HomeAnimeOne Piece ဇာတ်လမ်းတွဲ နောက်ကွယ်က စိတ်ဝင်စားဖွယ်ရာ အကြောင်းများ

One Piece ဇာတ်လမ်းတွဲ နောက်ကွယ်က စိတ်ဝင်စားဖွယ်ရာ အကြောင်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

One Piece ဟာ anime လောကမှာ အရေးပါတဲ့စီးရီးတစ်ခုအနေနဲ့ ရပ်တည်လာခဲ့တာ ကြာပါပြီ။ စာရေးသူ Eiichiro Oda ဖန်တီးခဲ့တဲ့ One Piece ဟာ ၁၉၉၇ခုနှစ်က စတင်ထွက်ရှိခဲ့တာဖြစ်ပြီး manga အနေနဲ့ရော၊ anime စီးရီးအနေနဲ့ပါ ကမ္ဘာနဲ့အဝှမ်း ပရိသတ်အခိုင်အမာ ရရှိထားပါတယ်။

နှစ်(၂၀)ကျော် အောင်မြင်လာခဲ့တဲ့ One Piece ရဲ့ ခရီးလမ်းတစ်လျှောက်မှာ ပရိသတ်တွေ သိပ်မသိကြသေးတဲ့ တစ်ချို့အချက်လေးတွေလည်း ရှိနေပါတယ်။ ကောက်ရိုးဦးထုပ် ဝိုင်းတော်သားတွေ စိတ်ဝင်စားမယ့်အချက်လေးတွေကို ဖော်ပြပေးမှာမို့ တစ်ချို့နေရာလေးတွေမှာ spoiler အကြီးကြီးတွေ ပါဝင်နိုင်ပါတယ်။ ဒါကြောင့် ဇာတ်လမ်းကို မကြည့်ရသေးသူတွေဆိုရင်တော့ မဖတ်သင့်ပါဘူးလို့ ကြိုတင်သတိပေးလိုက်ပါတယ်။

One Piece ရဲ့ manga ဟာ ဂင်းနစ်စံချိန်တင်ထားပါတယ်။
photo via screenrant

epic ဖြစ်တဲ့တိုက်ပွဲတွေ၊ character development ကြွယ်ဝမှုတွေနဲ့ အခြေတည်ထားတဲ့ နေရာအပြောင်းအလဲ၊ အထူးအဆန်းတွေကြောင့် Oda ဖန်တီးရေးဆွဲခဲ့တဲ့ One Piece manga စာအုပ်တွေဟာ တစ်ကမ္ဘာလုံးက ပရိသတ်တွေကို စွဲလမ်းစေခဲ့ပါတယ်။ ဒါကြောင့်လည်း One Piece manga ဟာ အရောင်းရဆုံး manga အဖြစ် စံချိန်တင်ထားတာ ဖြစ်ပါတယ်။

စာရေးသူတစ်ဦးတည်းက ဖန်တီးခဲ့တဲ့ အရောင်းရဆုံး ကောမစ်စာအုပ်စီးရီးအဖြစ် ၂၀၁၄ခုနှစ်မှာ ဂင်းနစ်စံချိန် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ manga စထွက်တဲ့ ၁၉၉၇ခုနှစ် ဒီဇင်ဘာလကနေ ဂင်းနစ်စံချိန်ဝင်တဲ့ ၂၀၁၄ခုနှစ် ဒီဇင်ဘာလအထိ အုပ်ရေ သန်း(၃၂၀)ကျော် ရောင်းချထားရပါတယ်။ ယနေ့အထိ လက်ရှိရောင်းချထားရတဲ့ အုပ်ရေကတော့ သန်း(၄၇၀)ကျော်သွားပြီလို့ သိရပါတယ်။

စီစဉ်ထားတဲ့အတိုင်းဆိုရင် (၅)နှစ်တည်းနဲ့ ဇာတ်သိမ်းမှာပါ။
photo via screenrant

One Piece ဟာ ဖန်တီးရေးဆွဲသူ Oda ရဲ့ အချိန်၊လုပ်အားအများစုကို ရင်းနှီးမြှုပ်နှံခဲ့ရတဲ့ သူ့ဘဝရဲ့ အရေးကြီးဆုံး အလုပ်တစ်ခု ဖြစ်ပါတယ်။ “ကျွန်တော်က မနက်(၅)နာရီဆိုရင် အိပ်ရာထပြီး ည(၂)နာရီအထိ တောက်လျှောက် အလုပ်လုပ်ပါတယ်။ အခုလိုမျိုး တစ်နေ့ကို (၃)နာရီပဲ အိပ်ရတာဟာ ကျွန်တော့်အတွက်တော့ ပုံမှန်ပါပဲ” လို့ အင်တာဗျူးတစ်ခုမှာ Oda က ပြောခဲ့ဖူးပါတယ်။ ဒါ့အပြင် သူဟာ အားလပ်ရက်ယူတာတို့၊ ခရီးသွားတာတို့လည်း လုံးဝကို မလုပ်ခဲ့ပါဘူး။

One Piece ကို Oda စတင်ရေးဆွဲတဲ့ အချိန်တုန်းက စီစဉ်ထားတဲ့အတိုင်းသာဆိုရင် ငါးနှစ်နဲ့ ဇာတ်သိမ်းမှာ ဖြစ်ပါတယ်။ One Piece ဟာ ၂၀၀၂ခုနှစ်မှာ ဇာတ်သိမ်းမှာပါလို့ တစ်ချိန်က ကြေငြာချက်တစ်ခုမှာ ပြောခဲ့ဖူးပြီး ဘယ်လိုဇာတ်သိမ်းမယ်ဆိုတာကိုပါ Oda က စဉ်းစားပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့လည်း character development တွေ၊ စွန့်စားခန်းတွေနဲ့ တိုက်ပွဲတွေအကြောင်း ပိုပိုပြီး ထည့်သွင်းလာမိတဲ့အတွက် သူ့ဘဝရဲ့ အချိန်အများစုကို ပေးဆပ်ထားရတဲ့အထိ ကြာမြင့်လာခဲ့တာ ဖြစ်ပါတယ်။

တစ်ခြားအလုပ်မလုပ်ချင်လို့ manga artist ဖြစ်လာတဲ့ Oda
photo via screenrant

Manga လောကမှာရော၊ anime လောကမှာပါ အောင်မြင်တဲ့ Oda တစ်ယောက် Manga artist ဖြစ်လာတဲ့ အကြောင်းအရင်းကို သိလိုက်ရရင် အတော်လေး အံ့ဩပြီး အားကျအတုယူသွားမိပါလိမ့်မယ်။ Oda ဟာ အသက်လေးနှစ်အရွယ်တည်းက manga artist တစ်ယောက် ဖြစ်လာဖို့ အိပ်မက်မက်ခဲ့တာဖြစ်ပြီး သူ့ရဲ့အရည်အချင်းတွေ တိုးတက်လာအောင်လည်း တကယ် ကြိုးစားခဲ့ပါတယ်။ သူ့ဘဝမှာ တစ်ခြားအလုပ်တေွကိုလည်း လုံးဝ မလုပ်ချင်ခဲ့တာကြောင့် ဒီလမ်းကြောင်းတစ်ခုတည်းကိုပဲ သည်းကြီးမည်းကြီး ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

Oda ဟာ One Piece ကိုရေးဆွဲဖို့ Dragon Ball manga ဆီက စိတ်ကူးရခဲ့တာ ဖြစ်ပါတယ်။
photo via screenrant

Oda ဟာ ငယ်ငယ်တည်းက ကာတွန်းတွေ၊ manga တွေဆီက စိတ်ကူးအကြံဉာဏ်တွေ ရရှိခဲ့သူ ဖြစ်ပါတယ်။ သူအကြိုက်ဆုံး တီဗွီရှိုးတွေထဲမှာ Vicky the Viking လို့ခေါ်တဲ့ ၁၉၇၀ ဝန်းကျင်က anime စီးရီးတစ်ခုလည်း ပါဝင်ပါတယ်။ အဲ့ဒီ့တုန်းတည်းက ပင်လယ်ဓားပြဇာတ်လမ်းကို စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။

Manga နဲ့ ပတ်သက်လာရင်တော့ Akira Toriyama ကို အသည်းစွဲ နှစ်သက်တဲ့ အမာခံပရိသတ် ဖြစ်ပါတယ်။ Akira Toriyama ရဲ့ လက်ရာတွေထဲက Dr. Slump နဲ့ Dragon Ball ကို အကြီးအကျယ် အားပေးသူလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း Dragon Ball ရဲ့ ကာရိုက်တာ Goku ကို ကြည့်ပြီး One Piece ကို ရေးဆွဲဖို့ စိတ်ကူးတွေ ရလာခဲ့တာ ဖြစ်ပါတယ်။

Oda ဟာ One Piece ကို ရေးဆွဲပြီးတဲ့ နောက်ပိုင်းမှာတော့ သူ လေးစားအားကျရတဲ့ Toriyama နဲ့ သူငယ်ချင်းတွေ ဖြစ်သွားကြပါတယ်။ ဒါကြောင့်လည်း နှစ်ယောက်အတူတူ manga ရေးဆွဲခဲ့ပါသေးတယ်။ အဲ့ဒီ manga ဟာ Cross Epoch ဖြစ်ပြီးတော့ One Piece ထဲက ဇာတ်ကောင်တွေနဲ့ Dragon Ball ထဲက ဇာတ်ကောင်တွေကို crossover လုပ်ပြီး ရေးဆွဲထားတာ ဖြစ်ပါတယ်။

ဇာတ်ကောင် အပြောင်းအလဲများ
photo via screenrant

Manga အများစုရဲ့ ဇာတ်ကောင်တွေဟာ စတင်ဖန်တီးတဲ့ အချိန်တုန်းက ပုစံနဲ့ တကယ်ထွက်လာတဲ့ ပုံစံဟာ အနည်းငယ် ကွဲလွဲလေ့ ရှိပါတယ်။ အလားတူပဲ One Piece မှာလည်း အပြောင်းအလဲတွေ ဖြစ်ခဲ့တဲ့ ဇာတ်ကောင်တွေ ရှိပါတယ်။ ဥပမာ – Chopper ဟာ ပထမ ဖန်တီးတုန်းက တကယ့်သမင်ပုံစံနဲ့ ပိုတူပြီးတော့ ဓားတစ်ချောင်းကိုလည်း ကိုင်ထားပါသေးတယ်။

ဒါပေမဲ့ အဲ့လိုမျိုးဆွဲလိုက်ရင် တစ်ခြားဇာတ်ကောင်တွေရဲ့ ကြားထဲမှာ ပျောက်ကွယ်နေမှာ ဆိုးတာကြောင့် အခုလိုမျိုး ပိုသေးပြီး ပိုချစ်ဖို့ကောင်းတဲ့ပုံစံ ဖြစ်အောင် ဖန်တီးလိုက်တာပါလို့ Oda က အင်တာဗျူးတစ်ခုမှာ ပြောခဲ့ဖူးပါတယ်။ ဒါ့အပြင် Nami ဟာ ပုဆိန်အကြီးကြီးကို ကိုင်ထားပြီးတော့ Roronoa Zoro ကိုတော့ Buggy ရဲ့ ကိုယ်ရံတော်တစ်ယောက်နေရာက ထည့်သွင်းဖို့အတွက် ရေးဆွဲထားတာပါ။

သမိုင်းမှာ တကယ်ရှိခဲ့တဲ့ ပင်လယ်ဓားပြတွေကို အခြေခံထားခြင်း။
photo via screenrant

One Piece ထဲက ဇာတ်ကောင်အများစုဟာ အပြင်မှာ လူတွေသိထားကြတဲ့ ပင်လယ်ဓားပြတွေရဲ့ အမူအကျင့်တွေကို ထည့်သွင်းရေးဆွဲထားရုံသာမက တစ်ချို့ကာရိုက်တာတွေဆိုရင် သမိုင်းမှာ တကယ်ရှိခဲ့တဲ့ ပင်လယ်ဓားပြကြီးတွေကို မှီငြမ်းပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။

One Piece ဇာတ်လမ်းရဲ့အစမှာ အားလုံးအားကျရတဲ့ ပင်လယ်ဓားပြဘုရင်ကြီး Gol. D. Rogers ကို ကွပ်မျက်တဲ့ အခန်းကနေ စပြီးပြတာကို သိကြမှာပါ။ အဲ့ဒီ Gol. D. Rogers ဟာ အပြင်မှာတကယ်ရှိခဲ့တဲ့ ပြင်သစ်လူမျိုး ပင်လယ်ဓားပြ Olivier Levasseur ကိုအခြေခံပြီး ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် Gol. D. Rogers ဟာ သူ ကွပ်မျက်ခံရတော့မယ့်အချိန်မှာ သူ့ရဲ့ရတနာတွေကို ယူနိုင်တဲ့သူတွေ ယူကြ ဆိုပြီး ပြောတဲ့အခန်းကလည်း Olivier Levasseur လုပ်ခဲ့တာနဲ့ တူတူပါပဲ။ Marshall D. Teach (မုတ်ဆိတ်မည်းကြီး) နဲ့ Edward Newgate (မုတ်ဆိတ်ဖြူကြီး) နှစ်ယောက်ဟာလည်း Edward Teach လို့ခေါ်တဲ့ ပင်လယ်ဓားပြကြီးကို အခြေခံ ရေးဆွဲထားပြီးတော့ တစ်ခြားအပြင်မှာ ရှိခဲ့တဲ့လူတွေကို အခြေခံထားတဲ့ ဇာတ်ကောင်တွေလည်း ရှိပါသေးတယ်။

အပြင်မှာ တကယ်ရှိတဲ့ အမှတ်တရအုတ်ဂူ
photo via screenrant

One Piece ဟာ ပျော်ရွှင်ရယ်မောရတဲ့ ခံစားချက်တွေကို ပေးစွမ်းသလို ဇာတ်ကောင်တွေ သေဆုံးမှုကြောင့် ဝမ်းနည်း၊ စိတ်မကောင်းဖြစ်ရတဲ့ ခံစားချက်တွေကိုလည်း ဖြစ်စေပါတယ်။ အဲ့ဒီအထဲက အကုန်လုံး ဝမ်းနည်းကြရတဲ့ သေဆုံးမှုနှစ်ခုကတော့ မုတ်ဆိတ်ဖြူကြီးနဲ့ မီးလက်သီး Ace တို့ရဲ့ သေဆုံးမှုပဲ ဖြစ်ပါတယ်။

သူတို့ သေဆုံးပြီးတဲ့နောက်မှာ သူတို့ရဲ့လက်နက်တွေနဲ့ ပိုင်ဆိုင်မှုတွေကို အုတ်ဂူပေါ်မှာ တင်ပြီးတော့ သင်္ဂြိုလ်ပေးခဲ့ကြပါတယ်။ ၂၀၁၃ခုနှစ်မှာတော့ သူတို့ရဲ့ အမှတ်တရအုတ်ဂူကို ပရိသတ်တွေ လာလည်နိုင်ဖို့အတွက် ဂျပန်အခြေစိုက် Universal Studio က တကယ့် အထိမ်းအမှတ်နေရာတစ်ခုအဖြစ် ဖန်တီးပေးခဲ့ပါတယ်။ အဲ့ဒီ့အုတ်ဂူတွေဟာ anime ထဲကအတိုင်း ချွတ်စွပ်တူပြီးတော့ သူတို့ဇာတ်ကောင်နှစ်ယောက်ရဲ့ ပြောခဲ့တဲ့ နာမည်ကြီး ဒိုင်ယာလော့ခ်တွေကိုလည်း အဲ့ဒီ့မှာ နားထောင်လို့ ရပါသေးတယ်။

ဒါကတော့ One Piece ဇာတ်လမ်းတွဲ နောက်ကွယ်က စိတ်ဝင်စားစရာ အချက်တစ်ချို့ကို ဖော်ပြပေးခဲ့တာကြောင့် ဖတ်ပြီးလို့ နှစ်သက်တယ်ဆို မိတ်ဆွေတွေလည်း ဖတ်ရအောင် ရှဲပေးသွားပါဦး။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

One Piece ဟာ anime ေလာကမွာ အေရးပါတဲ့စီးရီးတစ္ခုအေနနဲ႔ ရပ္တည္လာခဲ့တာ ၾကာပါၿပီ။ စာေရးသူ Eiichiro Oda ဖန္တီးခဲ့တဲ့ One Piece ဟာ ၁၉၉၇ခုႏွစ္က စတင္ထြက္ရွိခဲ့တာျဖစ္ၿပီး manga အေနနဲ႔ေရာ၊ anime စီးရီးအေနနဲ႔ပါ ကမာၻနဲ႔အဝွမ္း ပရိသတ္အခိုင္အမာ ရရွိထားပါတယ္။

ႏွစ္(၂၀)ေက်ာ္ ေအာင္ျမင္လာခဲ့တဲ့ One Piece ရဲ႕ ခရီးလမ္းတစ္ေလွ်ာက္မွာ ပရိသတ္ေတြ သိပ္မသိၾကေသးတဲ့ တစ္ခ်ိဳ႕အခ်က္ေလးေတြလည္း ရွိေနပါတယ္။ ေကာက္႐ိုးဦးထုပ္ ဝိုင္းေတာ္သားေတြ စိတ္ဝင္စားမယ့္အခ်က္ေလးေတြကို ေဖာ္ျပေပးမွာမို႔ တစ္ခ်ိဳ႕ေနရာေလးေတြမွာ spoiler အႀကီးႀကီးေတြ ပါဝင္ႏိုင္ပါတယ္။ ဒါေၾကာင့္ ဇာတ္လမ္းကို မၾကည့္ရေသးသူေတြဆိုရင္ေတာ့ မဖတ္သင့္ပါဘူးလို႔ ႀကိဳတင္သတိေပးလိုက္ပါတယ္။

One Piece ရဲ႕ manga ဟာ ဂင္းနစ္စံခ်ိန္တင္ထားပါတယ္။
photo via screenrant

epic ျဖစ္တဲ့တိုက္ပြဲေတြ၊ character development ႂကြယ္ဝမႈေတြနဲ႔ အေျခတည္ထားတဲ့ ေနရာအေျပာင္းအလဲ၊ အထူးအဆန္းေတြေၾကာင့္ Oda ဖန္တီးေရးဆြဲခဲ့တဲ့ One Piece manga စာအုပ္ေတြဟာ တစ္ကမာၻလုံးက ပရိသတ္ေတြကို စြဲလမ္းေစခဲ့ပါတယ္။ ဒါေၾကာင့္လည္း One Piece manga ဟာ အေရာင္းရဆုံး manga အျဖစ္ စံခ်ိန္တင္ထားတာ ျဖစ္ပါတယ္။

စာေရးသူတစ္ဦးတည္းက ဖန္တီးခဲ့တဲ့ အေရာင္းရဆုံး ေကာမစ္စာအုပ္စီးရီးအျဖစ္ ၂၀၁၄ခုႏွစ္မွာ ဂင္းနစ္စံခ်ိန္ မွတ္တမ္းတင္ႏိုင္ခဲ့ပါတယ္။ manga စထြက္တဲ့ ၁၉၉၇ခုႏွစ္ ဒီဇင္ဘာလကေန ဂင္းနစ္စံခ်ိန္ဝင္တဲ့ ၂၀၁၄ခုႏွစ္ ဒီဇင္ဘာလအထိ အုပ္ေရ သန္း(၃၂၀)ေက်ာ္ ေရာင္းခ်ထားရပါတယ္။ ယေန႔အထိ လက္ရွိေရာင္းခ်ထားရတဲ့ အုပ္ေရကေတာ့ သန္း(၄၇၀)ေက်ာ္သြားၿပီလို႔ သိရပါတယ္။

စီစဥ္ထားတဲ့အတိုင္းဆိုရင္ (၅)ႏွစ္တည္းနဲ႔ ဇာတ္သိမ္းမွာပါ။
photo via screenrant

One Piece ဟာ ဖန္တီးေရးဆြဲသူ Oda ရဲ႕ အခ်ိန္၊လုပ္အားအမ်ားစုကို ရင္းႏွီးျမႇဳပ္ႏွံခဲ့ရတဲ့ သူ႔ဘဝရဲ႕ အေရးႀကီးဆုံး အလုပ္တစ္ခု ျဖစ္ပါတယ္။ “ကြၽန္ေတာ္က မနက္(၅)နာရီဆိုရင္ အိပ္ရာထၿပီး ည(၂)နာရီအထိ ေတာက္ေလွ်ာက္ အလုပ္လုပ္ပါတယ္။ အခုလိုမ်ိဳး တစ္ေန႔ကို (၃)နာရီပဲ အိပ္ရတာဟာ ကြၽန္ေတာ့္အတြက္ေတာ့ ပုံမွန္ပါပဲ” လို႔ အင္တာဗ်ဴးတစ္ခုမွာ Oda က ေျပာခဲ့ဖူးပါတယ္။ ဒါ့အျပင္ သူဟာ အားလပ္ရက္ယူတာတို႔၊ ခရီးသြားတာတို႔လည္း လုံးဝကို မလုပ္ခဲ့ပါဘူး။

One Piece ကို Oda စတင္ေရးဆြဲတဲ့ အခ်ိန္တုန္းက စီစဥ္ထားတဲ့အတိုင္းသာဆိုရင္ ငါးႏွစ္နဲ႔ ဇာတ္သိမ္းမွာ ျဖစ္ပါတယ္။ One Piece ဟာ ၂၀၀၂ခုႏွစ္မွာ ဇာတ္သိမ္းမွာပါလို႔ တစ္ခ်ိန္က ေၾကျငာခ်က္တစ္ခုမွာ ေျပာခဲ့ဖူးၿပီး ဘယ္လိုဇာတ္သိမ္းမယ္ဆိုတာကိုပါ Oda က စဥ္းစားၿပီးသား ျဖစ္ပါတယ္။ ဒါေပမဲ့လည္း character development ေတြ၊ စြန႔္စားခန္းေတြနဲ႔ တိုက္ပြဲေတြအေၾကာင္း ပိုပိုၿပီး ထည့္သြင္းလာမိတဲ့အတြက္ သူ႔ဘဝရဲ႕ အခ်ိန္အမ်ားစုကို ေပးဆပ္ထားရတဲ့အထိ ၾကာျမင့္လာခဲ့တာ ျဖစ္ပါတယ္။

တစ္ျခားအလုပ္မလုပ္ခ်င္လို႔ manga artist ျဖစ္လာတဲ့ Oda
photo via screenrant

Manga ေလာကမွာေရာ၊ anime ေလာကမွာပါ ေအာင္ျမင္တဲ့ Oda တစ္ေယာက္ Manga artist ျဖစ္လာတဲ့ အေၾကာင္းအရင္းကို သိလိုက္ရရင္ အေတာ္ေလး အံ့ဩၿပီး အားက်အတုယူသြားမိပါလိမ့္မယ္။ Oda ဟာ အသက္ေလးႏွစ္အ႐ြယ္တည္းက manga artist တစ္ေယာက္ ျဖစ္လာဖို႔ အိပ္မက္မက္ခဲ့တာျဖစ္ၿပီး သူ႔ရဲ႕အရည္အခ်င္းေတြ တိုးတက္လာေအာင္လည္း တကယ္ ႀကိဳးစားခဲ့ပါတယ္။ သူ႔ဘဝမွာ တစ္ျခားအလုပ္ေတြကိုလည္း လုံးဝ မလုပ္ခ်င္ခဲ့တာေၾကာင့္ ဒီလမ္းေၾကာင္းတစ္ခုတည္းကိုပဲ သည္းႀကီးမည္းႀကီး ႀကိဳးစားခဲ့တာ ျဖစ္ပါတယ္။

Oda ဟာ One Piece ကိုေရးဆြဲဖို႔ Dragon Ball manga ဆီက စိတ္ကူးရခဲ့တာ ျဖစ္ပါတယ္။
photo via screenrant

Oda ဟာ ငယ္ငယ္တည္းက ကာတြန္းေတြ၊ manga ေတြဆီက စိတ္ကူးအႀကံဉာဏ္ေတြ ရရွိခဲ့သူ ျဖစ္ပါတယ္။ သူအႀကိဳက္ဆုံး တီဗြီရႈိးေတြထဲမွာ Vicky the Viking လို႔ေခၚတဲ့ ၁၉၇၀ ဝန္းက်င္က anime စီးရီးတစ္ခုလည္း ပါဝင္ပါတယ္။ အဲ့ဒီ့တုန္းတည္းက ပင္လယ္ဓားျပဇာတ္လမ္းကို စိတ္ဝင္စားခဲ့တာ ျဖစ္ပါတယ္။

Manga နဲ႔ ပတ္သက္လာရင္ေတာ့ Akira Toriyama ကို အသည္းစြဲ ႏွစ္သက္တဲ့ အမာခံပရိသတ္ ျဖစ္ပါတယ္။ Akira Toriyama ရဲ႕ လက္ရာေတြထဲက Dr. Slump နဲ႔ Dragon Ball ကို အႀကီးအက်ယ္ အားေပးသူလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း Dragon Ball ရဲ႕ ကာ႐ိုက္တာ Goku ကို ၾကည့္ၿပီး One Piece ကို ေရးဆြဲဖို႔ စိတ္ကူးေတြ ရလာခဲ့တာ ျဖစ္ပါတယ္။

Oda ဟာ One Piece ကို ေရးဆြဲၿပီးတဲ့ ေနာက္ပိုင္းမွာေတာ့ သူ ေလးစားအားက်ရတဲ့ Toriyama နဲ႔ သူငယ္ခ်င္းေတြ ျဖစ္သြားၾကပါတယ္။ ဒါေၾကာင့္လည္း ႏွစ္ေယာက္အတူတူ manga ေရးဆြဲခဲ့ပါေသးတယ္။ အဲ့ဒီ manga ဟာ Cross Epoch ျဖစ္ၿပီးေတာ့ One Piece ထဲက ဇာတ္ေကာင္ေတြနဲ႔ Dragon Ball ထဲက ဇာတ္ေကာင္ေတြကို crossover လုပ္ၿပီး ေရးဆြဲထားတာ ျဖစ္ပါတယ္။

ဇာတ္ေကာင္ အေျပာင္းအလဲမ်ား
photo via screenrant

Manga အမ်ားစုရဲ႕ ဇာတ္ေကာင္ေတြဟာ စတင္ဖန္တီးတဲ့ အခ်ိန္တုန္းက ပုစံနဲ႔ တကယ္ထြက္လာတဲ့ ပုံစံဟာ အနည္းငယ္ ကြဲလြဲေလ့ ရွိပါတယ္။ အလားတူပဲ One Piece မွာလည္း အေျပာင္းအလဲေတြ ျဖစ္ခဲ့တဲ့ ဇာတ္ေကာင္ေတြ ရွိပါတယ္။ ဥပမာ – Chopper ဟာ ပထမ ဖန္တီးတုန္းက တကယ့္သမင္ပုံစံနဲ႔ ပိုတူၿပီးေတာ့ ဓားတစ္ေခ်ာင္းကိုလည္း ကိုင္ထားပါေသးတယ္။

ဒါေပမဲ့ အဲ့လိုမ်ိဳးဆြဲလိုက္ရင္ တစ္ျခားဇာတ္ေကာင္ေတြရဲ႕ ၾကားထဲမွာ ေပ်ာက္ကြယ္ေနမွာ ဆိုးတာေၾကာင့္ အခုလိုမ်ိဳး ပိုေသးၿပီး ပိုခ်စ္ဖို႔ေကာင္းတဲ့ပုံစံ ျဖစ္ေအာင္ ဖန္တီးလိုက္တာပါလို႔ Oda က အင္တာဗ်ဴးတစ္ခုမွာ ေျပာခဲ့ဖူးပါတယ္။ ဒါ့အျပင္ Nami ဟာ ပုဆိန္အႀကီးႀကီးကို ကိုင္ထားၿပီးေတာ့ Roronoa Zoro ကိုေတာ့ Buggy ရဲ႕ ကိုယ္ရံေတာ္တစ္ေယာက္ေနရာက ထည့္သြင္းဖို႔အတြက္ ေရးဆြဲထားတာပါ။

သမိုင္းမွာ တကယ္ရွိခဲ့တဲ့ ပင္လယ္ဓားျပေတြကို အေျခခံထားျခင္း။
photo via screenrant

One Piece ထဲက ဇာတ္ေကာင္အမ်ားစုဟာ အျပင္မွာ လူေတြသိထားၾကတဲ့ ပင္လယ္ဓားျပေတြရဲ႕ အမူအက်င့္ေတြကို ထည့္သြင္းေရးဆြဲထား႐ုံသာမက တစ္ခ်ိဳ႕ကာ႐ိုက္တာေတြဆိုရင္ သမိုင္းမွာ တကယ္ရွိခဲ့တဲ့ ပင္လယ္ဓားျပႀကီးေတြကို မွီျငမ္းၿပီး ဖန္တီးထားတာ ျဖစ္ပါတယ္။

One Piece ဇာတ္လမ္းရဲ႕အစမွာ အားလုံးအားက်ရတဲ့ ပင္လယ္ဓားျပဘုရင္ႀကီး Gol. D. Rogers ကို ကြပ္မ်က္တဲ့ အခန္းကေန စၿပီးျပတာကို သိၾကမွာပါ။ အဲ့ဒီ Gol. D. Rogers ဟာ အျပင္မွာတကယ္ရွိခဲ့တဲ့ ျပင္သစ္လူမ်ိဳး ပင္လယ္ဓားျပ Olivier Levasseur ကိုအေျခခံၿပီး ေရးဆြဲခဲ့တာ ျဖစ္ပါတယ္။

ဒါ့အျပင္ Gol. D. Rogers ဟာ သူ ကြပ္မ်က္ခံရေတာ့မယ့္အခ်ိန္မွာ သူ႔ရဲ႕ရတနာေတြကို ယူႏိုင္တဲ့သူေတြ ယူၾက ဆိုၿပီး ေျပာတဲ့အခန္းကလည္း Olivier Levasseur လုပ္ခဲ့တာနဲ႔ တူတူပါပဲ။ Marshall D. Teach (မုတ္ဆိတ္မည္းႀကီး) နဲ႔ Edward Newgate (မုတ္ဆိတ္ျဖဴႀကီး) ႏွစ္ေယာက္ဟာလည္း Edward Teach လို႔ေခၚတဲ့ ပင္လယ္ဓားျပႀကီးကို အေျခခံ ေရးဆြဲထားၿပီးေတာ့ တစ္ျခားအျပင္မွာ ရွိခဲ့တဲ့လူေတြကို အေျခခံထားတဲ့ ဇာတ္ေကာင္ေတြလည္း ရွိပါေသးတယ္။

အျပင္မွာ တကယ္ရွိတဲ့ အမွတ္တရအုတ္ဂူ
photo via screenrant

One Piece ဟာ ေပ်ာ္႐ႊင္ရယ္ေမာရတဲ့ ခံစားခ်က္ေတြကို ေပးစြမ္းသလို ဇာတ္ေကာင္ေတြ ေသဆုံးမႈေၾကာင့္ ဝမ္းနည္း၊ စိတ္မေကာင္းျဖစ္ရတဲ့ ခံစားခ်က္ေတြကိုလည္း ျဖစ္ေစပါတယ္။ အဲ့ဒီအထဲက အကုန္လုံး ဝမ္းနည္းၾကရတဲ့ ေသဆုံးမႈႏွစ္ခုကေတာ့ မုတ္ဆိတ္ျဖဴႀကီးနဲ႔ မီးလက္သီး Ace တို႔ရဲ႕ ေသဆုံးမႈပဲ ျဖစ္ပါတယ္။

သူတို႔ ေသဆုံးၿပီးတဲ့ေနာက္မွာ သူတို႔ရဲ႕လက္နက္ေတြနဲ႔ ပိုင္ဆိုင္မႈေတြကို အုတ္ဂူေပၚမွာ တင္ၿပီးေတာ့ သၿဂႋဳလ္ေပးခဲ့ၾကပါတယ္။ ၂၀၁၃ခုႏွစ္မွာေတာ့ သူတို႔ရဲ႕ အမွတ္တရအုတ္ဂူကို ပရိသတ္ေတြ လာလည္ႏိုင္ဖို႔အတြက္ ဂ်ပန္အေျခစိုက္ Universal Studio က တကယ့္ အထိမ္းအမွတ္ေနရာတစ္ခုအျဖစ္ ဖန္တီးေပးခဲ့ပါတယ္။ အဲ့ဒီ့အုတ္ဂူေတြဟာ anime ထဲကအတိုင္း ခြၽတ္စြပ္တူၿပီးေတာ့ သူတို႔ဇာတ္ေကာင္ႏွစ္ေယာက္ရဲ႕ ေျပာခဲ့တဲ့ နာမည္ႀကီး ဒိုင္ယာေလာ့ခ္ေတြကိုလည္း အဲ့ဒီ့မွာ နားေထာင္လို႔ ရပါေသးတယ္။

ဒါကေတာ့ One Piece ဇာတ္လမ္းတြဲ ေနာက္ကြယ္က စိတ္ဝင္စားစရာ အခ်က္တစ္ခ်ိဳ႕ကို ေဖာ္ျပေပးခဲ့တာေၾကာင့္ ဖတ္ၿပီးလို႔ ႏွစ္သက္တယ္ဆို မိတ္ေဆြေတြလည္း ဖတ္ရေအာင္ ရွဲေပးသြားပါဦး။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular