HomeCelebs Update NewsBollywoodအောက်ခြေလုပ်သားတစ်သိန်းအတွက် လစဉ်ရိက္ခာထောက်ပံ့ပေးသွားမယ့် အမီတာဘချန်း

အောက်ခြေလုပ်သားတစ်သိန်းအတွက် လစဉ်ရိက္ခာထောက်ပံ့ပေးသွားမယ့် အမီတာဘချန်း

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ဖတ္ပါ။

နာမည်ကျော်ဘောလိဝုဒ်မင်းသားကြီး အမီတာဘချန်းဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နောက်ဆက်တွဲအဖြစ် အလုပ်အကိုင်တွေ ရပ်နားထားရတဲ့ အခြေခံလုပ်သားတစ်သိန်းအတွက် လစဉ်စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့အတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြို့ရွာတွေကို ပိတ်ဆို့ထားတာဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့ စီးပွားရေးအားလုံး ရပ်ဆိုင်းထားလိုက်ရပါတယ်။ ဒီအချိန်မှာ အထိအနာဆုံးလူတွေဟာ နေ့စားအလုပ်သမားတွေ ဖြစ်တာကြောင့် မင်းသားကြီးက အခုလို ကူညီလိုက်တာလည်း ဖြစ်ပါတယ်။

Photo: amitabhbachchan/ Instagram

ဒီအစီအစဉ်ကို  Sony Pictures Networks India နဲ့ Kalyan ကျောက်မျက်ရတနာလုပ်ငန်းကလည်း ဝိုင်းဝန်းပံ့ပိုးကူညီပေးထားတယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ရုပ်ရှင်အဖွဲ့အစည်းလက်အောက်က နေ့စားအဖြစ်နဲ့ လုပ်ကိုင်နေရတဲ့ အောက်ခြေလုပ်သားပေါင်းတစ်သိန်းနဲ့ သူတို့ရဲ့အိမ်ထောင်စုတွေကို အဓိက ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အကူအညီပေးသွားမယ့်ပုံစံကတော့ ရုပ်ရှင်အဖွဲ့အစည်းထဲမှာ နာမည်ပါဝင်တဲ့ အောက်ခြေလုပ်သားတွေကို ကုန်စုံစတိုးတွေနဲ့ စူပါမားကတ်တွေမှာ စားစရာဝယ်ယူနိုင်မယ့် ငွေကြေးပမာဏကို ဒစ်ဂျစ်တယ်လ် ဘားကုဒ်စနစ်နဲ့ ဖြန့်ဝေပေးသွားမှာ ဖြစ်တယ်လို့ Sony Picture နဲ့ ပူးတွဲထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် တကယ်လိုအပ်နေသူတွေကိုလည်း ငွေကြေးနဲ့ ကူညီပေးသွားဦးမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

LaNina
(Zawgyi Version)

နာမည္ေက်ာ္ေဘာလိဝုဒ္မင္းသားႀကီး အမီတာဘခ်န္းဟာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေနာက္ဆက္တြဲအျဖစ္ အလုပ္အကိုင္ေတြ ရပ္နားထားရတဲ့ အေျခခံလုပ္သားတစ္သိန္းအတြက္ လစဥ္စားနပ္ရိကၡာ ကူညီေထာက္ပံ့ေပးသြားမယ္လို႔ သိရပါတယ္။

အိႏၵိယႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ ၿမိဳ႕႐ြာေတြကို ပိတ္ဆို႔ထားတာျဖစ္ၿပီး ေနာက္ဆက္တြဲအေနနဲ႔ စီးပြားေရးအားလုံး ရပ္ဆိုင္းထားလိုက္ရပါတယ္။ ဒီအခ်ိန္မွာ အထိအနာဆုံးလူေတြဟာ ေန႔စားအလုပ္သမားေတြ ျဖစ္တာေၾကာင့္ မင္းသားႀကီးက အခုလို ကူညီလိုက္တာလည္း ျဖစ္ပါတယ္။

Photo: amitabhbachchan/ Instagram

ဒီအစီအစဥ္ကို  Sony Pictures Networks India နဲ႔ Kalyan ေက်ာက္မ်က္ရတနာလုပ္ငန္းကလည္း ဝိုင္းဝန္းပံ့ပိုးကူညီေပးထားတယ္လို႔ သိရပါတယ္။ အိႏၵိယႏိုင္ငံရဲ႕ ႐ုပ္ရွင္အဖြဲ႕အစည္းလက္ေအာက္က ေန႔စားအျဖစ္နဲ႔ လုပ္ကိုင္ေနရတဲ့ ေအာက္ေျခလုပ္သားေပါင္းတစ္သိန္းနဲ႔ သူတို႔ရဲ႕အိမ္ေထာင္စုေတြကို အဓိက ေထာက္ပံ့ေပးသြားမွာ ျဖစ္တယ္လို႔လည္း သိရပါတယ္။

အကူအညီေပးသြားမယ့္ပုံစံကေတာ့ ႐ုပ္ရွင္အဖြဲ႕အစည္းထဲမွာ နာမည္ပါဝင္တဲ့ ေအာက္ေျခလုပ္သားေတြကို ကုန္စုံစတိုးေတြနဲ႔ စူပါမားကတ္ေတြမွာ စားစရာဝယ္ယူႏိုင္မယ့္ ေငြေၾကးပမာဏကို ဒစ္ဂ်စ္တယ္လ္ ဘားကုဒ္စနစ္နဲ႔ ျဖန႔္ေဝေပးသြားမွာ ျဖစ္တယ္လို႔ Sony Picture နဲ႔ ပူးတြဲထုတ္ျပန္တဲ့ ေၾကျငာခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ တကယ္လိုအပ္ေနသူေတြကိုလည္း ေငြေၾကးနဲ႔ ကူညီေပးသြားဦးမွာျဖစ္တယ္လို႔ ဆိုထားပါတယ္။

LaNina

 

RELATED ARTICLES

Most Popular