HomeEntertainmentFilmRyan Reynolds နဲ့ John Krasinski တို့ကို အတူမြင်တွေ့ရဦးမယ့် If ရုပ်ရှင်

Ryan Reynolds နဲ့ John Krasinski တို့ကို အတူမြင်တွေ့ရဦးမယ့် If ရုပ်ရှင်

သရုပ်ဆောင် Ryan Reynolds အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ Imaginary Friends ရုပ်ရှင်ကတော့ ၂၀၂၄ ခုနှစ်ထဲမှာ ထွက်ရှိလာမယ်လို့ သိရပြီး ရုပ်ရှင်ရဲ့အမည်ကလည်း ပြောင်းလဲသွားပြီလို့ ကြေညာခဲ့ပါတယ်။ ဒီရုပ်ရှင်ကိုတော့ A Quiet Place ရုပ်ရှင်ကို ရိုက်ကူးပြီး ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ John Krasinski က ရိုက်ကူးသွားမှာပဲ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ထဲက Ryan Reynolds ရဲ့ ဇာတ်ကောင်ကတော့ လူတွေရဲ့ စိတ်ကူးယဉ်သူငယ်ချင်းတွေကို မြင်နိုင်တဲ့ စွမ်းရည်ရှိပါတယ်။ လူတွေဟာ ငယ်ဘဝမှာ စိတ်ကူးယဉ်သူငယ်ချင်းတွေ ရှိကြပေမယ့်လည်း အရွယ်ရောက်လာတဲ့ အချိန်မှာတော့ သူတို့ကို မေ့လျော့သွားတတ်ကြပါတယ်။ ဒါကြောင့်ပဲ အဲဒီစိတ်ကူးယဉ်သူငယ်ချင်းတွေက မကောင်းတဲ့ အကြံအစည်တွေ ရှိလာတဲ့အခါမှာတော့ Ryan Reynolds ရဲ့ ဇာတ်ကောင်ဟာ သူတို့ကို တားဆီးရပါတော့တယ်။

photo via screenrant

ဒီရုပ်ရှင်ထဲမှာ ပါဝင်လာမယ့် သရုပ်ဆောင်တွေကတော့ Ryan Reynolds နဲ့ John Krasinski တို့အပြင် No Time to Die ရဲ့ ဇာတ်ညွှန်းကို ရေးသားခဲ့တဲ့ Phoebe Waller-Bridge ၊ အော်စကာဆု ရရှိထားတဲ့ Louis Gossett Jr. ၊ Harry Potter ထဲက Aunt Petunia နေရာမှာ ပါဝင်ခဲ့တဲ့ Fiona Shaw ၊ Office ဇာတ်လမ်းတွဲထဲက Steve Carell ၊ Loki ဇာတ်လမ်းတွဲထဲမှာ Sylvie ငယ်ဘဝနဲ့ Star Wars ထဲမှာ Rey ငယ်ဘဝတို့ကို သရုပ်ဆောင်ခဲ့တဲ့ Cailey Fleming နဲ့ Alan S. Kim တို့ ပါဝင်ထားကြပါတယ်။

ဒါ့အပြင် ဒီရုပ်ရှင်ဟာ Office ဇာတ်လမ်းတွဲထဲမှာ ပါဝင်ခဲ့ကြတဲ့ John Krasinski နဲ့ Steve Carell တို့နှစ်ယောက်ကို အတူပြန်လည်မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။ ComicBook.com ရဲ့ ဖော်ပြချက်အရ Imaginary Friends ရုပ်ရှင်ဟာ ယခုဆိုရင်တော့ If လို့ နာမည်ပြောင်းသွားပြီလို့ သိရပါတယ်။ မူလတုန်းကတော့ ဒီရုပ်ရှင်ဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၇)ရက်မှာ ရုံတင်ပြသဖို့ လျာထားခဲ့ပေမယ့်လည်း ရုံတင်ရက် ပြောင်းသွားပြီး ၂၀၂၄ ခုနှစ် မေလ (၂၄)ရက်နေ့ကို နောက်ဆုတ်သွားပါတယ်။

photo via screenrant

ဒါရိုက်တာနဲ့ သရုပ်ဆောင်ဖြစ်သူ John Krasinski ကတော့ A Quiet Place ရုပ်ရှင်ရဲ့ Prequel ဖြစ်တဲ့ A Quiet Place: Day One ကိုလည်း ထုတ်လုပ်သူအနေနဲ့ ဆက်လက် ဖန်တီးနေပါသေးတယ်။ အစတုန်းကတော့ ဒီရုပ်ရှင်ဟာလည်း ၂၀၂၃ ခုနှစ်အတွင်းမှာ ထွက်ရှိလာမယ်လို့ ကြေညာထားပေမယ့်လည်း ၂၀၂၄ ခုနှစ် မတ်လကို ရုံတင်ရက် ပြောင်းရွှေ့သွားပါတယ်။ ဒီသတင်းနဲ့အတူပဲ Imaginary Friends ရုပ်ရှင်ဟာလည်း နာမည်အသစ်နဲ့ ရုံတင်ရက်အသစ် ပြောင်းလဲသွားတယ်လို့ သိခဲ့ရတာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular