပြီး အဲ့ဒီပစ္စည်းက ဘာလည်းဆိုတာကိုတော့ မသိရသေးပါဘူး။

(17) Happy
photo via screenrant

ဒီထွေလာထဲမှာတော့ Happy ဟာ ဇာတ်ဝင်ခန်းတစ်ခုမှာပဲ ပါဝင်ခဲ့ပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းထဲမှာတော့ Happy ဟာ ကားထဲမှာ ထိုင်နေပြီး သူ့ကိုရဲတွေက ဝိုင်းထားတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါဟာ Peter ရဲ့ အမှုအတွက် စစ်ဆေးဖို့ Happy ကို လာခေါ်တာ ဖြစ်နိုင်သလို Happy ကိုယ်တိုင်က Peter ကို ကူညီဖို့ကြိုးစားရင်း အခုလိုအခြေအနေရောက်လာတာလည်း ဖြစ်နိုင်ပါတယ်။

(18) Lizard
photo via screenrant

ဒီဇာတ်ဝင်ခန်းကတော့ အချိန်ခဏလေးပဲ ပါဝင်တာ ဖြစ်တာကြောင့် ရုတ်တရက်ဆိုရင် သတိထားမိကြမှာ မဟုတ်ပါဘူး။ ဒီဇာတ်ဝင်ခန်းထဲမှာတော့ Peter ရဲ့ နောက်ကနေ တစ်ခုခုက ခုန်အုပ်လာတာကို မြင်တွေ့ခဲ့ရပါတယ်။ ထွေလာထဲမှာ မြင်တွေ့ခဲ့ရတဲ့ ပုံရိပ်က ပြတ်ပြတ်သားသား မဟုတ်ပေမယ့်လည်း ပရိသတ်အများစုကတော့ Lizard လို့ပဲ ခန့်မှန်းနေကြပါတယ်။

(19) Electro vs Sandman?
photo via screenrant

ဒီဇာတ်ဝင်ခန်းထဲမှာတော့ Peter ကို လျှပ်စီးတွေ ထိတော့မယ့်အချိန်မှာ သဲတွေက ကြားထဲကနေ ဝင်ရောက် ကာကွယ်ပေးလိုက်တာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ ဖြစ်နိုင်တာကတော့ Sandman ကိုလည်း မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Tobey ရဲ့ Spider-Man 3 အဆုံးသတ်မှာလည်း Sandman ဟာ အမြင်မှန်ရသွားပြီ ဖြစ်တာကြောင့် အခုချိန်မှာတော့ Electro ကို တိုက်ခိုက်ဖို့အတွက် Tom Holland ရဲ့ Spider-Man ကို ကူညီပေးသွားမှာလား ဆိုတာကတော့ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

(20) Green Goblin
photo via screenrant

ဒီထွေလာထဲမှာ Green Goblin ရဲ့ ပုံစံကို မမြင်ခဲ့ရပေမယ့်လည်း ဒီရုပ်ရှင်ထဲမှာ Green Goblin ပါဝင်လာမယ်ဆိုတဲ့ အချက်ကိုတော့ အတည်ပြုနိုင်သွားပါပြီ။ ဒီဇာတ်ဝင်ခန်းထဲမှာတော့ ရယ်သံကြီးနဲ့အတူ Green Goblin ရဲ့ ဗုံးကို မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း Green Goblin နေရာမှာတော့ ယခင်ကသရုပ်ဆောင်ခဲ့တဲ့ Willem Dafoe က ပြန်လည်ပါဝင်လာမှာလားဆိုတာ မသေချာသေးပါဘူး။

(21) Doctor Octopus အဖြစ် ပြန်လည်မြင်တွေ့ရမယ့် Alfred Molina
photo via screenrant

ဒီထွေလာထဲမှာတော့ Tobey Maguire ၊ Andrew Garfield ၊ Willem Dafoe နဲ့ Jamie Foxx တို့ကို မမြင်တွေ့ခဲ့ရပေမယ့်လည်း ထွေလာရဲ့ အဆုံးသတ်မှာတော့ Alfred Molina ကို Doctor Octopus အနေနဲ့ ပြန်လည်မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် “Hello Peter” ဆိုပြီး ပြောလိုက်တာကြောင့် သူဟာ Spider-Man မျက်နှာဖုံးအောက်က လူကို သေချာသိကျွမ်းနေပုံ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Doctor Octopus က စကားလှမ်းပြောလိုက်တဲ့ Spider-Man ဟာ Tobey Maguire လည်း ဖြစ်နေနိုင်ပါတယ်။

ဒါကတော့ Spider-Man: No Way Home ထွေလာထဲက အသေးစိတ်အချက်တွေနဲ့ easter-egg တွေပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်တယ်ဆိုရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ထားပေးပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ပရိသတ္ေတြ အားလုံးေစာင့္ေမွ်ာ္ေနၾကတဲ့ Spider-Man: No Way Home ေထြလာဟာ ေနာက္ဆုံးေတာ့ ထြက္ရွိလာခဲ့ပါၿပီ။ ဒီေထြလာထဲမွာေတာ့ Tobey Maguire ရဲ႕ Spider-Man ထဲက Doctor Octopus ကိုလည္း ယခင္သ႐ုပ္ေဆာင္နဲ႔ပဲ ျပန္လည္ ျမင္ေတြ႕ခဲ့ရတာေၾကာင့္ ကြၽန္ေတာ္တို႔ေတြ ေစာင့္ေမွ်ာ္ေနတဲ့ Spider-Verse ဟာလည္း တကယ္ျဖစ္လာေတာ့မယ္လို႔ ထင္ရပါတယ္။ ဒါ့အျပင္ Electro လို႔ ယူဆရတဲ့ လွ်ပ္စီးေတြနဲ႔ Green Goblin ရဲ႕ ဗုံးကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။ ဒီေထြလာထဲက စိတ္ဝင္စားစရာအခ်က္ေတြနဲ႔ အေသးစိတ္ကိုေတာ့ ေအာက္မွာ ဆက္လက္ဖတ္ရႈႏိုင္ပါတယ္။

(1) Steve Ditko
photo via screenrant

ဒီေထြလာရဲ႕ အစမွာေတာ့ Peter နဲ႔ MJ တို႔ဟာ ေခါင္းမိုးတစ္ခုေပၚမွာ စကားေျပာေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ အဲ့ဒီဇာတ္ဝင္ခန္းမွာေတာ့ Spider-Man ကို ျဖစ္တည္လာေစတဲ့ ဖန္တီးသူတစ္ေယာက္နဲ႔ သက္ဆိုင္တဲ့ Easter Egg တစ္ခု ပါဝင္ေနပါတယ္။ အဲ့ဒါကေတာ့ Peter နဲ႔ MJ တို႔ရဲ႕ ေနာက္မွာ ေဆးအျဖဴနဲ႔ “DITKO” ဆိုၿပီး ေရးဆြဲထားတာ ျဖစ္ပါတယ္။ အဲ့ဒီစကားလုံးကေတာ့ Steve Ditko ကို ရည္ၫႊန္းတာျဖစ္ၿပီး သူဟာ Stan Lee နဲ႔အတူ Spider-Man ကို ပူးေပါင္းဖန္တီးခဲ့သူ ျဖစ္ပါတယ္။

(2) Tobey Maguire နဲ႔ Kirsten Dunst
photo via screenrant

ဒီဇာတ္ဝင္ခန္းကေတာ့ ေတာ္ေတာ္ေလးကို အထာက်တဲ့ Visual Easter Egg တစ္ခုလို႔ေတာင္ ေျပာလို႔ရပါတယ္။ ဒီဇာတ္ဝင္ခန္းမွာေတာ့ Tom Holland သ႐ုပ္ေဆာင္ထားတဲ့ Peter နဲ႔ Zendaya သ႐ုပ္ေဆာင္ထားတဲ့ MJ တို႔ဟာ ေခါင္မိုးေပၚမွာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း လဲေလ်ာင္းေနပါတယ္။

ဒါဟာ Tobey Maguire ရဲ႕ Spider-Man 3 ထဲမွာ Tobey နဲ႔ Kirsten တို႔ ပင့္ကူအိမ္အႀကီးႀကီးေပၚမွာ လဲေလ်ာင္းေနတဲ့ ဇာတ္ဝင္ခန္းနဲ႔ အေတာ္ေလးကို ဆင္တူေနပါတယ္။ ေနာက္ထပ္ စိတ္ဝင္စားစရာတစ္ခုကေတာ့ ဒီေထြလာရဲ႕ အစမွာ ပါဝင္တဲ့ Soundtrack ဟာ Classic Spider-Man Animation ရဲ႕ Theme Song ကို အေႏွးဗားရွင္းအေနနဲ႔ ထည့္သြင္းထားတာ ျဖစ္ပါတယ္။

(3) Peter နဲ႔ MJ
photo via screenrant

ဒီဇာတ္ဝင္ခန္းမွာေတာ့ Peter နဲ႔ MJ တို႔ဟာ တစ္စုံတစ္ခုဆီကေန အျမန္ထြက္ေျပးလာတယ္လို႔ ယူဆရပါတယ္။ ဒါ့အျပင္ MJ ရဲ႕ ဝတ္စုံဟာ Spider-Man: Far From Home ရဲ႕ Credit Scene ထဲမွာ ျမင္ေတြ႕ခဲ့ရတဲ့ ဝတ္စုံနဲ႔အတူတူပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ Mysterio လက္ခ်က္နဲ႔ Spider-Man ဟာ Peter Parker ဆိုတာကို လူတိုင္းသိသြားၾကတဲ့အခ်ိန္မွာ Peter နဲ႔ MJ ကို လူတိုင္းက သတိထားမိသြားတာေၾကာင့္ အျမန္ထြက္လာတယ္လို႔ ယူဆႏိုင္ပါတယ္။ ဒါ့အျပင္ Far From Home ရဲ႕ Credit Scene အဆုံးသတ္သြားခ်ိန္မွာ No Way Home ရဲ႕ ဇာတ္လမ္းက စတင္လာမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ ဒီ႐ုပ္ရွင္ႏွစ္ကားၾကားထဲမွာ အခ်ိန္ကြာဟမႈ လုံးဝမရွိပါဘူး။

(4) အစစ္ေဆးခံေနရတဲ့ Peter
photo via screenrant

Spider-Man က Mysterio ကို သတ္လိုက္တယ္ဆိုတဲ့ သတင္းဟာ တစ္ကမာၻလုံး သိသြားတာေၾကာင့္ Peter ကေတာ့ မျဖစ္မေန တရားရင္ဆိုင္ရေတာ့မွာပါ။ Peter ကိုယ္တိုင္ကလည္း ဒီစုံစမ္းစစ္ေဆးမႈကို လိုလိုလားလားပဲ ပူးေပါင္းေဆာင္႐ြက္တယ္ ဆိုတာကိုေတာ့ သူ႔ကို လက္ထိပ္ခတ္ထားႏိုင္တာကို ၾကည့္ရင္ သိသာပါတယ္။ ဒါေပမယ့္လည္း Peter ေျပာသမွ်ကို စုံေထာက္က မယုံၾကည္ဘူး ဆိုတာကိုလည္း ေတြ႕ခဲ့ရပါတယ္။ ဒီေထြလာရဲ႕ ေနာက္ထပ္ အခန္းေတြမွာေတာ့ Peter ဟာ အဖမ္းခံထားရတာမ်ိဴး မေတြ႕ရတာေၾကာင့္ တစ္နည္းနည္းနဲ႔ လြတ္ေျမာက္လာမယ္လို႔ ယူဆရပါတယ္။

(5) Daredevil?
photo via screenrant

Peter ကို အမႈစစ္ေနတဲ့ အခ်ိန္မွာပဲ မ်က္ႏွာမျမင္ရတဲ့သူတစ္ေယာက္ဟာ Peter ကို စာ႐ြက္စာတမ္းေတြ အထပ္လိုက္ ေပးခဲ့ပါတယ္။ ဒီဇာတ္ဝင္ခန္းထဲက မ်က္ႏွာမျမင္ရတဲ့သူကိုေတာ့ ပရိသတ္အခ်ိဳ႕က Daredevil လို႔ ခန႔္မွန္းေနၾကပါတယ္။ ဒီအခ်က္သာ တကယ္ဆိုရင္ေတာ့ Peter ရဲ႕ အမႈကို ကူညီဖို႔အတြက္ Daredevil ပါဝင္လာမွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီဇာတ္ဝင္ခန္းေလး တစ္ခုတည္းနဲ႔ အတပ္မေျပာႏိုင္သလို ေထြလာတစ္ခုလုံးမွာလည္း Daredevil နဲ႔ ပတ္သက္တဲ့ အေၾကာင္းအရာေတြ မပါဝင္တာေၾကာင့္ တထစ္ခ်ေတာ့ မေျပာႏိုင္ပါဘူး။

(6) လူမုန္းခံေနရတဲ့ Spider-Man
photo via screenrant

ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ လူအမ်ားအျပားက Peter ကို ဝိုင္းဝန္းဆႏၵျပေနတာ ျမင္ေတြ႕ခဲ့ရၿပီး Peter နဲ႔ MJ ကလည္း တစ္ေယာက္လက္ကို တစ္ေယာက္ တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္ထားပါတယ္။ ဒါ့အျပင္ Peter ရဲ႕ အနီးနားက လူတစ္ေယာက္ကလည္း ဆိုင္းဘုတ္တစ္ခု ကိုင္ေဆာင္ထားၿပီး (Devil In Disguise) “႐ုပ္ဖ်က္ထားတဲ့ မေကာင္းဆိုးဝါး” လို႔ Peter ကို ရည္ၫႊန္းထားပါတယ္။

အဲ့ဒီဆိုင္းဘုတ္ေပၚမွာေတာ့ Peter ကို ခ်ိဴေတြနဲ႔ ႏႈတ္ခမ္းေမြးေတြ တပ္ေပးထားတာလည္း ေတြ႕ရပါတယ္။ ဒီအခ်က္ကေတာ့ ပရိသတ္ေတြ မၾကာခဏ ခန႔္မွန္းေနၾကတဲ့ Mephisto ကို ရည္ၫႊန္းၿပီး Kevin Feige က ပရိသတ္ေတြကို ျပန္ Troll တာလို႔ပဲ ယူဆရပါတယ္။

(7) အံ့အားသင့္ေနတဲ့ Peter နဲ႔ Aunt May
photo via screenrant

Peter နဲ႔ Aunt May တို႔က တီဗြီၾကည့္ေနရင္း သူတို႔ရဲ႕တိုက္ခန္းထဲကို တစ္ေယာက္ေယာက္ ဝင္ေရာက္လာတာေၾကာင့္ အံ့ဩသြားတဲ့ပုံစံကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဒီအခ်က္ကေတာ့ Peter ကို စစ္ေဆးဖို႔အတြက္ ရဲေတြေရာက္လာတာ ျဖစ္ႏိုင္သလို ဗီလိန္တစ္ေယာက္ေယာက္လည္း ျဖစ္ႏိုင္ပါတယ္။ ဒါ့အျပင္ သူတို႔ႏွစ္ေယာက္ကို အလြန္အံ့ဩသြားေအာင္လုပ္ႏိုင္ၿပီး ဘယ္သူမွ မေမွ်ာ္လင့္ထားတဲ့ သူတစ္ေယာက္ကေတာ့ Uncle Ben ပဲ ျဖစ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဒါကေတာ့ ခန႔္မွန္းခ်က္သက္သက္ပဲ ျဖစ္ပါတယ္။

(8) စစ္ေဆးခံေနရတဲ့ Ned နဲ႔ Aunt May
photo via screenrant

Peter ရဲ႕ အမႈနဲ႔ ပတ္သက္ၿပီး စစ္ေဆးတာဟာ Peter တစ္ေယာက္တည္းနဲ႔ ၿပီးဆုံးသြားမွာ မဟုတ္ဘဲ သူနဲ႔နီးစပ္သူေတြကိုလည္း ရဲေတြက စစ္ေဆးသြားမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ Ned နဲ႔ Aunt May တို႔ကို စစ္ေဆးေနတဲ့ ဇာတ္ဝင္ခန္းကို ျမင္ေတြ႕ရတာပါ။ သူတို႔ႏွစ္ေယာက္ကေတာ့ ေလာေလာဆယ္မွာ ဘာကိုမွ ဖုံးကြယ္ထားစရာ မရွိေတာ့ေပမယ့္လည္း Peter အေနနဲ႔ေတာ့ သူတန္ဖိုးထားရသူေတြကို အခုလိုအေျခအေနေတြနဲ႔ ႀကဳံေတြ႕ေစခ်င္မွာ မဟုတ္ပါဘူး။

(9) ႏွင္းေတြနဲ႔ ဖုံးလႊမ္းေနတဲ့ Sanctum
photo via screenrant

Peter ဟာ New York မွာရွိတဲ့ Doctor Strange ရဲ႕ Sanctum ဆီကို ေရာက္သြားတဲ့အခ်ိန္မွာေတာ့ အျပင္မွာသာယာေနေပမယ့္လည္း Sanctum ထဲမွာ ႏွင္းေတြ ဖုံးလႊမ္းေနတာကို ေတြ႕ခဲ့ရပါတယ္။ ဒါေၾကာင့္ပဲ Doctor Strange ဟာ ေမွာ္ပညာနဲ႔ ပတ္သက္တဲ့ အရာတစ္ခုခုကို စမ္းသပ္ထားၿပီး မွားယြင္းသြားတာေၾကာင့္ အခုလို ႏွင္းေတြဖုံးေနတာ ျဖစ္ႏိုင္ပါတယ္။

(10) For Fox Sake
photo via screenrant

ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ Doctor Strange ဟာ “For Fox Sake” လို႔ ေရးထားတဲ့ ေကာ္ဖီခြက္ကို ကိုင္ထားပါတယ္။ ဒီအခ်က္ဟာ သူနဲ႔ဘယ္လိုမွ ဆက္စပ္မႈမရွိေပမယ့္လည္း Easter Egg အေနနဲ႔ ထည့္သြင္းထားတာ ျဖစ္ႏိုင္ပါတယ္။ ယခင္က Fox ပိုင္ဆိုင္ခဲ့တဲ့ X-Men နဲ႔ Fantastic Four တို႔ဟာ အခုခ်ိန္မွာေတာ့ MCU ထဲကို ျပန္ေရာက္လာၿပီ ျဖစ္ၿပီး သူတို႔ရဲ႕ ဇာတ္လမ္းေတြကိုလည္း ဖန္တီးသြားဦးမွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ထဲမွာလည္း Multiverse ေတြ ပါဝင္လာမွာ ျဖစ္တာေၾကာင့္ အသစ္ထြက္ရွိလာမယ့္ Fantastic Four ႐ုပ္ရွင္ကို ဒီဇာတ္ကားထဲမွာ Setup လုပ္သြားႏိုင္ပါတယ္။

(11) Spider-Man ရဲ႕ အနက္ေရာင္ဝတ္စုံ
photo via screenrant

ဒီအခ်က္ကေတာ့ No Way Home Merch ရဲ႕ ေက်းဇူးေၾကာင့္ သိခဲ့ရတာ ၾကာၿပီ ျဖစ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီဝတ္စုံကို ပထမဆုံး ျမင္ေတြ႕ရတာကေတာ့ ဒီဇာတ္ဝင္ခန္းထဲမွာပဲ ျဖစ္ပါတယ္။ Peter ဟာ မ်က္ႏွာဖုံးမဝတ္ထားဘဲ Aunt May လုပ္အားေပးေနတဲ့ အိမ္ေျခရာမဲ့ ခိုလႈံရာေနရာမွာ ေျပးေနတာကို ေတြ႕ခဲ့ရပါတယ္။ ဘာအတြက္ေၾကာင့္ ဒီဝတ္စုံကို ေျပာင္းလဲဝတ္ဆင္ထားတာလည္း ဆိုတာကို မသိရေသးပါဘူး။

(12) Wong
photo via screenrant

ဒီေထြလာထဲမွာေတာ့ Multiverse ျဖစ္သြားေစမယ့္ Spell ဟာ အႏၲရာယ္မ်ားတာေၾကာင့္ မျပဳလုပ္ဖို႔ Wong က Doctor Strange ကို သတိေပးခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ တစ္ေနရာရာကို ထြက္ခြာသြားပါတယ္။ Shang-Chi and the Legend of Ten Rings ရဲ႕ ေထြလာထဲမွာေတာ့ Wong ဟာ Abomination နဲ႔ တိုက္ခိုက္ေနတာကို ျမင္ေတြ႕ခဲ့ရတာေၾကာင့္ သူဟာ အဲ့ဒီတိုက္ခိုက္ပြဲေနရာကို ထြက္သြားတယ္လို႔ ယူဆရပါတယ္။

(13) စကားနားေထာင္တဲ့ Doctor Strange
photo via screenrant

Doctor Strange ကေတာ့ Wong ရဲ႕ သတိေပးစကားကို ဂ႐ုမစိုက္ဘဲ Spell ကို ျပဳလုပ္ခဲ့ပါတယ္။ အဲ့ဒီ Spell ကို ျပဳလုပ္ေနတဲ့အခ်ိန္မွာပဲ Peter ဟာ Aunt May ၊ Ned နဲ႔ MJ တို႔ကို မေမ့သြားေစခ်င္ေၾကာင္း ဆက္တိုက္စကားေတြ ေျပာေနပါတယ္။ ဒီအခ်က္ေၾကာင့္ပဲ Doctor Strange ဟာ အာ႐ုံစူးစိုက္မႈ ပ်က္သြားၿပီး Multiverse ႀကီးကို ျဖစ္ေပၚလာေစတာ ျဖစ္ႏိုင္ပါတယ္။

(14) Mirror Dimension
photo via screenrant

ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ Mirror Dimension ထဲက New York ၿမိဳ႕မွာ Doctor Strange ဟာ Peter ကို လိုက္ဖမ္းေနတာ ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါေၾကာင့္ပဲ ေမးစရာရွိလာတာကေတာ့ ဘာေၾကာင့္ Doctor Strange က Peter ကို လိုက္ဖမ္းေနတာလည္း ဆိုတာပဲ ျဖစ္ပါတယ္။ Peter ဟာ စူးစမ္းခ်င္စိတ္နဲ႔၊ ဒါမွမဟုတ္ အေၾကာင္းတစ္ခုခုေၾကာင့္ Multiverse ထဲ ေလွ်ာက္သြားေနတာေၾကာင့္ Doctor Strange က လိုက္လံတားဆီးေနတာ ျဖစ္ႏိုင္ပါတယ္။ ဒါမွမဟုတ္ Peter ဟာ Evil Doctor Strange နဲ႔ ရင္ဆိုင္ေနရတာလည္း ျဖစ္ႏိုင္ပါေသးတယ္။

(15) Electro
photo via screenrant

Amazing Spider-Man 2 ထဲမွာ Electro အေနနဲ႔ ပါဝင္ခဲ့တဲ့ Jamie Foxx ဟာ No Way Home ထဲမွာလည္း Electro အေနနဲ႔ ျပန္လည္ပါဝင္လာမယ္လို႔ အတည္ျပဳထားပါတယ္။ ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ ရဲကားေတြကို မိုးႀကိဳးပစ္သလိုပုံစံမ်ိဴး ျမင္ေတြ႕ခဲ့ရၿပီး အဲ့ဒီလွ်ပ္စီးေတြဟာ Electro ျဖစ္ႏိုင္ပါတယ္။ Amazing Spider-Man ထဲမွာေတာ့ Electro ရဲ႕ လွ်ပ္စီးေတြဟာ အျပာေရာင္ ျဖစ္ေပမယ့္ ဒီ႐ုပ္ရွင္ထဲမွာေတာ့ အဝါေရာင္အျဖစ္ ေျပာင္းလဲထားတာ ျဖစ္ပါလိမ့္မယ္။

(16) ရထားေပၚက Doctor Strange
photo via screenrant

ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ Doctor Strange ဟာ ရထားေပၚကေန Peter ကို ဖမ္းဖို႔ ႀကိဳးစားေနပါတယ္။ အေပၚမွာ ေဖာ္ျပထားသလိုပဲ Peter ဟာ Evil Doctor Strange နဲ႔လည္း ရင္ဆိုင္ရႏိုင္ေခ် ရွိပါတယ္။ အကယ္၍သာ Doctor Strange ရဲ႕ ဗီလိန္ variant နဲ႔ ေတြ႕ဆုံရမယ္ဆိုရင္ေတာ့ Spidey ေလးဟာ တကယ္ အိမ္ျပန္လမ္းမရွိ “No Way Home” ျဖစ္သြားႏိုင္ပါတယ္။

ေနာက္ထပ္ ဇာတ္ဝင္ခန္းတစ္ခုမွာေတာ့ Doctor Strange ဟာ Peter ရဲ႕ ဝိဉာဥ္ကို သူ႔ရဲ႕ခႏၶာကိုယ္ထဲကေန တြန္းထုတ္လိုက္ပါတယ္။ အဲ့ဒီဇာတ္ဝင္ခန္းမွာေတာ့ Peter ရဲ႕ လက္ထဲမွာ ေသတၱာတစ္ခုကို ကိုင္ထားၿပီး အဲ့ဒီပစၥည္းက ဘာလည္းဆိုတာကိုေတာ့ မသိရေသးပါဘူး။

(17) Happy
photo via screenrant

ဒီေထြလာထဲမွာေတာ့ Happy ဟာ ဇာတ္ဝင္ခန္းတစ္ခုမွာပဲ ပါဝင္ခဲ့ပါတယ္။ အဲ့ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ Happy ဟာ ကားထဲမွာ ထိုင္ေနၿပီး သူ႔ကိုရဲေတြက ဝိုင္းထားတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါဟာ Peter ရဲ႕ အမႈအတြက္ စစ္ေဆးဖို႔ Happy ကို လာေခၚတာ ျဖစ္ႏိုင္သလို Happy ကိုယ္တိုင္က Peter ကို ကူညီဖို႔ႀကိဳးစားရင္း အခုလိုအေျခအေနေရာက္လာတာလည္း ျဖစ္ႏိုင္ပါတယ္။

(18) Lizard
photo via screenrant

ဒီဇာတ္ဝင္ခန္းကေတာ့ အခ်ိန္ခဏေလးပဲ ပါဝင္တာ ျဖစ္တာေၾကာင့္ ႐ုတ္တရက္ဆိုရင္ သတိထားမိၾကမွာ မဟုတ္ပါဘူး။ ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ Peter ရဲ႕ ေနာက္ကေန တစ္ခုခုက ခုန္အုပ္လာတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ေထြလာထဲမွာ ျမင္ေတြ႕ခဲ့ရတဲ့ ပုံရိပ္က ျပတ္ျပတ္သားသား မဟုတ္ေပမယ့္လည္း ပရိသတ္အမ်ားစုကေတာ့ Lizard လို႔ပဲ ခန႔္မွန္းေနၾကပါတယ္။

(19) Electro vs Sandman?
photo via screenrant

ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ Peter ကို လွ်ပ္စီးေတြ ထိေတာ့မယ့္အခ်ိန္မွာ သဲေတြက ၾကားထဲကေန ဝင္ေရာက္ ကာကြယ္ေပးလိုက္တာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါေၾကာင့္ပဲ ျဖစ္ႏိုင္တာကေတာ့ Sandman ကိုလည္း ျမင္ေတြ႕ရဦးမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Tobey ရဲ႕ Spider-Man 3 အဆုံးသတ္မွာလည္း Sandman ဟာ အျမင္မွန္ရသြားၿပီ ျဖစ္တာေၾကာင့္ အခုခ်ိန္မွာေတာ့ Electro ကို တိုက္ခိုက္ဖို႔အတြက္ Tom Holland ရဲ႕ Spider-Man ကို ကူညီေပးသြားမွာလား ဆိုတာကေတာ့ စိတ္ဝင္စားစရာပဲ ျဖစ္ပါတယ္။

(20) Green Goblin
photo via screenrant

ဒီေထြလာထဲမွာ Green Goblin ရဲ႕ ပုံစံကို မျမင္ခဲ့ရေပမယ့္လည္း ဒီ႐ုပ္ရွင္ထဲမွာ Green Goblin ပါဝင္လာမယ္ဆိုတဲ့ အခ်က္ကိုေတာ့ အတည္ျပဳႏိုင္သြားပါၿပီ။ ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ ရယ္သံႀကီးနဲ႔အတူ Green Goblin ရဲ႕ ဗုံးကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါေပမယ့္လည္း Green Goblin ေနရာမွာေတာ့ ယခင္ကသ႐ုပ္ေဆာင္ခဲ့တဲ့ Willem Dafoe က ျပန္လည္ပါဝင္လာမွာလားဆိုတာ မေသခ်ာေသးပါဘူး။

(21) Doctor Octopus အျဖစ္ ျပန္လည္ျမင္ေတြ႕ရမယ့္ Alfred Molina
photo via screenrant

ဒီေထြလာထဲမွာေတာ့ Tobey Maguire ၊ Andrew Garfield ၊ Willem Dafoe နဲ႔ Jamie Foxx တို႔ကို မျမင္ေတြ႕ခဲ့ရေပမယ့္လည္း ေထြလာရဲ႕ အဆုံးသတ္မွာေတာ့ Alfred Molina ကို Doctor Octopus အေနနဲ႔ ျပန္လည္ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါ့အျပင္ “Hello Peter” ဆိုၿပီး ေျပာလိုက္တာေၾကာင့္ သူဟာ Spider-Man မ်က္ႏွာဖုံးေအာက္က လူကို ေသခ်ာသိကြၽမ္းေနပုံ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ Doctor Octopus က စကားလွမ္းေျပာလိုက္တဲ့ Spider-Man ဟာ Tobey Maguire လည္း ျဖစ္ေနႏိုင္ပါတယ္။

ဒါကေတာ့ Spider-Man: No Way Home ေထြလာထဲက အေသးစိတ္အခ်က္ေတြနဲ႔ easter-egg ေတြပဲ ျဖစ္ပါတယ္။ ဒီလိုေဆာင္းပါးေတြ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & Follow လုပ္ထားေပးပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular