HomeEntertainmentFilmပထမဆုံးထွေလာ ထွက်ရှိလာတဲ့ Disney ရဲ့ Pinocchio Live Action

ပထမဆုံးထွေလာ ထွက်ရှိလာတဲ့ Disney ရဲ့ Pinocchio Live Action

Disney ကတော့ သူတို့ရဲ့ Classic Animation တစ်ခုဖြစ်တဲ့ Pinocchio ကို Live Action အဖြစ် ပြန်လည်ဖန်တီးထားပြီး မကြာသေးခင်ကပဲ ပထမဆုံးထွေလာ ထွက်ရှိလာပါတယ်။ Disney ဟာ လွန်ခဲ့တဲ့ (၇)နှစ်လောက်ကတည်းက သူတို့ရဲ့ Classic Animation တွေကို Live Action အဖြစ် ဆက်တိုက်ဖန်တီးခဲ့တာ ဖြစ်ပြီး ယခုအချိန်မှာတော့ Pinocchio ကိုလည်း Live Action အနေနဲ့ မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

photo via screenrant

ဇာတ်လမ်းကတော့ Geppetto ဆိုတဲ့ ကြင်နာတတ်တဲ့ ပန်းပုဆရာတစ်ယောက်ဟာ ရုပ်သေးရုပ်တစ်ခုကို ဖန်တီးခဲ့ပြီး အဲဒီရုပ်သေးရုပ်လေး အသက်ဝင်လာဖို့အတွက် ဆုတောင်းခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ အပြာရောင်နတ်သမီးက ရုပ်သေးရုပ်လေးကို အသက်သွင်းပေးခဲ့ပြီး Geppetto ကတော့ အဲဒီရုပ်သေးရုပ်လေးကို သူ့ရဲ့သားအရင်းသဖွယ် ပြုစုစောင့်ရှောက်ပေးပါတယ်။ ဒီရုပ်သေးရုပ်လေးရဲ့ ထူးခြားချက်ကတော့ တစ်ခါလိမ်ပြောလိုက်တိုင်းမှာ နှာခေါင်းက ရှည်ထွက်လာတာကြောင့် သူဟာ ရိုးသားခြင်းရဲ့ တန်ဖိုးကို သိလာရပါတော့တယ်။

ပထမဆုံးထွေလာထဲမှာတော့ Tom Hanks သရုပ်ဆောင်ထားတဲ့ Geppetto ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ထူးခြားတာတစ်ခုကတော့ ဒီထွေလာထဲမှာ Pinocchio ကို မမြင်တွေ့ခဲ့ရတာပဲ ဖြစ်ပြီး Disney က ယခုလိုမျိူး Pinocchio ကို မပြသသေးတာကတော့ အကြောင်းပြချက်တစ်ခုခု ရှိနေမယ်လို့ ယူဆရပါတယ်။

ဒီရုပ်ရှင်ထဲမှာတော့ နာမည်ကြီး သရုပ်ဆောင်တွေများစွာ ပါဝင်လာမှာ ဖြစ်ပြီး မင်းသားကြီး Tom Hanks ကတော့ Geppetto နေရာမှာ ပါဝင်လာမှာ ဖြစ်သလို Luke Evans ကတော့ ဗီလိန်နေရာမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Cynthia Erivo နဲ့ Joseph Gordon-Levitt တို့လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ စက်တင်ဘာလ (၈)ရက်နေ့မှာ Disney+ ကနေ ပြသသွားမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular