HomeCelebs Update NewsInternationalဆယ်နှစ်ပြည့်အခမ်းအနား ကျင်းပဖို့ စီစဉ်နေကြတဲ့ One Direction အဖွဲ့

ဆယ်နှစ်ပြည့်အခမ်းအနား ကျင်းပဖို့ စီစဉ်နေကြတဲ့ One Direction အဖွဲ့

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

One Direction အဖွဲ့ဟာ ဂီတအဖွဲ့တစ်ဖွဲ့အနေနဲ့ ဖွဲ့စည်းခဲ့တ‌ာ ဆယ်နှစ်ပြည့်မြောက်တော့မှာဖြစ်လို့ လာမယ့်ဇူလိုင်လမှာ ဆယ်နှစ်ပြည့်အထိမ်းအမှတ် ပြုလုပ်မယ်လို့ Hollywood Life သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အဆိုပါ ဆယ်နှစ်ပြည့်အထိမ်းအမှတ်မှာ ပရိသတ်တွေအတွက် အံ့အားသင့်စရာတွေကိုလည်း ပြုလုပ်ပေးဖို့ ရှိတယ်လို့ ဆိုထားပါတယ်။ မူလကတော့ အဖွဲ့သားအားလုံး စုံညီစွာနဲ့ တက်ရောက်ပြီး ပွဲပြုလုပ်ဖို့ စီစဉ်ထားပေမယ့် Zayn Malik တက်ရောက်ဖို့ရန်မှာ သိပ်မသေချာတဲ့အတွက် ကျန်အဖွဲ့သားတွေကပဲ အဓိက စီစဉ်ပြီး ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Photo: onedirection/ Instagram

အဖွဲ့သားတွေဖြစ်တဲ့ Liam Payne (၂၆)နှစ်၊ Louis Tomlinson (၂၈)နှစ်၊ Harry Styles (၂၆)နှစ်နဲ့ Naill Horan (၂၆)နှစ်တို့ဟာ ပရိသတ်တွေကို surprise လုပ်ဖို့ သီချင်းတွေ စုလုပ်နေကြတာ အပြီးသတ်ကာနီးပြီလို့ သိရပါတယ်။ ဒါ့အပြင် Late Late Show with James Corden ရှိုးမှာလည်း ဧည့်သည်အနေနဲ့ လာရောက်ပြီး ပရိသတ်တွေကို ဖျော်ဖြေဖို့ အစီအစဉ်ရှိသေးတယ်လို့ ဆိုထားပါတယ်။

“Zayn ကလွဲပြီး ကျန်အဖွဲ့သားတွေအားလုံးကတော့ ဒီနှစ်ပတ်လည်မှာ ပရိသတ်တွေအတွက် တစ်ခုခုလုပ်ပေးဖို့ စိတ်အားထက်သန်နေကြပါတယ်။ Zayn ကတော့ အခုအချိန်မှာ သီချင်းလုပ်ဖို့လည်း အဆင်မပြေဘူးလို့ ကြားထားပါတယ်။ ပြီးတော့ သူ့အနေနဲ့ တစ်ခြား အင်တာဗျူးလုပ်တာတို့၊ ဖျော်ဖြေတာတို့ လုပ်ပေးဖို့ကိုလည်း အခုအချိန်မှာ နည်းနည်း အခက်အခဲရှိနေပါတယ်။ ကျန်တဲ့လူတွေ အကုန်လုံးကတော့ တအားကို စိတ်လှုပ်ရှားနေကြတာပါ။ အခု အဖွဲ့က စီစဉ်နေတဲ့ ကိစ္စတွေထဲမှာ Zayn ကလည်း မပါလာနိုင်တဲ့အတွက် သူ မပါဖြစ်ရင်လည်း ကျန်အဖွဲ့သားတွေကပဲ ဆက်လုပ်ဖို့ တွေးထားကြပါတယ် …” လို့ One Direction နဲ့ နီးစပ်တဲ့ အတွင်းသတင်းတစ်ခုက Hollywood Life သတင်းဌာနကို ပြောကြားထားပါတယ်။

Photo: onedirection/ Instagram

Zayn ဟာ One Direction အဖွဲ့ကနေ ၂၀၁၅ခုနှစ်က ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့် ယခုကျင်းပမယ့် အဖွဲ့ရဲ့ ဆယ်နှစ်ပြည့်အခမ်းအနားမှာ ပါဝင်ဖို့ ခက်ခဲနေရတဲ့ အကြောင်းရင်းတစ်ခုကတော့ Gigi Hadid နဲ့ ပထမဆုံး သားဦးကလေးကို ကိုယ်ဝန်ရထားလို့ ဖြစ်နိုင်ပါတယ်။ မကြာခင်အချိန်မှာ ကလေးမွေးဖွားဖို့ နီးကပ်လာမှာ ဖြစ်တာကြောင့် ဒီဘက်က အဖွဲ့ရဲ့ အချိန်ဇယားတွေနဲ့ မကိုက်ညီတော့တာကြောင့် မပါဝင်ဖြစ်တာ ဖြစ်ပါတယ်။

ကျန်အဖွဲ့သားတွေကလည်း ဒါကို နားလည်ပေးထားကြပြီးတော့ Zayn အနေနဲ့ အဆင်မပြေရင် ဇွတ်အတင်း ဖိအားမပေးလိုဘဲ ကျန်တဲ့လူတွေနဲ့ အဆင်ပြေအောင် လုပ်သွားကြဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဆယ်နှစ်ပြည့် အခမ်းအနားအတွက် ဖျော်ဖြေရေးကဏ္ဍအများစုကိုတော့ James Corden ရဲ့ ရှိုးမှာ ပြုလုပ်သွားဖို့ ရှိနေပါတယ်။

Photo: onedirection/ Instagram

ဆယ်နှစ်ပြည့်အခမ်းအနားဟာ အဖွဲ့သားတွေ စုံစည်းပြီး ပရိသတ်တွေကို ဖျော်ဖြေရုံတင် မဟုတ်ဘဲ အဖွဲ့အနေနဲ့ သီချင်းအသစ်တွေကိုပါ လုပ်ဖို့ အစီအစဉ်ရှိနေပုံ ရပါတယ်။

“greatest hits album လုပ်ဖို့ကိုလည်း သူတို့ ဆန္ဒရှိနေကြပါတယ်။ အဲ့ဒီ့ထဲမှာ သူတို့အဖွဲ့ရဲ့ အရမ်းပေါက်ခဲ့တဲ့ သီချင်းတွေရယ်၊ သီချင်းအသစ်တွေရယ်၊ ပြီးတော့ အရင်တည်းက လုပ်ထားခဲ့ပြီး မထွက်ရသေးတဲ့ သီချင်းအဟောင်းတွေရယ် ပါလာဖို့ များပါတယ်။ လောလောဆယ်မှာ ဘယ်ဟာတွေကို အတိအကျ ထည့်မယ်၊ မထည့်ဘူးက မသေချာသေးတာမို့ အစအဆုံး ပြန်ရေး၊ ပြန်ဆိုတာတွေလည်း ဖြစ်နိုင်ပါတယ်။ အစတုန်းက ဒါကို လွယ်လွယ်ကူကူ ပြီးသွားဖို့ မျှော်လင့်ခဲ့ကြပေမယ့် ထင်သလောက် မလွယ်ခဲ့ဘူး…” လို့ နီးစပ်တဲ့ အတွင်းသတင်းက ပြောပြထားပါတယ်။

Photo: onedirection/ Instagram

One Direction အဖွဲ့ဟာ ၂၀၁၀ခုနှစ်ရဲ့ X Factor အဆိုပြိုင်ပွဲမှာ အဖွဲ့အဖြစ် စုစည်းတည်ထောင်ခဲ့ကြတာဖြစ်ပြီး ငါးနှစ်ခွဲအကြာ ၂၀၁၆ခုနှစ် ဇန်နဝါရီလမှာ တရားဝင် အနားယူသွားခဲ့တာ ဖြစ်ပါတယ်။

LaNina

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

One Direction အဖြဲ႕ဟာ ဂီတအဖြဲ႕တစ္ဖြဲ႕အေနနဲ႔ ဖြဲ႕စည္းခဲ့တ‌ာ ဆယ္ႏွစ္ျပည့္ေျမာက္ေတာ့မွာျဖစ္လို႔ လာမယ့္ဇူလိုင္လမွာ ဆယ္ႏွစ္ျပည့္အထိမ္းအမွတ္ ျပဳလုပ္မယ္လို႔ Hollywood Life သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

အဆိုပါ ဆယ္ႏွစ္ျပည့္အထိမ္းအမွတ္မွာ ပရိသတ္ေတြအတြက္ အံ့အားသင့္စရာေတြကိုလည္း ျပဳလုပ္ေပးဖို႔ ရွိတယ္လို႔ ဆိုထားပါတယ္။ မူလကေတာ့ အဖြဲ႕သားအားလုံး စုံညီစြာနဲ႔ တက္ေရာက္ၿပီး ပြဲျပဳလုပ္ဖို႔ စီစဥ္ထားေပမယ့္ Zayn Malik တက္ေရာက္ဖို႔ရန္မွာ သိပ္မေသခ်ာတဲ့အတြက္ က်န္အဖြဲ႕သားေတြကပဲ အဓိက စီစဥ္ၿပီး ျပဳလုပ္သြားမယ္လို႔ သိရပါတယ္။

Photo: onedirection/ Instagram

အဖြဲ႕သားေတြျဖစ္တဲ့ Liam Payne (၂၆)ႏွစ္၊ Louis Tomlinson (၂၈)ႏွစ္၊ Harry Styles (၂၆)ႏွစ္နဲ႔ Naill Horan (၂၆)ႏွစ္တို႔ဟာ ပရိသတ္ေတြကို surprise လုပ္ဖို႔ သီခ်င္းေတြ စုလုပ္ေနၾကတာ အၿပီးသတ္ကာနီးၿပီလို႔ သိရပါတယ္။ ဒါ့အျပင္ Late Late Show with James Corden ရႈိးမွာလည္း ဧည့္သည္အေနနဲ႔ လာေရာက္ၿပီး ပရိသတ္ေတြကို ေဖ်ာ္ေျဖဖို႔ အစီအစဥ္ရွိေသးတယ္လို႔ ဆိုထားပါတယ္။

“Zayn ကလြဲၿပီး က်န္အဖြဲ႕သားေတြအားလုံးကေတာ့ ဒီႏွစ္ပတ္လည္မွာ ပရိသတ္ေတြအတြက္ တစ္ခုခုလုပ္ေပးဖို႔ စိတ္အားထက္သန္ေနၾကပါတယ္။ Zayn ကေတာ့ အခုအခ်ိန္မွာ သီခ်င္းလုပ္ဖို႔လည္း အဆင္မေျပဘူးလို႔ ၾကားထားပါတယ္။ ၿပီးေတာ့ သူ႔အေနနဲ႔ တစ္ျခား အင္တာဗ်ဴးလုပ္တာတို႔၊ ေဖ်ာ္ေျဖတာတို႔ လုပ္ေပးဖို႔ကိုလည္း အခုအခ်ိန္မွာ နည္းနည္း အခက္အခဲရွိေနပါတယ္။ က်န္တဲ့လူေတြ အကုန္လုံးကေတာ့ တအားကို စိတ္လႈပ္ရွားေနၾကတာပါ။ အခု အဖြဲ႕က စီစဥ္ေနတဲ့ ကိစၥေတြထဲမွာ Zayn ကလည္း မပါလာႏိုင္တဲ့အတြက္ သူ မပါျဖစ္ရင္လည္း က်န္အဖြဲ႕သားေတြကပဲ ဆက္လုပ္ဖို႔ ေတြးထားၾကပါတယ္ …” လို႔ One Direction နဲ႔ နီးစပ္တဲ့ အတြင္းသတင္းတစ္ခုက Hollywood Life သတင္းဌာနကို ေျပာၾကားထားပါတယ္။

Photo: onedirection/ Instagram

Zayn ဟာ One Direction အဖြဲ႕ကေန ၂၀၁၅ခုႏွစ္က ထြက္ခြာသြားခဲ့တာ ျဖစ္ပါတယ္။ သို႔ေပမယ့္ ယခုက်င္းပမယ့္ အဖြဲ႕ရဲ႕ ဆယ္ႏွစ္ျပည့္အခမ္းအနားမွာ ပါဝင္ဖို႔ ခက္ခဲေနရတဲ့ အေၾကာင္းရင္းတစ္ခုကေတာ့ Gigi Hadid နဲ႔ ပထမဆုံး သားဦးကေလးကို ကိုယ္ဝန္ရထားလို႔ ျဖစ္ႏိုင္ပါတယ္။ မၾကာခင္အခ်ိန္မွာ ကေလးေမြးဖြားဖို႔ နီးကပ္လာမွာ ျဖစ္တာေၾကာင့္ ဒီဘက္က အဖြဲ႕ရဲ႕ အခ်ိန္ဇယားေတြနဲ႔ မကိုက္ညီေတာ့တာေၾကာင့္ မပါဝင္ျဖစ္တာ ျဖစ္ပါတယ္။

က်န္အဖြဲ႕သားေတြကလည္း ဒါကို နားလည္ေပးထားၾကၿပီးေတာ့ Zayn အေနနဲ႔ အဆင္မေျပရင္ ဇြတ္အတင္း ဖိအားမေပးလိုဘဲ က်န္တဲ့လူေတြနဲ႔ အဆင္ေျပေအာင္ လုပ္သြားၾကဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

Photo: onedirection/ Instagram

ဆယ္ႏွစ္ျပည့္ အခမ္းအနားအတြက္ ေဖ်ာ္ေျဖေရးက႑အမ်ားစုကိုေတာ့ James Corden ရဲ႕ ရႈိးမွာ ျပဳလုပ္သြားဖို႔ ရွိေနပါတယ္။ဆယ္ႏွစ္ျပည့္အခမ္းအနားဟာ အဖြဲ႕သားေတြ စုံစည္းၿပီး ပရိသတ္ေတြကို ေဖ်ာ္ေျဖ႐ုံတင္ မဟုတ္ဘဲ အဖြဲ႕အေနနဲ႔ သီခ်င္းအသစ္ေတြကိုပါ လုပ္ဖို႔ အစီအစဥ္ရွိေနပုံ ရပါတယ္။

“greatest hits album လုပ္ဖို႔ကိုလည္း သူတို႔ ဆႏၵရွိေနၾကပါတယ္။ အဲ့ဒီ့ထဲမွာ သူတို႔အဖြဲ႕ရဲ႕ အရမ္းေပါက္ခဲ့တဲ့ သီခ်င္းေတြရယ္၊ သီခ်င္းအသစ္ေတြရယ္၊ ၿပီးေတာ့ အရင္တည္းက လုပ္ထားခဲ့ၿပီး မထြက္ရေသးတဲ့ သီခ်င္းအေဟာင္းေတြရယ္ ပါလာဖို႔ မ်ားပါတယ္။ ေလာေလာဆယ္မွာ ဘယ္ဟာေတြကို အတိအက် ထည့္မယ္၊ မထည့္ဘူးက မေသခ်ာေသးတာမို႔ အစအဆုံး ျပန္ေရး၊ ျပန္ဆိုတာေတြလည္း ျဖစ္ႏိုင္ပါတယ္။ အစတုန္းက ဒါကို လြယ္လြယ္ကူကူ ၿပီးသြားဖို႔ ေမွ်ာ္လင့္ခဲ့ၾကေပမယ့္ ထင္သေလာက္ မလြယ္ခဲ့ဘူး…” လို႔ နီးစပ္တဲ့ အတြင္းသတင္းက ေျပာျပထားပါတယ္။

Photo: onedirection/ Instagram

One Direction အဖြဲ႕ဟာ ၂၀၁၀ခုႏွစ္ရဲ႕ X Factor အဆိုၿပိဳင္ပြဲမွာ အဖြဲ႕အျဖစ္ စုစည္းတည္ေထာင္ခဲ့ၾကတာျဖစ္ၿပီး ငါးႏွစ္ခြဲအၾကာ ၂၀၁၆ခုႏွစ္ ဇန္နဝါရီလမွာ တရားဝင္ အနားယူသြားခဲ့တာ ျဖစ္ပါတယ္။

LaNina

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular