HomeAnimeဝမ်းနည်းဖို့ကောင်းပေမယ့် ရင်ထဲမှာ စွဲမြဲကျန်ရစ်စေမယ့် Anime ဇာတ်လမ်းတွဲများ

ဝမ်းနည်းဖို့ကောင်းပေမယ့် ရင်ထဲမှာ စွဲမြဲကျန်ရစ်စေမယ့် Anime ဇာတ်လမ်းတွဲများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

လူတိုင်းဟာ Happy Ending တွေကို ကြိုက်နှစ်သက်ကြပေမယ့်လည်း ဇာတ်လမ်းတိုင်းဟာ Happy Ending နဲ့ အဆုံးသတ်ကြတာ မဟုတ်ပါဘူး။ Anime ထဲက အဖြစ်အပျက်ဟာ ဘယ်လောက်ပဲ ဝမ်းနည်းစရာ ကောင်းနေပါစေ၊ ပရိသတ်တွေအပေါ်မှာ သက်ရောက်မှုအရှိဆုံးကတော့ ဇာတ်သိမ်းပဲ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ တချို့ Anime  တွေကတော့ အစပိုင်းမှာ ဝမ်းနည်းစရာတွေ ပါဝင်ပေမယ့် ဇာတ်သိမ်းကို Happy Ending ဖြစ်စေပြီး တချို့ Anime တွေကတော့ ဝမ်းနည်းစရာ ဇာတ်သိမ်းကြောင့်သာ ပရိသတ်တွေရဲ့ရင်ထဲမှာ ပိုပြီးစွဲမြဲကျန်ခဲ့တာ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ဝမ်းနည်းစရာကောင်းပေမယ့် ပရိသတ်တွေ ရင်ထဲမှာ စွဲမြဲကျန်ခဲ့တဲ့ Anime ဇာတ်လမ်းတွဲကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

(10) Plastic Memories
photo via cbr

ဒီ Anime ကတော့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (7.3) ရထားပါတယ်။ ဇာတ်လမ်းကတော့ အနာဂတ်ကာလတစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်။ အဲ့ဒီအနာဂတ်ကာလမှာတော့ လူတွေဟာ သူတို့ရဲ့လုပ်ငန်းတွေမှာ ကူညီဖို့အတွက် ကိုယ်ပိုင်အသိဉာဏ်ရှိတဲ့ စက်ရုပ်တွေကို တီထွင်ခဲ့ပါတယ်။ အဲ့ဒီထဲကမှ ကောင်လေးတစ်ယောက်နဲ့ စက်ရုပ်တစ်ရုပ်ဟာ အထိန်းအချုပ် လွတ်သွားတဲ့ စက်ရုပ်တွေကို လိုက်လံဖမ်းဆီးဖို့အတွက် အလုပ်အတူတူ လုပ်ရပါတော့တယ်။

(9) Dusk Maiden of Amnesia
photo via cbr

ဒီ Anime ကတော့ ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.4) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကျောင်းတစ်ကျောင်းဟာ သရဲခြောက်တယ်လို့ နာမည်ကြီးနေပြီး ကျောင်းသားလေးတစ်ယောက်ဟာ ဝိဉာဉ်တစ်ကောင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ထူးခြားတာကတော့ သူတစ်ယောက်တည်းထဲပဲ အဲ့ဒီဝိဉာဉ်ကို မြင်ရပါတယ်။ ဒါ့အပြင် အဲ့ဒီဝိဉာဉ်ကလည်း သူ့ကိုယ်သူ ဘယ်လိုသေသွားမှန်း မမှတ်မိတော့တာကြောင့် အဲ့ဒီကျောင်းသားလေးဟာ ဝိဉာဉ်ကို ကူညီဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

(8) Angel Beats
photo via cbr

ဒီ Anime ကတော့ ၂၀၁၀ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.7) ရရှိထားပါတယ်။ ဒီဇာတ်လမ်းကိုတော့ ကမ္ဘာကြီးနဲ့ တမလွန်ဘဝတို့ရဲ့ ကြားထဲက နေရာတစ်ခုမှာ အခြေခံထားပါတယ်။ အဲ့ဒီနေရာမှာတော့ ဆယ်ကျော်သက်အုပ်စုတစ်စုဟာ တမလွန်ဘဝကို ဆက်မသွားချင်တာကြောင့် ပြန်လည်တိုက်ခိုက်ကြပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(7) Akame Ga Kill!
photo via cbr

ဒီ Anime ကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.8) ရရှိထားပါတယ်။ ဇာတ်လမ်းအစမှာတော့ Tatsumi ဆိုတဲ့ ကောင်လေးဟာ ရှာဖွေလုပ်စားဖို့ မြို့ပေါ်တက်လာပြီး သိပ်မကြာခင်မှာပဲ Night Raid ဆိုတဲ့ အလွန်အန္တရာယ်များတဲ့ လုပ်ကြံသတ်ဖြတ်သူအဖွဲ့နဲ့ တွေ့ဆုံမိပါတော့တယ်။ အဲ့ဒီနောက်မှာတော့ ဘာတွေဆက်ဖြစ်ကြမလည်း ဆိုတာကို ကြည့်ရှုရမှာပါ။

(6) Death Parade
photo via cbr

ဒီ Anime ကတော့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.9) ရရှိထားပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ လူသားတွေဟာ သေဆုံးပြီးသွားတဲ့နောက်မှာ နတ်ပြည်ကိုလည်း မသွားသလို ငရဲပြည်ကိုလည်း မရောက်ကြပါဘူး။ သူတို့တွေဟာ သေသွားတာနဲ့ တပြိုင်နက် Quindecim လို့ခေါ်တဲ့ ဘားတစ်ခုကို ရောက်သွားကြတာ ဖြစ်ပါတယ်။ အဲ့ဒီဘားမှာတော့ ဝိဉာဉ်တွေရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးတဲ့ ဆံပင်အဖြူရောင်နဲ့ လူတစ်ယောက် ရှိနေပါတယ်။

(5) Assassination  Classroom
photo via cbr

ဒီ Anime ကတော့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.0) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကျောင်းတစ်ကျောင်းက အခန်း 3E ရဲ့ ကျောင်းသားတွေဟာ စာလုပ်ရမှာထက် အရေးကြီးတဲ့ တာဝန်တစ်ခု ရှိနေပါတယ်။ အဲ့ဒါကတော့ ကျောင်းသားတွေဟာ သူတို့ရဲ့ ဆရာကို စာသင်နှစ်မကုန်ခင်မှာ သတ်ပစ်ရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ဒီတိုင်းဖတ်လိုက်ရင်တော့ အနည်းငယ် ထူးဆန်းသလို ဖြစ်နေပေမယ့်လည်း တကယ်ကြည့်လိုက်ရင်တော့ အချိန်ကုန်ရကျိူးနပ်တဲ့ Anime ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။

(4) Banana Fish
photo via cbr

ဒီ Anime ကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.2) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ (၁၇)နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ လူတစ်ယောက် သေဆုံးသွားတာကို မြင်တွေ့လိုက်ရပါတယ်။ အဲ့ဒီနောက်မှာတော့ သေဆုံးသွားတဲ့သူ ပြောသွားတဲ့ နောက်ဆုံးစကားရဲ့ အဓိပ္ပာယ်ကို ရှာဖွေဖို့ ကြိုးစားပါတော့တယ်။

(3) Anohana: The Flower We Saw That Day
photo via cbr

ဒီ Anime ကတော့ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.2) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ တစ်ယောက်တည်း တစ်နေကုန် ဂိမ်းပဲ ထိုင်ဆော့နေတတ်တဲ့ ကောင်လေးတစ်ယောက်က ဟိုးအရင်တုန်းက သေဆုံးသွားတာကြာပြီ ဖြစ်တဲ့ သူ့ သူငယ်ချင်းတစ်ယောက်ရဲ့ ဝိဉာဉ်ကို မြင်လိုက်ရတာက စတင်ပါတယ်။ အဲ့ဒါကြောင့်ပဲ သူ့ရဲ့ငယ်ဘဝက သူငယ်ချင်းတွေနဲ့ ပြန်ပေါင်းမိသွားပြီး အဲ့ဒီဝိဉာဉ်လေးရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးဖို့အတွက် ကြိုးစားကြပါတော့တယ်။

(2) Your Lie in April
photo via cbr

ဒီ Anime ကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.6) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Kousei Arima လို့ခေါ်တဲ့ စန္ဒယားပညာရှင်တစ်ယောက်ဟာ သူ့ရဲ့မိခင် ကွယ်လွန်သွားပြီးနောက်မှာ စန္ဒယားတီးတာကို စွန့်လွှတ်လိုက်ပါတယ်။ ဒါပေမဲ့လည်း Kaori Miyazono လို့ခေါ်တဲ့ တယောဆရာမလေးတစ်ယောက်နဲ့ တွေ့သွားတဲ့အခါမှာတော့ သူ့ဘဝကို အသစ်က ပြန်စဖို့အတွက် အဲ့ဒီကောင်မလေးက ကူညီပါတော့တယ်။

(1) Cowboy Bebop
photo via cbr

ဒီ Anime ကတော့ ၁၉၉၈ ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီးတော့ IMDb (8.9) ရထားပါတယ်။ ဇာတ်လမ်းကတော့ ကြေးစားတစ်ယောက်နဲ့ သူ့ရဲ့ပါတနာတွေ ကြုံတွေ့ရတဲ့ စိတ်မကောင်းစရာ ဖြစ်ရပ်တွေကို ပုံဖော်ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ ထွက်ထားတာကြာပြီ ဖြစ်နေပေမယ့်လည်း rating တွေလည်း ကောင်းသလို ခုချိန်ထိလည်း နာမည်ကြီးနေဆဲ ဖြစ်တာကြောင့် မကြည့်ရသေးရင်တော့ ကြည့်သင့်တဲ့ Anime ထဲမှာ ပါဝင်တယ်။

ဒါကတော့ ရင်ထဲမှာ စွဲမြဲကျန်ရစ်ခဲ့မှာ ဖြစ်တဲ့ Anime ဇာတ်လမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အခြားဇာတ်လမ်းတွေ ရှိရင်လည်း မျှဝေခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

လူတိုင္းဟာ Happy Ending ေတြကို ႀကိဳက္ႏွစ္သက္ၾကေပမယ့္လည္း ဇာတ္လမ္းတိုင္းဟာ Happy Ending နဲ႔ အဆုံးသတ္ၾကတာ မဟုတ္ပါဘူး။ Anime ထဲက အျဖစ္အပ်က္ဟာ ဘယ္ေလာက္ပဲ ဝမ္းနည္းစရာ ေကာင္းေနပါေစ၊ ပရိသတ္ေတြအေပၚမွာ သက္ေရာက္မွုအရွိဆုံးကေတာ့ ဇာတ္သိမ္းပဲ ျဖစ္ပါတယ္။

ဒါေၾကာင့္ပဲ တခ်ိဳ႕ Anime  ေတြကေတာ့ အစပိုင္းမွာ ဝမ္းနည္းစရာေတြ ပါဝင္ေပမယ့္ ဇာတ္သိမ္းကို Happy Ending ျဖစ္ေစၿပီး တခ်ိဳ႕ Anime ေတြကေတာ့ ဝမ္းနည္းစရာ ဇာတ္သိမ္းေၾကာင့္သာ ပရိသတ္ေတြရဲ့ရင္ထဲမွာ ပိုၿပီးစြဲျမဲက်န္ခဲ့တာ ျဖစ္ပါတယ္။ ဒီတစ္ခါမွာေတာ့ ဝမ္းနည္းစရာေကာင္းေပမယ့္ ပရိသတ္ေတြ ရင္ထဲမွာ စြဲျမဲက်န္ခဲ့တဲ့ Anime ဇာတ္လမ္းတြဲေကာင္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(10) Plastic Memories
photo via cbr

ဒီ Anime ကေတာ့ ၂၀၁၅ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီးေတာ့ IMDb (7.3) ရထားပါတယ္။ ဇာတ္လမ္းကေတာ့ အနာဂတ္ကာလတစ္ခုမွာ ဇာတ္အိမ္တည္ထားပါတယ္။ အဲ့ဒီအနာဂတ္ကာလမွာေတာ့ လူေတြဟာ သူတို႔ရဲ့လုပ္ငန္းေတြမွာ ကူညီဖို႔အတြက္ ကိုယ္ပိုင္အသိဉာဏ္ရွိတဲ့ စက္႐ုပ္ေတြကို တီထြင္ခဲ့ပါတယ္။ အဲ့ဒီထဲကမွ ေကာင္ေလးတစ္ေယာက္နဲ႔ စက္႐ုပ္တစ္႐ုပ္ဟာ အထိန္းအခ်ဳပ္ လြတ္သြားတဲ့ စက္႐ုပ္ေတြကို လိုက္လံဖမ္းဆီးဖို႔အတြက္ အလုပ္အတူတူ လုပ္ရပါေတာ့တယ္။

(9) Dusk Maiden of Amnesia
photo via cbr

ဒီ Anime ကေတာ့ ၂၀၁၂ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.4) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ ေက်ာင္းတစ္ေက်ာင္းဟာ သရဲေျခာက္တယ္လို႔ နာမည္ႀကီးေနၿပီး ေက်ာင္းသားေလးတစ္ေယာက္ဟာ ဝိဉာဥ္တစ္ေကာင္နဲ႔ ေတြ႕ဆုံခဲ့ပါတယ္။ ထူးျခားတာကေတာ့ သူတစ္ေယာက္တည္းထဲပဲ အဲ့ဒီဝိဉာဥ္ကို ျမင္ရပါတယ္။ ဒါ့အျပင္ အဲ့ဒီဝိဉာဥ္ကလည္း သူ႔ကိုယ္သူ ဘယ္လိုေသသြားမွန္း မမွတ္မိေတာ့တာေၾကာင့္ အဲ့ဒီေက်ာင္းသားေလးဟာ ဝိဉာဥ္ကို ကူညီဖို႔ ဆုံးျဖတ္လိုက္ပါေတာ့တယ္။

(8) Angel Beats
photo via cbr

ဒီ Anime ကေတာ့ ၂၀၁၀ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (7.7) ရရွိထားပါတယ္။ ဒီဇာတ္လမ္းကိုေတာ့ ကမၻာႀကီးနဲ႔ တမလြန္ဘဝတို႔ရဲ့ ၾကားထဲက ေနရာတစ္ခုမွာ အေျခခံထားပါတယ္။ အဲ့ဒီေနရာမွာေတာ့ ဆယ္ေက်ာ္သက္အုပ္စုတစ္စုဟာ တမလြန္ဘဝကို ဆက္မသြားခ်င္တာေၾကာင့္ ျပန္လည္တိုက္ခိုက္ၾကပုံကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

(7) Akame Ga Kill!
photo via cbr

ဒီ Anime ကေတာ့ ၂၀၁၄ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.8) ရရွိထားပါတယ္။ ဇာတ္လမ္းအစမွာေတာ့ Tatsumi ဆိုတဲ့ ေကာင္ေလးဟာ ရွာေဖြလုပ္စားဖို႔ ၿမိဳ႕ေပၚတက္လာၿပီး သိပ္မၾကာခင္မွာပဲ Night Raid ဆိုတဲ့ အလြန္အႏၲရာယ္မ်ားတဲ့ လုပ္ႀကံသတ္ျဖတ္သူအဖြဲ႕နဲ႔ ေတြ႕ဆုံမိပါေတာ့တယ္။ အဲ့ဒီေနာက္မွာေတာ့ ဘာေတြဆက္ျဖစ္ၾကမလည္း ဆိုတာကို ၾကည့္ရွုရမွာပါ။

(6) Death Parade
photo via cbr

ဒီ Anime ကေတာ့ ၂၀၁၅ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.9) ရရွိထားပါတယ္။ ဒီဇာတ္လမ္းထဲမွာေတာ့ လူသားေတြဟာ ေသဆုံးၿပီးသြားတဲ့ေနာက္မွာ နတ္ျပည္ကိုလည္း မသြားသလို ငရဲျပည္ကိုလည္း မေရာက္ၾကပါဘူး။ သူတို႔ေတြဟာ ေသသြားတာနဲ႔ တၿပိဳင္နက္ Quindecim လို႔ေခၚတဲ့ ဘားတစ္ခုကို ေရာက္သြားၾကတာ ျဖစ္ပါတယ္။ အဲ့ဒီဘားမွာေတာ့ ဝိဉာဥ္ေတြရဲ့ ကံၾကမၼာကို ဆုံးျဖတ္ေပးတဲ့ ဆံပင္အျဖဴေရာင္နဲ႔ လူတစ္ေယာက္ ရွိေနပါတယ္။

(5) Assassination  Classroom
photo via cbr

ဒီ Anime ကေတာ့ ၂၀၁၅ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (8.0) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ ေက်ာင္းတစ္ေက်ာင္းက အခန္း 3E ရဲ့ ေက်ာင္းသားေတြဟာ စာလုပ္ရမွာထက္ အေရးႀကီးတဲ့ တာဝန္တစ္ခု ရွိေနပါတယ္။ အဲ့ဒါကေတာ့ ေက်ာင္းသားေတြဟာ သူတို႔ရဲ့ ဆရာကို စာသင္ႏွစ္မကုန္ခင္မွာ သတ္ပစ္ရမွာပဲ ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကို ဒီတိုင္းဖတ္လိုက္ရင္ေတာ့ အနည္းငယ္ ထူးဆန္းသလို ျဖစ္ေနေပမယ့္လည္း တကယ္ၾကည့္လိုက္ရင္ေတာ့ အခ်ိန္ကုန္ရက်ိဴးနပ္တဲ့ Anime ဇာတ္လမ္းတြဲတစ္ခု ျဖစ္ပါတယ္။

(4) Banana Fish
photo via cbr

ဒီ Anime ကေတာ့ ၂၀၁၈ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (8.2) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ (၁၇)ႏွစ္အရြယ္ ေကာင္ေလးတစ္ေယာက္ဟာ လူတစ္ေယာက္ ေသဆုံးသြားတာကို ျမင္ေတြ႕လိုက္ရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ေသဆုံးသြားတဲ့သူ ေျပာသြားတဲ့ ေနာက္ဆုံးစကားရဲ့ အဓိပၸာယ္ကို ရွာေဖြဖို႔ ႀကိဳးစားပါေတာ့တယ္။

(3) Anohana: The Flower We Saw That Day
photo via cbr

ဒီ Anime ကေတာ့ ၂၀၁၁ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (8.2) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ တစ္ေယာက္တည္း တစ္ေနကုန္ ဂိမ္းပဲ ထိုင္ေဆာ့ေနတတ္တဲ့ ေကာင္ေလးတစ္ေယာက္က ဟိုးအရင္တုန္းက ေသဆုံးသြားတာၾကာၿပီ ျဖစ္တဲ့ သူ႔ သူငယ္ခ်င္းတစ္ေယာက္ရဲ့ ဝိဉာဥ္ကို ျမင္လိုက္ရတာက စတင္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူ႔ရဲ့ငယ္ဘဝက သူငယ္ခ်င္းေတြနဲ႔ ျပန္ေပါင္းမိသြားၿပီး အဲ့ဒီဝိဉာဥ္ေလးရဲ့ ေနာက္ဆုံးဆႏၵကို ျဖည့္ဆည္းေပးဖို႔အတြက္ ႀကိဳးစားၾကပါေတာ့တယ္။

(2) Your Lie in April
photo via cbr

ဒီ Anime ကေတာ့ ၂၀၁၄ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (8.6) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Kousei Arima လို႔ေခၚတဲ့ စႏၵယားပညာရွင္တစ္ေယာက္ဟာ သူ႔ရဲ့မိခင္ ကြယ္လြန္သြားၿပီးေနာက္မွာ စႏၵယားတီးတာကို စြန႔္လႊတ္လိုက္ပါတယ္။ ဒါေပမဲ့လည္း Kaori Miyazono လို႔ေခၚတဲ့ တေယာဆရာမေလးတစ္ေယာက္နဲ႔ ေတြ႕သြားတဲ့အခါမွာေတာ့ သူ႔ဘဝကို အသစ္က ျပန္စဖို႔အတြက္ အဲ့ဒီေကာင္မေလးက ကူညီပါေတာ့တယ္။

(1) Cowboy Bebop
photo via cbr

ဒီ Anime ကေတာ့ ၁၉၉၈ ခုႏွစ္မွာ ထြက္ရွိခဲ့တာ ျဖစ္ၿပီးေတာ့ IMDb (8.9) ရထားပါတယ္။ ဇာတ္လမ္းကေတာ့ ေၾကးစားတစ္ေယာက္နဲ႔ သူ႔ရဲ့ပါတနာေတြ ၾကဳံေတြ႕ရတဲ့ စိတ္မေကာင္းစရာ ျဖစ္ရပ္ေတြကို ပုံေဖာ္ဖန္တီးထားတာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းဟာ ထြက္ထားတာၾကာၿပီ ျဖစ္ေနေပမယ့္လည္း rating ေတြလည္း ေကာင္းသလို ခုခ်ိန္ထိလည္း နာမည္ႀကီးေနဆဲ ျဖစ္တာေၾကာင့္ မၾကည့္ရေသးရင္ေတာ့ ၾကည့္သင့္တဲ့ Anime ထဲမွာ ပါဝင္တယ္။

ဒါကေတာ့ ရင္ထဲမွာ စြဲျမဲက်န္ရစ္ခဲ့မွာ ျဖစ္တဲ့ Anime ဇာတ္လမ္းေကာင္းေတြပဲ ျဖစ္ပါတယ္။ စာဖတ္သူတို႔ ႏွစ္သက္တဲ့ အျခားဇာတ္လမ္းေတြ ရွိရင္လည္း မၽွေဝခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular