HomeCelebs Update NewsInternationalချစ်သူ A$AP Rocky နဲ့ Met Gala ပွဲကို တက်ရောက်လာတဲ့ Rihanna ရဲ့ ဖက်ရှင် 

ချစ်သူ A$AP Rocky နဲ့ Met Gala ပွဲကို တက်ရောက်လာတဲ့ Rihanna ရဲ့ ဖက်ရှင် 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Met Gala ပွဲကတော့ ဖက်ရှင်ဘုရင်မတစ်ပါးဖြစ်တဲ့ Rihanna မပါဘဲနဲ့ ပြီးဆုံးသွားလို့ မဖြစ်ပါဘူး။ နှစ်တိုင်းမှာ bold ဖြစ်ပြီး လူတိုင်းကို ပါးစပ်အဟောင်းသား ဖြစ်စေမယ့် ဖက်ရှင်တွေကိုသာ ဆင်မြန်းပြီး ပွဲတက်လာခဲ့တဲ့ Rihanna ကတော့ ယခုနှစ်မှာလည်း သူမရဲ့ ထုံးစံအတိုင်း ဝတ်ဆင်လာပါတယ်။

Rihanna ဟာ Met Gala ပွဲတွေရဲ့ ဖက်ရှင်အမှတ်အသားတစ်ခု ဖြစ်လာခဲ့တာ အခုဆိုရင် နှစ်အတော်ကြာခဲ့ပါပြီ။ သူမ ပထမဆုံး တက်ရောက်ခဲ့တဲ့ Met Gala ကတော့ ၂၀၀၇ ခုနှစ်တုန်းက ဖြစ်ပါတယ်။ အဲဒီနှစ်ကစလို့ bold ဖြစ်ပြီး fashion statement ဖြစ်စေမယ့် ဝတ်စားဆင်ယင်မှုတွေကိုသာ တောက်လျှောက် ဆင်မြန်းပြခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Matt Baron/ Shutter Stock

ယခုနှစ်ရဲ့ ပွဲကိုတော့ ချစ်သူ ရက်ပ်ပါ A$AP Rocky နဲ့အတူ တက်ရောက်လာတာ တွေ့ရပါတယ်။ Ri Ri ရဲ့ ယခုနှစ် ဖက်ရှင်ကတော့ Balenciaga ရဲ့ oversize အနက်ရောင်ဂါဝန်ကြီးနဲ့အတူ ဦးထုပ်အနက်ရောင်လေးနဲ့ ရတနာတွေ ဆင်မြန်းထားတာ တွေ့ရပါတယ်။

သူမ ဆင်မြန်းလာတဲ့ ရတနာတွေကတော့ (၂၆၇)ကာရတ်ရှိတဲ့ BVLGARI brand တွေ ဖြစ်ပြီး စိန်တွေကို အသားပေး ဝတ်ဆင်ထားတာ တွေ့ရပါတယ်။ သူမရဲ့ eye makeup နဲ့ အနက်ရောင် နှုတ်ခမ်းနီတို့ကတော့ သူမရဲ့ look တစ်ခုလုံးကို ပြီးပြည့်စုံသွားစေပါတယ်။

Photo Credit: Matt Baron/ Shutter Stock

ဒါ့အပြင် ယခုနှစ်ရဲ့ Met Gala ရဲ့ after party ကိုတော့ Ri Ri က host အဖြစ် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း သူမရဲ့ အင်စတာဂရမ် စတိုရီမှာ Gala ပွဲပြီးသွားရင်လည်း တခြားပလန်တွေ မချိန်းထားကြဘဲ after party ကို တက်ရောက်ပေးကြဖို့ ဆော်ဩထားတာ တွေ့ရပါတယ်။

Glasgow

Source: hollywoodlife

(Zawgyi Version)

Met Gala ပြဲကေတာ့ ဖက္ရွင္ဘုရင္မတစ္ပါးျဖစ္တဲ့ Rihanna မပါဘဲနဲ႔ ၿပီးဆုံးသြားလို႔ မျဖစ္ပါဘူး။ ႏွစ္တိုင္းမွာ bold ျဖစ္ၿပီး လူတိုင္းကို ပါးစပ္အေဟာင္းသား ျဖစ္ေစမယ့္ ဖက္ရွင္ေတြကိုသာ ဆင္ျမန္းၿပီး ပြဲတက္လာခဲ့တဲ့ Rihanna ကေတာ့ ယခုႏွစ္မွာလည္း သူမရဲ့ ထုံးစံအတိုင္း ဝတ္ဆင္လာပါတယ္။

Rihanna ဟာ Met Gala ပြဲေတြရဲ့ ဖက္ရွင္အမွတ္အသားတစ္ခု ျဖစ္လာခဲ့တာ အခုဆိုရင္ ႏွစ္အေတာ္ၾကာခဲ့ပါၿပီ။ သူမ ပထမဆုံး တက္ေရာက္ခဲ့တဲ့ Met Gala ကေတာ့ ၂၀၀၇ ခုႏွစ္တုန္းက ျဖစ္ပါတယ္။ အဲဒီႏွစ္ကစလို႔ bold ျဖစ္ၿပီး fashion statement ျဖစ္ေစမယ့္ ဝတ္စားဆင္ယင္မွုေတြကိုသာ ေတာက္ေလၽွာက္ ဆင္ျမန္းျပခဲ့တာ ျဖစ္ပါတယ္။

Photo Credit: Matt Baron/ Shutter Stock

ယခုႏွစ္ရဲ့ ပြဲကိုေတာ့ ခ်စ္သူ ရက္ပ္ပါ A$AP Rocky နဲ႔အတူ တက္ေရာက္လာတာ ေတြ႕ရပါတယ္။ Ri Ri ရဲ့ ယခုႏွစ္ ဖက္ရွင္ကေတာ့ Balenciaga ရဲ့ oversize အနက္ေရာင္ဂါဝန္ႀကီးနဲ႔အတူ ဦးထုပ္အနက္ေရာင္ေလးနဲ႔ ရတနာေတြ ဆင္ျမန္းထားတာ ေတြ႕ရပါတယ္။

သူမ ဆင္ျမန္းလာတဲ့ ရတနာေတြကေတာ့ (၂၆၇)ကာရတ္ရွိတဲ့ BVLGARI brand ေတြ ျဖစ္ၿပီး စိန္ေတြကို အသားေပး ဝတ္ဆင္ထားတာ ေတြ႕ရပါတယ္။ သူမရဲ့ eye makeup နဲ႔ အနက္ေရာင္ ႏွုတ္ခမ္းနီတို႔ကေတာ့ သူမရဲ့ look တစ္ခုလုံးကို ၿပီးျပည့္စုံသြားေစပါတယ္။

Photo Credit: Matt Baron/ Shutter Stock

ဒါ့အျပင္ ယခုႏွစ္ရဲ့ Met Gala ရဲ့ after party ကိုေတာ့ Ri Ri က host အျဖစ္ ေဆာင္ရြက္သြားမယ္လို႔ သိရပါတယ္။ ဒါေၾကာင့္လည္း သူမရဲ့ အင္စတာဂရမ္ စတိုရီမွာ Gala ပြဲၿပီးသြားရင္လည္း တျခားပလန္ေတြ မခ်ိန္းထားၾကဘဲ after party ကို တက္ေရာက္ေပးၾကဖို႔ ေဆာ္ဩထားတာ ေတြ႕ရပါတယ္။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular