HomeCelebs Update NewsInternationalသုံးနှစ်အရွယ်သားလေးနဲ့အတူ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း ပြောပြလာတဲ့ Pink

သုံးနှစ်အရွယ်သားလေးနဲ့အတူ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း ပြောပြလာတဲ့ Pink

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ဖတ္ပါ။

နာမည်ကျော်အဆိုတော် Pink ဟာ မြန်မာပရိသတ်တွေကြားမှာတော့ Just Give Me A Reason ၊ Perfect စတဲ့သီချင်းတွေနဲ့ လူသိများသူတစ်ယောက်ပါ။ Pink ဟာလည်း အခုလက်ရှိကမ္ဘာအနှံ့ကို ခြိမ်းခြောက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကူးစက်ခံစားခဲ့ရကြောင်းနဲ့ သူမနဲ့အတူ သူမရဲ့သုံးနှစ်အရွယ်သားလေးပါ ကူးစက်ခံခဲ့ရကြောင်း IG မှာ ပို့စ်တင်ပြီး ပြောပြထားတာ ဖြစ်ပါတယ်။

သူမရဲ့ပြောပြချက်အရ လွန်ခဲ့နှစ်ပတ်တည်းက သူမနဲ့အတူ သုံးနှစ်အရွယ်သားလေးတို့မှာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လက္ခဏာတွေ ပြနေတာကြောင့် ဆရာဝန်နဲ့ပြသပြီး စစ်ဆေးကြည့်တဲ့အခါ သားအမိနှစ်ယောက်စလုံးမှာ ကူးစက်ခံထားရကြောင်း သိခဲ့ရတယ်လို့ ဆိုပါတယ်။ Pink တို့မိသားစုဟာ အစပိုင်းတည်းက အိမ်ထဲက အိမ်ပြင်မထွက်ဘဲ နေနေတာကြောင့် ကူးစက်ခံရကြောင်းသိပြီးနောက်မှာလည်း အိမ်ထဲမှာပဲ ဆက်လက်နေထိုင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

Photo: pink/ Instagram

သို့ပေမယ့် ကံကောင်းတယ်လို့ပဲ ပြောရမလောက်အောင် နောက်ထပ် ရက်အနည်းငယ်အကြာမှာ ပြန်လည်စစ်ဆေးကြည့်တဲ့အခါ သားအမိနှစ်ယောက်လုံး ပိုးမရှိတော့ဘဲ Negative ပြသွားတယ်လို့ ဆိုပါတယ်။

ဒီရောဂါဟာ လူကြီးလူငယ်၊ ဆင်းရဲချမ်းသာ ခွဲခြားမနေဘဲ လူတိုင်းအပေါ်မှာ ကူးစက်ခံစားရနိုင်ကြောင်းနဲ့ တစ်ချို့လူတွေမှာ တကယ်အပြင်းအထန် ခံစားရနိုင်ပါတယ်လို့ စတူဒီယိုအယ်လ်ဘမ် (၈)ချပ် ထုတ်လုပ်ထားတဲ့ ဂရမ်မီဆုပိုင်ရှင် အဆိုတော် Pink က ပြောထားပါတယ်။ ဒါ့အပြင် လူတိုင်းဟာလည်း ရောဂါပိုးရှိမရှိ စမ်းသပ်ခံရသင့်ပါတယ်လို့ ဆိုထားပါသေးတယ်။

Photo: pink/ Instagram

သူမကိုယ်တိုင် ရောဂါကို နဖူးတွေ့ဒူးတွေ့ တွေ့ကြုံခံစားရပြီးနောက်မှာတော့ ရောဂါထိန်းချုပ်ကာကွယ် ကုသရေးအတွက် ဒေါ်လာတစ်သန်းကိုလည်း လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ ဖီလာဒဲလ်ဖီးယားက Temple တက္ကသိုလ်ဆေးရုံရန်ပုံငွေအဖွဲ့နဲ့ လော့စ်အိန်ဂျလိစ်မြို့တော်ဝန်ရဲ့ ရန်ပုံငွေအဖွဲ့နှစ်ဖွဲ့ကို ဒေါ်လာငါးသိန်းစီ ခွဲခြမ်းပြီး လှူဒါန်းလိုက်တယ်လို့ ဆိုထားပါတယ်။

အခုလိုအချိန်မှာ ကျန်းမာရေးဝန်ထမ်းတွေဟာ တကယ့်သူရဲကောင်းတွေပါလို့ ကျေးဇူးတင်စကားဆိုကာ ရှေ့လာမယ့်နှစ်ပတ်ဟာ တကယ်အရေးကြီးတာကြောင့်  လူတွေအားလုံးကို အိမ်ထဲမှာပဲနေကြဖို့ကိုလည်း တိုက်တွန်းထားပါသေးတယ်။

LaNina
(Zawgyi Version)

နာမည္ေက်ာ္အဆိုေတာ္ Pink ဟာ ျမန္မာပရိသတ္ေတြၾကားမွာေတာ့ Just Give Me A Reason ၊ Perfect စတဲ့သီခ်င္းေတြနဲ႔ လူသိမ်ားသူတစ္ေယာက္ပါ။ Pink ဟာလည္း အခုလက္ရွိကမာၻအႏွံ႔ကို ၿခိမ္းေျခာက္ေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ကို ကူးစက္ခံစားခဲ့ရေၾကာင္းနဲ႔ သူမနဲ႔အတူ သူမရဲ႕သုံးႏွစ္အ႐ြယ္သားေလးပါ ကူးစက္ခံခဲ့ရေၾကာင္း IG မွာ ပို႔စ္တင္ၿပီး ေျပာျပထားတာ ျဖစ္ပါတယ္။

သူမရဲ႕ေျပာျပခ်က္အရ လြန္ခဲ့ႏွစ္ပတ္တည္းက သူမနဲ႔အတူ သုံးႏွစ္အ႐ြယ္သားေလးတို႔မွာ ဗိုင္းရပ္စ္ကူးစက္ခံရတဲ့ လကၡဏာေတြ ျပေနတာေၾကာင့္ ဆရာဝန္နဲ႔ျပသၿပီး စစ္ေဆးၾကည့္တဲ့အခါ သားအမိႏွစ္ေယာက္စလုံးမွာ ကူးစက္ခံထားရေၾကာင္း သိခဲ့ရတယ္လို႔ ဆိုပါတယ္။ Pink တို႔မိသားစုဟာ အစပိုင္းတည္းက အိမ္ထဲက အိမ္ျပင္မထြက္ဘဲ ေနေနတာေၾကာင့္ ကူးစက္ခံရေၾကာင္းသိၿပီးေနာက္မွာလည္း အိမ္ထဲမွာပဲ ဆက္လက္ေနထိုင္ဖို႔ စီစဥ္ထားတယ္လို႔ ဆိုပါတယ္။

Photo: pink/ Instagram

သို႔ေပမယ့္ ကံေကာင္းတယ္လို႔ပဲ ေျပာရမေလာက္ေအာင္ ေနာက္ထပ္ ရက္အနည္းငယ္အၾကာမွာ ျပန္လည္စစ္ေဆးၾကည့္တဲ့အခါ သားအမိႏွစ္ေယာက္လုံး ပိုးမရွိေတာ့ဘဲ Negative ျပသြားတယ္လို႔ ဆိုပါတယ္။

ဒီေရာဂါဟာ လူႀကီးလူငယ္၊ ဆင္းရဲခ်မ္းသာ ခြဲျခားမေနဘဲ လူတိုင္းအေပၚမွာ ကူးစက္ခံစားရႏိုင္ေၾကာင္းနဲ႔ တစ္ခ်ိဳ႕လူေတြမွာ တကယ္အျပင္းအထန္ ခံစားရႏိုင္ပါတယ္လို႔ စတူဒီယိုအယ္လ္ဘမ္ (၈)ခ်ပ္ ထုတ္လုပ္ထားတဲ့ ဂရမ္မီဆုပိုင္ရွင္ အဆိုေတာ္ Pink က ေျပာထားပါတယ္။ ဒါ့အျပင္ လူတိုင္းဟာလည္း ေရာဂါပိုးရွိမရွိ စမ္းသပ္ခံရသင့္ပါတယ္လို႔ ဆိုထားပါေသးတယ္။

Photo: pink/ Instagram

သူမကိုယ္တိုင္ ေရာဂါကို နဖူးေတြ႕ဒူးေတြ႕ ေတြ႕ႀကဳံခံစားရၿပီးေနာက္မွာေတာ့ ေရာဂါထိန္းခ်ဳပ္ကာကြယ္ ကုသေရးအတြက္ ေဒၚလာတစ္သန္းကိုလည္း လႉဒါန္းခဲ့တယ္လို႔ ဆိုပါတယ္။ ဖီလာဒဲလ္ဖီးယားက Temple တကၠသိုလ္ေဆး႐ုံရန္ပုံေငြအဖြဲ႕နဲ႔ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕ေတာ္ဝန္ရဲ႕ ရန္ပုံေငြအဖြဲ႕ႏွစ္ဖြဲ႕ကို ေဒၚလာငါးသိန္းစီ ခြဲျခမ္းၿပီး လႉဒါန္းလိုက္တယ္လို႔ ဆိုထားပါတယ္။

အခုလိုအခ်ိန္မွာ က်န္းမာေရးဝန္ထမ္းေတြဟာ တကယ့္သူရဲေကာင္းေတြပါလို႔ ေက်းဇူးတင္စကားဆိုကာ ေရွ႕လာမယ့္ႏွစ္ပတ္ဟာ တကယ္အေရးႀကီးတာေၾကာင့္  လူေတြအားလုံးကို အိမ္ထဲမွာပဲေနၾကဖို႔ကိုလည္း တိုက္တြန္းထားပါေသးတယ္။

LaNina

 

RELATED ARTICLES

Most Popular