HomeEntertainmentFilmမင်းသမီးချော Scarlett Johansson ရဲ့ ဇာတ်ကားကောင်း(၇)ကား

မင်းသမီးချော Scarlett Johansson ရဲ့ ဇာတ်ကားကောင်း(၇)ကား

မင်းသမီးချော Scarlett Johansson ကတော့ ဟောလိဝုဒ်ရဲ့ နာမည်ကြီးသရုပ်ဆောင်တစ်ယောက် ဖြစ်ပြီး သူမရဲ့ သရုပ်ဆောင်သက်တမ်း တလျှောက်မှာတော့ ရုပ်ရှင်ကားကောင်းပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ သူမဟာ ကလေးသရုပ်ဆောင်ဘဝကနေ အောင်မြင်လာသူ ဖြစ်ပြီး ယခုအချိန်မှာတော့ Black Widow အဖြစ်နဲ့လည်း လူသိများပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Scarlett Johansson ရဲ့ ပရိသတ်တွေအတွက် သူမရဲ့ အကောင်းဆုံး ရုပ်ရှင်တချို့ကို ဖော်ပြပေးချင်ပါတယ်။

(7) Lost in Translation

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၃ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (7.7) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အမေရိကန်သရုပ်ဆောင် Bob ဟာ ကြော်ငြာတစ်ခု ရိုက်ကူးဖို့အတွက် ဂျပန်နိုင်ငံကို ရောက်လာပြီးနောက်မှာတော့ စွန့်ပစ်ခံခဲ့ရတဲ့ Charlotte ဆိုတဲ့ အမျိူးသမီးတစ်ယောက်နဲ့ တွေ့ဆုံမိသွားပါတော့တယ်။ Bill Murray ၊ Scarlett Johansson နဲ့ Anna Faris တို့ အဓိကပါဝင်ထားပြီး အော်စကာတစ်ဆု ရထားပါတယ်။

(6) Marriage Story

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (7.9) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ပြဇာတ်ဒါရိုက်တာနဲ့ သရုပ်ဆောင်မင်းသမီးရဲ့ အိမ်ထောင်ရေးကြားက မာန်၊မာနတွေ၊ အတ္တတွေကြောင့် ချစ်လျက်နဲ့ လမ်းခွဲဖို့ဖြစ်လာတဲ့ အိမ်ထောင်တစ်ခုအကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Adam Driver ၊ Scarlett Johansson နဲ့ Laura Dern တို့ အဓိကပါဝင်ထားပြီး အော်စကာတစ်ဆု ရရှိထားပါတယ်။

(5) Jojo Rabbit

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.9) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဟစ်တလာကို လေးစားအားကျတဲ့ Jojo ဆိုတဲ့ ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ သူဟာ ဟစ်တလာကို လေးစားအားကျရုံတင် မဟုတ်ဘဲ သူ့ရဲ့စိတ်ကူးယဉ် သူငယ်ချင်းကလည်း ဟစ်တလာပဲ ဖြစ်နေပါတယ်။ တစ်ရက်မှာတော့ သူ့ရဲ့အိမ်မှာ ဂျူးလူမျိူး ကောင်မလေးတစ်ယောက်ကို ရှာတွေ့သွားတဲ့အချိန်မှာတော့ စိတ်ဝင်စားစရာတွေကို ဆက်လက် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Taika Waititi ၊ Scarlett Johansson နဲ့ Roman Griffin Davis တို့ အဓိကပါဝင်ထားပြီး အော်စကာတစ်ဆု ရရှိထားပါတယ်။

(4) Her

photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (8.0) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ တစ်ယောက်တည်း နေထိုင်ရတာကို သဘောကျတဲ့ စာရေးဆရာတစ်ယောက်ဟာ သူ စာရေးတဲ့အချိန်မှာ ကူညီပေးဖို့အတွက် A.I ဉာဏ်ရည်တု စနစ်တစ်ခုကို ဝယ်ယူခဲ့ပါတယ်။ သို့သော်လည်း အဲဒီ A.I စနစ်ဟာ တခြားအရာတွေကိုလည်း သင်ယူနိုင်ပြီးတော့ ပြောင်းလဲနိုင်စွမ်းရှိမှန်း သိသွားတဲ့အချိန်မှာတော့ သူဟာ တဖြည်းဖြည်းနဲ့ အဲဒီ A.I ဉာဏ်ရည်တုကို ချစ်ကြိုက်မိသွားပါတော့တယ်။ Joaquin Phoenix ၊ Scarlett Johansson နဲ့ Amy Adams တို့က အဓိက ပါဝင်သရုပ်ဆောင်ထား‌ပြီး အော်စကာဆုတစ်ခု ရရှိထားပါတယ်။

(3) Avengers: Infinity War

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.4) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ စကြဝဠာတစ်ခုလုံးမှာရှိတဲ့ သက်ရှိတွေရဲ့ တစ်ဝက်တိတိကို ဖြစ်တည်မှုက ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားနေတဲ့ Thanos ကို Avengers အဖွဲ့ဝင်တွေက ဝိုင်းဝန်းတားဆီးကြတာကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Chris Evans ၊ Robert Downey Jr. ၊ Chris Hemsworth ၊ Benedict Cumberbatch ၊ Elizabeth Olsen ၊ Mark Ruffalo ၊ Scarlett Johansson စတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားပြီး အော်စကာတစ်ဆုအတွက် စံကာတင်စာရင်း ဝင်ထားပါတယ်။

(2) Avengers: Endgame

photo via screenrant

ဒီကားကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိထားတာ ဖြစ်ပြီး IMDb (8.4) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ လူအများစု ကြည့်ပြီးကြပြီမို့ သိပ်အများကြီး ပြောစရာလိုမယ် မထင်ပါဘူး။ Avengers: Infinity War အပြီးမှာ ဖြစ်သွားတဲ့ စိတ်မကောင်းစရာ အဖြစ်အပျက်တွေကြောင့် ကမ္ဘာကြီးရဲ့ လူဦးရေဟာ တစ်ဝက်တိတိ လျော့ကျသွားပါတယ်။ ဒါကြောင့် ကျန်နေသေးတဲ့ Avenger တွေစုစည်းပြီးတော့ ပျောက်ကွယ်သွားတဲ့ လူဦးရေတစ်ဝက်ကို ပြန်လည်ခေါ်ယူနိုင်ဖို့ ကြိုးစားကြပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Chris Evans ၊ Robert Downey Jr. ၊ Chris Hemsworth ၊ Benedict Cumberbatch ၊ Mark Ruffalo ၊ Elizabeth Olsen ၊ Scarlett Johansson နဲ့ Jeremy Renner စတဲ့သရုပ်ဆောင်တွေ ပါဝင်ထားပြီး အော်စကာတစ်ဆုအတွက် စံကာတင်စာရင်း ဝင်ထားပါတယ်။

(1) The Prestige

photo via screenrant

ဒီကားကတော့ ၂၀၀၆ ခုနှစ်တုန်းက ထွက်ရှိထားပြီး IMDb (8.5) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ မျက်လှည့်ဆရာနှစ်ယောက်အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ နဂိုက သူငယ်ချင်းတွေ ဖြစ်ကြပေမယ့်လည်း စိတ်မကောင်းစရာ ဖြစ်ရပ်တစ်ခု ဖြစ်သွားပြီးတဲ့ နောက်ပိုင်းမှာတော့ ရန်သူတွေ ဖြစ်သွားကြပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ ပြိုင်ဘက်တွေ ဖြစ်သွားတာကြောင့် ဘယ်သူက ပိုပြီးသာလည်းဆိုတာ ဆုံးဖြတ်ဖို့အတွက် သူတို့မှာရှိသမျှ အရာအားလုံး စွန့်လွှတ်ပြီးတော့ တစ်ယောက်ထက် တစ်ယောက် ပိုသာအောင် ကြိုးစားကြပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Christian Bale ၊ Hugh Jackman နဲ့ Scarlett Johansson တို့က အဓိက ပါဝင်ထားပြီးတော့ အော်စကာ (၂)ဆုအတွက် စံကာတင်စာရင်း ဝင်ထားပါတယ်။

ဒါကတော့ Scarlett Johansson ရဲ့ ဇာတ်ကားကောင်းတချို့ပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အခြားဇာတ်ကားတွေရှိရင်လည်း ကောမန့်မှာ ပြန်လည်ဝေမျှခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular