HomeCelebs Update NewsInternationalMV တစ္ခု တိတ္တိတ္ေလး ရိုက္ေနပုံရတဲ့ Justin Bieber နဲ႔ Jaden Smith

MV တစ္ခု တိတ္တိတ္ေလး ရိုက္ေနပုံရတဲ့ Justin Bieber နဲ႔ Jaden Smith

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Justin Bieber နဲ႔ Jaden Smith တို႔ရဲ႕ ပရိသတ္ေတြအတြက္ သတင္းေကာင္းတစ္ခု ေပၚထြက္လာပါၿပီ။ အဲ့ဒါကေတာ့ Justin Bieber နဲ႔ Jaden Smith တို႔ဟာ တိုးတိုးတိတ္တိတ္ေလး ရိုက္ကူးေရးလုပ္ေနၾကတာမို႔ မၾကာခင္မွာ ႏွစ္ေယာက္ေပါင္း ဖန္တီးထားတဲ့ သီခ်င္းတစ္ပုဒ္ကို ရႈျမင္ခံစားၾကရေတာ့မယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚေနတာ ျဖစ္ပါတယ္။

အသက္(၂၅)ႏွစ္အရြယ္ရိွၿပီျဖစ္တဲ့ JB နဲ႔ အသက္(၂၂)ႏွစ္အရြယ္ ရိွၿပီျဖစ္တဲ့ Jaden တို႔ဟာ ဇူလိုင္လ(၂၆)ရက္ေန႔က ကယ္လီဖိုးနီးယားျပည္နယ္ရဲ႕ ေဟာလိ၀ုဒ္ေျမာက္ပိုင္းမွာ ရိုက္ကူးေရးတစ္ခု ျပဳလုပ္ခဲ့ၾကတာ ျဖစ္ပါတယ္။ ေပၚထြက္လာတဲ့ Snap Shot ေတြအရ JB နဲ႔ Jaden တို႔ ႏွစ္ေယာက္သားဟာ အဆင္တူ အ၀တ္အစားေတြကို ၀တ္ဆင္ထားၾကပါတယ္။

Photo: hollywoodlife

Jaden နဲ႔ JB တို႔ဟာ သူငယ္ခ်င္းေတြ ျဖစ္လာခဲ့ၾကတာ ႏွစ္ေတြၾကာေနပါၿပီ။ သူတို႔ႏွစ္ေယာက္ဟာ ၂၀၁၁ခုႏွစ္က ထြက္ရိွခဲ့တဲ့ Never Say Never ဆင္ဂယ္လ္ကို အတူတူ ပူးေပါင္းဖန္တီးရင္း ဆုံေတြ႕ရင္းႏွီးခဲ့ၾကတာပါ။ အဲ့ဒီ့အခ်ိန္တုန္းက JB က အသက္(၁၇)ႏွစ္ျဖစ္ၿပီး Jaden ကေတာ့ အသက္(၁၃)ႏွစ္သာ ရိွပါေသးတယ္။ ကေလးရုပ္ေလးေတြနဲ႔ ေကာင္ေလးႏွစ္ေယာက္ဟာ ဒီကေန႔မွာေတာ့ အရြယ္ေရာက္ေနတဲ့ အဆိုေတာ္ႀကီးေတြ ျဖစ္ေနၾကပါၿပီ။

Photo: PinkNews

ႏွစ္ေယာက္သား သီခ်င္းတစ္ပုဒ္ လုပ္မလားဆိုတာ အတိအက်ေတာ့ မသိရေသးေပမယ့္ Jaden ဟာ ဇူလိုင္လ(၁၄)ရက္ေန႔က MV တစ္ပုဒ္ လာဖို႔ရိွတယ္ဆိုၿပီး သူ႔ရဲ႕ Twitter မွာ တင္ထားခဲ့ပါတယ္။ Jaden ဟာ ဒီဇူလိုင္လထဲမွာပဲ ERYS လို႔ အမည္ရတဲ့ အယ္လ္ဘမ္တစ္ခ်ပ္ကို ထုတ္ေ၀ခဲ့ၿပီး အေခြထဲမွာ နာမည္ေက်ာ္ အေျမာက္အမ်ားနဲ႔ ပူးတြဲသီဆိုထားပါတယ္။ ဇူလိုင္လ(၁၀)ရက္ေန႔မွာ ေျပာခဲ့တဲ့ Jaden ရဲ႕ စကားအရ MV ေတြ ပိုၿပီးထုတ္ဖို႔ ရိွေသးတယ္ဆိုတဲ့အတြက္ေၾကာင့္ အခု JB နဲ႔ ေတြ႕ဆုံမႈဟာ အမိုက္စားသီခ်င္းတစ္ပုဒ္ ထြက္လာဖို႔ ရာခိုင္ႏႈန္း ေတာ္ေတာ္ေလး မ်ားေနတယ္လို႔ ေျပာရမွာပါ။

ဘယ္အခ်ိန္မွာ ပရိသတ္ေတြကို အ့ံၾသေအာင္လုပ္ၿပီး MV အသစ္နဲ႔ ျပဳစားမလည္းဆိုတာကိုေတာ့ အတူတူေစာင့္ၾကည့္လိုက္ၾကရေအာင္ပါလား။

Xei

Ref: hollywoodlife

(Unicode Version)

Justin Bieber နဲ့ Jaden Smith တို့ရဲ့ ပရိသတ်တွေအတွက် သတင်းကောင်းတစ်ခု ပေါ်ထွက်လာပါပြီ။ အဲ့ဒါကတော့ Justin Bieber နဲ့ Jaden Smith တို့ဟာ တိုးတိုးတိတ်တိတ်လေး ရိုက်ကူးရေးလုပ်နေကြတာမို့ မကြာခင်မှာ နှစ်ယောက်ပေါင်း ဖန်တီးထားတဲ့ သီချင်းတစ်ပုဒ်ကို ရှုမြင်ခံစားကြရတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ JB နဲ့ အသက်(၂၂)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Jaden တို့ဟာ ဇူလိုင်လ(၂၆)ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ ဟောလိဝုဒ်မြောက်ပိုင်းမှာ ရိုက်ကူးရေးတစ်ခု ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ပေါ်ထွက်လာတဲ့ Snap Shot တွေအရ JB နဲ့ Jaden တို့ နှစ်ယောက်သားဟာ အဆင်တူ အဝတ်အစားတွေကို ဝတ်ဆင်ထားကြပါတယ်။

Photo: hollywoodlife

Jaden နဲ့ JB တို့ဟာ သူငယ်ချင်းတွေ ဖြစ်လာခဲ့ကြတာ နှစ်တွေကြာနေပါပြီ။ သူတို့နှစ်ယောက်ဟာ ၂၀၁၁ခုနှစ်က ထွက်ရှိခဲ့တဲ့ Never Say Never ဆင်ဂယ်လ်ကို အတူတူ ပူးပေါင်းဖန်တီးရင်း ဆုံတွေ့ရင်းနှီးခဲ့ကြတာပါ။ အဲ့ဒီ့အချိန်တုန်းက JB က အသက်(၁၇)နှစ်ဖြစ်ပြီး Jaden ကတော့ အသက်(၁၃)နှစ်သာ ရှိပါသေးတယ်။ ကလေးရုပ်လေးတွေနဲ့ ကောင်လေးနှစ်ယောက်ဟာ ဒီကနေ့မှာတော့ အရွယ်ရောက်နေတဲ့ အဆိုတော်ကြီးတွေ ဖြစ်နေကြပါပြီ။

Photo: PinkNews

နှစ်ယောက်သား သီချင်းတစ်ပုဒ် လုပ်မလားဆိုတာ အတိအကျတော့ မသိရသေးပေမယ့် Jaden ဟာ ဇူလိုင်လ(၁၄)ရက်နေ့က MV တစ်ပုဒ် လာဖို့ရှိတယ်ဆိုပြီး သူ့ရဲ့ Twitter မှာ တင်ထားခဲ့ပါတယ်။ Jaden ဟာ ဒီဇူလိုင်လထဲမှာပဲ ERYS လို့ အမည်ရတဲ့ အယ်လ်ဘမ်တစ်ချပ်ကို ထုတ်ဝေခဲ့ပြီး အခွေထဲမှာ နာမည်ကျော် အမြောက်အများနဲ့ ပူးတွဲသီဆိုထားပါတယ်။ ဇူလိုင်လ(၁၀)ရက်နေ့မှာ ပြောခဲ့တဲ့ Jaden ရဲ့ စကားအရ MV တွေ ပိုပြီးထုတ်ဖို့ ရှိသေးတယ်ဆိုတဲ့အတွက်ကြောင့် အခု JB နဲ့ တွေ့ဆုံမှုဟာ အမိုက်စားသီချင်းတစ်ပုဒ် ထွက်လာဖို့ ရာခိုင်နှုန်း တော်တော်လေး များနေတယ်လို့ ပြောရမှာပါ။

ဘယ်အချိန်မှာ ပရိသတ်တွေကို အံ့သြအောင်လုပ်ပြီး MV အသစ်နဲ့ ပြုစားမလည်းဆိုတာကိုတော့ အတူတူစောင့်ကြည့်လိုက်ကြရအောင်ပါလား။

Xei

Ref: hollywoodlife

 

RELATED ARTICLES

Most Popular